Tuesday, November 17, 2009

စကားထာကဗျာ ၁၆


ခေါင်းပေါင်းစလေး ငိုက်ငိုက်နေ
ဘော်ကြယ်ပြိုးပြက်ဝေ။

စိမ်းပြာဝါရွှေ တောင်ရှည်ပိုး
ရောင်ရည် လက်လက်ဖြိုး။

ဖြန့်ကျက်ကကြိုး မြိုင်မြိုင်ဆိုင်
မြိုင်ထ ပိုင်ပိုင်နိုင်။

နှစ်ပါးတူပြိုင် တောခရီး
ခွန်းထောက် “အိုးဝေ” ညည်း။ ။

တက္ကသိုလ်တောသား
အတွေးလှလှ တေးမြမြ
စကားထာကဗျာများ

အဖြေ၊ ၊ ( )

အဖြေ၊ ။ ဥဒေါင်းဖိုမ။


0 comments: