Monday, April 12, 2010

ဘောလ်စ်ရဲ့ လိင်ပညာပေးရေး ပယ်ချခံရ

www.maukkha.org
ဗြိတိနိုင်ငံမှ `ကလေးများ ကျောင်းများနှင့် မိသားစု များဆိုင်ရာ ၀န်ကြီး´ အက်ဒ် ဘောလ်စ် (Ed Balls) ရဲ့ ၁၅နှစ် အရွယ် ကလေးများ မသင်မနေရ လိင်ပညာပေးမှု အပါအ၀င်၊ အဓိက ပညာရေး ပြုပြင်ပြောင်းလဲမှု အစီ အစဉ်များကို ကွန်ဆာဗေးတစ် ပါတီ၏ ထောက်ခံမှု မရ၍ ပါလီမာန်တွင် ပယ်ချခံခဲ့ရသည်။


မစ္စတာ ဘောလ်စ် ရဲ့ အသက် ၁၅နှစ် အရွယ်ရှိကလေးများ ကျောင်းတွင်း လိင်ပညာပေးရေး မသင်မနေရ ပြဌာန်းချက်ကို ကလေး မိဘများနှင့် ကွန်ဆာဗေးတစ်(Tories) အုပ်စုများက လွှတ်တော်တွင် ဗီတိုဖြင့် ပယ်ချခဲ့သည်။ “ကလေးဟာ အသက် ၁၆နှစ် ရောက်တဲ့တိုင်အောင် ကလေး ဟာကလေးပဲ။ တကယ်လို့ မသင်မနေရ လိင် သင်္ခန်းစာတွေ ပေးနေရင် ကျောင်းထုတ်ပစ်မယ်။ မိဘမှာလည်း ကိုယ့် သားသမီး ကျောင်း ထုတ်ပစ်ပြီး အခြား နည်းနဲ့ ပညာ သင်ပေးနိုင်တဲ့ အခွင့် အရေး ရှိရမှာပဲ” လို့ သူတို့က ဆင်ခြေတက်ကြသည်။

ဘောလ်စ် ကလည်း “အစိုးရရဲ့ လိင်ပညာပေးမှုကို မသင့်လျော်ဘူးထင်ပြီး၊ မိဘက သားသမီးကို ကျောင်းထုတ်ခွင့် မရှိ ဆိုတဲ့ ပြဌာန်းချက် အသစ်ကို ဆက်လက်တင်ပြမယ်” လို့ ဆိုသည်။ “ပညာရေးမှာ လိင် ကိစ္စဟာ အရေးကြီးတယ်၊ ရှောင်ရန် ဆောင်ရန်တွေကို သိထားသင့်တယ်၊ နိုင်ငံရေး သမားတွေ ဟာ လိင်နဲ့ ပညာရေး ဆက်စပ်မှု ရှိပုံကို နားလည် ဆည်းပူး သင့်တယ်၊ ဒါဟာ ကျနော်တို့ မရခဲ့တဲ့ အခွင့်အရေး နောက်မျိုးဆက်တွေကို ပေးရတာပဲ” ဟု ဆက်ပြောသွားသည်။

ကွန်ဆာဗေးတစ်တွေ ဘယ်လောက်ပဲ ဆန့်ကျင်ကျင် သူ့ရည်မှန်းချက် ဖြစ်သည့် စာသင်ခန်းတွင်း လိင်မသင်မနေရ ကိစ္စကို ကျောင်းသားမိဘများ နားဝင်အောင် ဆက်လက် စည်းရုံးရင်း နောက်တကြိမ် တင်ပြဦးမည်ဟု ဘောလ်စ်က ပြောသွားသည်။

ဘီဘီစီ

0 comments: