Sunday, August 9, 2009

စာသင်ကျောင်းက ဒေါင်းအိုးဝေ


စာသင်ကျောင်းက ဒေါင်းအိုးဝေ
ထိန်လင်း
သြဂုတ် ၈၊ ၂ဝဝ၉

“ကျောင်းနံရံတဝိုက်
ဒေါင်းအလံတွေ ပြန်စိုက်မယ်” တဲ့
မင်းကိုနိုင်ရဲ့ စကားဟာ
တော်လှန်ရေးရဲ့ တရားလည်း ဖြစ်ပါတယ်။

စာသင်ကျောင်းဆိုတာ
အာဏာတွေ ပါဝါတွေမရှိ
မာယာဆိုတာလည်း နတ္ထိ
မရှိတရားတွေက အမျိုးမျိုး

ဒါပေမယ့် ...
ခေတ်ဆိုး စနစ်ဆိုးတွေ ပြောင်းစေဖို့
ဒေါင်းတွေတော့ ရှိပါတယ်။


ဒေါင်းဆိုတာ ..
သာယာတဲ့အသံနဲ့
နားဝင်ပီယံ ချိုမြ
အဆင်းလည်း လှပေမယ့်
ကဒေါင်း နဲ့ ခွပ်ဒေါင်း
လိုရင်တော့ အသွင်ပြောင်းပါတယ်။

ရှစ်ဆယ့်ရှစ်က ဒေါင်းအိုးဝေ
ကျောင်းတံခါးတွေကို ကျော်ဖြတ်
လယ်ကွင်းတွေကို ကျော်ဖြတ်
တောတောင်တွေကို ကျော်ဖြတ်
အကျဉ်းထောင်တွေကို ကျော်ဖြတ်
မြို့ရွာတွေကို ကျော်ဖြတ်
မရပ် .. ဘယ်တော့မှ မရပ်
မပြတ် .. မျိုးဆက်လည်း မပြတ်
စိတ်ဓာတ်တွေ ပီပြင်
ရာဇဝင်တွေ မရိုင်းစေဖို့
ကျောင်းတံတိုင်းတွေမှာ
ဒေါင်းသမိုင်းတွေ ရှိနေမယ်။ ။

၈၊ ၈၊ ၂ဝဝ၉
http://moemaka.com/index.php?option=com_content&task=view&id=4597&Itemid=1

0 comments: