
Wednesday, 16 September 2009 19:01
ကိုထွေး
http://irrawaddy.org/bur/index.php?option=com_content&view=article&catid=2:articles&id=1819:2009-09-16-12-06-28&Itemid=30
ကောင်းကင်ကို စိုးမိုး ပျံသန်း နိုင်ဖို့ ဆိုတဲ့ အိပ်မက်ရဲ့ အစိတ်အပိုင်းတခုကို အကောင်အထည် ဖော်ခဲ့တဲ့ မောင်သောင်ဒီ ကတော့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့မှာကျင်းပ ပြုလုပ်မယ့် အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။
“ကျနော့်ကို ထိုင်းဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားဖို့ အားပေးစကားပြောတယ်၊ တကယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့ရင် သူ့ကို အရင်ဆုံးလာ တွေ့ဖို့ပြောတယ်၊ အဲ့ဒါကြောင့် ကျနော် အခု ပထမဆုရဖို့အတွက် လက်တွေ သန်မာအောင် အပြင်းအထန် လေ့ကျင့် နေတယ်” လို့ မောင်သောင်ဒီ က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းစတက်ခဲ့ရတဲ့ မောင်သောင်ဒီဟာ ၁ တန်း ကျောင်းသား ဘ၀ကတည်းက စက္ကူနဲ့ လေယာဉ်ပျံ ချိုးခေါက်ပြီး သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင် ကစားလေ့ ရှိခဲ့ရာက ၄ တန်းရောက်တော့ ချင်းမိုင် တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲမှာ ပထမ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာလည်း သူရဲ့လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာ လေပေါ်မှာ ပျံဝဲနိုင်လို့ ပထမဆု ရရှိခဲ့ပြန်ပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ တဦးဖြစ်လာတဲ့ အတွက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။
မောင်သောင်ဒီက “ကျနော်က လေယာဉ်ပျံ တည်ဆောက်တဲ့သူ ဖြစ်ချင်တယ်၊ စက်မှုလက်မှုကို ၀ါသနာ ပါတယ်၊ ကျနော်က ဖန်တီးရတာကို ၀ါသနာပါတယ်” လို့ သူ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
သို့ပေမယ့်လည်း ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ကိုခရီးသွားလတ်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ အိပ်မက်တွေ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရပါတယ်။
ဆိုပြီး ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က မောင်သောင်ဒီကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ဘူး ဆိုတာနဲ့ တကယ်လို့ ဒီပြိုင်ပွဲကို သူ ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။
“ကျနော့်ကို ပြည်ထဲရေးဌာနက ငြင်းလိုက်တော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဘူး၊ ကျနော်က ထိုင်းနိုင်ငံသားလို့ ပဲထင်တယ်၊ ထိုင်းနိုင်ငံမှာ ပျော်တယ်၊ ဒါပေမယ့် နိုင်ငံသား ဖြစ်ဖို့ အတွက်ကတော့ အာဏာပိုင်တွေ ပေါ်မှာ မူတည်ပါတယ်၊ မြန်မာပြည်ဆိုတာ သူငယ်ချင်းတွေဆီက တဆင့်ပဲ ကျနော်ကြားဖူးတယ်” လို့ အသက် ၁၂ နှစ်အရွယ် မောင်သောင်ဒီက ပြောပါတယ်။
ဒါပေမယ့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မောင်သောင်ဒီဟာ ယာယီ နိုင်ငံကူး လတ်မှတ် ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးအတွက် အကျိုးဆောင် ပေးနေတဲ့ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာပဲ။ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်” လို့ ပြောပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ အနေနဲ့ကတော့ ကျောင်းလည်း တက်နိုင်၊ အလုပ်အကိုင် ရှာဖွေရတာလည်း လွယ်ကူပြီး အနာဂတ် ခရီး ပိုမိုကောင်းမွန် စေဖို့အတွက် ထိုင်းနိုင်ငံသား ဖြစ်ချင်ကြတဲ့ ဆန္ဒ ရှိနေပါတယ်။
တကယ်တော့ မောင်သောင်ဒီရဲ့ မိဘ ၂ ပါး ဖြစ်တဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ဟာ ရှမ်းပြည်တောင်ပိုင်း ခိုလန် ဇာတိ ဖြစ်ပြီးတော့ ရွာမှာ စီးပွားရေး မကောင်းတဲ့ အတွက် လက်ထပ်ပြီး သိပ်မကြာခင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကနေ ၄ သန်းထိ အလုပ် လုပ်ကိုင် နေကြပြီး အများစုက တရားမ၀င် လာရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ ရောက်စက FANG ဒေသမှာရှိတဲ့ လိုင်ချီး၊ လိမ္မော်တို့ စိုက်တဲ့ ခြံမှာ ၀င်လုပ်ခဲ့ရပြီး အဲဒီ ခြံပိုင်ရှင်ကအလုပ်သမား မှတ်ပုံတင် မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ် မောင်သောင်ဒီကို မွေးဖွားခဲ့တဲ့ အချိန်မှာ မှတ်ပုံတင် မရှိတဲ့အတွက် ဆေးရုံကို မသွားရဲတာကြောင့် မွေးစာရင်းမရခဲ့ဘူးလို့ သိရပါတယ်။
“အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အတွက် ဆေးရုံကိုလည်း မသွားရဲဘူး၊ မွေးစာရင်း မလုပ်ခဲ့ရဘူး၊ FANG မှာ ၃ နှစ် ၄ နှစ်လောက် နေပြီးတော့ အလုပ်အကိုင် ပိုကောင်းမယ်လို့ ထင်ရတဲ့ ချင်းမိုင်ကို လာခဲ့တာ၊ အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတော့ ဘယ်မှ မသွားရဲဘူး” လို့ မောင်သောင်ဒီရဲ့ မိခင် နန်းမွဲက ပြန်ပြောပါတယ်။
ချင်းမိုင်ကို ရောက်တော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပန်းရံအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်ပြီးတော့ ၂၀၀၄ ခုနှစ်မှာတော့ အလုပ်သမား မှတ်ပုံတင်ကို ရရှိခဲ့ပါတယ်။
တနှစ်ပြီး တနှစ် သက်တမ်းတိုးလာတဲ့ သူတို့ရဲ့ အလုပ်သမားကတ်ဟာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကချမှတ်မယ့် ရွှေ့ပြောင်းအလုပ်သမား ဥပဒေကို စောင့်ဆိုင်း နေရတယ်လို့လည်း သိရပါတယ်။
မောင်သောင်ဒီရဲ့ ညီမလေး မြူ ကိုတော့ ဟန်ဒုန်း ဘက်က ဆေးရုံတရုံမှာ မွေးဖွားခဲ့ရလို့ မွေးစာရင်းကို ရယူနိုင်ခဲ့ပါတယ်။
“လုပ်အားခအနေနဲ့ ကျနော်က တရက်ကို ဘတ် ၁၈၀ (ကျပ် ၅၅၀၀ ဝန်းကျင်)၊ ကျနော့် မိန်းမက ၁၅၅ ဘတ် (၄၅၀၀ ကျပ် ဝန်းကျင်) ရတယ်၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ နေပူ မိုးရွာမရှောင် လုပ်ရတယ်၊ တခါတလေ အဆင်မပြေဘူး” လို့ စိုင်းညွန့်က ဆို ပါတယ်။
မိဘတွေ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားသမီးကို ပညာ အမွေပေးဖို့ ဆုံးဖြတ်လိုက်ရင်း မောင်သောင်ဒီကို စတင် ကျောင်းအပ်ခဲ့ပါတယ်။ အရင်က ပညာသင်စရိတ် အနေနဲ့ တနှစ်ကို ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀ ဝန်းကျင်) ကုန်ကျခဲ့ပေမယ့် ဒီနှစ် ထိုင်းအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေကြောင့် ငွေကုန်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။
မောင်သောင်ဒီတို့ရဲ့ မိသားစုက အလုပ်လုပ်တဲ့ နေရာကို မူတည်ပြီး ရွှေ့ပြောင်း နေထိုင်ရတာကြောင့် တနေရာ တည်းမှာ အတည်တကျနေလေ့ မရှိဘဲ လက်ရှိ နေထိုင်နေတဲ့ အခန်းကို ပြောင်းလာတာ ၄ လပဲ ရှိသေးတယ် လို့ သိရပါတယ်။
“မောင်သောင်ဒီ မူကြိုတုန်းကတော့ ချင်းမိုင်မဲ့ကြိုးဘက်က ကျောင်းမှာထားတယ်၊ ၁ တန်းရောက်မှ ဒီအခုနေတဲ့ Ban Huay Sai ကျောင်းကို ပြောင်းလာတယ်၊ အိမ်က သူ့ကို အကြိုအပို့ လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
၁၉၉၅ ခုနှစ် ရှမ်းပြည်နယ် ခိုလန်ရွာ ကနေထွက်လာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ အတွက်တော့ မောင်သောင်ဒီ့ကြောင့် သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြား နေရတာက စိန်ခေါ်မှုတခု ဖြစ်နေပါတယ်၊
“သတင်းသမားတွေမေးတာကို ဖြေရတော့ ထိုင်းစကားတချို့တောင်ခပ်မေ့မေ့ဖြစ်ကုန်တယ်၊ တခုခုမှားသွားမှာ စိုးရိမ်တယ်၊ ကင်မရာတွေနဲ့ဆိုတော့ မလွတ်လပ်ဘူး၊ နေရခက်တယ်” လို့ သူတို့က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုတဲ့ နိုင်ငံမဲ့နေတဲ့၊ မောင်သောင်ဒီလို ကလေးတွေဟာ နယ်စပ် တလျှောက်မှာ မြောက်မြားစွာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံမဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့ အချိန်မှာတော့ မောင်သောင်ဒီရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲလာပြီးတော့ အစောပိုင်း တက်ကြွနေတဲ့ သူ့ရဲ့ အသံဟာ တိမ်ဝင် နစ်မြှုပ်သွားပါတော့တယ်။ ။
Wednesday, November 25, 2009
| [+/-] |
နိုင်ငံမဲ့ လူငယ်လေးတစ်ဦးရဲ့ အိပ်မက် |
Tuesday, November 24, 2009
| [+/-] |
ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ |
Tuesday, 24 November 2009 16:07 ရိုးမ ၃
http://www.yoma3.org/index.php?option=com_content&view=article&id=433:2009-11-24-09-10-45&catid=41:2008-09-21-07-44-45&Itemid=124
ပဲခူးတိုင်း၊ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်း (၁၂) လမ်းတွင် နေထိုင်သော ဦးစိုးလွင်၏ သားဖြစ်သူ အသက် (၁၆) နှစ်ရှိသော မောင်ကျော်မင်းဦးသည် မန္တလေးဘူတာတွင် ဩဂုတ်လ၊ ၂၀၀၉ တွင် စစ်သားအဖြစ်စုဆောင်းခံရသည်ဟု ဖခင်ဖြစ်သူမှ ပြောသည်။
မောင်ကျော်မင်းဦးသည် ဖခင်နှင့်အတူ မန္တလေးသို့ သွားရာမှ အပြန် ခိုးခံရသော အထုပ်ကို လိုက်ရှာနေစဉ် ကလေးပျောက် သွားသည်ကို နီးစပ်ရာထမင်းဆိုင်တွင် မေးမြန်းရာ စစ်သားငါးယောက်က ခေါ်ဆောင်သွားသည်ဟု သူ၏ ဖခင်ကပြောသည်။
“မန္တလေးမှာ ၂ ရက်နေပြီးတော့ ၃ ရက်နေ့မြောက်မှာ ပြန်မလို့ ညနေ ၆ နာရီခွဲမှာ လက်မှတ်ဝယ်ပြီးတော့ မနက် ၅ နာရီ ရထားကို စီးမယ်ပေါ့။ အဲဒီမှာပဲ ပထမညက ခိုးခံရတဲ့ အထုပ်ကို လိုက်တယ်။ အထုပ်က ပြန်ရ နောက်ပိုင်းမှာ ကျနော်သားက အိပ်ပျော်နေတာပေါ့လေ။ ပြန်လာတဲ့အခါမှာ စောင်ပျောက်သွားတယ်။ အဲဒီမှာ လက်မှတ်ဝယ်ပြီးတော့ လိုက်ရှာရင်းနဲ့ ကျနော်သားက ပျောက်သွားတယ်” ဟုပြောသည်။
၎င်း၏ ဖခင်သည် အနီးအနားက ထမင်းဆိုင်မှာ မေးကြည့်သည့်အခါ စစ်သားငါးယောက်နှင့်အတူ လက်ဖက်ရည်နှင့် မုန့်များစားသွားပြီး အဆိုပါ စစ်သားတွေနှင့်အတူ ပါသွားတယ်ဟုပြောပြီး အခု အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ပင်လောင်းမြို့၊ အနော်ရထာတပ်ခွဲမှာ ရောက်ရှိနေသည်။
“ကျနော် စာရရခြင်းလိုက်သွားတယ်။ အဲဒီတပ်ကိုရောက်တော့ တပ်အဝမှာ ကျနော်ကို ဝင်ခွင့်မပြုဘူး။ ကျနော်ကို တပ်ကစောင့်တဲ့ ၂ ရစ်နဲ့ စစ်သားတယောက်က အပြင်ထွက်ပြီးတော့ စကားပြောတယ်။ ပထမမှာ ကျော်မင်းဦးဆိုတာ မရှိဘူးလို့ ပြောတယ် အဲလိုပြောပြီးတော့ ရှေ့က ဆိုင်မှာ ထိုင်စောင့်ခိုင်းတယ်။ ၅ မိနစ်လောက်ကြာမှာ သူပြန်ရောက်လာတယ်။ ဦးသားက မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ကျနော် ပေးတွေ့လို့မရဘူး အရာရှိတွေက ပြောထားတယ် ဧည့်တွေ လုံးဝ အခွင့်မပြုဘူးလို့၊ အဲတော့ အရှေ့လ (၁၂) လပိုင်း၊ (၁၅) ရက်နေ့မှာ သူတို့ သင်တန်းဆင်းမယ် အဲဒီအခါကျမှ ကျနော်ကို လာတွေ့ပါလို့ ပြောတယ်” ဟု ဖခင်ဖြစ်သူမှ ပြောသည်။
လမ်းပြကြယ်အဖွဲ့မှ ဦးနိုင်မင်းကြည်ကလည်း အသက်မပြည့်သေးတဲ့ ကလေးစစ်သားနှင့် ပတ်သက်ပြီးတော့ တပ်မတော်အက်ဥပဒေကို အခုလို ပြောပါတယ်။
“တပ်မတော်အက်ဥပဒေ ၁၉၅၉ စက်တင်ဘာလ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ အရ တပ်မတော်သားထဲဝင်မယ်ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီးတော့မှ မိဘအုပ်ထိန်းသူ သဘောတူမှ ဝင်ရမယ်လေ၊ ကျန်းမာရေးလည်း ကောင်းရမယ်လေ။ တပ်မတော် အက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အခုကလေးစစ်သားတွေ မရှိသင့်တဲ့ ကိစ္စနဲ့ ပတ်သက်၍ အက်ဥပဒေကို လိုက်နာဖို့။” ဟု ပြောသည်။
| [+/-] |
မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည် |
Tuesday, 24 November 2009 18:51
သန်းထိုက်ဦး
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2185:2009-11-24-11-52-27&catid=1:news&Itemid=2
ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။
“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။
GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။
ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။
“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။
“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။
မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
| [+/-] |
ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက် အသေးစိတ်မှတ်တမ်းများ ကောက်ခံနေ |
အောင်ထက် / ၂၄ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/241109d.php
ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေး မှတ်တမ်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ ယနေ့ နိုဝင်ဘာ (၂၄) ရက် နောက်ဆုံးထားပေးပို့ရမည်ဟု အကြောင်းကြား ထားကြောင်း သိရသည်။
ယင်းသို့ ပေးပို့ရာတွင် ယခင်က တင်ပြခဲ့ဖူးသကဲ့သို့ မဟုတ်ဘဲ ကိုယ်ရေးအချက်များအပြင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကိုလည်း သီးခြားပုံစံတခုဖြင့် ထည့်သွင်းဖြည့်စွက်ပေးရသည်ဟု သုဝဏ္ဏမြို့၊ အလက (၂) မှ ဆရာမတဦးက ပြောသည်။
ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အသင်းအဖွဲ့အပါအ၀င် အချက်အလက် (၂၂) ချက်ပါဝင်သည့် ကိုယ်ရေးမှတ်တမ်းပုံစံ (၄) စောင်ကို ဓာတ်ပုံနှင့်တကွ တင်ပြရသည့်အပြင် သီးခြားပုံစံစာရွက်၌ ကိုယ်အလေးချိန်၊ အရပ်၊ မျက်မှန်တပ်ခြင်း ရှိ မရှိ၊ သွေးတိုး၊ ဆီးချို ရှိ မရှိ စသည့်အချက် (၅) ချက်ကိုလည်း ပူးတွဲတင်ပြရသည်ဟု အဆိုပါဆရာမက ပြောသည်။
ကျောင်းလက်ခံ၊ မြို့နယ်ပညာရေးမှူး၊ အမှတ် (၃) အခြေခံပညာဦးစီးနှင့် နေပြည်တော်ပညာရေးဌာနသို့ တင်ပြရန် ယခုကဲ့သို့ ပုံစံ (၄) စောင် ဖြည့်စွက်ရခြင်းဖြစ်နိုင်ကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။
ထိုသို့ ကိုယ်ရေးမှတ်တမ်းများ ပေးပို့ရေးအတွက် ကိုယ်ရေးမှတ်တမ်းပုံစံခ (၁၀၀) ကျပ်၊ ဆေးစစ်ခ (၈၀၀) ကျပ်၊ နေပြည်တော် သို့ ပေးပို့ရန်အချက်အလက်သွင်းမည့် စီဒီဖိုး (၃၀၀) ကျပ်အပါအ၀င် စုစုပေါင်း (၁,၂၀၀) ကျပ်ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးသို့ ပေးသွင်းရကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆရာ၊ ဆရာမတို့က ပြောသည်။
ဆေးစစ်ခ တောင်းခံခြင်းသည် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများတွင် ဆေးစစ်ကုန်ကျစရိတ်အတွက် တောင်းခံခြင်းလား၊
ငွေ (၈၀၀) ကျပ် ပေးသွင်းရုံဖြင့် ဆေးအောင်မည်ဆိုလိုခြင်းလား ဆိုသည်ကိုမူ မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိပေ။
ပညာရေးဝန်ထမ်းတို့၏ ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေခြင်းကိစ္စနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် အမှတ် (၃) အခြေခံပညာဦးစီး (အောက်မြန်မာပြည်) ၏ ညွှန်ကြားချက်အရဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဝန်ထမ်းတို့အား မည်သည့်အတွက်ကြောင့် ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေကြောင်း အတိအကျ မသိရသော်လည်း ပြီးခဲ့သည့်နှစ်လခန့်က ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနတွင် (၅၅) နှစ် နှင့်အထက် ၀န်ထမ်း များစာရင်း ကောက်ခံခဲ့သည်။
ထို့နောက် နိုဝင်ဘာ ပထမပတ်တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ ကိုယ်ရေးမှတ်တမ်းများ ဖြည့်စွက်ကာ နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ပေးပို့ခဲ့ရကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။
ယခုလပိုင်းအတွင်း အသက် (၅၅) နှစ်အထက် ၀န်ထမ်းများ အငြိမ်းစားယူရမည် ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး လုပ်သက် (၅) နှစ်အောက် ၀န်ထမ်းငယ်များ အင်အားလျှော့မည့်စာရင်းတွင် ပါဝင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသဖြင့် ကိုယ်ရေးမှတ်တမ်း တောင်းခံနေသည့်အပေါ် ပညာရေးဝန်ထမ်းများက သို့လော သို့လော ဖြစ်နေကြသည်။
“၅၅ နှစ်အထက်တွေ ပင်စင်ပေးလည်း တို့က ၀မ်းမနည်းပါဘူး။ ဒါပေမယ့် ခုကလေးတွေ စာသင်နေတာ အလုပ်လုပ်ကြဖို့ မဟုတ်ဘူးလား။ အလုပ်ဝင်စမှာ အဲလိုတွေ ဖြုတ်နေရင် ကလေးတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်ကုန်မလဲ” ဟု ကျောင်းအုပ် ဆရာမကြီးတဦးက သုံးသပ်သည်။
Sunday, November 22, 2009
| [+/-] |
Children’s Rights Celebrated in Naypyidaw |
By WAI MOE Friday, November 20, 2009
http://www.irrawaddy.org/article.php?art_id=17260
The Burmese military junta celebrated the 20th anniversary of the Universal Convention on Children’s Rights on Friday in Naypyidaw.
The ceremony surprised many people in the human rights community because the junta is often cited as one of the world’s worst regimes in violating the rights of children. The army is regularly accused of conscripting child soldiers.
A non-binding resolution approved on Thursday by the UN Assembly’s Third Committee called on the Burmese government to end the recruitment of child soldiers and “to intensify measures to ensure the protection of children from armed conflict.”
The UN committee called on the junta to cooperate with the UN special representative for Children and Armed Conflict by granting access to areas where child soldiers are recruited.
According to a report by the US State Department: “Urban poor and street children in Rangoon and Mandalay are at risk of involuntary conscription as child soldiers by the Burmese junta. Thousands of children are forced to serve in Burma’s national army as desertions of men in the army rise. Some children were threatened with jail if they did not agree to join the army.”
The Burmese army has an estimated 70,000 child soldiers, one of the highest percentages in the world, according to rights’ groups. Some are as young as 11 years old. Non-state armed groups also recruit thousands of children as soldiers.
The exile-based Human Rights Education Institute of Burma (HREIB), which monitors children’s rights in the country, claimed that the junta recently used child soldiers in military offensives against ethnic minorities.
In a statement on Nov. 9, the group said the military offensive by the regime in the Kokang area of northeastern Burma and Karen State underscored the gravity of the situation.
“Celebrating the convention on children’s rights means respecting child rights,” said Aung Myo Min, the coordinator of HREIB. “The event in Naypyidaw seems to be a showcase without meaning since the Burmese junta has failed to collaborate with the UN Security Council Working Group on Children and Armed Conflict for four years.”
He said that according to the International Labor Organization (ILO), the number of child soldiers in Burma is increasing.
Other abuses involving Burmese children occur in the areas of child labor, human trafficking, healthcare and education.
There are no official statistics on child labor in the country. However, the ILO has estimated that more than 1.1 million Burmese children are economically active. Child laborers are noticeable on the streets and in teashops and markets in Burmese cities.
Burma has one of world’s poorest health care systems. The UN International Children’s Emergency Fund (UNICEF) has said that infant mortality in the country is unusually high, with one out of 10 live births resulting in death.
“Malnutrition is widespread among children under five with about one-third of children severely or moderately stunted and underweight,” according to UNICEF.
The UN says that less than 55 percent of children in Burma complete primary school.
Rights groups say Burmese children work as forced laborers in dangerous jobs in Thailand, China, Bangladesh, Taiwan, India, Malaysia, Korea, Macau and Japan. Oftentimes, the children are exploited in the sex industry.
Independent researchers estimate that at least 20,000 Burmese children work in Thailand alone.
“Burmese children in Thailand are subjected to conditions of forced labor as hawkers, beggars, and for work in shops, agriculture, fish processing and other small-scale industries,” said the US State Department in its “Trafficking in Persons Report 2009.”
“Trafficking in girls for the purpose of prostitution persisted as a major problem, particularly in urban areas. Burma is [also] a destination country for child sex tourism,” the report said.
| [+/-] |
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ |
22 November 2009
http://www.voanews.com/burmese/2009-11-22-voa2.cfm
အမေရိကန်နိုင်ငံ ပြည်နယ်တွေအနက် ကမ္ဘာမှာ လူသိအများဆုံး ထဲမှာပါသလို အစဉ်အလာအရ စီးပွားရေး အင်အားကောင်း လာခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြည်နယ်အစိုးရရဲ့  ဘဏ္ဍာလိုငွေပြမှု အခက်အခဲတွေ ကြီးသည်ထက် ကြီးလာတာ ကြောင့် ပြည်နယ်တွင်း အစိုးရတက္ကသိုလ်တွေရဲ့ ကျောင်းလခကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုးမြှင့်ကြောင်း ကြေညာ လိုက်ပါတယ်။ ဒါကို မကျေနပ်ကြတဲ့ ပြည်နယ်တလွှားက ကျောင်းသားကျောင်းသူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျယ်လိစ် မြို့က ဗွီအိုအေ သတင်းထောက် Mike O'Sullivan ပေးပို့ထားတဲ့ သတင်းလွှာနဲ့အတူ အဲဒီမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတချို့ ရဲ့ အမြင်ကို နော်ရှိုးက တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံက ပြည်နယ်အစိုးရတက္ကသိုလ်ကြီးတွေ အားလုံးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရ တက္ကသိုလ်တွေမှာ ကျောင်းလခ ၃၂% တိုးမြှင့်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ပြည်နယ်အစိုးရက မူသစ်ချမှတ် လိုက်တဲ့အပေါ် ကျောင်းသားကျောင်းသူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက University of California, Berkeley (UC Berkeley) လို့ အခေါ်များတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်ထဲမှာမှ အကောင်းဆုံးတခုဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်မှာ စာသင်ခန်းတခန်းကို ကျောင်းသား အယောက် ၅၀ လောက်က နာရီအတန်ကြာ ၀င်စီးခဲ့ကြပါတယ်။ သူတို့ကို ထောက်ခံတဲ့ ကျောင်းသားတွေကလည်း ဗုံတွေတီးပြီး လက်ခုတ်ဩဘာပေးခဲ့ကြပါတယ်။ စာသင်ခန်းကို ၀င်စီးခဲ့တဲ့ ကျောင်းသား တချို့ကတော အထိန်းသိမ်းခံခဲ့ရပါတယ်။ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို ထောင်ထဲပို့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ UC Berkeley မှာ နောက်ဆုံးနှစ် နိုင်ငံရေးသိပံ္ပဘာသာ ဆည်းပူးနေတဲ့ မအောင်ဆိုင်းမိုင်က သူ့ရဲ့ အမြင်ကို ခုလိုပြောပါတယ်။
"အခုက World Street မှာရှိတဲ့ CEO တွေ၊ ဘဏ်တွေကိုကျတော အစိုးရက စီးပွားရေး ပိုကောင်းလာအောင် ငွေပေးတာ တွေ လုပ်ပေးတယ်။ ဒါပေမယ့် တကယ်တော်တဲ့လူငယ်တွေ၊ ကိုယ့်ရဲ့ တိုင်းပြည်အတွက် ပိုပြီး တိုးတက်အောင် လုပ်နေတဲ့ လူငယ်တွေ၊ ပညာသင်နေတဲ့ လူငယ်တွေ အတွက်ကျတော့ မပေးဘူးဆိုတော့။ သမီးတို့လို လူငယ်တွေ အတွက်တော့ ဘယ်ကောင်းမှာလဲ။ အမေရိကား ဆိုတာ အရမ်းတိုးတက်တဲ့နိုင်ငံလေ။ ကိုယ်ကျိုးစားရင် ကိုယ်ရတယ်။ အခုလို အစိုးအနေနဲ့ ဒီလိုလူတွေကို အားမပေးရင် ဘယ်သူ့ကို ဦးစားပေးမလဲ။"
နောက်တခါ Santa Cruz မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်တခုမှာလည်း ရုံးအဆောက်အဦကို ကျောင်းသားတွေက ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာ နှစ်ရက်လုံး ၀င်စီးခဲ့ကြပါတယ်။ လော့စ်အိန်ဂျယ်လိစ် မြို့နဲ့ ဒေးဗိစ် (Davis) မြို့တွေက ပြည်နယ်အစိုးရ တက္ကသိုလ်တွေမှာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ကျောင်းသားတွေ ဆန္ဒပြခဲ့ရာက တချို့ အထိန်းသိမ်းခံခဲ့ရပါတယ်။
UCLA ခေါ် လော့စ်အိန်ဂျယ်လိစ် မြို့မှာရှိတဲ့ တက္ကသိုလ်က နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုမျိုးသန့် ကလည်း ကျောင်းလခ တိုးလိုက်တာဟာ ကျောင်းသားတွေအတွက် မတရားဘူးလို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ UCLA ရဲ့ အဓိက Mission က ဘာလဲဆိုတော့ သူက public school ဖြစ်တယ်။ public education ဆိုတဲ့ အဓိပ္ပါယ်က လူမျိုးမရွေး ဘာသာမရွေး အဲဒီလို ဆင်းရဲတဲ့သူရော ချမ်းသာတဲ့သူရော တတ်နိုင်အောင် လုပ်ပေးထားတဲ့ တက္ကသိုလ်ဆိုတော့ ရှေ့လျှောက် ၃၂ % တိုးလိုက်လို့ရှိရင် နံပါတ် (၁) ကျောင်းသားတွေ အများစု တတ်နိုင်မှာ မဟုတ်ဘူး။ နံပါတ် (၂) အဲဒီလိုမျိုး ကျောင်းသားတွေ အများစု မတတ်နိုင်တဲ့အခါ တက္ကသိုလ်က ဘာဖြစ်လာမလဲဆိုတော့ ထူးချွန်တဲ့လူငယ်တွေ နည်းလာမယ်။"
အခုလို အငြင်းပွားစရာ ဖြစ်နေတဲ့ ကျောင်းလခ ၃၂ % တိုးမြှင့်မယ့် အစီအစဉ်ဟာ အဆင့်နှစ်ဆင့်နဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ လာမယ့် ဇန်န၀ါရီလက စလို့ ကျောင်းလခကို တနှစ် ဒေါ်လာ ၈,၃၀၀ ကျော် ပေးရမှာဖြစ်ပြီး နောက်နှစ်လယ် လောက်ကစလို့ ဒေါ်လာ ၁၀,၀၀၀ ကျော်အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိက တက္ကသိုလ်တွေနဲ့ စာရင် အများကြီး ဈေးသက်သာသေးတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကယ်လီဖိုးနီးယား အစိုးရ တက္ကသိုလ်တွေရဲ့ ကျောင်းလခထက်တော့ ၃ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။ ဒေးဗစ် မြို့မှာုရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တခုမှာ ကျောင်းတက်ခဲ့ပြီးတော့ အလုပ်လုပ်ခဲ့ဖူးသူ တယောက်ကလည်း အခုလို ကျောင်းလခ တိုးလိုက်တာဟာ ထင်သလောက်မဆိုးဘူး ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။
"တိုင်းပြည်ရဲ့ အခြေအနေအရ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးအရ ကျောင်းလခကို တိုးလိုက်ရတယ် ဆိုပေမယ့်လည်း ပျမ်းမျှအားဖြင့်ကြည့်မယ်ဆိုရင် ဒီဟာက အရမ်းနဲ့ဆိုးရွားတာတော့ မဟုတ်ဘူးလေ။ တခြားပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ် ပညာတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ကယ်လီဖိုးနီးယားက အများကြီး ဈေးတော်သေးတယ်။ ပြီးတော့ တကယ်လို့ ကျောင်းသားတွေက တက္ကသိုလ်တက်ဖို့အတွက် ပိုက်ဆံမရှိဘူးဆိုရင် သူတို့ဆီမှာ တက္ကသိုလ်ပညာကိုရဖို့အတွက် တခြား နည်းလမ်းတွေလည်း ရှိတယ်။ ဥပမာ - community college ပေါ့၊ ၂ နှစ်တက်ရတဲ့ ကောလိပ်ကို သူတို့ သွားလို့ရတယ်။ ပြီးရင် University of California ကို ပြောင်းလို့ရတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ ၂ နှစ်စာ ကျောင်းလခ သက်သာမယ်။ ပြီးတော့ University of California ကပေးတဲ့ ဘွဲ့ကိုလည်း သူတို့ရမယ်။"
အခုလို ကျောင်းလခ ၃၂ % တိုးလိုက်တယ်ဆိုပေမယ့် မိဘနှစ်ဦးပေါင်း ၀င်ငွေ တနှစ်ကို ဒေါ်လာ ၇ သောင်းအောက်ပဲ ရှိတဲ့ ကျောင်းသားကျောင်းသူတွေကတော့ အရည်အချင်း ပြည့်မီရင် အစိုးရပညာသင် ထောက်ပံ့ငွေတွေ အလုံအလောက် ရနိုင်မှ ဖြစ်တယ်လို့ တက္ကသိုလ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောင်းလခ တိုးလိုက်တာကြောင့် ငွေမလောက်လို့ ပိတ်လိုက်ရတဲ့ အတန်းတွေကိုလည်း ပြန်ဖွင့်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပါမောက္ခတွေ တော်တော်များများ ဟာလည်း လစာမဲ့ ခွင့်ရက်တွေ မယူမနေရ ယူခဲ့ရပါတယ်။ ပါမောက္ခတွေ စိုးရိမ်နေတာက တက္ကသိုလ် ပညာ အရည်အသွေးကို ထိခိုက်မှာနဲ့ ကမ္ဘာ့ အတော်အတတ်ဆုံး ပါမောက္ခတွေ၊ သုတေသီတွေကို မဆွဲဆောင်နိုင်တော့မှာကိုပဲ ဖြစ်ပါတယ်။
အမေရိကန်တနိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး ဆုတ်ယုတ်မှုပြဿနာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ လည်း ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေမှာလည်း နောက် ၁၈ လအတွင်း လိုငွေပြမှု ဒေါ်လာသန်းပေါင်း ၂၁,၀၀၀ လောက် ရှိနေတာဖြစ်တယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်နေကြပါတယ်။
Thursday, November 19, 2009
| [+/-] |
ပညာရေးဟာသ - ကျောင်းမသွားချင်သူ |
(ကျောင်းမသွားချင်သူ)
အမေ။ ။ သားရေအိပ်ရာထတော့ကွယ်၊ ကျောင်းချိန်နောက်ကျနေဦးမယ်။ ထ ....ထ
သား။ ။ ဟာ...အမေကလည်း သားကျောင်းမသွားချင်ဖူး၊
သားကိုကျောင်းကဆရာတွေဆရာမတွေအားလုံးကလည်းမုန်းတယ်၊
ကျောင်းသားတွေကလည်းမုန်းတယ်၊ မသွားချင်ဖူးအမေရာ
အမေ။ ။ သြော် .....သားရယ် ၊ ဒါပေမယ်. သားကျောင်းသွားရမယ်လေ၊ ထတော့
သား။ ။ ဒါဆိုသားကိုဘာကြောင်.ကျောင်းသွားရမယ်ဆိုတာပြော။
မေမေပြောတဲ.အကြောင်းပြချက်ခိုင်လုံမှ သားသွားမယ်
အမေ။ ။ ခက်တဲ.ကလေးပဲ။ သားကျောင်းတက်မှဖြစ်မှာပေါ.။
ဘာကြောင့်လဲဆိုတော.သားကကျောင်းအုပ်ဆရာကြီးမဟုတ်လား။
-----------------------------------------------------------------------------------------
Type the rest of your post here.
| [+/-] |
ပုဂ္ဂလိက အထက်တန်းကျောင်းများ ဖွင့်နိုင်တော့မည် |
Wednesday, 18 November 2009 18:16 အေးလဲ့
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2158:2009-11-18-11-24-24&catid=1:news&Itemid=2
လာမည့် ၂၀၁၀ -၂၀၁၁ ခုနှစ် ပညာသင်နှစ်မှ စပြီး ပုဂ္ဂလိက အခြေခံ အထက်တန်းကျောင်းများ တရားဝင် ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူပေါင်းပြီး ပြင်ဆင်မှုများ စတင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ပါက ပညာရေးဝန်ကြီးဌာနက လက်ရှိ ကျင့်သုံးနေသောသင်ရိုးညွှန်းတန်း ကိုသာ ကျင့်သုံးရမည်ဖြစ်ကြောင်း Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
အခြေခံပညာ အထက်တန်းအဆင့် တက္ကသိုလ်ဝင် စာမေးပွဲကိုမူ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့ထံ မှတ်ပုံတင်၍ ဝင်ရောက်ဖြေဆိုရမည်ဟု သိရသည်။
မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ လေ့လာနေသူ ကိုမြင့်ဇော်က “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရရင် ကောင်းပါတယ်။ လူငယ်တွေ နိုင်ငံခြားထွက်ပြီး ပညာသင်တာထက်စာရင် ကောင်းတာပေါ့။ ဒါပေမယ့် တကယ့်ပိုက်ဆံရှိ သား သမီးတွေ တက်နိုင်တဲ့ ကျောင်းနဲ့ ဆင်းရဲသားတွေ တက်နိုင်တဲ့ ကျောင်းဆိုတဲ့ ကွာခြားချက်မျိုး ဖြစ်လာ နိုင်တယ်၊ ဒါဟာ ရေရှည်အနာဂတ်ကို ထိခိုက်နိုင်တယ်” ဟု ပြောသည်။
ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် အတွက် မြေနေရာ၊ အဆောက်အဦး၊ သင်ကြား ပို့ချမည့် ဆရာ၊ ဆရာမများ၊ သင်ထောက်ကူ ပစ္စည်းများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် လိုအပ်သည့် ရင်းနှီး မြှုပ်နှံရမည့် ငွေကြေးကို ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု သိရသည်။
လက်ရှိနာမည်ကြီးနေသော ရန်ကုန်ရှိ ACA၊ ပြင်ဦးလွင်ရှိ စာပန်းအိမ်နှင့် နေပြည်တော်မှ စိုးစံ စသည့် ပုဂ္ဂလိက ပညာရေး လုပ်ငန်းတို့က အထက်တန်းကျောင်းဖွင့်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ကြားသိရသည်။ သို့သော် အထက်ပါ အကြောင်းရင်းနှင့် ပတ်သက်ပြီး အဆိုပါ ပုဂ္ဂလိကျောင်းများကို ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။
ဖွင့်လှစ်ထားခဲ့ပြီးသော ဘော်ဒါဆောင်များမှာ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်အရ မဟုတ်ဘဲ စီးပွားကူးသန်း ဝန်ကြီးဌာန (သို့မဟုတ်) စည်ပင်သာယာ လိုင်စင်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အခြေခံပညာရေး ဦးစီး ဌာနမှ သိရသည်။
မန္တလေးမြို့ရှိ “နေသူရိန်” ဘော်ဒါဆောင်တွင် တက်ရောက်ပညာသင်ကြားနေသည့် ၁၀ တန်း ကျောင်းသား တဦး၏ မိခင်က “ တနှစ်ကို ကျပ် သိန်း ၂၀ လောက် ကုန်တယ်၊ နှစ်ခါခွဲပေးရတယ်။ ပထမတခါက ၁၀ သိန်း နောက်ပိုင်း ၉ သိန်း ခုတော့ ကြေသွားပြီပေါ့။ ဒါပေမယ့်လည်း သူ့အတွက် မုန့်ဖိုးနဲ့၊ တခြားလိုအပ်တာနဲ့ဆို အနည်းဆုံး တလ၊ တလကို ၁ သိန်းလောက်တော့ ပြန်လိုက်ရတယ်” ဟု ပြောသည်။
တက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရတာက အခွင့်အလမ်းကောင်း တခုပါပဲ။ ပုဂ္ဂလိကကျောင်း ပေါ်လာခြင်းဖြင့် အင်္ဂလိပ်စာအပြင် တခြား သင်ကြားနည်း စနစ်တွေပါ တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘုန်းတော်ကြီးသင်၊ ပညာသင်ကျောင်းများ စသည့် စေတနာ အလှူရှင်များ၏ အထောက်အပံ့များဖြင့် ပညာသင်ကျောင်းများလည်း ဖွင့်လှစ်ထားလျက်ရှိရာ ဘုန်းတော်ကြီး ပညာသင် ကျောင်း ဖွင့်ထားသည့် ဆရာတော်တပါးက “ လွတ်လွတ်လပ်လပ် ခွင့်ပြုရင် ကြိုဆိုပါတယ်။ အဲဒီလို မဟုတ်ဘဲ အကန့်အသတ်နဲ့ ခွင့်ပြုမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ ပိုများလာနိုင်တယ်။ ဥပမာ အိန္ဒိယ နိုင်ငံမှာ အစိုးရနဲ့ ပုဂ္ဂလိက ကြားက ပညာရေးစနစ်ကို နမူနာယူရမယ်” ဟု ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် လူနည်းစုဖြစ်သည့် ချမ်းသာသော အသိုင်းအဝန်းမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက် သင်ကြားနိုင်သည့် နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ထားသော ILBC၊ YIEC အစရှိသည့် ပုဂ္ဂလိက ကျောင်းပေါင်း ၂၉ ကျောင်းရှိကြောင်း သိရသည်။
သို့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအနှံ့တွင် အထက်တန်း ပညာသင် ကျောင်းသူ၊ ကျောင်းသား များအတွက် ဘော်ဒါဆောင် အများအပြား အပြိုင်အဆိုင် ထွက်ပေါ်လာကာ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းကြီးထွားခဲ့သည်။
မြန်မာနိုင်ငံတွင် အလွတ်ပညာသင် ကျောင်းအနေနှင့် ကိုလိုနီခေတ်မှ ၁၉၆၄ ခုနှစ်အထိ အောင်မြင်မှုကြီးမား ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။


