Saturday, February 6, 2010

နယ်စပ်ရှိ မြန်မာစာသင်ကျောင်းများ စကားရည်လုပွဲ လေ့ကျင့်သင်ကြား

2010-01-23 RFA
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်၊ ဗကသ နိုင်ငံခြားရေးရာကော်မတီက ကမကထပြုပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မြန်မာစာသင် အထက်တန်းကျောင်းတွေက ကျောင်းသားတွေ အတွက် စကားစစ်ထိုးပွဲတရပ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဗကသ နိုင်ငံခြားရေးရာ ကော်မတီက ‘Debater for our Society’ လူထုအတွက် စကားစစ်ထိုးသူများ အစီ အစဉ်ကို မြန်မာကလေးသူငယ်များ ပညာရေးထောက်ပံ့မှု အစီအစဉ် APEBC အဆောင်မှာနေတဲ့ အထက်တန်း ကျောင်းသားတွေကို သုံးလကြာ ဆွေးနွေးငြင်းခုံတဲ့ စကားစစ်ထိုးခြင်း ယဉ်ကျေးမှုကို လေ့ကျင့် ပေးခဲ့ပါတယ်။ အဲဒီလို လေ့ကျင့်ထားတဲ့ ကျောင်းသားတွေကို အခုအခါ လူအများရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ ကျင်းပရတာဟာ မြန်မာ့ပညာရေးစနစ်မှာ ကျောင်းသားတွေ အချင်းချင်း ဆွေးနွေး ငြင်းခုံခဲ့တာမျိုး မရှိတဲ့ အတွက် မှားနေတဲ့အချက်တွေကို ထောက်ပြနိုင်စွမ်း မရှိခဲ့သလို ပြင်ပ လူမှုဘဝ ရပ်တည်တဲ့ အခါမှာ လည်း အမှားအမှန် ဝေဖန် ထောက်ပြနိုင်စွမ်း လျော့နည်းလာတဲ့အတွက် အဲဒီလို အခြေ အနေမျိုးတွေကို ကျော်လွှား နိုင်ဖို့ ဒီပွဲကို ပြုလုပ်ရတာလို့ လူထုအတွက် စကားစစ်ထိုးသူများ အစီအစဉ်ရဲ့ ဒါရိုက်တာ ကိုသွင်လင်းအောင်က ပြောကြားပါတယ်။ အခုပြုလုပ်တဲ့ စကားစစ်ထိုးပွဲခေါင်းစဉ်က “ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသူကျောင်းသား များသည် ဖွံ့ဖြိုးပြီး နိုင်ငံများရှိ ကျောင်းများထက် ဒေသတွင်းရှိ ကျောင်းများတွင်သာ ပညာသင်ကြားသင့်သည်” ဆိုတဲ့ ခေါင်းစဉ်ကို အဆိုပြုသူဘက်နဲ့ ငြင်းခုံဘက် အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

0 comments: