(၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ
Wednesday, 26 August 2009 18:32 ဗထူး
http://www.yoma3.org/index.php?option=com_content&view=article&id=357:2009-08-26-11-33-35&catid=41:2008-09-21-07-44-45&Itemid=124
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပညာအရည်အချင်း (၁၀) တန်းအောင်မြင်ပြီးသည့် ကြံ့ဖွံ့အဖွဲ့ဝင်များကို စစ်အစိုးရအာဏာပိုင်များက သတင်းပေးနည်း ရက်တိုသင်တန်းကို ပြုလုပ်ပို့ချနေသည်။
ယခုလ (၂၅) ရက်နေ့မှစတင်ကာ သင်တန်းအား မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး မျိုးဝင်းဆိုသူနှင့် မြို့နယ်(မယက) အဖွဲ့မှ ဦးစီးကာ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် စည်းရုံးရေးဘာသာရပ်၊ သတင်းပေး၊ သတင်းရေးနှင့် လှုပ်ရှားမှုများအား စောင့်ကြည့် သည့် ပုံစံများလည်း ပါဝင်သည်ဟု ဒေသခံတဦးက ပြောသည်။
“ကြံ့ဖွံ့ရုံးမှာ (၂၅) ရက်နေ့၊ ညနေ(၆) နာရီကသင်တန်းဖွင့်ပွဲ လုပ်တယ်။ နောက် (၇) နာရီကနေ (၉) နာရီအထိ သင်တန်းပို့ချတယ်၊ ကျနော့်အမြင်ကတော့ လာမဲ့ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလမှာ သံဃာတွေ အပါအဝင် အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သတင်းရယူပေးပို့ဖို့ ဒီသင်တန်းကို လုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
စစ်အစိုးရက ကျင်းပမည်ဟု သတ်မှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံရေး ပါတီတရပ် အသွင်ပြောင်းလဲကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သဖြင့် လူငယ်များနှင့် ပြည်သူလူထုအား ၎င်းတို့အား ထောက်ခံလာစေရေးအတွက်လည်း ယခုသင်တန်းကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မြို့နယ် ကြံ့ဖွံ့အဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တဦးက “ဟုတ်တယ်၊ သတင်းရေး၊ သတင်းပေးပုံစံမျိုး၊ စောင့် ကြည့်တဲ့ ပုံစံမျိုး လုပ်တာပေါ့။ ဒါကတော့ သေချာတာကတော့ ဒီ သံဃာလှုပ်ရှားလာမယ့် ကျနော်တို့ ဘုန်းကြီး တွေကလည်း လှုပ်ရှားလာမယ် ပြောတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က သတင်းပေးသဘောမျိုးနဲ့ လုပ်ရမယ့် အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေ ပို့ချသွားမှာပါ အဓိကကတော့” ဟု ပြောသည်။
ဘိုကလေးမြို့ပေါ် (၉) ရပ်ကွက်နှင့် မြို့သစ် (၁) ရပ်ကွက်မှ တရပ်ကွက်လျှင် ၃ ဦးကျ တက်ရောက်နေသည့် အဆိုပါ ရက်တိုသင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း ဖမ်းဆီးသံဃာများ ပြန်လွှတ်ပေးရေးနှင့် သံဃာတော်များ အား ရိုင်းပြစွာ ပြုမူဆောင်ရွက်မှုအား စစ်အစိုးရမှ ဝန်ချတောင်းပန်ရန်နှင့် ပျက်ကွက်ပါက တတိယအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ကာ နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
Wednesday, August 26, 2009
| [+/-] |
၁၀ တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်းပို့ချ |
| [+/-] |
ကိုးကားစရာ - ပညာရေးနှင့် စပ်လျဉ်းသည့် ပညာရှင်တို့၏ အတွေးအမြင် အဆိုအမိန့်များ |

လူသားအရိုင်းနှင့် ပညာရေးပေါင်းစည်းမှု
ပန်းပုပညာက ကျောက်တုံးတစ်တုံးကို ထွင်းထုပုံဖော်သကဲ့သို့ ပညာရေးကလည်း လူ့နှလုံးဝိညာဉ်ကို ပုံဖော်ဖန်တီးသည်။ [ပန်းပုဆရာသည် ကျောက်တုံး၏ အပြင်အခွံအကာကိုခွာကာ သူ့စက္ခုအာရုံတွင် မြင်ယောင်တည်ရှိနေသည့် ပန်းပုရုပ်ကို ဖော်ထုတ်ယူသကဲ့သို့ ] သင့်တင့်လျောက်ပတ်သော ပညာရေး သည်လည်း သာမန်လူအညတြ၏ ကိုယ်ထဲတွင် ပုန်းခိုကိန်းအောင်းနေသည့် တွေးခေါ်ရှင်၊ သူတော်စင်၊ လူစွမ်းကောင်း၊ ပညာရှိ၊ လူကောင်းလူမွန်၊ ဧရာမ ပုဂ္ဂိုလ်ကျော် စသည်များကို မြှပ်နေရာမှ ဖော်ယူကာ အလင်းရောင်အောက်သို့ ပို့ဆောင်ပေးပေသည်။
ဂျိုးဇက် အက်ဒီဆင် ၁၆၇၂-၁၇၁၉
What sculpture is to be a block of marble, education is to the human soul. The philosopher, the saint, the hero, the wise, and the good, or the great, very often lie hid and concealed in a plebeian, which a proper education might have disinterred and brought to light.
Joseph Addison 1672-1719 English Essayist, poet, politician
Tuesday, August 25, 2009
| [+/-] |
တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ |
တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ
Mon 17 Aug 2009, IMNA, ရိုင်မရော့
http://www.monnews-imna.com/burmese/newsupdate.php?ID=417
မော်လမြိုင်တက္ကသိုလ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ ကျောင်း သား/သူများကို
လူမှုရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ တစ်စုံတစ်ရာ မပြုလုပ်ရန် ပါမောက္ခချုပ်မှ တားဆီးပိတ်ပင်ထားသည်။
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမော်လမြိုင်တက္ကသိုလ်အဖွဲ့သည် ကျောင်းသားအင်အား (၃၀၀) ခန့်ဖြင့် ဖွဲ့စည်းထားပြီး၊ နှစ်စဉ် မွန်ပြက္ခဒိန် များထုတ်ဝေခြင်း၊ နွေရာသီတွင် မွန်စာပေသင်ကြားခြင်း၊ ဝါတွင်း ကာလမှာ ဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ပေးခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်းတို့ဖြင့် ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြသည်။
“မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က ကျောင်းသား ခေါင်းဆောင် (၁၂) ယောက်ကို ပါမောက္ခချုပ် ကနေ ခေါ်ပြီးတော့ လှုပ်ရှားမှုတစ်စုံ တစ် ရာမပြုလုပ်ဖို့ သတိပေး ပြောထားတယ်၊ ဥပုသ်နေ့ဆိုရင် ဘုရားမှာ ဓမ္မ စကြာရွတ်တာကအစ လုပ်ခွင့်မပေးတော့ဘူး” ဟု မုဒုံမြို့မှ တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသား/သူများအား တဆင့်ထက်တဆင့် စောင့်ကြည့်မှု တင်းကြပ် စွာခံထားရခြင်းသည် အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်နိုင်ငံသား အိမ်ခိုဝင်မှုဖြင့် ဖမ်းဆီးပြီး နေအိမ် အကျယ်ချုပ်သက်တမ်း တစ်နှစ်ခွဲထပ်တိုးလိုက်ပြီးသည့်နောက် ယခုလိုမျိုး ပိုမိုတင်းကြပ်လာသည်ဟု မော်လမြိုင် တက္ကသိုလ်ကျောင်းသား/သူများက ပြောသည်။
ယခုလိုမျိုးကျောင်းသား/သူများ၏ လှုပ်ရှားမှုစောင့်ကြည့်ခံရခြင်းသည် လွန် ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် မွန်ကျောင်းသား အယောက် (၅၀) ခန့် က နယ်မြေကျူးကျော်ပြီး ကရင်ပြည်နယ်ထိ ပျော်ပွဲစာထွက်ခြင်းမှစပြီး ပါ မောက္ခချုပ်မှ သတိပေးခြင်းခံထားရသည်။
“တကယ်လို့ ကျောင်းမှာ ကျောင်းသားတွေ လှုပ်ရှားမှုတခုခုလုပ်ပြီးတော့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာမယ်ဆိုရင် ခေါင်းဆောင် ကျောင်းသား တွေမှာ တာဝန်ရှိတယ်လို့လည်း ပါမောက္ခချုပ်က ပြောထားပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် ဆရာအသိုင်းဝိုင်းက ပြောသည်။
မော်လမြိုင်တက္ကသိုလ်မှ မွန်ဆရာမ (၅) ဦးကလည်း ကျောင်းသား/သူများ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်ရန် တင်းကြပ်စွာ ညွှန်ကြားထားကြောင်း လည်း ကျောင်းသားတို့၏ ပြောပြချက်အရ သိရသည်။
မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ ပြောပြချက်အရ “ကျနော် တို့ လှုပ်ရှားနေတာဟာ နိုင်ငံရေးနဲ့ပါမှမပတ်သက်ဘူး၊ လူမှုရေးအတွက် လုပ်ဆောင်နေမှုသက်သက်ပဲ၊ ဒါကို ဆရာ၊ ဆရာမတွေက တားဆီးပိတ်ပင် နေကြတယ်” ဟု သူက ပြောသည်။
ကျောင်းမှာ ကျောင်းသားတွေ တစ်စုံတစ်ရာကျင်းပပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ပါမောက္ခချုပ် သို့မဟုတ် ဆရာ၊ ဆရာမများထံသို့ အသိပေး အကြောင်းကြားရမည်ဖြစ်ပြီး ၄င်းတို့မှ ခွင့်ပြုချက်ရရှိမှသာလျင် လုပ်ပိုင် ခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ပြောသည်။
၈ လေးလုံး (၂၁)နှစ် ပြည့်အထိမ်းမှတ်နေ့တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ နေပြည်တော်၏ ညွှန်ကြားချက်အရ ပါချူပ်မှတဆင့် ဆရာ ဆရာမများက ကျောင်းသား/သူများ၏ သွားရေးလာရေးကိစ္စကို ကြည့်ရှုရန် ညွန်ကြားခဲ့သည်။
ညွန်ကြားထားရသည့်အကြောင်းမှာ ၈ လေးလုံးနေ့မှာ ကျောင်းသားများ စုဝေးမှာကြောက်၍ ယခုလို ညွန်ကြားထားသည်ဟု တက္ကသိုလ်ဆရာမ အ သိုင်းဝိုင်းမှပြောသည်။ ၄င်းညွန်ကြားချက်သည် မွန်တက္ကသိုလ် ကျောင်း သား/သူများ ပျော်ပွဲစာထွက်ရာ နယ်မြေကျော်၍ အရှေ့ တောင် တိုင်း မှတဆင့် နေပြည်တော်မှ ညွန်ကြားထားခြင်းဖြစ်သည်။
Friday, August 21, 2009
| [+/-] |
ကေဵာင်းသွားရင်း အဖမ်းခံရသော ကလေးစစ်သားကို မိဘမဵား ပြန်ခေၞမရဖြစ်နေ |
2009-08-21
http://www.rfa.org/burmese/news/parents_unable_to_bring_child_soldier_home-08212009154818.html
ပဲခူးတိုင်း၊ ညောင်လေးပင်္ဘမြိႚက အထက ၁ ဒသမတန်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ကေဵာ်သာ ရှိသေးတဲ့ မောင်္ဘငိမ်းခဵမ်းအောင်ကို သြဂုတ်လ ၁၁ ရက်နေႛမှာ ကေဵာင်းကိုအသွား လမ်းမှာ လေ့ကဵင့်ရေးတပ်က တပ်ကြပ် သူရအောင်ဆိုသူက ဖမ်းခေၞသွားတာ ဖြစ်တဲ့အကြောင်း ညောင်လေးပင်မှာနေတဲ့ အဲဒီတပ်ကြပ်ရဲ့ မိခင်ကပြောလိုႛ သိရတဲ့အကြောင်း အ္ဘငိမ်းစား စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ခလေးရဲ့ဖခင် ဦးစောစတီဗင်က RFA ကို အခုလို ပြောပၝတယ်။
ဦးစောစတီဗင်။ ။ “စုံစမ်းတော့ သူႛ စစ္သားအေမက သူသားေခၞသြားပၝတယ္တဲ့၊ သူက ဖမ်းခေၞသွားတာ ကလေးကို၊ ကလေးကို ခေၞသွား္ဘပီးတော့ စစ်သားတယောက် ရလိုႛရှိရင် သူတိုႛက ဆီ ၂ ပံုးနဲႛ ဆန်တအိတ် ငွေတသိန်း ရတယ်လိုႛ ပြောတယ်။ ရာထူးလည်းတက်တယ်၊ အဲ့ဒၝ ကဵေနာ့္သားကို ကဵေနာ္ ပြန်ခေၞခဵင်တယ်၊ ကေဵာင်းသားက ကေဵာင်းက တက်နေတယ်၊ ကဵေနာ့္သားက ကဵေနာ့္လို စစ္သားဘဝ မျဖစ္ခဵင္လိုႛ ပညာသင်နေတဲ့အခဵိန်၊ ကဵနော် ဒုက္ခလည်း ရောက်တယ်။ သားတိုႛ ဒီစစ္သားေတြကို မလုပ္နဲႛလိုႛ ပြောထားတယ်၊ အဲ့ဒၝ ဒီတပ်ကြပ်နဲႛကောင် ခေၞသွားတယ်။”
မောင်္ဘငိမ်းခဵမ်းအောင်ဟာ စစ်မှုထမ်းဖိုႛ အသက်မပြည့်သေးတာကြောင့် ဖခင်ဖြစ်သူက ပြန်ခေၞရအောင် တပ်ကြပ် သူရအောင်ရှိတဲ့ မြစ်ကြီးနား ပဵဉ်တောင် အမှတ် ၇ လေ့ကဵင့်ရေးတပ်ကို လိုက်သွား္ဘပီး စုံစမ်းတဲ့အခၝမှာ အဲဒီတပ်က အရာရှိတွေက တခြားစုဆောင်းရေးတပ်ကို လွှဲလိုက်တယ်လိုႛ ပြောတဲ့အကြောင်း အခုလို ဆက်ပြောပၝတယ်။
ဦးစောစတီဗင်။ ။ “တပ်ရေးဗိုလ်ကြီး အောင်မဵိုးနဲႛ တွေႚတော့ ဗိုလ်ကြီး အောင်မဵိုးက အခု ရထားနဲႛပဲ သွားလိုက်္ဘပီတဲ့ တပ်ရေး ဗိုလ်ကြီးက ပြောပြတာပေၝ့၊ ဒီ သူရအောင် ခေၞသွား္ဘပီတဲ့၊ သားကိုတဲ့၊ ဟိုး ရွှေဘိုကို လိုက်တဲ့ ဆိုပြောတယ်၊ ရွှေဘို ထပ်ပြန်လိုက်ရပြန်္ဘပီ။ ရွှေဘိုရောက်တော့ ဒီ အမှတ် ၄ စုဆောင်းရေးတပ်ကို သွားတယ်၊ သွား္ဘပီးတော့ပြော ဆိုလုပ်တော့ တပ်ကြပ်သူရအောင် မရောက်သေးဘူး ပြောတယ်ဗဵ၊ အဲဒီလို ညာထားတယ်ဗဵ။”
ဦးစောစတီဗင်ဟာ ဆက်္ဘပီးစောင့်ဖိုႛ စရိတ်မရှိတော့တာကြောင့် ပြန်လာခဲ့ကြောင်း၊ သူႛမှာ သားသုံးယောက် ရှိတဲ့အထဲက တခြား သားနှစ်ယောက်ဟာလည်း အရင်က အဓမ္မ ကလေးစစ်သား အဖြစ်ဖမ်းခေၞသွားတာ ခံခဲ့ရဘူးတယ်လိုႛ ပြောပြပၝတယ်။ တယောက်က အမေဖြစ်သူ လိုက်ခေၞလိုႛ ပြန်လွှတ်လိုက်တာဖြစ်္ဘပီး၊ နောက်တယောက်ကတော့ ပြန်ထွက်ပြေးလာခဲ့တာလိုႛ သိရပၝတယ်။
လောလောဆယ် ဖမ်းခေၞသွားတဲ့ မောင်္ဘငိမ်းခဵမ်းအောင်ကို ပြန်ခေါ်နိုင်အောင် လူႛအခွင့်အရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေၝင်းဆောင် ပဲခူး္ဘမိုႚက ရှေ့နေ ဦးအေးမြင့်ဆီကို သွား္ဘပီး အကူအညီ တောင်းထားတဲ့အကြောင်း ဖခင်ဦးစတီဗင် ပြောပၝတယ်။
ရှေ့နေဦးအေးမြင့်ကတော့ ဒီကိစ္စနဲႛ ပတ်သက်္ဘပီး ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲႚခဵုပ် အိုင်အယ်လ်အိုကို အကြောင်းကြား္ဘပီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုႛ RFA ကို ပြောပၝတယ်။
ရှေႚနေဦးအေးမြင့်။ ။ “အိုင်အယ်လ်အို ကနေတဆင့် တောင်းရမှာမိုႛလိုႛ အိုင်အယ်လ်အိုကို ပိုႛပေးမယ်၊ အိုင်အယ်လ်အိုကို အခုလက်ရှိလည်း အကြောင်းကြားထား္ဘပီး၊ အကုန်လုံး ပိုႛပေး္ဘပီးတော့ ပြန်္ဘပီးတော့ ဆောင်ရွက်မယ်၊ အခု လောလောဆယ်ကို အန်ကယ်ဆီမှာဆို လူ ၅၀ ေကဵာ္သြားပၝ႓ပီ။”
ဇြန္ကေန ဒီကေနႛအထိ ခလေးစစ်သားအဖြစ် ဖမ်းဆီးသွားတာ ခံရတဲ့အတွက် အိုင်အယ်လ်အိုကို အကြောင်းကြား္ဘပီးသူကော အကြောင်းမကြားရသေးသူပၝ။ စုစုပေၝင်း ၃၀ ကေဵာ်ရှိတယ်လိုႛ ရှေႚနေ ဦးအေးမြင့်က ပြောပၝတယ်။
မြန်မာနိုင်ငံမှာ ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်မှုထမ်းခွင့်မရှိဘူးလိုႛ ဆိုထားပေမဲ့ အစိုးရစစ်တပ်မှာကော စစ်အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသား လက္နက္ကိုင္အဖြဲႚေတြမွာပၝ အသက် မပြည့်သေးတဲ့ ခလေးတွေကို စစ်မှုထမ်းခိုင်းနေတာတွေ အမဵားအပြား ရှိနေတဲ့အကြောင်း ကုလသမဂ္ဂနဲႛ နိုင်ငံတကာ လူႛအခြင့္အေရး အဖြဲႚေတြက မၾကာခဏ ပြောဆိုလေ့ရှိပၝတယ်။
Friday, August 14, 2009
Sunday, August 9, 2009
| [+/-] |
စာသင်ကျောင်းက ဒေါင်းအိုးဝေ |

စာသင်ကျောင်းက ဒေါင်းအိုးဝေ
ထိန်လင်း
သြဂုတ် ၈၊ ၂ဝဝ၉
“ကျောင်းနံရံတဝိုက်
ဒေါင်းအလံတွေ ပြန်စိုက်မယ်” တဲ့
မင်းကိုနိုင်ရဲ့ စကားဟာ
တော်လှန်ရေးရဲ့ တရားလည်း ဖြစ်ပါတယ်။
စာသင်ကျောင်းဆိုတာ
အာဏာတွေ ပါဝါတွေမရှိ
မာယာဆိုတာလည်း နတ္ထိ
မရှိတရားတွေက အမျိုးမျိုး
ဒါပေမယ့် ...
ခေတ်ဆိုး စနစ်ဆိုးတွေ ပြောင်းစေဖို့
ဒေါင်းတွေတော့ ရှိပါတယ်။
ဒေါင်းဆိုတာ ..
သာယာတဲ့အသံနဲ့
နားဝင်ပီယံ ချိုမြ
အဆင်းလည်း လှပေမယ့်
ကဒေါင်း နဲ့ ခွပ်ဒေါင်း
လိုရင်တော့ အသွင်ပြောင်းပါတယ်။
ရှစ်ဆယ့်ရှစ်က ဒေါင်းအိုးဝေ
ကျောင်းတံခါးတွေကို ကျော်ဖြတ်
လယ်ကွင်းတွေကို ကျော်ဖြတ်
တောတောင်တွေကို ကျော်ဖြတ်
အကျဉ်းထောင်တွေကို ကျော်ဖြတ်
မြို့ရွာတွေကို ကျော်ဖြတ်
မရပ် .. ဘယ်တော့မှ မရပ်
မပြတ် .. မျိုးဆက်လည်း မပြတ်
စိတ်ဓာတ်တွေ ပီပြင်
ရာဇဝင်တွေ မရိုင်းစေဖို့
ကျောင်းတံတိုင်းတွေမှာ
ဒေါင်းသမိုင်းတွေ ရှိနေမယ်။ ။
၈၊ ၈၊ ၂ဝဝ၉
http://moemaka.com/index.php?option=com_content&task=view&id=4597&Itemid=1
Thursday, August 6, 2009
| [+/-] |
On Education by Krichnamurti |
ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်”)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
--- ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ -----
---
အပြုအမူ
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
Friday, July 31, 2009
| [+/-] |
မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက် (သူခိုး) ကျောင်းများ |
မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ
အောင်ထက် ၂၉ ဇူလိုင် ၂၀၀၉
ခေတ်ပြိုင်အင်တာနက် သတင်း
“လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး၏ နယ်မြေတခုနှင့်တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာ၊ နည်းပညာဘာသာရပ်အလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး၊ မိမိတို့ကိုယ်ပိုင်စွမ်းအားနှင့် ပြည်တွင်းအားကို စုစည်းကာ ပညာရေးကို မဏ္ဍိုင်ပြုပြီး အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်သွား နိုင်ရေး” ဟူသော ပညာခေတ်၏ စိန်ခေါ်မှုအခြေအနေများကို ယနေ့ပြည်တွင်း ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ခမ်းနားဝင့်ထည်သော စကားလုံးကြီးများဖြင့် ဖော်ပြနေသည်ကို တွေ့နေကြရသည်။
အဆိုပါအနေအထားသည် မြန်မာ့နိုင်ငံရေးသမိုင်းစဉ်၏ ဖြစ်ပျက်ပြောင်းလဲမှုကို မကြုံဖူးသည့် လူငယ်တို့အတွက် အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ သို့သော် အာဏာရှင်စနစ် (Dictatorship) ၏ သရုပ်သကန်ကို သိမီသူတို့ ကမူ ဤသို့ ကြီးကျယ်ခမ်းနားသည့် စကားလုံးများကို တွေ့မြင်ဖတ်ရှုရပေါင်းများ၍ ရိုးအီနေကြပေပြီ။
အာဏာရှင်စနစ် (Dictatorship) ဟူသည် အတိုက်အခံမီဒီယာကို ဖိနှိပ်ကန့်သတ်ထားမည်။ ကိုယ်ပိုင်မီဒီယာကို အစွမ်းကုန်မြှင့်တင်မည်။ ကိုယ်ပိုင်မီဒီယာကို အားပြုပြီး စကားလုံးအား အထုအထည်နှင့် ပြည်သူကို စနစ်တကျ အကွက်ချကာ လိမ်လည်မည်။ သို့လောသို့လောဖြစ်အောင် စကားလုံးမှိုင်းများကို ပြည်သူ့နားသို့ အတင်းသွတ် သွင်းမည်။ ဒါသည်ပင် Dictatoship (အာဏာရှင်စနစ်) ၏ လမ်းကြောင်းဖြစ်သည်။
တချိန်သောကာလက ဂျာမဏီမှ နာဇီများသည်လည်း ထိုသို့ပင် အသက်ဝင်ခဲ့သည်။ အီတလီ ဖက်ဆစ် အာဏာရှင် မူဆိုလိုနီနှင့် စပိန်မှ ဖရန်ကိုတို့သည်လည်း တိုင်းပြည်ကို သို့နှယ် ဓားမိုး၍ အုပ်ချုပ်ခဲ့သည်။ သို့သော် အဆိုပါပုဂ္ဂိုလ်တို့သည် သမိုင်းတွင် ပြည်သူတို့၏ အသွေးအသားတွေကို ဓားစာခံလုပ် အရင်းအနှီး ပြုကာ သူတို့ယုံကြည်သောစနစ်ကို ပုံဖော်ထုဆစ်ရင်း နောက်ဆုံး သမိုင်းတရားခံတွေအဖြစ်နှင့် နိဂုံးမလှ ဖြစ်ခဲ့ကြရလေသည်။
“ပြည်နယ်နှင့်တိုင်းအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးဒေသကြီး (၂၄) ခု၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းနှင့်အတူ တဆက်တစပ်တည်း သိမြင်ဖို့လိုအပ်ကြောင်း” ၂၀၀၉၊ ဇွန်လ (၂၉) ရက်က ကျင်းပသော အခြေခံပညာ ဆရာ၊ ဆရာမများ အထူး မွမ်းမံသင်တန်းအမှတ်စဉ် (၆၈) ဖွင့်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်းမှ လမ်းညွှန် မှာကြားသွားခဲ့ပေသည်။
မစားရ၀ခမန်း အဆိုပါလမ်းညွှန်ချက်အပေါ် ဆိုရေးရှိလာ၍ ဆိုရပါလိမ့်မည်။ ကျနော်သည် ရန်ကုန်မြို့နှင့် မိုင် (၁၀၀) သာသာ ဝေးကွာသော မြေလတ်မြို့ ကြို့ပင်ကောက်၏ (၈) မိုင်ခန့်အကွာ ကျေးလက်တခု၌ မွေးဖွားခဲ့သည်။ ကျနော်၏ ၀မ်းကွဲသားချင်းတို့သည် ကျေးရွာမူလတန်းကျောင်း၌ (၄) တန်းအထိ ပညာဆည်းပူး ကြရသည်။ ထိုခေတ်က (၄) တန်းအောင်သော် အများစု လယ်ထဲရောက်ကုန်သည်။ စီးပွားရေး ပြေလည်သူ တချို့၏ သားသမီးများက ရွာနှင့် (၄-၅) မိုင်မျှဝေးသော ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ သွားတက်၍ ပညာဆက်လက်ဆည်းပူးကြရသည်။
ရွာသာယာ၊ ရွာသစ်၊ ရှားပင်ထ၊ ကျွန်းကုန်းလေး၊ အုန်းနှဲ၊ ကျောတန်း ကျေးရွာများမှ ကျောင်းသားငယ်များသည် ရွှံ့တော၊ ဗွက်တောများကို ဖြတ်ကာ ကျောင်းတက်ခဲ့ရသည်။ နွေအခါ မသိသာသော်ငြား မိုးအခါ လွန်စွာ ဒုက္ခရောက်ကြရသည်။ လယ်ကွင်းတွေကို ဖြတ်ကာ လာကြရသည့်မို့ ကျောင်းရောက်သော် ရွှံ့အလိမ်းလိမ်းကို ဖုတ်ဖက်ခါ ရေဆေးကြရသည်။ ထိုသို့ကျောင်းတက်ခဲ့ကြရသည့် လယ်သမားသားသမီးတို့အား ဆရာတို့ ကလည်း စာနာနားလည်ခဲ့ကြသည်။ စေတနာထား သင်ကြားပေးကြသည့်အတွက် အချို့ကျောင်းသားများ ထူးချွန်ပေါက်မြောက်ကာ လူရာဝင်ခဲ့ကြသည်။ (ယခင်) စက်မှု(၁) ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်း၊ မြန်မာ့ လက်ရွေးစင်ဘောလုံးသမားဟောင်း ဘဖေတို့သည် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းထွက်များ ဖြစ်သည်။
ကျနော့်ဇာတိ ရှားပင်ထကျေးရွာတွင် မူလတန်းကျောင်းသာရှိခဲ့ပါသည်။ ထိုမှ အနှစ် (၄၀) ခန့်ကျော်ဖြတ်ပြီး နောက် ယခု မူလွန်ကျောင်းဖြစ်နေပြီဟု ကြားရသည်။ သို့သော် ထိုတွဲဖက်-မူလွန်ကို ရွာ၏ ဒေသခန့်ဆရာနှင့် သင်ကြားပြီး အတန်းတင် အဖြေလွှာများကို အုပ်စုပိုင် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ပို့ကာ အစစ်ဆေး ခံရသောစနစ်ဖြင့် စခန်းသွားနေရသည်။
တွဲဖက်မူလွန်ကျောင်းတို့၏ သဘောသဘာဝကို အကျဉ်းမျှ ရှင်းပြပါမည်။ စတုတ္ထတန်းအောင်မြင်ပြီးသူ မူလွန် ကျောင်းသားတို့သည် ဒိုင်နယ် (တိုက်နယ်) အတွင်းရှိ အလယ်တန်းကျောင်းများ၌ ပဉ္စမတန်း တက်ကြရပေ မည်။ ငွေကြေးပြည့်စုံသူအချို့က အဆိုပါ အလယ်တန်းကျောင်းရှိရာ ဒိုင်နယ်အတွင်း သားချင်းများအိမ်၌ သားသမီးကို နေစေကာ ပညာသင်စေသည်။ ခရီးလမ်းဝေးကွာမှု၊ လမ်းပန်းမသာမှုနှင့် မပြေလည်သော စီးပွားရေးအခြေခံများကြောင့် ကျေးလက်ပြည်သူအများစုမှာ ၎င်းတို့၏ သားသမီးများကို ဒိုင်နယ်ကျောင်းများသို့ မစေလွှတ်နိုင်ခဲ့။ အဆိုပါ အခြေအနေအပေါ်မူတည်၍ ကျေးရွာကျောင်းကော်မတီမှ တွဲဖက်ကျောင်းအဖြစ် စီစဉ်ဖန်တီးပေးရသည်။
ကျောင်းသားတဦး တနှစ်လျှင် (၂၀,၀၀၀၊ ၃၀,၀၀၀၊ ၄၀,၀၀၀) ကျပ် အတန်းအလိုက် ကောက်ခံသည်။ အများစု တကြိမ်တည်း ငွေမချေနိုင်ကြ။ (၄-၅) ကြိမ် ခွဲသွင်းကြရသည်။ ထိုကောက်ခံငွေနှင့် ချိန်ဆကာ ကျောင်းကော် မတီမှ ဒေသခန့် ဆရာငှားရသည်။ ကျောင်းသားဦးရေအလိုက် ဆရာ (၂) ဦး၊ (၃) ဦးက ဘာသာစုံ သင်ပေး ရသည်။ ကျောင်းကော်မတီမှ ဆရာတို့အား လစဉ် လစာငွေ ရှင်းပေးသည်။
အဆိုပါ တွဲဖက်ကျောင်းများသည် ဇွန်လကျောင်းအပ်လက်ခံပြီဆိုကတည်းက နီးစပ်ရာ ဒိုင်နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း (အစိုးရအသိအမှတ်ပြု) ကျောင်းများသို့ သွားရောက်ချိတ်ဆက်ကြရသည်။ တွဲရသည်ဟုလည်း ခေါ်သည်။
တွဲဖက်ကျောင်းသားများ၏ လပတ်စာမေးပွဲအဖြေလွှာများကို ဒေသခန့်ဆရာတို့က စစ်ဆေးပေးရသည်။ အတန်းတင် အဖြေလွှာကိုမူ အတွဲခံမည့် ကျောင်းသို့ပို့ကာ အစစ်ခံရသည်။ ထိုကျောင်းမှ အအောင်-အရှုံး သတ်မှတ်ကာ နိုင်ငံတော်၏ ပညာရေးမူဘောင်နှင့်အညီ တရားဝင်စေသည်။ တွဲဖက်ကျောင်းလေးများအား တွဲခွင့်ပြုရေး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး (TEO) နှင့် အစိုးရခန့်ကျောင်းအုပ်ကြီးသို့ တွဲဖက်ကျောင်း ကော်မတီမှ ငွေလမ်းခင်းကြရသည်။
အကယ်၍ တွဲဖက်ကျောင်းအား ဒိုင်နယ်ကျောင်းတို့မှ အတွဲမခံပါက ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး (ဘက) ကျောင်း များသို့ အဖြေလွှာများပို့ကာ အတန်းတင်စာမေးပွဲကို တရားဝင်ဖြစ်အောင် အစစ်ခံရသည်။ သို့သော် တွဲဖက်ကျောင်းအဆင့်မှ မကျော်လွန်နိုင်သေးသည့် အခြေအနေများ သိန်း-သန်းချီ ရှိနေသည့်အတွက် နိုင်ငံတော်၏ ပညာရေးပန်းတိုင်သို့ ရောက်ရှိအောင် အဘယ်ပုံ ချီတက်ရမည်ဆိုသည်မှာ ခေါင်းခဲစရာ ပြဿနာ တခုဖြစ်သည်။ တနည်းအားဖြင့် တွဲဖက်မူလွန်ဟူသည် ကျေးလက်နေလူတန်းစားများ၏ ပညာရေးသရုပ်မှန်ကို မီးမောင်းထိုးပြနေသာ ပြယုဂ်တခုဖြစ်သည်။
ကျနော်သည် သတင်းသမားတဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရင်း မြန်မာပြည်၏ နယ်မြေအနှံ့သို့ အရောက်အပေါက် များခဲ့သည်။ နာဂစ်မတိုင်မီကတည်းက ရောက်ဖြစ်ခဲ့သည့် လပွတ္တာမြို့၊ ငခုံးမရွာ၊ ရေကျော်ကြီး၊ ကန်ကြီးထောင့်ရွာတို့မှ မူလွန်ကျောင်းသားတို့သည် သပြုကုန်းအလယ်တန်းကျောင်း၌ မူလွန်-တွဲနေရသည်ကို တွေ့ရသည်။ နှာခေါင်းပေါက်ကျေးရွာ၊ ကန်ပဲ့ကျေးရွာတို့သည် ခုံညင်းတန်းကျောင်း၌ တွဲကြ ရသည်။ ဒေးဒရဲမြို့၊ ရွှေဘိုစုကျေးရွာ၊ ကွမ်းသီးပင်စု အပါအ၀င် ကျေးရွာ (၆) ရွာမှ ကျောင်းသားတို့သည် သက္ကာယ်ချောင်းကျောင်း၌ တွဲကြရသည်။
ယခင်က တချက်တကောင် ချစ်လေးမောင်တို့၊ ကေအန်ယူ ဗိုလ်စိုးစိုးတို့၏ နယ်မြေဖြစ်သော တောင်ပို့ကြီးရွာ၊ လျှော်ချောင်း၊ သခွပ်ကုန်း၊ စစ္စလီထုံး၊ ၀ါးရုံးဒေါင့်ကျေးရွာများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရုံးဒေါင့် အထက်တန်းကျောင်းသို့ တွဲကြရသည်။ လေးမျက်နှာမြို့၊ ညောင်ပင်ဝဲ၊ ကတက်ကုန်း၊ တူးရိုး၊ ၀ါးရုံစု၊ ဗောဓိရွာတို့သည် ကွမ်းခြံကုန်းရွာကျောင်း၌ တွဲကြရသည်။ ထားဝယ်မှိုင်းကြီး၊ ထားဝယ်မှိုင်းလေး၊ သပြေချောင်း၊ ဘုံလုံချောင်း၊ ကဒတ်ကြီးဝိုင်း၊ ပလီချောင်းကျေးရွာတို့သည် ကျိုက်လတ်မြို့၊ ခမုံရွာအလယ်တန်းကျောင်း၌ တွဲကြရသည်။
အဆိုပါ ကျေးလက်ဒေသတို့သည် ရန်ကုန်မြို့နှင့် မိုင်ထောင်ချီဝေးကွာသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောအရပ်၌ ရှိနေကြသည် မဟုတ်ပါ။ ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် မဟုတ်ပါ။ မြစ်ကြီးနား အစွန် အဖျား ဖားကန့်၊ ၀ိုင်းမော် မဟုတ်ပါ။ လားရှိုးမြို့အနီး ကွမ်းလုံ၊ မူဆယ် မဟုတ်ကြပါ။ ကလေးနယ် တမူး၊ ဖလမ်း၊ ဂန့်ဂေါနယ်မြေတို့ မဟုတ်ကြပါ။ ရန်ကုန်မြို့မှ မိုင် (၁၀၀) မရှိတတ်သည့် ဧရာဝတီတိုင်း ကျေးလက်ဒေသ တို့သာ ဖြစ်ပါသည်။ လွန်လွန်ကျူးကျူးဆိုရသော် ရန်ကုန်မြို့မှ အော်ခေါ်လျှင်ပင် ကြားနိုင်လောက်သည့် အရပ်ဒေသများ ဖြစ်ပါသည်။
အခြေခံပညာမူလတန်းအောင်၍မှ အလယ်တန်းအဆင့်တက်ရန် ရုပ်ဝတ္ထုစာသင်ကျောင်းမရှိသည့် ဒိုင်နယ် ကျောင်းများသို့ သွားရောက်တွဲနေကြရသည့် အဆိုပါ ကျောင်းသားငယ်တို့၏ ပညာရေးပန်းတိုင်သည် မည်မျှ ရေရာမှုရှိပါမည်နည်း။ ပညာခေတ်၏ အလားအလာကောင်းများကို လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာတွေက တွန်းအားပေးနိုင်ပါမည်နည်း။ မြန်မာနိုင်ငံ၏ လူတန်းစားအများဆုံးနှင့် အဓိက နိုင်ငံခြား ၀င်ငွေရှာပေးနေသော ကျေးလက်နေပြည်သူတို့သည် အခြေခံအဆောက်အအုံကောင်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ မဟုတ်ပြီလော။ ထိုအခြေခံကောင်းများကို တိုင်းပြည်အကျိုးရှေးရှုသည့်လုပ်ငန်းများ၌ အပြုသဘော အသုံးမချနိုင်၍သာ လယ်သမားသားသမီးအများစု နင်းပြားဘ၀က မကျော်လွန်နိုင်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ကျွဲ နွားကျောင်း၊ လယ်ထဲဆင်းနှင့် အိုင်ပက်ငါးဖမ်း ဖြစ်ကုန်ကြတော့သည်။
ဤသို့ဆိုလျှင် “ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းနေကလေးများ၊ အတန်းပညာ ကုန်ဆုံးအောင် သင်ယူရေး၊ မိဘ-ဆရာနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေး” ဟု လေသံလွှင့်နေသော အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ၂၀၀၉၊ ဇွန် (၂၅) ဘိုကလေးမြို့ ကျေးလက်ပြည်သူတို့အား လမ်းညွှန်ချက်သည်လည်းကောင်း၊ “မျက်မှောက်ကာလ ဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသာ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရေး” ဟူသည့် နှစ် (၃၀) စီမံကိန်းတို့သည် ရေပေါ်အရုပ် ရေးသကဲ့သို့ အရာထင်လာမည် မဟုတ်သည့်အတွက် ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။
နာဂစ်အလွန် တနှစ်သာသာ၌ ကျနော်သည် ဘိုကလေးမြို့၊ အနောက်တောင်ထောင့်၊ ရေမိုင် (၂၀) ကျော်ရှိ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသို့ ရောက်ဖြစ်ခဲ့သည်။ စက်ဆန်း (ယခင် စက်စု-စက်ဆန်း) ဒိုင်နယ်တွင် ကျေးရွာ (၃၆) ရွာ ပါဝင်ပြီး စက်ဆန်းက (၁၆) ရွာ၊ ရွှေပြည်အေးက ရွာ (၂၀) အုပ်ချုပ်သည်။ ထော်ပိုင်-ရွှေပြည်အေး ကျေးရွာသည် အိမ်ခြေ (၂၉၀)၊ အိမ်ထောင်စု (၃၀၄) စုရှိပြီး ကရင်-ဗမာ စုပေါင်းနေထိုင်ကြသည်။ နာဂစ်လေဘေး၌ (၄၇) ဦး သေဆုံးပြီး UNDP မှ ဆောက်လုပ်လှူဒါန်းသော မူလတန်းကျောင်းမှာ အနည်း ငယ်သာ ပျက်စီးခဲ့သည်။ အဆိုပါကျောင်း၌ ယခုနှစ် မူလတန်း ကျောင်းသား (၂၈၀) ဦးနှင့် မူလွန် (၅၂) ဦး ပညာသင်ကြားလျက်ရှိသည်။ အစိုးရခန့် ဆရာ (၃) ဦးနှင့် ဒေသခန့်ဆရာ (၂) ဦးရှိသည်။
၎င်းကျေးရွာရှိ မူလွန်ကျောင်းသားများ၏ အဖြေလွှာများ စစ်ဆေးပေးရန် စက်ဆန်းအထက်တန်းကျောင်းသို့ သွားတွဲရာ ကျောင်းအုပ်ဆရာမကြီး ရောက်မလာသေး၍ အတွဲမခံဟု တာဝန်ခံဆရာက အကြောင်းပြန်သည်။ အဆိုပါ ကျောင်းအုပ်ဆရာမကြီးသည် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် (သို့မဟုတ်) တိုင်းမှူး- ၀န်ကြီး တဦးဦး၏ PSO နှင့် ဆွေမျိုးဟု သတင်းထွက်ပေါ်နေသည်။ ပြောင်းရွှေ့မိန့် (Order) ကျပြီးသည်မှာ (၃) လခန့် ရှိနေပြီး ယခုထိ လာရောက်တာဝန်ထမ်းဆောင်ခြင်း မပြုသေးကြောင်း သိရသည်။ ထို့အတွက် ထော်ပိုင်-ရွှေပြည်အေး တွဲဖက်ကျောင်းကော်မတီမှ ကလေးများ ပညာသင်ကြားရေး နောက်မကျစေရန် အဆီကြီးရွာ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းသို့ တွဲထားရန် လိုရမည်ရ စီစဉ်နေရကြောင်း သိရသည်။
အဆိုပါ ထော်ပိုင်-ရွှေပြည်အေးကျေးရွာ၌ မူလွန်ကျောင်းချပေးရန် ၀န်ကြီးချုပ်မှ ဒေသအာဏာပိုင်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ညွှန်ကြားခဲ့သော်လည်း ဇွန်လကျောင်းဖွင့်ချိန်အထိ အကောင်အထည်မပေါ်ခဲ့ဘဲ တွဲဖက် (ဒေသအခေါ်) သူခိုးကျောင်းအဖြစ်သာ ရှိနေခဲ့သည်။ တရားဝင် မူလွန်ကျောင်းဖြစ်ရေး ဘိုကလေး မြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းသော် ခရိုင်အဆင့်၊ တိုင်းအဆင့် ဆက်လက်တင်ပြ ရဦးမည် ဖြစ်သည့်အတွက် ကျေးရွာမှ ငွေ (၂) သိန်းခန့် ကုန်ကျသွားသည်ဟု သိရသည်။
ဤမျှ ပညာရးကို နုံ့နဲ့စွာယူသင်နေကြရသည့် ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ကာကွယ်ရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်၊ စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းတို့ မကြာခဏ ကွင်းဆင်းစစ်ဆေးနေသည့် နာဂစ်လေဘေးသင့်၊ စီမံကိန်း အဆင့်ဝင် ဘိုကလေးမြို့၊ စက်ဆန်း ဒိုင်နယ်နှင့် ကုန်းလမ်းခရီး (၇) မိုင်ခန့်သာ ဝေးကွာပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် ဒေသပထ၀ီအနေအထားအရ မဟာဗျူဟာမကျ၍ ထော်ပိုင်-ရွှေပြည်အေး ဒေသဖွံ့ဖြိုးမှုကို ချန်လှပ်ခဲ့သည်ဆိုလျှင်တော့ မပြောတတ်ပြီ။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၌ နာဂစ်လေဘေး အလူးအလဲခံရပြီး အသေအပျောက် အများဆုံးကျေးရွာ (၂) ရွာရှိသည်။ ကျွန်းသာယာ-ကြိမ်ချောင်းကြီးနှင့် ပျဉ်ဘိုးကြီးကျေးရွာတို့ဖြစ်သည်။ တရားဝင်စာရင်းဇယားများအရ ပျဉ်ဘိုးကြီး ဒိုင်နယ်တွင် (၇၇၂) ဦး သေဆုံးပြီး ပျဉ်ဘိုးကြီး ကျေးရွာတခုတည်း (၃၅၃) ဦး သေဆုံးသည်။
ပျဉ်ဘိုးကြီး ကျေးရွာအုပ်စုတွင် ပျဉ်ဘိုးကြီး၊ ပျဉ်ဘိုးလေး၊ ကပ်ဗလာချောင်း၊ ၀က်ခေါင်းကျ၊ ဓမ္မသုခကျေးရွာတို့ ပါဝင်သည်။ နာဂစ်ဒဏ်ကြောင့် ပျဉ်ဘိုးကြီးအုပ်စုတွင်း၌ မူလတန်းစာသင်ကျောင်း (၄) ကျောင်းစလုံး ပျက်စီး ခဲ့ရာ ကပ်ဗလာချောင်း မူလတန်းကျောင်းဆောင်သစ်တခုသာ ယခုနှစ် စာသင်ချိန်အမီ ပြန်လည်တည်ဆောက် ပြီးစီးခဲ့သည်။ ကျန် (၃) ကျောင်းမှာ သင့်သလို ယာယီတည်ဆောက်ထားရပြီး ကျောင်းသားတို့ စာသင်နေ ကြရသည်။ အဆိုပါ ယာယီကျောင်းဆောင်၌ မူလတန်း (၁၂၀) ဦးနှင့် မူလွန် (၃၅) ဦးရှိသည်။ မူလွန် ကျောင်းသားတို့အတွက် ကျောင်းကော်မတီမှ ကုန်းလမ်း (၁) မိုင်ခွဲခန့် ဝေးကွာ သော စက်ဆန်း အထကနှင့် သွားတွဲရာ ကျောင်းမှ လက်မခံဟု ယခုရက်ပိုင်းသတင်းရရှိသည်။ ထို့အတွက် ကျောင်းကော်မတီမှ မျက်နှာ ငယ်စွာနှင့် ဂရမ်း အလကကျောင်းနှင့် စာမေးပွဲမတိုင်မီ တွဲရန် စီစဉ်နေရသည်ဟု သိရသည်။
မြန်မာကရုဏာ ဖောင်ဒေးရှင်း၊ I Love Myanmar, UNDP, UNICEF, Diamond Mercury စသည့် ဒေသတွင်း လူမှုအဖွဲ့အစည်းတို့၏ ထိရောက်မှုမရှိသော ထောက်ပံ့ရေးနည်းလမ်းများ၊ နအဖ၏ မုန်တိုင်းသင့် ဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်တည်ဆောက်မှုနှင့် Cyclone Shelters များ၊ လမ်းတံတားများ တည်ဆောက် ပြီးစီးမှု စသည့် ၀ါဒဖြန့်ချိရေး စကားလုံးတို့သည် ဒေသခံပြည်သူတို့၏ လက်တွေ့ပကတိအခြေအနေနှင့် လွန်စွာ ကွာဟနေပေသည်။
အထက်အကြောင်းခြင်းရာတို့ကို ခြုံငုံသုံးသပ်ရသော် ကျေးလက်နေပြည်သူများထဲမှ လတ်တလော ဘ၀ အခြေအနေ၊ အခြေခံကောင်းသူတို့၏ အနာဂတ်ပညာရေးပန်းတိုင်သည် ရေရာသေချာမှုရှိပါရဲ့လား။ မူလတန်း အောင်ပြီး၍ မူလွန်တက်ရောက်ရန်အတွက် ရုပ်ဝတ္ထုအခြေခံကောင်းတွေ ပြည့်စုံပါပြီးလား။ တွဲဖက် (သူခိုး) ကျောင်းသားများအဖြစ် သိမ်ငယ်စွာ ရပ်တည်နေရသော ကျောင်းသားငယ်တို့၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ ဖေးမကူတွဲကြပါမည်နည်း။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ပင် ကျောင်းသားတိုင်းအား ရောင်းချမပေးနိုင်သည့် ယနေ့ခေတ်ပညာရေး၏ ဆုတ်ယုတ်မှု အခြေအနေအရပ်ရပ်အပေါ် အာဏာရှင်တို့အနေဖြင့် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။



.jpg)