Monday, February 1, 2010

မိမိသာလျှင် သူရဲကောင်း

ကျောင်းကန်ရိပ်မှာ
ဒေါင်းလံ မချိတ်
ဒေါင်းသံ ဆိတ်နေတဲ့ ယခုအခါ။

ဒေါင်းမတွန်ငြာ့း၍ ထင့်
ကျောင်းမွန်တံခါးလဲ ပိတ်နေရှာ။

နှစ်တွေက ကြာ
ခေတ်တွေက နာ
ပညာတွေက ဆိတ်သုဉ်း
အချိန်တွေကလဲ ပြုန်း
ကြာမဆုံး နာမဆုံး
လာပါအုံး။

လာပါအုံးခေါ်လဲ မလာ
ကယ်ပါအုံးခေါ်လဲ မကယ်
မိမိကိုသာ ကိုးကွယ်ပါမှ
ကိုယ့်နယ် ကိုယ်အားထား
ကိုယ့်ဓားကို ကိုယ်ကိုင်စြွဲပီး
သူရဲကောင်း ကိုယ်တိုင်လုပ်မှ
ဟုတ်ပေ့ စံထုံး။
လုပ်ဟေ့ အမြန်ဆုံး။ ။

တင်မိုး
၆၊ ဇူလိုင်၊ ၁၉၉၉
အင်္ဂါနေ့ နံနက်ခင်း

0 comments: