ဂျူး
ကျမ ငယ်ငယ်တုန်းက ကျမနှင့်အစ်ကို့ ကို ဖေဖေက ကလေးစီးသောဗိုလ်အုန်းသီး ဂျစ်ကားလေးဝယ်ပေးခဲ့သည်။ ဂျစ်ကားက တကယ့် လူကြီးစီးဂျစ်ကားအတိုင်းပါပဲ။ အစိမ်းရောင်၊ ရှေ့လေကာမှန်နေရာမှာ မှန်မပါသော သံပြားဘောင် ခတ်ပြတင်းလေး။ လီဗာမပါ၊ ဘရိတ် မပါ၊ ခြေနင်းကွင်းနှစ်ခုသာ၊ ကွင်းတခုစီပေါ် ခြေတဖက်စီနင်းလျက် ရှေ့သို့ကားရွေ့အောင် မောင်းရသည်။ တယောက်တည်းစီးလျှင် ကိုယ့်ဟာကိုယ်နင်းရပြီး မောင်နှမနှစ်ယောက်စီးလျှင် အစ်ကိုကရှေ့ကထိုင် စတီရာရင်ကိုကိုင် ကားခြေနင်း ကိုနင်း၊ ကျမကနောက်ခန်း မှာထိုင်လိုက်သည်။
အိမ်ရှေ့လမ်းပေါ်မှာ စီးနင်းကစားရာကနေ တရက်တော့ ခြေရှည်ကာထိုကားလေးကို ရပ်ကွက်ကျော်ပြီး မောင်းကြသည်။ ကုန်းဆင်း တခုတွင် ကားလေးတိမ်းမှောက်သွားခဲ့ပြီး မောင်နှမနှစ်ယောက်လုံး လက်တွေခြေတွေ ပွန်းပဲ သွေးစို့သွားခဲ့သည်။ ကျမမှတ်မိ၏။ ကျမ ၏လက်ဖမိုးမှ လက်ဆစ်တွေသွေးစို့ပြီး ပွန်းပဲ့နေခဲ့သည်။ ရပ်ကွက်ကျော်ပြီး သွားရကောင်းလားဟု မေမေကဆူသေး၏။ ဖေဖေကတော့ ကားကဘရိတ်မပါသဖြင့် ကုန်းဆင်းတို့ဘာတို့တွင် တယောက်ကနောက် ကနေဆွဲပြီးထိန်းပေးရမည်ဟု မှာသည်။ လက်တွေနာကျဉ် သော်လည်း ကျမတို့မောင်နှမ စိတ်လှုပ်ရှားစွာရယ်မော နိုင်ခဲ့ကြသည်။ ကျမ ၏ ကလေးဘ၀သည် ဖေဖေနှင့် မေမေ၏ လွတ်လပ်ခွင့် ပေးမှုကြောင့် ရင်ခုန်စရာ စွန့်စားမှုအတိဖြင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။
သူငယ်တန်းအောင်တော့ ပြောင်းရွေ့သွားရသည့် ကုန်းစောင်းရောက်တော့လည်း အလယ်တန်းကျောင်းတွင် တော်တော်ကျယ်ပြန့် သော ရေကန်ဟောင်းကြီးတခုရှိသည်။ မိုးတွင်းဆိုလျှင်ရေအတော်အတန် ပြည့်လျှံပြီး ကြာပင်တွေဗေဒါပင်တွေ ပေါက်ရောက်သည်။ ဆောင်းတွင်းကာလနှင့် နွေဦးကာလတို့တွင် ရေစပ်စပ်ကျန်ရစ်ခဲ့သော ထိုကန်ကြီး ပတ်လည်တွင် ငှက်ပျောပင်များ၊ ပုန်းညက်ပင် များ၊ စိန်ပန်ပင်များဖြင့် ဝေဆာမြိုင်ဆိုင်နေသည်။ ထိုကန်ကြီးသည် ကျမတို့ကလေးတသိုက်အတွက် စွန့်စားခန်းပြဇတ်များ ကပြရာ နေရာ တခု ဖြစ်ပါသည်။
စစ်တိုက်တမ်းကစား ကြသည့်အခါ ကျမတို့အဖွဲ့နှစ်ဖွဲ့ ခွဲပြီးတိုက်ကြသည်။ ငှက်ပျောလက် ကျောရိုးများ၊ အုန်းလက်များ သစ်တို သစ်စ များကို သေနတ်လက်နက်အဖြစ် သုံးကြသည်။ မာလကာသီးစိမ်းသေးသေးများကို လက်ပစ်ဗုံးအဖြစ် သုံးကြသည်။ အများအားဖြင့် ကျမတို့ ကစားကြသော တိုက်ပွဲမှာ ဂျပန်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်သည်။ တပ်မတော်သား လုပ်ချင်သူတွေ ကများပြီး ဂျပန်လုပ်ချင်သူက နည်းသဖြင့် အမြဲတမ်းမဲနှိုက်ပြီး ခွဲရသည်။ ဂျပန်က ရှုံးသူဖြစ်သည့်အပြင် နာမည်ဆိုးသူမဟုတ်လား။ ကျမတို့က သူရဲကောင်းသာဖြစ်ချင်သူတွေကိုး။
ကျမတို့ကုန်းစောင်းတွင် ရုပ်ရှင်ရုံဟူ၍ တခုတည်းသာရှိပြီး ထိုရုံတွင်ကျမတို့ ကြည့်ရသမျှ ဇာတ်ကားတွေမှာ စွန့်စားခန်းတွေသာ ဖြစ်၏။ ဥပမာ ဇော်လွင်နှင့် တင်တင်လှ ပါဝင်သော ဥဒါန်းမကြေ ဟူသည့်ဇာတ်ကား။ ကျမတို့သည် အများအားဖြင့် နေ့လည်ပိုင်း ကစားချိန်မုန့် စားဆင်းချိန် တို့တွင် ယောက်ျားလေးတွေနှင့် တန်းတူသေနတ်ပစ်တမ်း၊ တိုက်ပွဲတိုက်တမ်း ကစားခဲ့ကြသည်။ ရန်သူ ဂျပန် တွေရော မြန်မာမျိုးချစ် ဘီအိုင်အေ စစ်သားတွေရော ရေကန်ကြီးကို ပတ်ပြီး ပြေးကြ လွှားကြ၊ ပုန်းကြရသည်မှာ ရင်ခုန်စရာကောင်းသည်။
ထိုအကြောင်းကို ကျမတို့သမိုင်းသင်ခန်းစာ ထဲမှာလည်း လေ့လာခဲ့ကြသည်။ တခါတုန်းက ကျမတို့ကျောင်းပတ်ဝန်းကျင်တွင် တကယ် ပဲ ဂျပန်စစ်သားတွေ စခန်းချခဲ့ကြသည်။ သည်နေရာမှာ မြန်မာမျိုးချစ်တပ်မတော်သားတွေက ဂျပန်တွေကို တိုက်ဖို့ စည်းရုံးခဲ့ကြ ဆွေး နွေးခဲ့ကြသည်။ ရေကန်ကြီးသာမက ကျောင်းဘေးက ရေနံရည်ဝနေသော ညိုမှောင်သည့် ခြေတံရှည်သစ်သား အိမ်ကြီးကလည်း တော်လှန်ရေး ရာဇ၀င်နှင့်ဆက်စပ်နေသည်။ အဲသည်မှာက ဂျပန်စစ်ဗိုလ်များ စတည်းချခဲ့ကြသည်ဟု ဆိုပါသည်။ ကုန်းစောင်းမြို့သည် ကျမကို ပင်လယ်နှင့်တူသော မိန်မများ ၀တ္ထုရေးဖြစ်ဖို့ အဓိကတွန်းအားပေးသော စွန့်စားသည့်မိန်မများ ရှင်သန်ကြီးပြင်းရာ ၀န်းကျင် ဖြစ်သည်။ ဗိုလ်တဲကြီးအနား ရေမြောင်းကြီး၏ဘေးမှာ တန်းစီနေသော လူတဖက်မက ပင်စည် ကြီးမားသည့် ကုက္ကိုလ်ပင်အိုကြီးများ၊ မန်ကျည်းပင်အိုကြီးများသည် ကျမတို့အား တကယ့်အဖြစ်ပုံပြင်များကို ပြောပြနေသည့် ကြွင်းကျန်ရစ်သော သမိုင်းဝင်အရာများဖြစ် သည်။
သို့သော် ကလေးဘ၀၏ အရိုင်းဆန်သောစွန့်စားမှုမှာ သဘာဝကပေးသည့် တောင်ကုန်းတွေ၊ သစ်တောတွေ ရေကန်တွေနှင့်သာ သက်ဆိုင်သည်ဟု မဆိုလိုပါ။ မြို့မှာလည်း စွန့်စားလိုသူ ကလေးငယ်များအတွက် ရှာတွေ့စရာနေရာတွေ အများကြီးရှိသည်။ ရေနံ ချောင်းမှာ ကလေးတွေကျောင်းတက်ကြသည့်အခါ ဘယ်မိဘကမှ ကျောင်းသွားကျောင်းပြန် လိုက်ပို့ပေးစရာမလို။ အဝေးပြေးကား တွေ မောင်းသောကားလမ်းမတလျှောက် လမ်းဘေးကပ်ပြီး ကလေးတွေကျောင်းသွားရတာဖြစ်ပေမဲ့ ဘာမှစိုးရိမ်တကြီး ပူပန်စရာ မလိုခဲ့။ မိုးသည်းထန်သည့် တနေ့ခင်းတုန်းကတော့ ကျောင်းအသွား ဖြတ်ရသည့်မြို့လယ်ချောင်းမှာ ရေတွေလျှံလို့ အနီးအနားက အိမ်တွေမျော၊ အိမ်တိုင်တွေကျွတ် ဖြစ်ကုန်လို့ ကလေးမိဘတွေ ကျောင်းသို့လိုက်ခေါ်ရသည်အထိ စိုးရိမ်စရာဖြစ်ခဲ့ဖူးသည်။ ထိုအ ဖြစ်မျိုးကတော် တော်ရှားပါသည်။ မိဘတို့သည် ကလေးတွေကို အတော်အတန်လွတ်လပ်စွာ သွားလာခွင့်၊ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ရှာဖွေစူးစမ်းခွင့် ပေးထားခဲ့သည်။
ထို့ကြောင့် ကျမတို့အိမ်နီးချင်းတွေကို ကျမတို့သိသည်။ အတန်းဖေါ်ကစားဖက် သူငယ်ချင်းမှာ မောင်နှမဘယ်နှယောက်ရှိမှန်း သိ သည်။ သူ့အမေက ဈေးထဲတွင် ငါးရောင်းသလား၊ စက်ချုပ်တာလား၊ နတ်ကတော်လုပ်တာလား၊ သူ့အဖေက ချမ်းသာသော ဆေး လိပ်ခုံပိုင်ရှင်လား အကုန်သိသည်။ ရေနံဆီမီးခွက်ထွန်းဖို့ ရေနံဆီသွားဝယ်တော့လည်း ညနေချမ်းမှောင်ရီပျိုးစအချိန်။ မြို့မတောင် ရပ်ကွက် စလင်းတန်းအထိ သွားဝယ်ဖို့ ကျမတယောက်တည်းကိုပဲ မေမေက ခိုင်းခဲ့တာပါပဲ။ ရေနံဆီရောင်းသော အိမ်ကနေ ပြန် လာရသည့်လမ်းသည် ကလေးတယောက်အတွက်တော့ လုံလောက်သည့်စွန့်စားမှု ဖြစ်သည်။ သည့်ထက်ပိုတာက စလင်းတန်းမှ ဈေး ဘက်သို့ပြန်အတက်မှာ ကြီးမားသောညောင်ပင်ကြီး၏ ပင်စည်တွင် ထိုးစိုက်ထားသော ထီးဖြူ ထီးနီလေးတွေ၊ တွဲလွဲချိတ် ထားသော မြင်းရုပ် ဆင်ရုပ် နတ်ရုပ်တွေ၊ ခေါစာပစ်သော ကြိမ်ခြင်း ၀ါးခြင်းအခွံတွေက နတ်ကိုးကွယ်ခြင်းနှင့် နတ်ကိုင်ခြင်း၊ ဖျားနာခြင်းဆိုသော ကြားဖူးနားဝဇာတ်လမ်းတွေကို လက်တွေ့ပြနေသလိုရှိသည်။ တခါမှ မမြင်ဖူးသော နတ်စိမ်းဆိုတာနှင့် ဆက်စပ် နေသော ထိုအရာများ သည် ကလေးတယောက် အတွက်ကြောက်စရာလည်း ကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းသည်။
ကျမတို့၏ ကလေးဘ၀သည် တနည်းအားဖြင့် စိတ်လှုပ်ရှားစရာတွေနှင့် ကြွယ်ဝပြည်စုံခဲ့သည်။ ရေနံချောင်းမြို့၏ ရေနံငွေ့လွှမ်း နေသော ခြောက်သွေ့သည့် တောင်ကုန်းလမ်တွေမှာရေနံမြေသပိတ်၏ အငွေ့အသက်များကိုမြင်တွေ့ရှူရှိုက်ရသည်။ စတုတ္ထတန်းမှာ ရေနံမြေသပိတ်သမိုင်းကို ကျက်မှတ်စဉ်က သိခဲ့သည့်သခင် ဖိုးလှကြီးဆိုတာသည် တက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ ၀ယ်ဝတ္ထုကို ဖတ်ပြီးတော့တော်တော် ရုပ်လုံးကြွလာ၏။ ရေနံချောင်းမြို့မှာရှိသည့် သခင်ဖိုးလှကြီးလမ်းသည် ကျမတို့အိမ်နှင့် တော် တော်ဝေးသော် လည်းထိုလမ်းကို ကျမတို့ညီအမ စူးစမ်းရှာဖွေ လျှောက်လှမ်းကြသည်။ ဟောဒီလမ်းဟာ ရေနံမြေ သပိတ်တပ်သား တွေ လျှောက်လှမ်းခဲ့ တဲ့လမ်းပေါ့။ ကျမတို့ခြေဖ၀ါးအောက်က ကျောက်စရစ်လွှမ်းသော ကတ္တရာလမ်းဟောင်းသည် သမိုင်း ဖြစ်ရပ်မှန်တွေကို ကျမတို့အား ပုံပြင်အဖြစ် ပြောပြနေခဲ့သည်။
စွန့်စားခန်းပုံပြင် ၀တ္ထုတွေကို ကလေးတွေနှစ်သက်သည်။ ပတ်ဝန်ကျင်မှာ လူကြီးထိန်ကွပ်မှု စောင့်ကြည့်မှုမပါဘဲ ကိုယ်ချည်းပဲ လှုပ် ရှား ဆောင်ရွက်ရသည်ကို ကလေးတွေရင်ခုန်မက်မော၏။ နယ်က ကလေးတွေ၊ သဘာဝနှင့်ထိစပ်သော ကလေးတွေက သဘာ ၀တောအုပ်တွေဆီ မြစ်ကူးချောင်းခြား ကျွန်းတွေဆီ သွားချင်သည်။ လိပ်ပြာလေးတွေ ခူကောင်လေးတွေကို မြင်ချင်သည်။ ပုဇင်းတွေ ကို ဖမ်းချင်သည်။ ကျမ၏တူလေး တူမလေးတွေသည် မြို့ပြမှာနေတာမို့ သဘာဝတောအုပ်နှင့် ဝေးသည့်အခါ သူတို့ အတွက် စွန့် စားခန်းက တမျိုးတဖုံရှိ၏။ သူတို့ကို မိဘက၀ယ်ပေးသည့် စက်ဘီးနှစ်မျိုးရှိသည်။ တခုကဖိုက်ဘာခုံတွေနှင့် သုံးဘီး စက်ဘီး လှလှ လေး။ နောက်တ ခုက ခပ်မြင့်မြင့် နှစ်ဘီး စက်ဘီးလေး။ အစ်မက ထိုနှစ်ဘီးလေးဖြင့် ရပ်ကွက်ထဲမှာ လျှောက်နင်းရတာပျော်ရွှင်သည်။ မောင်လေးက သုံးဘီးစက်ဘီးလေးဖြင့် အိမ်ရှေ့လမ်းတလျှာက် ခေါက်တုန့်ခေါက်ပြန်နင်းရသည်ကို ပျော်ရွင်သည်။ ရာသီဥတုသာယာ သည့် ညနေ တိုင်းသူတို့စက်ဘီးလေး တွေဖြင့် ရက်ကွက်ကို ပတ်ကြသည်။ ပြန်လာသည့်အခါ သူတို့လမ်းမှာကြုံတွေ့ခဲ့ရသည့် ခွေးတွေ၊ ဘဲငန်းတွေ၊ အခြားလူတွေ အကြောင်း ပြောပြကြသည်။
"သားသားရှေ့မှာ ခွေးအကြီးကြီးက သားသားကိုစိုက်ကြည့်နေတာ၊ သားသားစက်ဘီးကို မရပ်ဘဲတအားနင်းပြီး သူ့ရှေ့ကနေ ပြေးလာ ခဲ့ရတာပေါ့ မောလိုက်တာ" ရင်တဆတ်ဆတ်ခုန်နေဆဲ မျက်နှာထားနှင့် ရေအိုးမှရေကို အမောတကော သောက်နေသည့် ကလေးငယ် သည် တက်ကြွရွှင်လန်းမှုအပြည့်။ နောက်တနေ့တွင် ထိုလမ်းသို့ ထပ်သွားရန်အဆင်သင့်။
သူတို့ကို စွန့်စားမှုအတွက်လွတ်လပ်ခွင့် ပေးသည့်အခါ ကလေးတွေ၏ အသက်အန္တရယ်ကို ကျမတို့ထည့်မစဉ်းစားသင့်ဘူးလား။ စဉ်းစားပေးသင့်တာပေါ့။ ကျမတို့ ခဏခဏကြံဖူးနေသည့် ကြေကွဲစရာ၊ ထိန့်လန့်စရာ ဇာတ်လမ်းမှန်တွေရှိသည်။ ကလေးတွေကို ဖမ်းဆီးခေါ်သွားပြီး လျှာကိုဖြတ်ပစ်တာတို့ သူတောင်းစားလုပ်ခိုင်းတာတို့က ဆိုတုန်းကတည်းက ဖြစ်ရပ်တွေ။ ယခုအခါ ကလေးငယ်တွေသည် အမျိုးမျိုးအမြတ်ထုတ်ခံနေရသည်။ သူတို့၏ လုပ်အားသာမက လိင်ဆက်ဆံခြင်းဖြင့်ပါ အမြတ်ထုတ်ခံရသည်။ ကံဆိုးမိုး မှောင်ကျပြီး အသတ်ခံရသည့် ကလေးတွေလည်းရှိခဲ့ကြ၏။
ထိုအထိတ်တလန့် ကြေကွဲစရာ ဇာတ်လမ်းမှန်တို့သည် ဟိုတုန်းကထက် ယခုခေတ်မှာအရေအတွက် ပိုလာသလား။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၉ ခုနှစ်တုန်းက ကလေးတွေကို ဖမ်းဆီးသွားသည့်အမှုပေါင်း ၁၁၅ ခုရှိခဲ့သည်၊ နောက်နှစ်တွေမှာလည်း ထိုအရေအ တွက်သည် သိသိသာသာတိုးလာသည်ဟု မဟုတ်ဘဲ ထိုအရေအတွက် ပတ်ဝန်ကျင်မှာတော့ ရှိနေတာပဲတဲ့။ ဆိုလိုတာက ကလေးတ ယောက်အတွက် ဖြစ်နိုင်ချေအန္တရာယ်သည် ပိုလာခြင်းလျော့လာခြင်းမရှိ။ လိုအပ်သည်ထက်ပိုပြီး ကာကွယ်ပေးထားသည့်တိုင်အောင် ကလေးတို့၏ အန္တရာယ်ဖြစ်နိုင်ချေက လျော့နည်းမသွားခဲ့။ ကလေးတို့မှာသာ ပိုပိုသာသာ တင်းကျပ် ကာကွယ်ထားခံရသည့် အတွက် ကလေးဘ၀ စွန့်စားမှုတွေ ရင်ခုန်မှုတွေနှင့်ဝေးရသည်။
ယခုခေတ်မှ ကလေးတွေကိုအိမ်မှ ကျောင်းအထိလူကြီးက လိုက်ပို့ပေး၊ ထမင်းကို ကျောင်းအထိလိုက်ပြီးကျွေး၊ အပြန်တွင် လူကြီးက ကျောင်းအပြင်ကနေ စောင့်ကြို၊ အိမ်ပြန်။ ဒါက ကလေးကိုအန္တရာယ် အပေါင်းမှကြိုတင်ကာကွယ်ပေးခြင်းဖြစ်သည်။ ကလေးကို ရွှေ ပေး မဆင်ရဟူသော ကာကွယ်တားမြစ်မှုသည် ထိုကြေကွဲစရာဇာတ်လမ်းတွေမှ ကာကွယ်ဖို့ဖြစ်သည်။ ရွှေသည် လူတို့အတွက် မက် မောစ ရာမို့ ရွှေကိုလိုချင်ပြီး ကလေးကို တခုခုအန္တရာယ်ပြုမှာ စိုးရိမ်လို့ဖြစ်သည်။ သို့သော်ရွှေမပါဘဲလည်း ကလေးတို့သည် အန္တ ရာယ်တော့ရှိ နေတာတော့အမှန်ပါ။ အန္တရာယ်ရှိလို့ထိန်ချုပ် ကာကွယ်ပေးတာက လမ်းမှန်းပါတယ်။ သို့သော် တဖက်မှာက ကလေး တို့အတွက်ကိုယ်တိုင် စူးစမ်းရှာဖွေထုတ်ဖော်မည့် မြေပုံတွေ၊ ရတနာသိုက်တွေ၊ ခရီးစဉ်သေးသေးလေးတွေ၊ လမ်းခရီးမှာတွေ့ရမည့် သူငယ်ချင်းသစ်တွေ ပျောက်ကွယ်ကုန်ရသည်။
ကလေးတို့သည် ပထ၀ီကို စိတ်ဝင်စားဖို့လိုအပ်၏။ ကိုယ့်ဒေသပတ်ဝန်ကျင်ကို ပြောပြသော ဒေသန္တရ ပထ၀ီထိုမှစပြီး ပထ၀ီကို စိတ်ပါ ၀င်စားကြသည်။ ကိုယ့်ဘေးမှာ တောင်ကုန်းရှိသလား၊ ကိုယ့်ဘေးမှာမြစ်ကြီးတစင်းရှိသလား၊ သဲသောင်တွေရှိသလား၊ မြစ်ထဲမှာ ငါးတွေ ရှိသလား၊ တံငါသည်တွေ ငါးဖမ်းကြသလား၊ ထိုမြစ်က ဘယ်မြို့ကနေလာပြီး ဘယ်မြို့ဆီသို့ ဆက်သွားသလဲ။ ကလေးတွေ သည်တိရစ္ဆာန်လေး တွေကိုစိတ်ဝင်စား၏။ ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းအလုံပိတ်၊ ခြံတံတိုင်းအလုံပိတ်ထဲတွင် နေထိုင်ကြရသော ကလေးတို့သည် တိရစ္ဆာန်ဥယျာဉ်သို့ သွားလျင် ပျော်ရွှင်ကြသည်။ အသေးဆုံးပူးလေးတွေ၊ ကြက်တူရွေးလေး တွေ၊ ယုန်လေးတွေကအ စ ဆင်ကြီးတွေအထိ သူတို့ရင်ခုန်လို့မပြီးတော့ပေ။ တနေ့တနေ့ ကျောင်းသွားကျောင်းပြန် ကားပေါ်က မဆင်းရသော သူတို့လေးတွေ သည် တိရစ္ဆာန်ဥယျာဉ်ထဲတွင် တောင်ကုန်းတွေလည်း တက်ကြွစွာ ပြေးတက်ပြေးဆင်း၏။ သူတို့အတွက်စွန့်စားခန်းသည် လူကြီးတွေ တော့ပါနေသေးတာမို့ ပုံပြင်တွေထဲကလို အပြည့်အ၀တော့မဟုတ်။ သို့သော် ကလေး တွေချည်း အုပ်စုဖွဲ့ကစားရ၊ စွန့်စားရသည့် အရသာကို မသိနိုင်သည့် ကလေးများအတွက် အဲသည်လောက်ကကိုပဲ တော်တော် ဟုတ်နေပါသည်။
စာဖတ်တတ်သည့် အရွယ်ရောက်လာတော့စာထဲကနေ စူးစမ်းရှာဖွေမှုနှင့် စွန့်စားမှုကိုဖတ်ပြီး နှစ်သိမ့်ကြရသည်။ ကဗျာတွေ ပုံပြင်တွေ မင်းသုဝဏ်၏ ကဗျာတွေက အသံလည်းချိုပြီး သဘာဝ ၀န်းကျင်ကိုလည်း ကလေးတို့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက် ပေးသည်။ တခါ တုန်က ပြင်သစ်ယဉ်ကျေးမှုဌာန အကြီးအကဲအရာရှိတယောက်၏ ညစာစားပွဲတွင် မိမိအတွက် ပထမဆုံး စွဲမက်ရသည့် ကလေးဘ၀ ကဗျာတွေအကြောင်း နိုင်ငံစုံ ပြောဖြစ်ကြသည့် အခါကျမရွတ်ပြခဲ့သည့် ကဗျာကလယ်စောင့်တဲ ကဗျာဖြစ်သည်။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။
မိုးထဲလေတဲတွင် ရေလွှမ်းနေသည့် ခြေတံရှည်ရှည် ချစ်စရာလယ်စောင့်တဲ လေးတခု၊ သူ့ဘေးက ရေထဲမှာကြာပွင့်တွေက အနီနှင့် အဖြူ။
ကလေးတယောက်ကို သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးလိုက်သည့်ကဗျာ။ ထိုကဗျာကိုဖတ်ပြီး ကလေး၏အတွေးထဲတွင် ပုံဖော် ကြည့်လိမ့်မည်။ ဘာများကွာခြားမလဲ။ ကျမတို့ငပုတော မြို့နယ်ကြာကွင်းကျေးရွာရှိ ကန်သုံးဆယ် ကြာကွင်း မူလတန်း ကျောင်းတွင် ကလေးများအတွက် ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ပွဲများလုပ်ပေးစဉ်က မင်းသုဝဏ်၏ကဗျာနှစ်ပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲသည့်ပြိုင်ပွဲ ထည့် သွင်းခဲ့သည်။ ပထမရက်မှာ လယ်စောင့်တဲ၊ နောက်တရက်မှာ ၀င်္ကပါဖြစ်သည်။ အံ့သြစရာပင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတို့သည် ထိုကဗျာနှစ်ပုဒ်ကို တထိုင်တည်းနှင့်ပန်းချီရေးဆွဲ သရုပ်ဖော်ကြသည်။ ဒုတိယတပုဒ်က ပိုခက်သည်။
အေးရပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုံစီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။
သူတို့ကို ရှင်းပြပေးရတာက ဒိုးယိုစီးတဲ့ ဆိုသည့်စကားပဲ ဖြစ်သည်။ နဒီဆိုတာမြစ်ဟု တော်တော်များများသိနေခဲ့ကြသည်။ ကံကော်ပင် ကိုမမြင်ဖူးဘူးဆိုသည့် ထိုမြစ်ဝကျွန်းပေါ်ကလေးတချို့အတွက် ကံကောင်းတာက သူတို့ကျောင်းမှာ သူတို့ပန်းချီရေးဆွဲ ဖို့ချထားသည့် ထိုင်ခုံတွေကို အရိပ်ပေးနေသည့် အပင်ကြီးသည် ကံကော်ပင်ဖြစ်နေခဲ့သည်။ ဟောဒါ ကံကော်ပင်ပေါ့ဟု သူတို့ ဆရာမက ပြောပြလို့ သူတို့သိရတော့ ရယ်မောကြပါသည်။ ကံကော်ပွင့်တွေကိုတော့ အ၀ါရောင်ဝတ်မှုံလေးတွေနှင့် ရေးဆွဲတတ် ကြ၏။ သူတို့ကို ပန်းချီဆု ပေးဖို့ ကျမတို့အုပ်စုတွင် ပန်ချီဆရာတယေက်မှ မပါ။ ဆုရွေးချယ်ဖို့ အတွက် အခွင့်မရှိ။ အတန်းလိုက် သူတို့ယှဉ်ပြိုင် စဉ်က ဆုရွေးချယ် ပေးခဲ့သည့် ပန်းချီဆရာ ကာတွန်းဆရာ ကိုဇော်မောင်၏ ဆုရွေးချယ်ခြင်းဆိုင်ရာ လမ်းညွှန်မှုကို လိုက်နာပြီး ဆုပေးခဲ့ရပါသည်။
အဲလစ်စ်နှင့် အံဖွယ်ကမ္ဘာ စသည့်နိုင်ငံခြားမူရင်း စာအုပ်တွေကို လက်လှမ်းမမီနိုင်သေးသည့် ကလေးတို့အတွက် ကာတွန်း အောင်ရှိန်၏ ကလေးဇာတ်လိုက်တွေပါဝင်သည့် ကာတွန့်တွေရှိသည်။ အဲသည်မှာ တဆင့်တက်တော့ ဂရင်းညီနောင်၏ ပုံပြင်တွေ ရှိသည်။ ၀တ္ထုဖတ် နိုင်သည့်အရွယ်ရောက်တော့ ရွှေဥဒေါင်း၏ ၀တ္ထုတွေရှိသည်။ ဆယ်ကျော်သက်သို့ပြောင်းကာစ ကလေးတို့ မိန်းခလေးရော၊ ယောက်ျား လေးပါအလွန်နှစ်သက်သည်။ ယောက်ျားလေးတွေအဖို့တော့ အတိုင်းထက်အလွန်ပေါ့။ ဒဂုန်ရွှေမျှား၏ ဘာသာပြန်စွန့်စားခန်းဝတ္ထု တွေကိုလည်း ကလေးတွေနှစ်သက်ကြ၏။ ကျမဆယ်ကျော်သက် ကလေးတွေကိုတွေ့သည့်အခါ ဘာ စာအုပ်တွေကြိုက်လဲဟု မေးတိုင်း ရွှေဥဒေါင်းနှင့် ဒဂုန်ရွှေမျှား ပါဝင်တတ်သည်ကို သတိထားမိသည်။ ကျမကိုယ်တိုင် ရွှေဥဒေါင်း၏ ရှုပနန္ဒီ ကိုစွဲစွဲမက်မက် ဖတ်ခဲ့ရ သည်ကို သတိရမိပါသည်။ ကလေးတို့၏ စူးစမ်းရှာဖွေစွန့်စားချင်သည့် သဘာဝစိတ်ဆန္ဒကို ထို စာအုပ်များ၏ ရသက ဖြည့်စွမ်းပေး သည်။ စာအုပ်တို့သည် သူတို့အတွက်စိတ်ဖြင့် ခရီးနှင်စရာယာဉ်တွေဖြစ်သည်။
ကျမဘ၀တွင် ပထမဆုံးဖတ်ခဲ့ရသည့် ဓူဝံ၏မာလာဝတ္ထုတိုကို ကျမအခုချိန်အထိ မမေ့တော့ပါ။ အဲသည်အထဲကဖိုခနောက်ဆိုင် တိုင်း ပြည်သုံးခု ကြားကတောအုပ်ကြီးသည် တော်လှန်ရေးသမား သူရဲကောင်း ဗိုလ်နန္ဒ အခြေစိုက်ရာနယ်မြေဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ အသက်နှင့်ရင်းပြီး ကူညီဖြေရှင်းပေးသော သူရဲကောင်းသည် ကျမအတွက် လေးစား အထင်ကြီးစရာပေါ့။ ည သန်းခေါင်တွင် ဘီလူးစားခံရတတ်လို့ မသွားရဲကြသည့် တောင်ခြေတခုဆီက လျှို့ဝှက်ချက်ကို ထုတ်ဖော် သည့် ထိုသူရဲကောင်း၏ ဆောင်ရွက်ချက်များ၊ သူဖမ်းဆီးရမည့် ဘုရင်မကို မဖမ်းဆီးရုံတွင်မကနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စစ်အင်အားကြီးမားအောင်ပင် သူက ကူညီလိုက်သေးသည်။ ထိုဘုရင်မနှင့် သူရဲကောင်းကြားက ဖွင့်မပြောလဲ သိနေသည့် ချစ်ခြင်းမေတ္တာ၊ နောက်ဆုံးသူ့ကတိကို ထိန်းချုပ် ပြီး သူ့အသက်ကို ဓားစာခံသူ့တပည့် နောက်လိုက် လူကိုးယောက်အသက်နှင့် လဲယူဖို့သာယာရွှေပြည် ဘုရင်ကြီးဆီသို့ တဦးတည်း တိတ်တဆိတ်ပြန်အသွား၊ ဘုရင်မကလဲ သူရဲကောင်းမရှိသည်ကို သိသည့်အခါ ထိုနိုင်ငံသို့ လိုက်သွားပြီး၊ သူ့ကိုယ်သူအပ်နှင်းလျက် ဗိုလ်နန္ဒအတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသည့်အချိန်၊ ထိုဇာတ်သိမ်းခန်း သည် ဇာတ်၏အထွဋ်အထိပ် ဖြစ်သည်။
သူတို့ဆီက ဟယ်ရီပေါ်တာ ၀တ္ထုတွေအရှိန်အဟုန်ဖြင့် လူကြိုက်များသည်မှာ ကလေးတို့ကိုယ်တိုင်ပါဝင် လှုပ်ရှားသည့် လျှို့ဝှက် ဆန်းကြယ်စွန့်စားမှု အခြေခံ ဇာတ်လမ်းများဖြစ်လို့ နေမှာပါ။ ကလေးတွေချည်းလူကြီး အကူအညီသိပ်မပါဘဲ အန္တရာယ်ဆိုး တွေနှင့်ကြုံ၊ ကလေးတို့၏ ကြံရည်ဖန်ရည် စွမ်းရည်တွေနှင့်ပဲ အဲသည်ကနေလွတ်မြောက်၊ ဘယ်လောက်ကျေနပ်အားရစရာ ကောင်းလိုက်ပါသလဲ။
အခုခေတ်မှာ အများအားဖြင့်တွေ့ရသည့် ကလေးတို့၏စွန့်စားမှုက ဂိမ်းတွေပဲ ဖြစ်သည်။ ဂိမ်းထဲမှာ သေနတ်ပစ်သည်။ ဂိမ်းထဲမှာဗုံး ဖောက်ခွဲသည်။ ဂိမ်းထဲမှာမြေလျှိုးမိုးပျံသည်။ ကျမတူအငယ်လေးတယောက် ဆော့သည့် ဂိမ်းမှာတော့ ဇာတ်လိုက်က သူ့လိုအရွယ် ကောင်လေး။ နွားခြံထဲမှာ နွားနို့ညှစ်တာလည်းပါ၏။ ကျမသဘောကျစွာ ပြုံးရယ်မိသည်။ သူ့ဘ၀မှာနွားကို သေသေချာချာကိုင်မ ကြည့်ဖူးတာကျမသိသည်။ နွားနို့ညှစ်ဖို့တော့ ဝေးလေစွ။ ဒါပေမယ့် ဂိမ်းထဲမှာနွားနို့ညှစ်သည်ဆိုတော့ ဒါလည်းတမျိုးတော့ စိတ်ဖြေရာ ရတာပေါ့လေ။ သို့သော် သူတို့တကယ်ကြုံတွေ့ရသည်က အလင်းရောင်တွေ ပုံရိပ်တွေပါ။ ဘယ်မှာလဲ နွား၊ ဘယ်မှာလဲ နွား၏ အမွှေးနု နုလေးတွေ၊ ဘယ်မှာလဲ နွားစာခွက်၏ ကောက်ရိုးရနံ၊ ဘယ်မှာလဲ နွားချေးနံ။
ကလေးတွေ သွားရင်းလာရင်း သစ်ပင်တွေကိုကြည့်ရမြင်ရသည် ဆိုလျှင်လည်းဒါက ကားမှန်ပြတင်းမှ တဆင့်မြင်ရသည့် မြင်ကွင်း တွေ၊ သစ်ရွက်စိမ်းစိမ်း ပန်းမွှေးမွှေးကို လက်ဖြင့်ထိတို့ကြည့်ရတာမဟုတ်။ လိပ်ပြာလေးတွေ ပုဇဉ်းလေးတွေ တီကောင်တွေကို လက် ဖြင့်ထိ ကိုင်ကြည့်ရတာမဟုတ်။ သူတို့လမ်းလျှောက်ရသည့် မြေက သူတို့အိမ်ရှေ့တိုက်ခန်းရှေ့က မြေသာလျှင်ဖြစ်သည်။ စက်ဘီးလေး သော်မှ စီးခွင့်မရှိ။ ကံကောင်းလို့ ခြံဝင်းကျယ်ကျယ် ရှိသူကတော့ စက်ဘီးစီးခွင့် ရှိတာပေါ့။ သာမန်ကျမတို့လို ကန်ထရိုက်တိုက်တွေမှာ နေရသည့်ကလေးတွေ ဘယ်နေရာသွားပြီး စက်ဘီးစီးမလဲ။ ဘောလုံးကန်သည့် ကွင်းမရှိ၊ ကြက်တောင် ရိုက်သည့် ကွင်းမရှိ၊ ပန်းခြံ တောင် ကျမတို့နားမှာမရှိတော့ပါဘူး။ စိမ်းလန်းသည့်နေရာ လိုအပ်သည်။ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်မှု လိုအပ်သည်။ စွန့်စားရင် ခုန်မှုကို ကလေးတွေသိဖိုလိုသည်။ ပျော်ရွှင်မှုသာမက နာကျင်မှုကိုလည်း ကလေးတွေ သိသင့်သည်ဟုဆိုလျှင် လက်ခံနိုင်ကြပါ့မလား။
လိုအပ်သည်ထက်ပိုပြီး အတင်းကာရောအကာအကွယ်တွေ ပေးခံနေရသည့် ကလေးတို့သည် ဘ၀အတွက် လိုအပ်သည့်သတ္တိတွေ ဘယ်ကရမလဲ၊ ဖြောင့်မှန်ပြီး အားနည်းသူကို ဖိနှိပ်ခံလူကို ကူညီကယ်တင်ပေးဖို့ အမှန်တရားအတွက် စွန့်စားလိုစိတ်တွေ၊ တွန်းအား တွေကိုဘယ်က ရနိုင်ပါ့မလဲ။ အနည်းဆုံးသူတို့၏ မျိုးဆက်အနာဂတ်ကလေးတွေ စွန့်စားမှု၏ အရသာကိုသိအောင် ပြောပြဖို့ ပုံပြင်တွေ ဖန်တီးပေးဖို့ အနုပညာကိုရော သူတို့ဘယ်က ရနိုင်လေမလဲ။
ဂျူး
ကလျာ မဂ္ဂဇင်း အောင်တိုဘာ ၂၀၀၉
Friday, October 30, 2009
| [+/-] |
ကလေးနှင့် စွန့်စားချင်စိတ် |
Sunday, September 20, 2009
| [+/-] |
ဆရာမများ၏ ဘက်လိုက်သင်ကြားမှုများကြောင့် ကျောင်းသားမိဘများ သားသမီးပညာရေးကို စိုးရိမ်နေ |
Friday, 18 September 2009 18:52 ဖြိုးကြီး
http://www.yoma3.org/
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ကျောင်းဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအပေါ် ဘက်လိုက်သင်ကြားမှုများ ပြုလုပ်နေခြင်းကြောင့် ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရကြောင်း ကျောင်းသား၏မိဘတဦးက ပြောသည်။
ထက်မြက်ထူးချွန်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာမများက ၎င်းတို့ထံ ကျူရှင်တက်မှ ဂရုတစိုက် သင်ကြားပေးခြင်းများပြုလုပ်ပြီး အခြားကလေးငယ်များကို သင်ကြားပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေလျှက်ရှိသည်။
“အခုထက်မြက်ထူးချွန်ဖြေမဲ့ ကလေးတွေတချို့က အတန်းပိုင်တွေဆီမှာ ကျူရှင်တက်ကြတယ်လေ၊ တကယ်ဆို အဲလိုဖြေဖို့ ဆရာမတွေက အားလုံးကို ဂရုတစိုက်သင်ပေးရမှာ၊ ကျူရှင်မတက်တဲ့ ကလေးတွေကြတော့ မသင်ပေးဘူးဖြစ်နေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
အတန်းပိုင်များထံ ကျူရှင်တက်သည့် ကျောင်းသားများကို လေ့လာနိုင်ရန် News light 0f Myanmar အမည်ရှိ study guard သတင်းစာများကို ပေးလေ့လာစေပြီး အခြားကျောင်းသားများကို လေ့လာခိုင်းခြင်းမရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။
“သူတို့ပေးတဲ့ သတင်းစာကို ကျူရှင်မတက်တဲ့ ကလေးဆိုရင် ပေးမပြဖို့ ဆရာမတွေက မှာထားတာ၊ ဒါပေမဲ့ ကလေးအချင်းချင်းကတော့ ဆရာမ မသိအောင် ခိုးပေးနေရတာပေါ့” ဟု ပြောသည်။
ဆရာမများအနေဖြင့် ယခုကဲ့သို့ ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မှုများစွာ ဖြစ်ပေါ်ပြီး မြန်မာ့ပညာရေးစနစ်မှာ စိုးရိမ်စရာများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
Friday, August 28, 2009
| [+/-] |
မြို့ပြင် တက္ကသိုလ်ပညာရေးကြောင့် ကျောင်းသားများ အခက်တွေ့ |
မြို့ပြင်တက္ကသိုလ်ပညာရေးကြောင့် ကျောင်းသားများ အခက်တွေ့
ဝီရ / ၂၈ သြဂုတ် ၂၀၀၉
http://www.khitpyaing.org/news/Aug09/280809b.php
ရန်ကုန်မြို့ပြင် တက္ကသိုလ်များတွင် တက်ရောက်ကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် ပညာ သင်ကြား နိုင်ရေး အခက်ကြုံနေကြသည်သာမက အဆင့်အတန်းမမီသည့် ကျောင်းဆောက်လုပ်ရေး ယိုယွင်း ပျက်စီးမှု ကြောင့်ပါ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။
ရွာသာကြီး စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးက “ကျနော်တို့ကျောင်းက အိမ်သာ (သန့်စင်ခန်း) တွေက ရေအမြဲပြတ်နေတော့ ဘယ်သူမှ မသုံးချင်ကြဘူး။ အများစုက သုံးလို့ကို မရတော့တာ။ ကျောင်းရှေ့က စားသောက်ဆိုင်တွေကိုပဲ ကျောင်းသားတွေ အားကိုးနေရတယ်။ သန့်ရှင်းရေးလုပ်တာလည်း မရှိတော့ ကျန်းမာရေး ထိခိုက်တာပေါ့။ တချို့ဆရာမတွေဆို ကျောင်းသူတွေကို သနားလို့ သူတို့အိမ်သာက သော့ကို တောင်းရင် ပေးတယ်” ဟု ပြောကြားသည်။
နအဖစစ်အစိုးရက ၂၀၀၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့အပြင် (၁၂) မိုင်အကွာ အရပ်လေးမျက်နှာသို့ တက္ကသိုလ် များကို ပြောင်းရွှေ့ဆောက်လုပ်ခဲ့ပြီး သန်လျင်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရွာသာကြီးတွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ဒဂုံမြောက်တွင် ဒဂုံတက္ကသိုလ်နှင့် လှည်းကူးတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဟူ၍ အမည်ပေးခဲ့သည်။
(၆) လအတွင်း အပြီးသတ်တည်ဆောက်ထားခဲ့သည့် စီးပွားရေးတက္ကသိုလ် လေးထပ်ဆောင် (၂) ဆောင် အနက် အနောက်ဘက်အဆောင်သည် ယခုအခါ (၃) ထပ်နှင့် (၄) ထပ်မြောက်တွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်နေ၍ ပြိုကျမည်စိုးသဖြင့် ထိုအဆောင်တွင် မည်သူမှ အတန်းမတက်လိုကြကြောင်းလည်း အထက်ပါ စီးပွားရေးတက္ကသိုလ် ကျောင်းသားဖြစ်သူက ပြောသည်။
၎င်းက “အဲဒီအနောက်ဘက်တိုက်ကို အဲဗားဂရင်းန် (Ever Green) ဆောက်လုပ်ရေးက ၂၀၀၁ ခုနှစ်က ဆောက်ထားတာ။ အပေါ်ဆုံးထပ်က အပြင်ဘက်လူသွားလမ်းမှာတောင် အက်ကွဲနေတာ မကဘူး။ အက်ကွဲ ကြောင်းကြီးက အခန်းထဲအထိ တောက်လျှောက်ပဲ။ ဒါကြောင့် အဲဒီအဆောင်မှာ ဘယ်သူမှ စာမသင်ချင်ကြဘူး” ဟု ပြောသည်။
မြို့ပြင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများသည် Roll Call ခေါ် အတန်းတက်မှတ်တမ်း ရရှိရန် အတွက်သာ အပင်ပန်းခံ၍ သွားရောက်နေကြခြင်းဖြစ်သည်ဟု တက္ကသိုလ်ကျောင်းသူတဦး၏ မိခင်ဖြစ်သူ ပညာရေးဝန်ထမ်းတဦးက ပြောသည်။
၎င်းက “Roll Call မပြည့်ရင် စာမေးပွဲ ဖြေခွင့်မရှိဘူးဆိုတော့ Roll Call သွားယူပြီးရင် ပြန်လာကြတာပဲ။ စာသင်ခန်းမှာ သူတို့အတွက် မည်မည်ရရ လေ့လာစရာတွေလည်း ရှိမှမရှိဘဲကိုး။ သမီးပြောပြတာက လေးနာရီ ကျောင်းလွှတ်ရင် ဖယ်ရီ (အကြိုပို့) ကားတွေကလည်း အလုံအလောက် စီစဉ်ပေးထားတာ မဟုတ်ဘူး။ ကားပေါ် မှာလည်း နေရာယူထားရသေးတယ်။ ခရီးက ဝေးတာကိုး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယနေ့အချိန်တွင် တက္ကသိုလ်ဘွဲ့တခုတည်းဖြင့် အလုပ်အကိုင်ရရှိရန် အလွန်ခဲယဉ်းနေသဖြင့် ပြင်ပ သင်တန်း ကျောင်းများကို ကျောင်းသူ၊ ကျောင်းသားအများစုက တချိန်တည်းတွင် တက်ရောက်နေကြရသည်ဟုလည်း အဆိုပါပညာရေးဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန်မြို့ပြင် တက္ကသိုလ်များမှ မြို့တွင်းသို့ ကျောင်းအကြိုပို့ကားများဖြင့် သွားလျှင် (၄၅) မိနစ်ကျော်ကြာပြီး လိုင်းကားဖြင့် သွားပါက (၁) နာရီခွဲခန့် ကြာသည်ဟု သိရသည်။
နယ်မြို့များမှ လာသည့် ကျောင်းသူ၊ ကျောင်းသားအချို့မှာလည်း နေရာထိုင်ခင်းအတွက် အဆင် မပြေဖြစ်ကြရသည်ဟု မွန်ပြည်နယ်မှ စီးပွားရေးတက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။
၎င်းက “စီးပွားရေးကျောင်းက ယောက်ျားတွေအတွက်ကို ဒဂုံတောင်သွားတဲ့လမ်း လယ်ကွင်းပြင်က ကျန်စစ် သားဆောင်မှာ ထားတယ်။ မိန်းကလေးတွေကိုကျတော့ ရွာသာကြီး တက္ကသိုလ်ကနေ ပဲခူးဘက်ကို ထပ်သွားတဲ့ လေးထောင့်ကန်အနားက ယုဇနအိမ်ရာဆိုတာ ရှိတယ်။ အဲဒါကို ဒီဇင်ဘာဆောင် ဆိုပြီးတော့ နေရာချ ပေးတယ်။ အဲဒီနေရာတွေက အရင်က လူသူရှိတာ မဟုတ်ဘူး” ဟု ပြောသည်။
ကျောင်းမှနေရာချပေးထားသည့် မြို့ပြင်အဆောင်များသည် လုံခြုံမှုမရှိသောကြောင့် ကျောင်းသား အများစု သည် သွားလာရေး လွယ်ကူသည့် မြို့တွင်းပိုင်း တိုက်ခန်းများတွင် လူစုကာ ငှားရမ်းနေထိုင်ကြရသဖြင့် လစဉ် ကုန်ကျစရိတ်မှာ နှစ်သိန်းကျော်အထိ ရှိကြောင်း သိရသည်။
Wednesday, August 26, 2009
| [+/-] |
၁၀ တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်းပို့ချ |
(၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ
Wednesday, 26 August 2009 18:32 ဗထူး
http://www.yoma3.org/index.php?option=com_content&view=article&id=357:2009-08-26-11-33-35&catid=41:2008-09-21-07-44-45&Itemid=124
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပညာအရည်အချင်း (၁၀) တန်းအောင်မြင်ပြီးသည့် ကြံ့ဖွံ့အဖွဲ့ဝင်များကို စစ်အစိုးရအာဏာပိုင်များက သတင်းပေးနည်း ရက်တိုသင်တန်းကို ပြုလုပ်ပို့ချနေသည်။
ယခုလ (၂၅) ရက်နေ့မှစတင်ကာ သင်တန်းအား မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး မျိုးဝင်းဆိုသူနှင့် မြို့နယ်(မယက) အဖွဲ့မှ ဦးစီးကာ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် စည်းရုံးရေးဘာသာရပ်၊ သတင်းပေး၊ သတင်းရေးနှင့် လှုပ်ရှားမှုများအား စောင့်ကြည့် သည့် ပုံစံများလည်း ပါဝင်သည်ဟု ဒေသခံတဦးက ပြောသည်။
“ကြံ့ဖွံ့ရုံးမှာ (၂၅) ရက်နေ့၊ ညနေ(၆) နာရီကသင်တန်းဖွင့်ပွဲ လုပ်တယ်။ နောက် (၇) နာရီကနေ (၉) နာရီအထိ သင်တန်းပို့ချတယ်၊ ကျနော့်အမြင်ကတော့ လာမဲ့ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလမှာ သံဃာတွေ အပါအဝင် အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သတင်းရယူပေးပို့ဖို့ ဒီသင်တန်းကို လုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
စစ်အစိုးရက ကျင်းပမည်ဟု သတ်မှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံရေး ပါတီတရပ် အသွင်ပြောင်းလဲကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သဖြင့် လူငယ်များနှင့် ပြည်သူလူထုအား ၎င်းတို့အား ထောက်ခံလာစေရေးအတွက်လည်း ယခုသင်တန်းကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မြို့နယ် ကြံ့ဖွံ့အဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တဦးက “ဟုတ်တယ်၊ သတင်းရေး၊ သတင်းပေးပုံစံမျိုး၊ စောင့် ကြည့်တဲ့ ပုံစံမျိုး လုပ်တာပေါ့။ ဒါကတော့ သေချာတာကတော့ ဒီ သံဃာလှုပ်ရှားလာမယ့် ကျနော်တို့ ဘုန်းကြီး တွေကလည်း လှုပ်ရှားလာမယ် ပြောတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က သတင်းပေးသဘောမျိုးနဲ့ လုပ်ရမယ့် အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေ ပို့ချသွားမှာပါ အဓိကကတော့” ဟု ပြောသည်။
ဘိုကလေးမြို့ပေါ် (၉) ရပ်ကွက်နှင့် မြို့သစ် (၁) ရပ်ကွက်မှ တရပ်ကွက်လျှင် ၃ ဦးကျ တက်ရောက်နေသည့် အဆိုပါ ရက်တိုသင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း ဖမ်းဆီးသံဃာများ ပြန်လွှတ်ပေးရေးနှင့် သံဃာတော်များ အား ရိုင်းပြစွာ ပြုမူဆောင်ရွက်မှုအား စစ်အစိုးရမှ ဝန်ချတောင်းပန်ရန်နှင့် ပျက်ကွက်ပါက တတိယအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ကာ နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
| [+/-] |
ကိုးကားစရာ - ပညာရေးနှင့် စပ်လျဉ်းသည့် ပညာရှင်တို့၏ အတွေးအမြင် အဆိုအမိန့်များ |

လူသားအရိုင်းနှင့် ပညာရေးပေါင်းစည်းမှု
ပန်းပုပညာက ကျောက်တုံးတစ်တုံးကို ထွင်းထုပုံဖော်သကဲ့သို့ ပညာရေးကလည်း လူ့နှလုံးဝိညာဉ်ကို ပုံဖော်ဖန်တီးသည်။ [ပန်းပုဆရာသည် ကျောက်တုံး၏ အပြင်အခွံအကာကိုခွာကာ သူ့စက္ခုအာရုံတွင် မြင်ယောင်တည်ရှိနေသည့် ပန်းပုရုပ်ကို ဖော်ထုတ်ယူသကဲ့သို့ ] သင့်တင့်လျောက်ပတ်သော ပညာရေး သည်လည်း သာမန်လူအညတြ၏ ကိုယ်ထဲတွင် ပုန်းခိုကိန်းအောင်းနေသည့် တွေးခေါ်ရှင်၊ သူတော်စင်၊ လူစွမ်းကောင်း၊ ပညာရှိ၊ လူကောင်းလူမွန်၊ ဧရာမ ပုဂ္ဂိုလ်ကျော် စသည်များကို မြှပ်နေရာမှ ဖော်ယူကာ အလင်းရောင်အောက်သို့ ပို့ဆောင်ပေးပေသည်။
ဂျိုးဇက် အက်ဒီဆင် ၁၆၇၂-၁၇၁၉
What sculpture is to be a block of marble, education is to the human soul. The philosopher, the saint, the hero, the wise, and the good, or the great, very often lie hid and concealed in a plebeian, which a proper education might have disinterred and brought to light.
Joseph Addison 1672-1719 English Essayist, poet, politician
Tuesday, August 25, 2009
| [+/-] |
တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ |
တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ
Mon 17 Aug 2009, IMNA, ရိုင်မရော့
http://www.monnews-imna.com/burmese/newsupdate.php?ID=417
မော်လမြိုင်တက္ကသိုလ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ ကျောင်း သား/သူများကို
လူမှုရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ တစ်စုံတစ်ရာ မပြုလုပ်ရန် ပါမောက္ခချုပ်မှ တားဆီးပိတ်ပင်ထားသည်။
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမော်လမြိုင်တက္ကသိုလ်အဖွဲ့သည် ကျောင်းသားအင်အား (၃၀၀) ခန့်ဖြင့် ဖွဲ့စည်းထားပြီး၊ နှစ်စဉ် မွန်ပြက္ခဒိန် များထုတ်ဝေခြင်း၊ နွေရာသီတွင် မွန်စာပေသင်ကြားခြင်း၊ ဝါတွင်း ကာလမှာ ဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ပေးခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်းတို့ဖြင့် ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြသည်။
“မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က ကျောင်းသား ခေါင်းဆောင် (၁၂) ယောက်ကို ပါမောက္ခချုပ် ကနေ ခေါ်ပြီးတော့ လှုပ်ရှားမှုတစ်စုံ တစ် ရာမပြုလုပ်ဖို့ သတိပေး ပြောထားတယ်၊ ဥပုသ်နေ့ဆိုရင် ဘုရားမှာ ဓမ္မ စကြာရွတ်တာကအစ လုပ်ခွင့်မပေးတော့ဘူး” ဟု မုဒုံမြို့မှ တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသား/သူများအား တဆင့်ထက်တဆင့် စောင့်ကြည့်မှု တင်းကြပ် စွာခံထားရခြင်းသည် အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်နိုင်ငံသား အိမ်ခိုဝင်မှုဖြင့် ဖမ်းဆီးပြီး နေအိမ် အကျယ်ချုပ်သက်တမ်း တစ်နှစ်ခွဲထပ်တိုးလိုက်ပြီးသည့်နောက် ယခုလိုမျိုး ပိုမိုတင်းကြပ်လာသည်ဟု မော်လမြိုင် တက္ကသိုလ်ကျောင်းသား/သူများက ပြောသည်။
ယခုလိုမျိုးကျောင်းသား/သူများ၏ လှုပ်ရှားမှုစောင့်ကြည့်ခံရခြင်းသည် လွန် ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် မွန်ကျောင်းသား အယောက် (၅၀) ခန့် က နယ်မြေကျူးကျော်ပြီး ကရင်ပြည်နယ်ထိ ပျော်ပွဲစာထွက်ခြင်းမှစပြီး ပါ မောက္ခချုပ်မှ သတိပေးခြင်းခံထားရသည်။
“တကယ်လို့ ကျောင်းမှာ ကျောင်းသားတွေ လှုပ်ရှားမှုတခုခုလုပ်ပြီးတော့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာမယ်ဆိုရင် ခေါင်းဆောင် ကျောင်းသား တွေမှာ တာဝန်ရှိတယ်လို့လည်း ပါမောက္ခချုပ်က ပြောထားပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် ဆရာအသိုင်းဝိုင်းက ပြောသည်။
မော်လမြိုင်တက္ကသိုလ်မှ မွန်ဆရာမ (၅) ဦးကလည်း ကျောင်းသား/သူများ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်ရန် တင်းကြပ်စွာ ညွှန်ကြားထားကြောင်း လည်း ကျောင်းသားတို့၏ ပြောပြချက်အရ သိရသည်။
မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ ပြောပြချက်အရ “ကျနော် တို့ လှုပ်ရှားနေတာဟာ နိုင်ငံရေးနဲ့ပါမှမပတ်သက်ဘူး၊ လူမှုရေးအတွက် လုပ်ဆောင်နေမှုသက်သက်ပဲ၊ ဒါကို ဆရာ၊ ဆရာမတွေက တားဆီးပိတ်ပင် နေကြတယ်” ဟု သူက ပြောသည်။
ကျောင်းမှာ ကျောင်းသားတွေ တစ်စုံတစ်ရာကျင်းပပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ပါမောက္ခချုပ် သို့မဟုတ် ဆရာ၊ ဆရာမများထံသို့ အသိပေး အကြောင်းကြားရမည်ဖြစ်ပြီး ၄င်းတို့မှ ခွင့်ပြုချက်ရရှိမှသာလျင် လုပ်ပိုင် ခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ပြောသည်။
၈ လေးလုံး (၂၁)နှစ် ပြည့်အထိမ်းမှတ်နေ့တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ နေပြည်တော်၏ ညွှန်ကြားချက်အရ ပါချူပ်မှတဆင့် ဆရာ ဆရာမများက ကျောင်းသား/သူများ၏ သွားရေးလာရေးကိစ္စကို ကြည့်ရှုရန် ညွန်ကြားခဲ့သည်။
ညွန်ကြားထားရသည့်အကြောင်းမှာ ၈ လေးလုံးနေ့မှာ ကျောင်းသားများ စုဝေးမှာကြောက်၍ ယခုလို ညွန်ကြားထားသည်ဟု တက္ကသိုလ်ဆရာမ အ သိုင်းဝိုင်းမှပြောသည်။ ၄င်းညွန်ကြားချက်သည် မွန်တက္ကသိုလ် ကျောင်း သား/သူများ ပျော်ပွဲစာထွက်ရာ နယ်မြေကျော်၍ အရှေ့ တောင် တိုင်း မှတဆင့် နေပြည်တော်မှ ညွန်ကြားထားခြင်းဖြစ်သည်။
Friday, August 21, 2009
| [+/-] |
ကေဵာင်းသွားရင်း အဖမ်းခံရသော ကလေးစစ်သားကို မိဘမဵား ပြန်ခေၞမရဖြစ်နေ |
2009-08-21
http://www.rfa.org/burmese/news/parents_unable_to_bring_child_soldier_home-08212009154818.html
ပဲခူးတိုင်း၊ ညောင်လေးပင်္ဘမြိႚက အထက ၁ ဒသမတန်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ကေဵာ်သာ ရှိသေးတဲ့ မောင်္ဘငိမ်းခဵမ်းအောင်ကို သြဂုတ်လ ၁၁ ရက်နေႛမှာ ကေဵာင်းကိုအသွား လမ်းမှာ လေ့ကဵင့်ရေးတပ်က တပ်ကြပ် သူရအောင်ဆိုသူက ဖမ်းခေၞသွားတာ ဖြစ်တဲ့အကြောင်း ညောင်လေးပင်မှာနေတဲ့ အဲဒီတပ်ကြပ်ရဲ့ မိခင်ကပြောလိုႛ သိရတဲ့အကြောင်း အ္ဘငိမ်းစား စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ခလေးရဲ့ဖခင် ဦးစောစတီဗင်က RFA ကို အခုလို ပြောပၝတယ်။
ဦးစောစတီဗင်။ ။ “စုံစမ်းတော့ သူႛ စစ္သားအေမက သူသားေခၞသြားပၝတယ္တဲ့၊ သူက ဖမ်းခေၞသွားတာ ကလေးကို၊ ကလေးကို ခေၞသွား္ဘပီးတော့ စစ်သားတယောက် ရလိုႛရှိရင် သူတိုႛက ဆီ ၂ ပံုးနဲႛ ဆန်တအိတ် ငွေတသိန်း ရတယ်လိုႛ ပြောတယ်။ ရာထူးလည်းတက်တယ်၊ အဲ့ဒၝ ကဵေနာ့္သားကို ကဵေနာ္ ပြန်ခေၞခဵင်တယ်၊ ကေဵာင်းသားက ကေဵာင်းက တက်နေတယ်၊ ကဵေနာ့္သားက ကဵေနာ့္လို စစ္သားဘဝ မျဖစ္ခဵင္လိုႛ ပညာသင်နေတဲ့အခဵိန်၊ ကဵနော် ဒုက္ခလည်း ရောက်တယ်။ သားတိုႛ ဒီစစ္သားေတြကို မလုပ္နဲႛလိုႛ ပြောထားတယ်၊ အဲ့ဒၝ ဒီတပ်ကြပ်နဲႛကောင် ခေၞသွားတယ်။”
မောင်္ဘငိမ်းခဵမ်းအောင်ဟာ စစ်မှုထမ်းဖိုႛ အသက်မပြည့်သေးတာကြောင့် ဖခင်ဖြစ်သူက ပြန်ခေၞရအောင် တပ်ကြပ် သူရအောင်ရှိတဲ့ မြစ်ကြီးနား ပဵဉ်တောင် အမှတ် ၇ လေ့ကဵင့်ရေးတပ်ကို လိုက်သွား္ဘပီး စုံစမ်းတဲ့အခၝမှာ အဲဒီတပ်က အရာရှိတွေက တခြားစုဆောင်းရေးတပ်ကို လွှဲလိုက်တယ်လိုႛ ပြောတဲ့အကြောင်း အခုလို ဆက်ပြောပၝတယ်။
ဦးစောစတီဗင်။ ။ “တပ်ရေးဗိုလ်ကြီး အောင်မဵိုးနဲႛ တွေႚတော့ ဗိုလ်ကြီး အောင်မဵိုးက အခု ရထားနဲႛပဲ သွားလိုက်္ဘပီတဲ့ တပ်ရေး ဗိုလ်ကြီးက ပြောပြတာပေၝ့၊ ဒီ သူရအောင် ခေၞသွား္ဘပီတဲ့၊ သားကိုတဲ့၊ ဟိုး ရွှေဘိုကို လိုက်တဲ့ ဆိုပြောတယ်၊ ရွှေဘို ထပ်ပြန်လိုက်ရပြန်္ဘပီ။ ရွှေဘိုရောက်တော့ ဒီ အမှတ် ၄ စုဆောင်းရေးတပ်ကို သွားတယ်၊ သွား္ဘပီးတော့ပြော ဆိုလုပ်တော့ တပ်ကြပ်သူရအောင် မရောက်သေးဘူး ပြောတယ်ဗဵ၊ အဲဒီလို ညာထားတယ်ဗဵ။”
ဦးစောစတီဗင်ဟာ ဆက်္ဘပီးစောင့်ဖိုႛ စရိတ်မရှိတော့တာကြောင့် ပြန်လာခဲ့ကြောင်း၊ သူႛမှာ သားသုံးယောက် ရှိတဲ့အထဲက တခြား သားနှစ်ယောက်ဟာလည်း အရင်က အဓမ္မ ကလေးစစ်သား အဖြစ်ဖမ်းခေၞသွားတာ ခံခဲ့ရဘူးတယ်လိုႛ ပြောပြပၝတယ်။ တယောက်က အမေဖြစ်သူ လိုက်ခေၞလိုႛ ပြန်လွှတ်လိုက်တာဖြစ်္ဘပီး၊ နောက်တယောက်ကတော့ ပြန်ထွက်ပြေးလာခဲ့တာလိုႛ သိရပၝတယ်။
လောလောဆယ် ဖမ်းခေၞသွားတဲ့ မောင်္ဘငိမ်းခဵမ်းအောင်ကို ပြန်ခေါ်နိုင်အောင် လူႛအခွင့်အရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေၝင်းဆောင် ပဲခူး္ဘမိုႚက ရှေ့နေ ဦးအေးမြင့်ဆီကို သွား္ဘပီး အကူအညီ တောင်းထားတဲ့အကြောင်း ဖခင်ဦးစတီဗင် ပြောပၝတယ်။
ရှေ့နေဦးအေးမြင့်ကတော့ ဒီကိစ္စနဲႛ ပတ်သက်္ဘပီး ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲႚခဵုပ် အိုင်အယ်လ်အိုကို အကြောင်းကြား္ဘပီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုႛ RFA ကို ပြောပၝတယ်။
ရှေႚနေဦးအေးမြင့်။ ။ “အိုင်အယ်လ်အို ကနေတဆင့် တောင်းရမှာမိုႛလိုႛ အိုင်အယ်လ်အိုကို ပိုႛပေးမယ်၊ အိုင်အယ်လ်အိုကို အခုလက်ရှိလည်း အကြောင်းကြားထား္ဘပီး၊ အကုန်လုံး ပိုႛပေး္ဘပီးတော့ ပြန်္ဘပီးတော့ ဆောင်ရွက်မယ်၊ အခု လောလောဆယ်ကို အန်ကယ်ဆီမှာဆို လူ ၅၀ ေကဵာ္သြားပၝ႓ပီ။”
ဇြန္ကေန ဒီကေနႛအထိ ခလေးစစ်သားအဖြစ် ဖမ်းဆီးသွားတာ ခံရတဲ့အတွက် အိုင်အယ်လ်အိုကို အကြောင်းကြား္ဘပီးသူကော အကြောင်းမကြားရသေးသူပၝ။ စုစုပေၝင်း ၃၀ ကေဵာ်ရှိတယ်လိုႛ ရှေႚနေ ဦးအေးမြင့်က ပြောပၝတယ်။
မြန်မာနိုင်ငံမှာ ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်မှုထမ်းခွင့်မရှိဘူးလိုႛ ဆိုထားပေမဲ့ အစိုးရစစ်တပ်မှာကော စစ်အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသား လက္နက္ကိုင္အဖြဲႚေတြမွာပၝ အသက် မပြည့်သေးတဲ့ ခလေးတွေကို စစ်မှုထမ်းခိုင်းနေတာတွေ အမဵားအပြား ရှိနေတဲ့အကြောင်း ကုလသမဂ္ဂနဲႛ နိုင်ငံတကာ လူႛအခြင့္အေရး အဖြဲႚေတြက မၾကာခဏ ပြောဆိုလေ့ရှိပၝတယ်။



.jpg)