“တစ်ရံတစ်ဆစ်၊ အပြစ်နာဆာ၊ ရှိသောခါမူ ကွယ်ရာခေါ်၍၊ ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်၊ ပွဲပြင်ရောက်မူ၊ မြှောက်မြှောက်စားစား၊ သားအားပိုက်ဖြူး၊ မိဘကျူးသို့၊ ကျေးဇူးကိုသာ၊ ရှာ၍ ချီးဆို ထဲကြည်ညိုလျက်”
(ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့ ၁၅၈)
Type the rest of your post here.
Tuesday, December 29, 2009
[+/-] |
(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား |
စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Dec09/291209c.php
ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ် ကြီးမြင့်မှု ကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။
တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ် ၀င်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။
“ကျောင်းမှာက ထိရောက်တဲ့ သင်ကြားမှုမရှိဘူး။ ကလေးတိုင်း အပြင်ကျောင်းယူရတယ်။ ရန်ကုန်က ကလေး (၃) ပုံ (၁) ပုံ လောက်ပဲ ဒဂုံလိုကျောင်းမျိုး တက်နိုင်တယ်။ အပြင်ကျူရှင် ပိုက်ဆံပေးယူနိုင်တယ်။ ကျန်တဲ့ ကလေးတွေ မယူနိုင်ဘူး” ဟု ပညာရေးသုတေသန အကြီးတန်းအရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့် ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။
“နာမည်ကြီး ဆရာကြီးတွေ၊ ဆရာမကြီးတွေက အနီးကပ်သင်တန်းပေးတာတွေ ဒီလထဲမှာ စပြီးရှိလာတယ်။ ဒေါက်တာဘိုင်အို တို့လို နာမည်ကြီး ဆရာကြီးတွေ အခမဲ့သင်တန်းတွေ ပေးလာတယ်။ အဲဒီမှာ လှည့်ပတ်ပြီး သွားတက်ပါတယ်” ဟု ရန်ကုန်မြို့ ၀ါးတရာကျေးရွာမှ (၁၀) တန်းကျောင်းသူတဦးက ပြောသည်။
(၁၀) တန်း ကျောင်းသားတယောက်လျှင် ကျောင်းစရိတ် ကျပ် (၁) သိန်းအထက်တွင် ရှိနေသော်လည်း အခြေခံပညာ ကျောင်းများက လုံလောက်သော သင်ကြားမှု မပေးနိုင်ဘဲ ကျောင်းသားတိုင်း ပြင်ပကျောင်းများ ကိုသာ အားထားနေကြခြင်း ဖြစ်သည်။
“ကျောင်းသားက စရိတ် (၂) ခု ကုန်သလို ဖြစ်နေတာ။ အရင်က ကျောင်းတက်စရာမလိုဘူး။ အပြင်ဖြေခွင့်ပြု တုန်းက ကျောင်းသားက ကျောင်းတက်ရင် ကျောင်းစရိတ်ပဲ ကုန်မယ်။ ကျူရှင်ယူရင် ကျူရှင်စရိတ်ပဲ ကုန်တယ်။ အခုက ကျောင်းက မတက်မနေရဆိုတော့ ကျူရှင်လည်း မယူလို့က မဖြစ်ဆိုတော့ စရိတ် (၂) ခါကုန်တယ်” ဟု ပညာရေးသုတေသန အကြီးတန်း အရာရှိက ပြောသည်။
ပညာသင်စရိတ် မတတ်နိုင်ခြင်း၊ လုံလောက်သည့် ပညာသင်ကြားချိန် မရှိခြင်းကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ရှိသည့်အနက် (၁၀) တန်းကျောင်းသား အောင်ချက် (၅၀) ရာခိုင်နှုန်းကျော်သော ကျောင်းပေါင်း (၇၀၀) ခန့်သာ ရှိတော့ကြောင်း သိရသည်။
(၁၀) တန်းအောင်ချက် ရာခိုင်နှုန်းသည် ပြင်ပဖြေများ ပိတ်ပင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ပညာရေးသုတေသနဌာနမှ သိရသည်။
Sunday, December 27, 2009
[+/-] |
ကွယ်လွန်သူ သူငယ်ချင်းသို့ (တက္ကသိုလ်မင်းမော်၊ ၁၉၃၃-၂၀၀၅) |
မောင်စွမ်းရည်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
သူငယ်ချင်းရေ
မင်းလဲသေမျိုး၊ ငါသေမျိုးမို့
အစိုးမရ အနတ္တ
(အစိုးရလဲ အနတ္တ)
သူငယ်ချင်းရေ
မင်းလည်းဆရာ၊ ငါဆရာမို့
သမ္မာအာဇီဝ ရှိသမျှမှာ
ပညာအဇီဝ မြတ်ပြီပ
နေကျိုးနပ်စွ ဆိုအပ်လှ။
သူငယ်ချင်းရေ
မင်းလဲစာဆို၊ ငါစာဆိုမို့
ကုသိုလ်မလပ် လူ့ထုပ္ပတ်ကို
ဝိပဿနာရှု စာဆိုမှုနဲ့
အကုသိုလ်ကင်း ကြည်စိတ်လင်းလို့
မင်းလဲပျော်ရ ငါပျော်ရ
သန္တရသ ကဗျာက
မဟော်က၀ိ “ဇော်” တပည့်မို့
မျှော်မိ အမတ မြတ်ဘဝ
ကဗျာကုသိုလ် စာကုသိုလ်နဲ့
ကုသိုလ်ပြုသမျှ ဖို့ဘာက
အမျှ အမျှ အမျှ ယူလိုက်ပ
သာဓု သာဓု နုမော်ဒန။ ။
(မတ် ၂၄ ။၂၀၀၅)
Tuesday, December 15, 2009
[+/-] |
ပညာရေးအပေါ် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စိတ်ဝင်စားမှုရှိလာ |
Tue 15 Dec 2009, IMNA, ရိုင်မရော့
မွန်ပညာရေး ကော်မတီ (Mon National Education Committee) မှ ဖွဲ့စည်း တည်ထောင်ထားသည့် ကျောင်းများမှ ပညာသင်ကြားနေသော ကျောင်းသား/သူများ ပညာသင်ကြားမှုအပိုင်း၌ စိတ်စားမှု ပိုမိုများပြားလာကြောင်းသိရသည်။
မွန်ပညာရေး ကော်မတီမှ တည်ထောင်ထားသည့် ကျောင်းပေါင်း (၁၅၄) ကျောင်းနှင့် အစိုးရကျောင်းနှင့် ပူးတွဲသင်ကြားနေသည့် ကျောင်းပေါင်း (၁၁၈) ကျောင်းတို့မှ ပညာသင်ကြားနေသည့် ကျောင်းသား/သူတို့၏ ၂၀၀၉-၂၀၁၀ ပညာသင်ကြားမှုအခြေနေ ခါတိုင်းနှစ်တွေထက် ပိုမိုတိုးတက်လာနေသည်။
“ခါတိုင်းနှစ်မှာဆိုရင် ကျောင်းသားတွေ နှစ်ဝက်လောက်မှာ ကျောင်းထွက်လိုက်တာတို့၊ စာမေးပွဲဖြေခါနီးမှာ ကျောင်းထွက်လိုက်တာ ရှိတယ်၊ ကျောင်းစာဘက်မှာ စိတ်ဝင်စားမှုနည်းနေတယ်၊ ဒီနှစ်မှာတော့ ကျောင်းသားတွေ စာဘက်မှာလည်း စိတ်ဝင်စားမှုပိုရှိလာတယ်၊ ကျောင်းထွက်တာလဲမရှိဘူး” ဟု မွန်ပညာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့် ကျောင်းပေါင်း ၂၇၂ ကျောင်းအနက် ၁၅၄ ကျောင်းမှာ ထို ကော်မတီ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်၌ရှိပြီး၊ ကျန်သည့် ၁၁၈ ကျောင်းကို မြန်မာစစ်အစိုးရတို့၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် သင်ကြားနေရသည်။
“ငွေကြေးမတက်နိုင်သူ ကျမတို့လိုမျိုးကျတော့ ခလေးတွေကို မွန်ကျောင်းမှာပဲ ထားပေးနိုင်တယ်၊ ငွေကြေးအကုန်ကျနည်းတယ်၊ အစိုးရကျောင်းတွေကျတော့ ခဏ ဟိုကြေး ဒီကြေးဆိုပြီးတော့ နေ့တိုင်းလိုလိုကောက်နေတယ်ဆိုတော့ ဘယ်လိုမှမတက်နိုင်ဘူး၊ ဒီကျောင်းမျိုးကတော့ ကျမတို့ခလေးတွေရဲ့ အနာဂတ်အတွက်တော့ ကောင်းတာပေါ့၊ ဒါမှမဟုတ်ရင်တော့ ကျမတို့ ခလေး စာတက်မှာမဟုတ်ဘူး” ဟု မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း မွန်ပညာရေးကျောင်းမှ ကျောင်းသား (၃၆၀၀၀) ကျော်ရှိပြီး၊ ဆရာ/ဆရာမစုစုပေါင်း ၇၈၉ ယောက်ရှိသည်။
မွန်ပညာရေးကျောင်းကို ကူညီထောက်ပံ့ပေးနေသည့် အလှုရှင်များ လှုဒါန်းမှုဖြတ်ထောက်မည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် (MNEC) အနေဖြင့် အလှုရှင်များထံမှ အလှုငွေများကို ပုံမှန်အတိုင်း လက်ခံရရှိနေကြောင်းလည်း သိရသည်။
မွန်ပညာရေးကျောင်းကို (International NGO) အဖွဲ့စည်းနှစ်ဖွဲ့ထံမှ ထောက်ပံ့ကြေးများရရှိနေပြီး၊ ၄င်းတို့ထံမှ ရရှိသည့် ငွေပမာဏသည် လုံလောက်မှုမရှိပေ။ သို့သော်လည်း ကျောင်းသူ/သားမိဘတို့၏ ကူညီထောက်ပံ့မှုများဖြင့် နှစ်စဉ် လုပ်ငန်းလည်ပတ်နိုင်ခဲ့သည်။
“MNEC က ဖွဲ့စည်းထားတဲ့ကျောင်းတွေက နိုင်ငံတကာက အလှုရှင်တွေ အလှုငွေဖြတ်တောက်လိုက်လဲ၊ ဒီပညာရေးက ပျက်သွားမှာမဟုတ်ဘူး၊ ဘာဖြစ်လို့ဆိုတော့ အလှုရှင်တွေက ရတဲ့ငွေပမာဏဟာ ကျောင်းသားမိဘတွေကရတဲ့ငွေထက်ကို နည်းနေတယ်၊ အခု ဆရာ/ဆရာမတွေကို လစာပေးနေတဲ့ငွေတွေက (Donor) ကရတဲ့ငွေအားလုံးမဟုတ်ဘူး၊ (Donor) ကရတဲ့ငွေ သုံးပုံတစ်ပုံလောက်ပဲပါတယ်၊ နှစ်ပုံကတော့ ကျောင်းသားမိဘတွေ ထောက်ပံ့တဲ့ငွေတွေဖြစ်တယ်” ဟု ဗဟိုပညာရေး ဒုတာဝန်ခံက ပြောသည်။
မွန်ပညာရေး ကော်မတီမှ ဖွဲ့စည်းထားသည့်ကျောင်းမှ ဆရာ/ဆရာများက လစာကို သုံးလတစ်ကြိမ်ထုတ်ပေးနေပြီး၊ တစ်လလျှင် ပျမ်းမျှ ထိုင်းဘတ် (၆၀၀) ရရှိနေပြီး၊ တစ်နှစ်အတွက် (၁၀) လစာ လခခံစားခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ရှင်းပြသည်။
ဒေသခံ ကျောင်းသားမိဘတို့ကလည်း တိုးတက်လာနေသည့် သားသမီးတို့၏ပညာရေးအပေါ် အားပေးမှုရှိလာပြီး တချို့ကျေးရွာတွေမှာ ဆရာ/ဆရာမများအတွက် လစာထောက်ပံ့ပေးနေသည့်အပြင် တစ်လလျှင် ဆန်တစ်အိတ်ဖြင့် ထောက်ပံ့နေသည်များလည်းရှိသည်။
Wednesday, November 25, 2009
[+/-] |
နိုင်ငံမဲ့ လူငယ်လေးတစ်ဦးရဲ့ အိပ်မက် |
Wednesday, 16 September 2009 19:01
ကိုထွေး
http://irrawaddy.org/bur/index.php?option=com_content&view=article&catid=2:articles&id=1819:2009-09-16-12-06-28&Itemid=30
ကောင်းကင်ကို စိုးမိုး ပျံသန်း နိုင်ဖို့ ဆိုတဲ့ အိပ်မက်ရဲ့ အစိတ်အပိုင်းတခုကို အကောင်အထည် ဖော်ခဲ့တဲ့ မောင်သောင်ဒီ ကတော့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့မှာကျင်းပ ပြုလုပ်မယ့် အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။
“ကျနော့်ကို ထိုင်းဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားဖို့ အားပေးစကားပြောတယ်၊ တကယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့ရင် သူ့ကို အရင်ဆုံးလာ တွေ့ဖို့ပြောတယ်၊ အဲ့ဒါကြောင့် ကျနော် အခု ပထမဆုရဖို့အတွက် လက်တွေ သန်မာအောင် အပြင်းအထန် လေ့ကျင့် နေတယ်” လို့ မောင်သောင်ဒီ က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းစတက်ခဲ့ရတဲ့ မောင်သောင်ဒီဟာ ၁ တန်း ကျောင်းသား ဘ၀ကတည်းက စက္ကူနဲ့ လေယာဉ်ပျံ ချိုးခေါက်ပြီး သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင် ကစားလေ့ ရှိခဲ့ရာက ၄ တန်းရောက်တော့ ချင်းမိုင် တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲမှာ ပထမ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာလည်း သူရဲ့လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာ လေပေါ်မှာ ပျံဝဲနိုင်လို့ ပထမဆု ရရှိခဲ့ပြန်ပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ တဦးဖြစ်လာတဲ့ အတွက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။
မောင်သောင်ဒီက “ကျနော်က လေယာဉ်ပျံ တည်ဆောက်တဲ့သူ ဖြစ်ချင်တယ်၊ စက်မှုလက်မှုကို ၀ါသနာ ပါတယ်၊ ကျနော်က ဖန်တီးရတာကို ၀ါသနာပါတယ်” လို့ သူ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
သို့ပေမယ့်လည်း ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ကိုခရီးသွားလတ်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ အိပ်မက်တွေ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရပါတယ်။
ဆိုပြီး ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က မောင်သောင်ဒီကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ဘူး ဆိုတာနဲ့ တကယ်လို့ ဒီပြိုင်ပွဲကို သူ ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။
“ကျနော့်ကို ပြည်ထဲရေးဌာနက ငြင်းလိုက်တော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဘူး၊ ကျနော်က ထိုင်းနိုင်ငံသားလို့ ပဲထင်တယ်၊ ထိုင်းနိုင်ငံမှာ ပျော်တယ်၊ ဒါပေမယ့် နိုင်ငံသား ဖြစ်ဖို့ အတွက်ကတော့ အာဏာပိုင်တွေ ပေါ်မှာ မူတည်ပါတယ်၊ မြန်မာပြည်ဆိုတာ သူငယ်ချင်းတွေဆီက တဆင့်ပဲ ကျနော်ကြားဖူးတယ်” လို့ အသက် ၁၂ နှစ်အရွယ် မောင်သောင်ဒီက ပြောပါတယ်။
ဒါပေမယ့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မောင်သောင်ဒီဟာ ယာယီ နိုင်ငံကူး လတ်မှတ် ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးအတွက် အကျိုးဆောင် ပေးနေတဲ့ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာပဲ။ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်” လို့ ပြောပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ အနေနဲ့ကတော့ ကျောင်းလည်း တက်နိုင်၊ အလုပ်အကိုင် ရှာဖွေရတာလည်း လွယ်ကူပြီး အနာဂတ် ခရီး ပိုမိုကောင်းမွန် စေဖို့အတွက် ထိုင်းနိုင်ငံသား ဖြစ်ချင်ကြတဲ့ ဆန္ဒ ရှိနေပါတယ်။
တကယ်တော့ မောင်သောင်ဒီရဲ့ မိဘ ၂ ပါး ဖြစ်တဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ဟာ ရှမ်းပြည်တောင်ပိုင်း ခိုလန် ဇာတိ ဖြစ်ပြီးတော့ ရွာမှာ စီးပွားရေး မကောင်းတဲ့ အတွက် လက်ထပ်ပြီး သိပ်မကြာခင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကနေ ၄ သန်းထိ အလုပ် လုပ်ကိုင် နေကြပြီး အများစုက တရားမ၀င် လာရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။
မောင်သောင်ဒီရဲ့ မိဘတွေ ရောက်စက FANG ဒေသမှာရှိတဲ့ လိုင်ချီး၊ လိမ္မော်တို့ စိုက်တဲ့ ခြံမှာ ၀င်လုပ်ခဲ့ရပြီး အဲဒီ ခြံပိုင်ရှင်ကအလုပ်သမား မှတ်ပုံတင် မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ် မောင်သောင်ဒီကို မွေးဖွားခဲ့တဲ့ အချိန်မှာ မှတ်ပုံတင် မရှိတဲ့အတွက် ဆေးရုံကို မသွားရဲတာကြောင့် မွေးစာရင်းမရခဲ့ဘူးလို့ သိရပါတယ်။
“အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အတွက် ဆေးရုံကိုလည်း မသွားရဲဘူး၊ မွေးစာရင်း မလုပ်ခဲ့ရဘူး၊ FANG မှာ ၃ နှစ် ၄ နှစ်လောက် နေပြီးတော့ အလုပ်အကိုင် ပိုကောင်းမယ်လို့ ထင်ရတဲ့ ချင်းမိုင်ကို လာခဲ့တာ၊ အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတော့ ဘယ်မှ မသွားရဲဘူး” လို့ မောင်သောင်ဒီရဲ့ မိခင် နန်းမွဲက ပြန်ပြောပါတယ်။
ချင်းမိုင်ကို ရောက်တော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပန်းရံအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်ပြီးတော့ ၂၀၀၄ ခုနှစ်မှာတော့ အလုပ်သမား မှတ်ပုံတင်ကို ရရှိခဲ့ပါတယ်။
တနှစ်ပြီး တနှစ် သက်တမ်းတိုးလာတဲ့ သူတို့ရဲ့ အလုပ်သမားကတ်ဟာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကချမှတ်မယ့် ရွှေ့ပြောင်းအလုပ်သမား ဥပဒေကို စောင့်ဆိုင်း နေရတယ်လို့လည်း သိရပါတယ်။
မောင်သောင်ဒီရဲ့ ညီမလေး မြူ ကိုတော့ ဟန်ဒုန်း ဘက်က ဆေးရုံတရုံမှာ မွေးဖွားခဲ့ရလို့ မွေးစာရင်းကို ရယူနိုင်ခဲ့ပါတယ်။
“လုပ်အားခအနေနဲ့ ကျနော်က တရက်ကို ဘတ် ၁၈၀ (ကျပ် ၅၅၀၀ ဝန်းကျင်)၊ ကျနော့် မိန်းမက ၁၅၅ ဘတ် (၄၅၀၀ ကျပ် ဝန်းကျင်) ရတယ်၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ နေပူ မိုးရွာမရှောင် လုပ်ရတယ်၊ တခါတလေ အဆင်မပြေဘူး” လို့ စိုင်းညွန့်က ဆို ပါတယ်။
မိဘတွေ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားသမီးကို ပညာ အမွေပေးဖို့ ဆုံးဖြတ်လိုက်ရင်း မောင်သောင်ဒီကို စတင် ကျောင်းအပ်ခဲ့ပါတယ်။ အရင်က ပညာသင်စရိတ် အနေနဲ့ တနှစ်ကို ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀ ဝန်းကျင်) ကုန်ကျခဲ့ပေမယ့် ဒီနှစ် ထိုင်းအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေကြောင့် ငွေကုန်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။
မောင်သောင်ဒီတို့ရဲ့ မိသားစုက အလုပ်လုပ်တဲ့ နေရာကို မူတည်ပြီး ရွှေ့ပြောင်း နေထိုင်ရတာကြောင့် တနေရာ တည်းမှာ အတည်တကျနေလေ့ မရှိဘဲ လက်ရှိ နေထိုင်နေတဲ့ အခန်းကို ပြောင်းလာတာ ၄ လပဲ ရှိသေးတယ် လို့ သိရပါတယ်။
“မောင်သောင်ဒီ မူကြိုတုန်းကတော့ ချင်းမိုင်မဲ့ကြိုးဘက်က ကျောင်းမှာထားတယ်၊ ၁ တန်းရောက်မှ ဒီအခုနေတဲ့ Ban Huay Sai ကျောင်းကို ပြောင်းလာတယ်၊ အိမ်က သူ့ကို အကြိုအပို့ လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
၁၉၉၅ ခုနှစ် ရှမ်းပြည်နယ် ခိုလန်ရွာ ကနေထွက်လာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ အတွက်တော့ မောင်သောင်ဒီ့ကြောင့် သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြား နေရတာက စိန်ခေါ်မှုတခု ဖြစ်နေပါတယ်၊
“သတင်းသမားတွေမေးတာကို ဖြေရတော့ ထိုင်းစကားတချို့တောင်ခပ်မေ့မေ့ဖြစ်ကုန်တယ်၊ တခုခုမှားသွားမှာ စိုးရိမ်တယ်၊ ကင်မရာတွေနဲ့ဆိုတော့ မလွတ်လပ်ဘူး၊ နေရခက်တယ်” လို့ သူတို့က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုတဲ့ နိုင်ငံမဲ့နေတဲ့၊ မောင်သောင်ဒီလို ကလေးတွေဟာ နယ်စပ် တလျှောက်မှာ မြောက်မြားစွာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံမဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့ အချိန်မှာတော့ မောင်သောင်ဒီရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲလာပြီးတော့ အစောပိုင်း တက်ကြွနေတဲ့ သူ့ရဲ့ အသံဟာ တိမ်ဝင် နစ်မြှုပ်သွားပါတော့တယ်။ ။
Tuesday, November 24, 2009
[+/-] |
ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ |
Tuesday, 24 November 2009 16:07 ရိုးမ ၃
http://www.yoma3.org/index.php?option=com_content&view=article&id=433:2009-11-24-09-10-45&catid=41:2008-09-21-07-44-45&Itemid=124
ပဲခူးတိုင်း၊ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်း (၁၂) လမ်းတွင် နေထိုင်သော ဦးစိုးလွင်၏ သားဖြစ်သူ အသက် (၁၆) နှစ်ရှိသော မောင်ကျော်မင်းဦးသည် မန္တလေးဘူတာတွင် ဩဂုတ်လ၊ ၂၀၀၉ တွင် စစ်သားအဖြစ်စုဆောင်းခံရသည်ဟု ဖခင်ဖြစ်သူမှ ပြောသည်။
မောင်ကျော်မင်းဦးသည် ဖခင်နှင့်အတူ မန္တလေးသို့ သွားရာမှ အပြန် ခိုးခံရသော အထုပ်ကို လိုက်ရှာနေစဉ် ကလေးပျောက် သွားသည်ကို နီးစပ်ရာထမင်းဆိုင်တွင် မေးမြန်းရာ စစ်သားငါးယောက်က ခေါ်ဆောင်သွားသည်ဟု သူ၏ ဖခင်ကပြောသည်။
“မန္တလေးမှာ ၂ ရက်နေပြီးတော့ ၃ ရက်နေ့မြောက်မှာ ပြန်မလို့ ညနေ ၆ နာရီခွဲမှာ လက်မှတ်ဝယ်ပြီးတော့ မနက် ၅ နာရီ ရထားကို စီးမယ်ပေါ့။ အဲဒီမှာပဲ ပထမညက ခိုးခံရတဲ့ အထုပ်ကို လိုက်တယ်။ အထုပ်က ပြန်ရ နောက်ပိုင်းမှာ ကျနော်သားက အိပ်ပျော်နေတာပေါ့လေ။ ပြန်လာတဲ့အခါမှာ စောင်ပျောက်သွားတယ်။ အဲဒီမှာ လက်မှတ်ဝယ်ပြီးတော့ လိုက်ရှာရင်းနဲ့ ကျနော်သားက ပျောက်သွားတယ်” ဟုပြောသည်။
၎င်း၏ ဖခင်သည် အနီးအနားက ထမင်းဆိုင်မှာ မေးကြည့်သည့်အခါ စစ်သားငါးယောက်နှင့်အတူ လက်ဖက်ရည်နှင့် မုန့်များစားသွားပြီး အဆိုပါ စစ်သားတွေနှင့်အတူ ပါသွားတယ်ဟုပြောပြီး အခု အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ပင်လောင်းမြို့၊ အနော်ရထာတပ်ခွဲမှာ ရောက်ရှိနေသည်။
“ကျနော် စာရရခြင်းလိုက်သွားတယ်။ အဲဒီတပ်ကိုရောက်တော့ တပ်အဝမှာ ကျနော်ကို ဝင်ခွင့်မပြုဘူး။ ကျနော်ကို တပ်ကစောင့်တဲ့ ၂ ရစ်နဲ့ စစ်သားတယောက်က အပြင်ထွက်ပြီးတော့ စကားပြောတယ်။ ပထမမှာ ကျော်မင်းဦးဆိုတာ မရှိဘူးလို့ ပြောတယ် အဲလိုပြောပြီးတော့ ရှေ့က ဆိုင်မှာ ထိုင်စောင့်ခိုင်းတယ်။ ၅ မိနစ်လောက်ကြာမှာ သူပြန်ရောက်လာတယ်။ ဦးသားက မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ကျနော် ပေးတွေ့လို့မရဘူး အရာရှိတွေက ပြောထားတယ် ဧည့်တွေ လုံးဝ အခွင့်မပြုဘူးလို့၊ အဲတော့ အရှေ့လ (၁၂) လပိုင်း၊ (၁၅) ရက်နေ့မှာ သူတို့ သင်တန်းဆင်းမယ် အဲဒီအခါကျမှ ကျနော်ကို လာတွေ့ပါလို့ ပြောတယ်” ဟု ဖခင်ဖြစ်သူမှ ပြောသည်။
လမ်းပြကြယ်အဖွဲ့မှ ဦးနိုင်မင်းကြည်ကလည်း အသက်မပြည့်သေးတဲ့ ကလေးစစ်သားနှင့် ပတ်သက်ပြီးတော့ တပ်မတော်အက်ဥပဒေကို အခုလို ပြောပါတယ်။
“တပ်မတော်အက်ဥပဒေ ၁၉၅၉ စက်တင်ဘာလ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ အရ တပ်မတော်သားထဲဝင်မယ်ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီးတော့မှ မိဘအုပ်ထိန်းသူ သဘောတူမှ ဝင်ရမယ်လေ၊ ကျန်းမာရေးလည်း ကောင်းရမယ်လေ။ တပ်မတော် အက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အခုကလေးစစ်သားတွေ မရှိသင့်တဲ့ ကိစ္စနဲ့ ပတ်သက်၍ အက်ဥပဒေကို လိုက်နာဖို့။” ဟု ပြောသည်။
[+/-] |
မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည် |
Tuesday, 24 November 2009 18:51
သန်းထိုက်ဦး
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2185:2009-11-24-11-52-27&catid=1:news&Itemid=2
ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။
“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။
GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။
ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။
“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။
“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။
မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
[+/-] |
ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက် အသေးစိတ်မှတ်တမ်းများ ကောက်ခံနေ |
အောင်ထက် / ၂၄ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/241109d.php
ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေး မှတ်တမ်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ ယနေ့ နိုဝင်ဘာ (၂၄) ရက် နောက်ဆုံးထားပေးပို့ရမည်ဟု အကြောင်းကြား ထားကြောင်း သိရသည်။
ယင်းသို့ ပေးပို့ရာတွင် ယခင်က တင်ပြခဲ့ဖူးသကဲ့သို့ မဟုတ်ဘဲ ကိုယ်ရေးအချက်များအပြင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကိုလည်း သီးခြားပုံစံတခုဖြင့် ထည့်သွင်းဖြည့်စွက်ပေးရသည်ဟု သုဝဏ္ဏမြို့၊ အလက (၂) မှ ဆရာမတဦးက ပြောသည်။
ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အသင်းအဖွဲ့အပါအ၀င် အချက်အလက် (၂၂) ချက်ပါဝင်သည့် ကိုယ်ရေးမှတ်တမ်းပုံစံ (၄) စောင်ကို ဓာတ်ပုံနှင့်တကွ တင်ပြရသည့်အပြင် သီးခြားပုံစံစာရွက်၌ ကိုယ်အလေးချိန်၊ အရပ်၊ မျက်မှန်တပ်ခြင်း ရှိ မရှိ၊ သွေးတိုး၊ ဆီးချို ရှိ မရှိ စသည့်အချက် (၅) ချက်ကိုလည်း ပူးတွဲတင်ပြရသည်ဟု အဆိုပါဆရာမက ပြောသည်။
ကျောင်းလက်ခံ၊ မြို့နယ်ပညာရေးမှူး၊ အမှတ် (၃) အခြေခံပညာဦးစီးနှင့် နေပြည်တော်ပညာရေးဌာနသို့ တင်ပြရန် ယခုကဲ့သို့ ပုံစံ (၄) စောင် ဖြည့်စွက်ရခြင်းဖြစ်နိုင်ကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။
ထိုသို့ ကိုယ်ရေးမှတ်တမ်းများ ပေးပို့ရေးအတွက် ကိုယ်ရေးမှတ်တမ်းပုံစံခ (၁၀၀) ကျပ်၊ ဆေးစစ်ခ (၈၀၀) ကျပ်၊ နေပြည်တော် သို့ ပေးပို့ရန်အချက်အလက်သွင်းမည့် စီဒီဖိုး (၃၀၀) ကျပ်အပါအ၀င် စုစုပေါင်း (၁,၂၀၀) ကျပ်ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးသို့ ပေးသွင်းရကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆရာ၊ ဆရာမတို့က ပြောသည်။
ဆေးစစ်ခ တောင်းခံခြင်းသည် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများတွင် ဆေးစစ်ကုန်ကျစရိတ်အတွက် တောင်းခံခြင်းလား၊
ငွေ (၈၀၀) ကျပ် ပေးသွင်းရုံဖြင့် ဆေးအောင်မည်ဆိုလိုခြင်းလား ဆိုသည်ကိုမူ မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိပေ။
ပညာရေးဝန်ထမ်းတို့၏ ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေခြင်းကိစ္စနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် အမှတ် (၃) အခြေခံပညာဦးစီး (အောက်မြန်မာပြည်) ၏ ညွှန်ကြားချက်အရဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဝန်ထမ်းတို့အား မည်သည့်အတွက်ကြောင့် ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေကြောင်း အတိအကျ မသိရသော်လည်း ပြီးခဲ့သည့်နှစ်လခန့်က ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနတွင် (၅၅) နှစ် နှင့်အထက် ၀န်ထမ်း များစာရင်း ကောက်ခံခဲ့သည်။
ထို့နောက် နိုဝင်ဘာ ပထမပတ်တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ ကိုယ်ရေးမှတ်တမ်းများ ဖြည့်စွက်ကာ နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ပေးပို့ခဲ့ရကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။
ယခုလပိုင်းအတွင်း အသက် (၅၅) နှစ်အထက် ၀န်ထမ်းများ အငြိမ်းစားယူရမည် ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး လုပ်သက် (၅) နှစ်အောက် ၀န်ထမ်းငယ်များ အင်အားလျှော့မည့်စာရင်းတွင် ပါဝင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသဖြင့် ကိုယ်ရေးမှတ်တမ်း တောင်းခံနေသည့်အပေါ် ပညာရေးဝန်ထမ်းများက သို့လော သို့လော ဖြစ်နေကြသည်။
“၅၅ နှစ်အထက်တွေ ပင်စင်ပေးလည်း တို့က ၀မ်းမနည်းပါဘူး။ ဒါပေမယ့် ခုကလေးတွေ စာသင်နေတာ အလုပ်လုပ်ကြဖို့ မဟုတ်ဘူးလား။ အလုပ်ဝင်စမှာ အဲလိုတွေ ဖြုတ်နေရင် ကလေးတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်ကုန်မလဲ” ဟု ကျောင်းအုပ် ဆရာမကြီးတဦးက သုံးသပ်သည်။
Sunday, November 22, 2009
[+/-] |
Children’s Rights Celebrated in Naypyidaw |
By WAI MOE Friday, November 20, 2009
http://www.irrawaddy.org/article.php?art_id=17260
The Burmese military junta celebrated the 20th anniversary of the Universal Convention on Children’s Rights on Friday in Naypyidaw.
The ceremony surprised many people in the human rights community because the junta is often cited as one of the world’s worst regimes in violating the rights of children. The army is regularly accused of conscripting child soldiers.
A non-binding resolution approved on Thursday by the UN Assembly’s Third Committee called on the Burmese government to end the recruitment of child soldiers and “to intensify measures to ensure the protection of children from armed conflict.”
The UN committee called on the junta to cooperate with the UN special representative for Children and Armed Conflict by granting access to areas where child soldiers are recruited.
According to a report by the US State Department: “Urban poor and street children in Rangoon and Mandalay are at risk of involuntary conscription as child soldiers by the Burmese junta. Thousands of children are forced to serve in Burma’s national army as desertions of men in the army rise. Some children were threatened with jail if they did not agree to join the army.”
The Burmese army has an estimated 70,000 child soldiers, one of the highest percentages in the world, according to rights’ groups. Some are as young as 11 years old. Non-state armed groups also recruit thousands of children as soldiers.
The exile-based Human Rights Education Institute of Burma (HREIB), which monitors children’s rights in the country, claimed that the junta recently used child soldiers in military offensives against ethnic minorities.
In a statement on Nov. 9, the group said the military offensive by the regime in the Kokang area of northeastern Burma and Karen State underscored the gravity of the situation.
“Celebrating the convention on children’s rights means respecting child rights,” said Aung Myo Min, the coordinator of HREIB. “The event in Naypyidaw seems to be a showcase without meaning since the Burmese junta has failed to collaborate with the UN Security Council Working Group on Children and Armed Conflict for four years.”
He said that according to the International Labor Organization (ILO), the number of child soldiers in Burma is increasing.
Other abuses involving Burmese children occur in the areas of child labor, human trafficking, healthcare and education.
There are no official statistics on child labor in the country. However, the ILO has estimated that more than 1.1 million Burmese children are economically active. Child laborers are noticeable on the streets and in teashops and markets in Burmese cities.
Burma has one of world’s poorest health care systems. The UN International Children’s Emergency Fund (UNICEF) has said that infant mortality in the country is unusually high, with one out of 10 live births resulting in death.
“Malnutrition is widespread among children under five with about one-third of children severely or moderately stunted and underweight,” according to UNICEF.
The UN says that less than 55 percent of children in Burma complete primary school.
Rights groups say Burmese children work as forced laborers in dangerous jobs in Thailand, China, Bangladesh, Taiwan, India, Malaysia, Korea, Macau and Japan. Oftentimes, the children are exploited in the sex industry.
Independent researchers estimate that at least 20,000 Burmese children work in Thailand alone.
“Burmese children in Thailand are subjected to conditions of forced labor as hawkers, beggars, and for work in shops, agriculture, fish processing and other small-scale industries,” said the US State Department in its “Trafficking in Persons Report 2009.”
“Trafficking in girls for the purpose of prostitution persisted as a major problem, particularly in urban areas. Burma is [also] a destination country for child sex tourism,” the report said.
[+/-] |
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ |
22 November 2009
http://www.voanews.com/burmese/2009-11-22-voa2.cfm
အမေရိကန်နိုင်ငံ ပြည်နယ်တွေအနက် ကမ္ဘာမှာ လူသိအများဆုံး ထဲမှာပါသလို အစဉ်အလာအရ စီးပွားရေး အင်အားကောင်း လာခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြည်နယ်အစိုးရရဲ့  ဘဏ္ဍာလိုငွေပြမှု အခက်အခဲတွေ ကြီးသည်ထက် ကြီးလာတာ ကြောင့် ပြည်နယ်တွင်း အစိုးရတက္ကသိုလ်တွေရဲ့ ကျောင်းလခကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုးမြှင့်ကြောင်း ကြေညာ လိုက်ပါတယ်။ ဒါကို မကျေနပ်ကြတဲ့ ပြည်နယ်တလွှားက ကျောင်းသားကျောင်းသူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျယ်လိစ် မြို့က ဗွီအိုအေ သတင်းထောက် Mike O'Sullivan ပေးပို့ထားတဲ့ သတင်းလွှာနဲ့အတူ အဲဒီမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတချို့ ရဲ့ အမြင်ကို နော်ရှိုးက တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံက ပြည်နယ်အစိုးရတက္ကသိုလ်ကြီးတွေ အားလုံးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရ တက္ကသိုလ်တွေမှာ ကျောင်းလခ ၃၂% တိုးမြှင့်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ပြည်နယ်အစိုးရက မူသစ်ချမှတ် လိုက်တဲ့အပေါ် ကျောင်းသားကျောင်းသူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက University of California, Berkeley (UC Berkeley) လို့ အခေါ်များတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်ထဲမှာမှ အကောင်းဆုံးတခုဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်မှာ စာသင်ခန်းတခန်းကို ကျောင်းသား အယောက် ၅၀ လောက်က နာရီအတန်ကြာ ၀င်စီးခဲ့ကြပါတယ်။ သူတို့ကို ထောက်ခံတဲ့ ကျောင်းသားတွေကလည်း ဗုံတွေတီးပြီး လက်ခုတ်ဩဘာပေးခဲ့ကြပါတယ်။ စာသင်ခန်းကို ၀င်စီးခဲ့တဲ့ ကျောင်းသား တချို့ကတော အထိန်းသိမ်းခံခဲ့ရပါတယ်။ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို ထောင်ထဲပို့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ UC Berkeley မှာ နောက်ဆုံးနှစ် နိုင်ငံရေးသိပံ္ပဘာသာ ဆည်းပူးနေတဲ့ မအောင်ဆိုင်းမိုင်က သူ့ရဲ့ အမြင်ကို ခုလိုပြောပါတယ်။
"အခုက World Street မှာရှိတဲ့ CEO တွေ၊ ဘဏ်တွေကိုကျတော အစိုးရက စီးပွားရေး ပိုကောင်းလာအောင် ငွေပေးတာ တွေ လုပ်ပေးတယ်။ ဒါပေမယ့် တကယ်တော်တဲ့လူငယ်တွေ၊ ကိုယ့်ရဲ့ တိုင်းပြည်အတွက် ပိုပြီး တိုးတက်အောင် လုပ်နေတဲ့ လူငယ်တွေ၊ ပညာသင်နေတဲ့ လူငယ်တွေ အတွက်ကျတော့ မပေးဘူးဆိုတော့။ သမီးတို့လို လူငယ်တွေ အတွက်တော့ ဘယ်ကောင်းမှာလဲ။ အမေရိကား ဆိုတာ အရမ်းတိုးတက်တဲ့နိုင်ငံလေ။ ကိုယ်ကျိုးစားရင် ကိုယ်ရတယ်။ အခုလို အစိုးအနေနဲ့ ဒီလိုလူတွေကို အားမပေးရင် ဘယ်သူ့ကို ဦးစားပေးမလဲ။"
နောက်တခါ Santa Cruz မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်တခုမှာလည်း ရုံးအဆောက်အဦကို ကျောင်းသားတွေက ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာ နှစ်ရက်လုံး ၀င်စီးခဲ့ကြပါတယ်။ လော့စ်အိန်ဂျယ်လိစ် မြို့နဲ့ ဒေးဗိစ် (Davis) မြို့တွေက ပြည်နယ်အစိုးရ တက္ကသိုလ်တွေမှာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ကျောင်းသားတွေ ဆန္ဒပြခဲ့ရာက တချို့ အထိန်းသိမ်းခံခဲ့ရပါတယ်။
UCLA ခေါ် လော့စ်အိန်ဂျယ်လိစ် မြို့မှာရှိတဲ့ တက္ကသိုလ်က နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုမျိုးသန့် ကလည်း ကျောင်းလခ တိုးလိုက်တာဟာ ကျောင်းသားတွေအတွက် မတရားဘူးလို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ UCLA ရဲ့ အဓိက Mission က ဘာလဲဆိုတော့ သူက public school ဖြစ်တယ်။ public education ဆိုတဲ့ အဓိပ္ပါယ်က လူမျိုးမရွေး ဘာသာမရွေး အဲဒီလို ဆင်းရဲတဲ့သူရော ချမ်းသာတဲ့သူရော တတ်နိုင်အောင် လုပ်ပေးထားတဲ့ တက္ကသိုလ်ဆိုတော့ ရှေ့လျှောက် ၃၂ % တိုးလိုက်လို့ရှိရင် နံပါတ် (၁) ကျောင်းသားတွေ အများစု တတ်နိုင်မှာ မဟုတ်ဘူး။ နံပါတ် (၂) အဲဒီလိုမျိုး ကျောင်းသားတွေ အများစု မတတ်နိုင်တဲ့အခါ တက္ကသိုလ်က ဘာဖြစ်လာမလဲဆိုတော့ ထူးချွန်တဲ့လူငယ်တွေ နည်းလာမယ်။"
အခုလို အငြင်းပွားစရာ ဖြစ်နေတဲ့ ကျောင်းလခ ၃၂ % တိုးမြှင့်မယ့် အစီအစဉ်ဟာ အဆင့်နှစ်ဆင့်နဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ လာမယ့် ဇန်န၀ါရီလက စလို့ ကျောင်းလခကို တနှစ် ဒေါ်လာ ၈,၃၀၀ ကျော် ပေးရမှာဖြစ်ပြီး နောက်နှစ်လယ် လောက်ကစလို့ ဒေါ်လာ ၁၀,၀၀၀ ကျော်အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိက တက္ကသိုလ်တွေနဲ့ စာရင် အများကြီး ဈေးသက်သာသေးတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကယ်လီဖိုးနီးယား အစိုးရ တက္ကသိုလ်တွေရဲ့ ကျောင်းလခထက်တော့ ၃ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။ ဒေးဗစ် မြို့မှာုရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တခုမှာ ကျောင်းတက်ခဲ့ပြီးတော့ အလုပ်လုပ်ခဲ့ဖူးသူ တယောက်ကလည်း အခုလို ကျောင်းလခ တိုးလိုက်တာဟာ ထင်သလောက်မဆိုးဘူး ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။
"တိုင်းပြည်ရဲ့ အခြေအနေအရ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးအရ ကျောင်းလခကို တိုးလိုက်ရတယ် ဆိုပေမယ့်လည်း ပျမ်းမျှအားဖြင့်ကြည့်မယ်ဆိုရင် ဒီဟာက အရမ်းနဲ့ဆိုးရွားတာတော့ မဟုတ်ဘူးလေ။ တခြားပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ် ပညာတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ကယ်လီဖိုးနီးယားက အများကြီး ဈေးတော်သေးတယ်။ ပြီးတော့ တကယ်လို့ ကျောင်းသားတွေက တက္ကသိုလ်တက်ဖို့အတွက် ပိုက်ဆံမရှိဘူးဆိုရင် သူတို့ဆီမှာ တက္ကသိုလ်ပညာကိုရဖို့အတွက် တခြား နည်းလမ်းတွေလည်း ရှိတယ်။ ဥပမာ - community college ပေါ့၊ ၂ နှစ်တက်ရတဲ့ ကောလိပ်ကို သူတို့ သွားလို့ရတယ်။ ပြီးရင် University of California ကို ပြောင်းလို့ရတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ ၂ နှစ်စာ ကျောင်းလခ သက်သာမယ်။ ပြီးတော့ University of California ကပေးတဲ့ ဘွဲ့ကိုလည်း သူတို့ရမယ်။"
အခုလို ကျောင်းလခ ၃၂ % တိုးလိုက်တယ်ဆိုပေမယ့် မိဘနှစ်ဦးပေါင်း ၀င်ငွေ တနှစ်ကို ဒေါ်လာ ၇ သောင်းအောက်ပဲ ရှိတဲ့ ကျောင်းသားကျောင်းသူတွေကတော့ အရည်အချင်း ပြည့်မီရင် အစိုးရပညာသင် ထောက်ပံ့ငွေတွေ အလုံအလောက် ရနိုင်မှ ဖြစ်တယ်လို့ တက္ကသိုလ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောင်းလခ တိုးလိုက်တာကြောင့် ငွေမလောက်လို့ ပိတ်လိုက်ရတဲ့ အတန်းတွေကိုလည်း ပြန်ဖွင့်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပါမောက္ခတွေ တော်တော်များများ ဟာလည်း လစာမဲ့ ခွင့်ရက်တွေ မယူမနေရ ယူခဲ့ရပါတယ်။ ပါမောက္ခတွေ စိုးရိမ်နေတာက တက္ကသိုလ် ပညာ အရည်အသွေးကို ထိခိုက်မှာနဲ့ ကမ္ဘာ့ အတော်အတတ်ဆုံး ပါမောက္ခတွေ၊ သုတေသီတွေကို မဆွဲဆောင်နိုင်တော့မှာကိုပဲ ဖြစ်ပါတယ်။
အမေရိကန်တနိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး ဆုတ်ယုတ်မှုပြဿနာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ လည်း ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေမှာလည်း နောက် ၁၈ လအတွင်း လိုငွေပြမှု ဒေါ်လာသန်းပေါင်း ၂၁,၀၀၀ လောက် ရှိနေတာဖြစ်တယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်နေကြပါတယ်။
Thursday, November 19, 2009
[+/-] |
ပညာရေးဟာသ - ကျောင်းမသွားချင်သူ |
(ကျောင်းမသွားချင်သူ)
အမေ။ ။ သားရေအိပ်ရာထတော့ကွယ်၊ ကျောင်းချိန်နောက်ကျနေဦးမယ်။ ထ ....ထ
သား။ ။ ဟာ...အမေကလည်း သားကျောင်းမသွားချင်ဖူး၊
သားကိုကျောင်းကဆရာတွေဆရာမတွေအားလုံးကလည်းမုန်းတယ်၊
ကျောင်းသားတွေကလည်းမုန်းတယ်၊ မသွားချင်ဖူးအမေရာ
အမေ။ ။ သြော် .....သားရယ် ၊ ဒါပေမယ်. သားကျောင်းသွားရမယ်လေ၊ ထတော့
သား။ ။ ဒါဆိုသားကိုဘာကြောင်.ကျောင်းသွားရမယ်ဆိုတာပြော။
မေမေပြောတဲ.အကြောင်းပြချက်ခိုင်လုံမှ သားသွားမယ်
အမေ။ ။ ခက်တဲ.ကလေးပဲ။ သားကျောင်းတက်မှဖြစ်မှာပေါ.။
ဘာကြောင့်လဲဆိုတော.သားကကျောင်းအုပ်ဆရာကြီးမဟုတ်လား။
-----------------------------------------------------------------------------------------
Type the rest of your post here.
[+/-] |
ပုဂ္ဂလိက အထက်တန်းကျောင်းများ ဖွင့်နိုင်တော့မည် |
Wednesday, 18 November 2009 18:16 အေးလဲ့
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2158:2009-11-18-11-24-24&catid=1:news&Itemid=2
လာမည့် ၂၀၁၀ -၂၀၁၁ ခုနှစ် ပညာသင်နှစ်မှ စပြီး ပုဂ္ဂလိက အခြေခံ အထက်တန်းကျောင်းများ တရားဝင် ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူပေါင်းပြီး ပြင်ဆင်မှုများ စတင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ပါက ပညာရေးဝန်ကြီးဌာနက လက်ရှိ ကျင့်သုံးနေသောသင်ရိုးညွှန်းတန်း ကိုသာ ကျင့်သုံးရမည်ဖြစ်ကြောင်း Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
အခြေခံပညာ အထက်တန်းအဆင့် တက္ကသိုလ်ဝင် စာမေးပွဲကိုမူ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့ထံ မှတ်ပုံတင်၍ ဝင်ရောက်ဖြေဆိုရမည်ဟု သိရသည်။
မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ လေ့လာနေသူ ကိုမြင့်ဇော်က “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရရင် ကောင်းပါတယ်။ လူငယ်တွေ နိုင်ငံခြားထွက်ပြီး ပညာသင်တာထက်စာရင် ကောင်းတာပေါ့။ ဒါပေမယ့် တကယ့်ပိုက်ဆံရှိ သား သမီးတွေ တက်နိုင်တဲ့ ကျောင်းနဲ့ ဆင်းရဲသားတွေ တက်နိုင်တဲ့ ကျောင်းဆိုတဲ့ ကွာခြားချက်မျိုး ဖြစ်လာ နိုင်တယ်၊ ဒါဟာ ရေရှည်အနာဂတ်ကို ထိခိုက်နိုင်တယ်” ဟု ပြောသည်။
ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် အတွက် မြေနေရာ၊ အဆောက်အဦး၊ သင်ကြား ပို့ချမည့် ဆရာ၊ ဆရာမများ၊ သင်ထောက်ကူ ပစ္စည်းများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် လိုအပ်သည့် ရင်းနှီး မြှုပ်နှံရမည့် ငွေကြေးကို ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု သိရသည်။
လက်ရှိနာမည်ကြီးနေသော ရန်ကုန်ရှိ ACA၊ ပြင်ဦးလွင်ရှိ စာပန်းအိမ်နှင့် နေပြည်တော်မှ စိုးစံ စသည့် ပုဂ္ဂလိက ပညာရေး လုပ်ငန်းတို့က အထက်တန်းကျောင်းဖွင့်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ကြားသိရသည်။ သို့သော် အထက်ပါ အကြောင်းရင်းနှင့် ပတ်သက်ပြီး အဆိုပါ ပုဂ္ဂလိကျောင်းများကို ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။
ဖွင့်လှစ်ထားခဲ့ပြီးသော ဘော်ဒါဆောင်များမှာ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်အရ မဟုတ်ဘဲ စီးပွားကူးသန်း ဝန်ကြီးဌာန (သို့မဟုတ်) စည်ပင်သာယာ လိုင်စင်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အခြေခံပညာရေး ဦးစီး ဌာနမှ သိရသည်။
မန္တလေးမြို့ရှိ “နေသူရိန်” ဘော်ဒါဆောင်တွင် တက်ရောက်ပညာသင်ကြားနေသည့် ၁၀ တန်း ကျောင်းသား တဦး၏ မိခင်က “ တနှစ်ကို ကျပ် သိန်း ၂၀ လောက် ကုန်တယ်၊ နှစ်ခါခွဲပေးရတယ်။ ပထမတခါက ၁၀ သိန်း နောက်ပိုင်း ၉ သိန်း ခုတော့ ကြေသွားပြီပေါ့။ ဒါပေမယ့်လည်း သူ့အတွက် မုန့်ဖိုးနဲ့၊ တခြားလိုအပ်တာနဲ့ဆို အနည်းဆုံး တလ၊ တလကို ၁ သိန်းလောက်တော့ ပြန်လိုက်ရတယ်” ဟု ပြောသည်။
တက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရတာက အခွင့်အလမ်းကောင်း တခုပါပဲ။ ပုဂ္ဂလိကကျောင်း ပေါ်လာခြင်းဖြင့် အင်္ဂလိပ်စာအပြင် တခြား သင်ကြားနည်း စနစ်တွေပါ တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘုန်းတော်ကြီးသင်၊ ပညာသင်ကျောင်းများ စသည့် စေတနာ အလှူရှင်များ၏ အထောက်အပံ့များဖြင့် ပညာသင်ကျောင်းများလည်း ဖွင့်လှစ်ထားလျက်ရှိရာ ဘုန်းတော်ကြီး ပညာသင် ကျောင်း ဖွင့်ထားသည့် ဆရာတော်တပါးက “ လွတ်လွတ်လပ်လပ် ခွင့်ပြုရင် ကြိုဆိုပါတယ်။ အဲဒီလို မဟုတ်ဘဲ အကန့်အသတ်နဲ့ ခွင့်ပြုမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ ပိုများလာနိုင်တယ်။ ဥပမာ အိန္ဒိယ နိုင်ငံမှာ အစိုးရနဲ့ ပုဂ္ဂလိက ကြားက ပညာရေးစနစ်ကို နမူနာယူရမယ်” ဟု ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် လူနည်းစုဖြစ်သည့် ချမ်းသာသော အသိုင်းအဝန်းမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက် သင်ကြားနိုင်သည့် နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ထားသော ILBC၊ YIEC အစရှိသည့် ပုဂ္ဂလိက ကျောင်းပေါင်း ၂၉ ကျောင်းရှိကြောင်း သိရသည်။
သို့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအနှံ့တွင် အထက်တန်း ပညာသင် ကျောင်းသူ၊ ကျောင်းသား များအတွက် ဘော်ဒါဆောင် အများအပြား အပြိုင်အဆိုင် ထွက်ပေါ်လာကာ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းကြီးထွားခဲ့သည်။
မြန်မာနိုင်ငံတွင် အလွတ်ပညာသင် ကျောင်းအနေနှင့် ကိုလိုနီခေတ်မှ ၁၉၆၄ ခုနှစ်အထိ အောင်မြင်မှုကြီးမား ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။
[+/-] |
ဝန်ကြီးဌာန လက်အောက်ခံ အလွတ်သင်ကျောင်းစနစ် စမ်းသပ် |
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 18 ရက် 2009 ခုနှစ် 19 နာရီ 47 မိနစ်
http://www.mizzimaburmese.com/news/inside-burma/4234-2009-11-18-13-31-06.html
နယူးဒေလီ (မဇ္ဈိမ)။ ။ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တိုက်ရိုက်ထားရှိမည့် အလွတ်သင်ကျောင်း အမည်ဖြင့် ယခုလ ၉ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ဝန်ကြီးက ရန်ကုန်တွင် ကျောင်းတကျောင်းကို ဖွင့်ခွင့်ပြုလိုက်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုညွှန်မှူးတဦးက ပြောသည်။
မြို့နယ်စည်ပင် လက်အောက်တွင် ရှိခဲ့သည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပရှိ ACA ဘော်ဒါဆောင်ကို အလွတ်သင်ကျောင်း (ပုဂ္ဂလိကကျောင်း) အမည်ဖြင့် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းအဖြစ် ထားရှိသွားရန် ဝန်ကြီးက ခွင့်ပြုသည်။
“ဝန်ကြီးက နှုတ်မိန့်နဲ့ ပြောခဲ့တာပါ။ တရားဝင် စာထုတ်ပြီး ကြေညာတာ မဟုတ်ပါဘူး။ ၂၉ ရက်နေ့ကျမှ ကျနော်တို့ကို အဲဒီကို လာခဲ့ပါလို့ခေါ်ပြီး ရောက်သွားတော့ ဝန်ကြီးနဲ့ တိုင်းမှူးက ရောက်နှင့်ပြီး ACA ကို အလွတ်သင်ကျောင်း လုပ်ခွင့်ပြုတယ်။ ၉ ရက်နေ့ (ယခုလ) ဖွင့်ပါလို့ ပြောခဲ့တာပါ။ ဘော်ဒါကနေ အလွတ်သင်ကျောင်း လုပ်လိုက်တာ” ဟု ရန်ကုန်ရှိ အခြေခံပညာ ဦးစီးဌာနတခုမှ အမည်မဖော်လိုသူ ဒုညွှန်ကြားရေးမှူးတဦးက မဇ္ဈိမကို ပြောဆိုသည်။
၅ တန်းမှ ၁ဝ တန်းအထိ ဘော်ဒါဆောင် ဖွင့်လှစ်ထားသည့် ACA သည် ကျောင်းသားများကို အစိုးရကျောင်းချိန်တွင် စေလွှတ်သင်ကြားစေပြီးနောက် ပြန်ရောက်လာသည့်အခါ မရှင်းလင်းသည်များကို ပြန်လည်သင်ပေးခြင်း၊ အခြားဘာသာရပ်အချို့ဖြင့် အပိုဆောင်းသင်ကြားသေးခြင်း၊ သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့ ကွန်ပြူတာသင်ခန်းစာများ ပို့ချခြင်းတို့ဖြင့် ပညာရေးဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။
ယခုလို အလွတ်သင်ကျောင်းအဖြစ် အသွင်ပြောင်းလဲ၍ မြို့နယ်စည်ပင်မှ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ ထားရှိလိုက် သော်လည်း ယခင်ကဲ့သို့ပင် အဆောင်နေ ကျောင်းသားများကို နေ့ခင်းတွင် အချိန်ပိုင်းအလိုက် အစိုးရကျောင်းများသို့ စေလွှတ် သင်ကြားရသည်သာ ဖြစ်သည်။ သို့သော် စာသင်ခန်းများကိုမူ အခြေခံပညာ အစိုးရကျောင်းများတွင် သတ်မှတ်ပေးထားသည့် စာသင်ခန်းပုံစံများအတိုင်း ပြောင်းလဲသွားရမည်။
မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော ပညာရေးဝန်ဆောင်မှု လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ခွင့်ပြုခြင်း မရှိဘဲ စီးပွားကူးသန်းဝန်ကြီးဌာနက လိုင်စင်ဖြင့်လည်းကောင်း၊ အချို့မှာ စည်ပင်လိုင်စင်ဖြင့်လည်းကောင်း လုပ်ကိုင်နေကြရသည်။
“ပညာရေးဝန်ကြီးဌာနကနေ တရားဝင် ခွင့်ပြုချက်ပေးထားတာက ညအိပ်ခွင့်မရှိတဲ့ အချိန်ပိုင်း ကျုရှင်တွေကို၊ ပညာရေး ဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂလိကတွေကို လုပ်ကိုင်ခွင့် ပြုထားတာပဲ ရှိတယ်။ စိုးစံ (ဘော်ဒါ) တို့လို လူထောင်ချီရှိတဲ့ဟာက စီးပွား ကူးသန်းက ခွင့်ပြုချက်နဲ့လုပ်တာ။ လူ ၆ဝ၊ ၁ဝဝ လောက်ရှိတာကိုတော့ စည်ပင်က တည်းခိုခွင့် ဥပဒေနဲ့ လုပ်တာ” ဟု ပညာရေးဦးစီးဌာန ဒုညွှန်မှူးက ရှင်းပြသည်။
ပြောင်းလဲခေါ်ဝေါ်လိုက်သော်လည်း ယခင်က မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့် အလွတ်သင် ကျောင်းများကဲ့သို့ ကိုယ်ပိုင် သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားခြင်း၊ ၈ တန်းနှင့် ၁ဝ တန်းကလွဲ၍ ကျောင်းတွင်း စာမေးပွဲများဖြင့် အအောင်-အရှုံး စစ်ဆေး ဆုံးဖြတ်ခြင်းတို့ဖြင့် တူညီမှု မရှိကြောင်း ရန်ကုန် ပညာရေး အသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြသည်။
ကျောင်းသားမိဘတဦးကလည်း “ကျမကလေးကို အပ်ချင်လို့ ACA ကို မေးကြည်တော့ ဘော်ဒါဆောင်လိုပါပဲ။ သူတို့ဆီကို တနှစ်စာပေးပြီး အပ်ထားလိုက်ရမှာ။ သူတို့က အနီးအနားမှာရှိတဲ့ (အစိုးရ) ကျောင်းတကျောင်းမှာ ကျောင်းအပ်ပေးပြီး အစိုးရက ပြဋ္ဌာန်းတဲ့ သင်ရိုးညွှန်တမ်းကိုပဲ သင်ရမယ်။ ၁ဝ တန်းကိုတော့ အစိုးရစစ် ဖြေရမယ်။ ကျန်တဲ့အတန်းတွေကိုတော့ (အစိုးရ) ကျောင်းက စစ်တာပဲ ဖြေရမယ်တဲ့” ဟု ပြောသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အမည်ဖြင့် စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပိုက်ပြီးနောက် ၁၉၆၄ ခုနှစ်တွင် အလွတ်သင်ကျောင်းများကို ပြည်သူပိုင်သိမ်းပိုက်ခြင်းဖြင့် လွတ်လပ်သော တသီးပုဂ္ဂလ ကျောင်းပညာရေးစနစ် ပျောက်ကွယ်သွားခဲ့သည်။ အလွတ်သင် ပညာရေးစနစ်ကို ၁၉၂ဝ ခုနှစ်တွင် အမျိုးသားကျောင်းများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
ယခုလို အမည်ပြောင်းလဲခြင်းနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရွှေ့ပြောင်းထားရှိလိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ယခင်က ကျင့်သုံးခဲ့ဖူးသည့် အလွတ်သင်ကျောင်းများအတိုင်း လွတ်လပ်စွာ ပေါ်ထွက်လာလျှင် ကြိုဆိုလိုကြောင်း ပြီးခဲ့သည့် နှစ်တွင် မြို့နယ် ပညာရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သူ ဆရာမကြီးက ပြောသည်။
''အလွတ်သင်ကျောင်းတွေ ပေါ်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ကျမက ၁၉၅၈ မှာ အလွတ်သင် ကျောင်းတွေမှာ တက်ခဲ့တာပါ။ အဲဒီလို ကျောင်းတွေဟာ စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ ထိထိရောက်ရောက် သင်တဲ့အပြင် တကျောင်းနဲ့ တကျောင်း ပြိုင်ဆိုင်မှု ရှိတဲ့အတွက် အောင်ချက်လည်း ကောင်းပါတယ်။ အပြင်ကျူရှင်လည်း တက်စရာမလိုဘူး။ ဘယ်မျက်နှာမှ မကြည့်ဘဲ အားလုံးကို ကောင်းကောင်း သင်ပေးပါတယ်” ဟု သူက ပြောသည်။
ACA တွင် ၅ တန်း ကျောင်းသားတဦးသည် တနှစ်စာအတွက် ကျပ်သိန်း ၂ဝ၊ ၉ တန်းအတွက် ကျပ် ၂၅ သိန်းနှင့် ၁ဝ တန်း အတွက် သိန်း ၃ဝ ကုန်ကျမည်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်မှ စတင်၍ ရန်ကုန်တွင် ACA ကဲ့သို့ပင် ငွေကုန်ကြေးကျခံကာ သင်ကြားနိုင်သည့် ပညာရေး ဝန်ဆောင်မှုပေးနေသော ဘော်ဒါဆောင်များ တဖြည်းဖြည်း ပေါ်ပေါက်လာရာ ယခုအခါ ရာနှင့်ချီ၍ တည်ရှိနေပြီဖြစ်သည်။ ထို့အပြင် ILBC (ရန်ကုန်၊ မန္တလေး) နှင့် YIEC (ရန်ကုန်) ကဲ့သို့ နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၃ဝ ခန့်လည်း တည်ရှိနေရာ ထိုကျောင်းများကိုမူ စစ်အစိုးရက အသိအမှတ်ပြုခြင်း မရှိပါ။
ACA ကဲ့သို့ပင် ပုဂ္ဂလိက အလွတ်သင်ကျောင်းအဖြစ် ပြင်ဦးလွင် (မြေမြို့) ရှိ စာပန်းအိမ်နှင့် နေပြည်တော်ရှိ စိုးစံဘော်ဒါဆောင် တို့လည်း ကနဦး ဖွင့်လှစ်ခွင့်ပြုလိုက်သည်။
Tuesday, November 17, 2009
Sunday, November 15, 2009
[+/-] |
တသက်တာ ဆူး (၀တ္ထုတို) လူဗိုလ် |
လူဗိုလ်
နိုဝင်ဘာ ၁၂၊ ၂၀၀၉
http://moemaka.com/index.php?option=com_content&task=view&id=5067&Itemid=1
(၁)
၎ - တန်း အောင်လက်မှတ် လာထုတ်လျှင်
ကွမ်းသီးအလုံး (၄၀) ယူခဲ့ကြပါ။
ပုံ
ကျောင်းအုပ်ကြီး
ကျောင်းရှေ့ကြေငြာသင်ပုန်းမှ ထိုစာသည် မိမိနှလုံးအိမ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့၏။ ထိုစာတွင် အဓိပ္ပါယ် များစွာ ပါဝင်နေသည်ဟုလည်း မြင်၏။ ဆိုလိုသည်မှာ မြို့ကျောင်းများတွင် ဤကဲ့သို့အရေးအသားမျိုးကို ထင်ထင်ပေါ်ပေါ် ရေးကြ လိမ့်မည်မဟုတ်။ ရေးရဲကြလိမ့်မည်လည်းမဟုတ်။ ယခုရေးသားထားပုံနှင့် အများမြင်သာအောင် ဖေါ်ပြထားပုံမှာ စိတ်ဝင်စားစရာ။
မိမိတို့တွင် အလေ့အထတခုရှိ၏။ စစ်ကြောင်းရွာထဲဝင်ပြီဆိုသည်နှင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်း သားများမှာ မိမိတို့၏ရင်းနှီးရာ မိတ်ဆွေအရင်းအချာများ။ လည်ပတ်ရာ၊ ရင်ချင်းဆက်ရာများ။ မိမိတို့က ကျောင်းသား တပ်မတော် ဖြစ်နေသည်ကိုး။
ယခုလည်း ကေကောရွာသို့ရောက်သည်နှင့် RC ဘုရားကျောင်းအနီးက စာသင်ကျောင်းကလေးမှာ မိမိတို့ကို ကြိုဆို နေပြန်ပါပြီ။ ကျောင်းပိတ်ထားချိန်ဖြစ်သဖြင့် ကျောင်းရှေ့ဝရန်တာတွင် မိမိတို့ဝင်ထိုင်လိုက်ကြသည်။ ရွာဘက် သို့ လှမ်းကြည့် လိုက်စဉ် ကျောင်းရှေ့ဘောလုံးကွင်းနှင့် ရွာလေး၏ အနိမ့်အမြင့်အနေအထားကြောင့် အိမ်ခေါင်မိုးများ အဆင့်ဆင့် ဆက်စပ်တည်ရှိ နေပုံမြင်ကွင်းမှာ ပန်းချီကားတချပ်ကို မြင်လိုက်ရသည့်အလား။
(၂)
မိမိတို့စစ်ကြောင်းမှာ ထိုင်းမြန်မာနယ်စပ်မှ ကရင်ပြည်နယ်၊ တပ်မဟာ(၂) နယ်မြေသို့သွားမည့်ခရီးစဉ်။ သို့ သော် ဖြတ်သန်းရာလမ်းကြောင်းမှာ ကရင်နီနယ်မြေဖြစ်နေ၍ KNPP စစ်ကြောင်းနှင့်ပူးပေါင်းလာရသည်။ ခရီးစဉ်တလျှောက်ရှိ ကရင်နီ ပြည်ဒေသခံ တိုင်းရင်းသားအသီးသီး၏ ဘ၀များကိုတွေ့မြင်ရသည်မှာ မိမိတို့အတွက် အသစ်အ ဆန်းချည်းသာ။
ရွာများကို တောင်ကုန်းအပေါ်တွင်သာ တည်ထားလေ့ရှိသဖြင့် ရေရှိရာအရပ်နှင့်မနီးခြင်း။ ရွာရှိအိမ်များမှာ တအိမ်လုံး တံခါးပေါက်တပေါက်သာရှိ၍ အလုံပိတ်ဖြစ်သည့် အလင်းအားနည်းနည်းတည်ဆောက်မှုဖြစ်နေခြင်း။ ရွာများတွင် အိမ်သာဟု သတ်သတ်မှတ်မှတ်မထားကြပဲ ရွာအပြင်တွင်သာသွားကြ၍ ရွာမရောက်မီအဝေးကပင် အနံ့ အသက်များက ကြိုဆိုနေခြင်း။ အိုးခွက်ပန်းကန်များမှာ ဆေးကြောသည့်အလေ့အထ အားနည်းခြင်းကြောင့် ညစ်ပေ နေခြင်းနှင့် အချို့ရွာများတွင် ပန်းကန်၊ ဒေါင်းလန်းပုံစံ ခြေထောက်ပါသော ဗန်းကြီးများတွင် ထည့်စားကြ၍၊ လူစားပြီး ခွေးများကို ထိုပန်းကန်၊ ဗန်းများဖြင့်ပင် ပေးစား လေ့ရှိခြင်းများမှာ မိမိတို့အတွက် သတိမူမိစရာများဖြစ်နေသည်။ ခြုံပြောရလျှင် လူနေမှုအဆင့်အတန်းမြင့်မားမှုကို မျက်ကွယ်ပြု ထားရလောက်အောင် ဘ၀ကြမ်းကြမ်းများကို ဖြတ် သန်းနေကြရသည့် ပကတိအခြေအနေများပင်။
ခရီးစဉ်တလျှောက် အဖြစ်အပျက်များတွင် ရင်ထဲစွဲလောက်အောင် အမှတ်တရလေးတွေလည်းရှိ၏။ တခုက နယ်စပ်နှင့် သံလွင်မြစ်ကြားမှအဖြစ်အပျက်။ ရွာတရွာ တွင် စခန်းချထားစဉ်။ မိမိနှင့်တအိမ်ထဲအတူတည်းသော ကိုမင်းဝေ တယောက် မနက်စောစော အိမ်ပေါ်သို့ အူယားဖားယားပြေးတက်လာပြီး … ။
“ကိုလူဗိုလ်ရေ ပွဲပဲဗျို့။ ကျနော်ဗျာ ၀မ်းတအားသွားချင်လို့ အိမ်သာလိုက်ရှာတာ၊ ဘယ်နားမှာမှမတွေ့လို့ ရွာ ပြင်ကို ထွက်လိုက်ရတယ်ဗျာ။ မလင်းတလင်းမို့ ကြောက်စိတ်ဝင်နေရတဲ့အထဲ၊ နောက်ဖက်က အသံကြားလို့ လှည့် ကြည့်လိုက်တော့ … ဘာပြောကောင်းမလဲ၊ ၀က်တအုပ်လေ ကျနော့်နောက်မှာဝိုင်းနေကြတယ်။ ၀က်တွေကလည်း ရဲလိုက်ကြတာဗျာ။ လူကိုဝင်ဆွဲမတတ် အနားထိကိုကပ်လာတာ။ ဆက်မနေရဲတော့လို့ကို ပြေးခဲ့ရတာဗျို့။”
ဟုတ်ပါသည်။ ဒီအဖြစ်မျိုးကို ခရီးစဉ်တလျှောက်လုံး တယောက်မဟုတ်တယောက် ကြုံခဲ့ကြရသည်။ လေ့လာရေး မျက်လုံးဖြင့် စူးစမ်းကြည့်မိမှ သိလိုက်ရသည်က ဤဒေသတွင် ၀က်များကို မွေးကြသော်လည်း အစာကျွေး ရိုးထုံးစံမရှိ။ ၀က်များမှာ သင့်တော်ရာ စားသောက်ကြရင်းဖြင့် အသက်ရှင်နေကြရပုံပေါ်သည်။ ကိုမင်းဝေလိုအဖြစ်မျိုးမှာ ၀က်များအတွက်အစာလာကျွေးသည့် အနေအထားဖြစ်နေသဖြင့် အလုအယက်ဝိုင်းအုံလာကြခြင်းသာ။ ၀က်များ၏ ပုံသဏ္ဍာန်မှာလည်း မြို့ဝက်များနှင့်လည်းမတူ၊ တောဝက်များနှင့်လည်းမတူ၊ ခန¨ာကိုယ်များမှာ ခွေးများကဲ့သို့ ပိန်ပိန်ပါး ပါးလေး။
နောက်ထပ်အဖြစ်တခုကတော့ ပထမအဖြစ်အပျက်၏အဆက်ဟုပင်ဆိုရမလိုလို။ မိမိတို့တွင် ဆေးဝါးများပိုပို လျှံလျှံပါလာ၏။ သို့အတွက် ရွာများကိုရောက်တိုင်း ကျန်းမာရေးပညာပေးစကားများပြောရင်း ရွာရှိလူနာများကို ဆေး ကုပေးလေ့ရှိသည်။ ဒီလိုနှင့်ရွာတရွာအရောက် ပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ်များကိုစကြပါသည်။ ကျန်းမာရေးပညာ ပေးစကားများပြောအပြီး၊ မြို့ရောက်ဖူး ၍ ဗမာရည်လည်သောရွာသားတဦးမှ ထရပ်ကာ … ။
“ကျနော်တို့ရွာတွေမှာ အိမ်သာမရှိတာမှန်ပါတယ်။ ဒါပေမယ့် အခုနပြောသလို ရောဂါရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လည်းဆိုရင် မြို့မှာအိမ်သာတွေ အိမ်တိုင်းရှိကြပေမယ့် ဆေးရုံမှာ လူနာတွေအပြည့်ပဲလေ။ ကျနော်တို့ရွာမှာရှိတဲ့လူနာက နဲနဲလေး”
“နောက်တခုက မြို့မှာအိမ်သာတွေရှိပေမယ့် လူတင်မကဘူး၊ ၀က်နာ၊ ကြက်နာ၊ ခွေးနာတွေပါဖြစ်ကြတယ် ကျနော်တို့ ဆီမှာ တခါမှ ဒီလိုမဖြစ်ဖူးဘူး”
ကျနော်တို့အားလုံး ပြန်ရှင်းပြဖို့ပင် ဆွံ့အခဲ့ကြရသည်။ အသေးစိတ်ပြန်ရှင်းပြဖို့လိုသော်လည်း အချိန်ကိုငဲ့ ကွက်၍ မရှင်းပြ ဖြစ်ခဲ့။ သို့သော် ထိုအဖြစ်အပျက်နှင့် ထိုလူ၏စကာများမှာကား၊ မိမိတို့နှင့်အတူ ပါလာနိုင်လောက် အောင်ကို အမှတ်တရ။
(၃)
“ကျောင်းအုပ်ကြီးအိမ်ဘယ်နားမှာလဲဗျ”
“ဒီလမ်းလေးအတိုင်းဆင်းသွား။ ရေခပ်ဆိပ်ဘေးနားက ခြေတံရှည်ရှည်နဲ့အိမ်က ဆရာကြီးအိမ်ပဲ”
ရွာသားများ၏ အဆင့်ဆင့်လမ်းညွန်မှုများအရ ကျောင်းအုပ်ကြီးအိမ်သို့ မိမိတို့ရောက်ခဲ့ကြသည်။ အပြန် အလှန် မိတ်ဆက် ကြပြီး စကားလက်ဆုံကျမိရာမှ ဆရာကြီးနှင့်မိမိတို့ တသားတည်းဖြစ်သွား၏။ ဘာသာစကား တ ထပ်တည်း ဖြစ်နေခြင်းကြောင့်ဟု ဆိုရမည်ထင်သည်။
“နှစ်တိုင်းတော့ ဆရာ၊ ဆရာမတွေ (၂)ယောက်၊ (၂)ယောက် ရောက်လာကြတာပါပဲ။ ဒါပေမယ့် သိပ်မကြာ ပါဘူး။ အမေဘာဖြစ်လို့၊ အဖေဘာဖြစ်လို့နဲ့ အကြောင်းပြပြီး ပြန်ပြန်သွားကြတာ ဒီမှာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ဒီရွာမှာက အစား အသောက်၊ အနေအထိုင်က အစစဆင်းရဲတယ်မဟုတ်လား။ နောက်ဆုံးတော့ ကျနော်တယောက် တည်းပဲ ကျောင်းတကျောင်း လုံးကို တာဝန်ယူရပြန်တာပေါ့။”
“ကျနော်လည်း နိုင်သလောက်တော့ တာဝန်ကျေအောင်ကြိုးစားပါတယ်ဗျာ။ ဒါပေမယ့် တယောက်တည်းနဲ့ တကျောင်းလုံး ကို ဘယ်လိုမှ နိုင်နိုင်နင်းနင်းမသင်နိုင်ဘူးလေ။ အခုလို အသက်အရွယ်လည်းရ၊ သားသမီးတွေလည်း များလာတော့ ပိုဆိုးတာပေါ့”
“ရွာကလူကြီးတွေနဲ့ father ဆီမှာ ကျနော် ခဏခဏတောင်းထွက်ခဲ့ဖူးပါတယ်။ အားလုံးက ၀ိုင်းပြီးတောင်း ပန်ကြ တော့လည်း အားနာရပြန်ရော။ ကျနော်ကိုယ်တိုင်ကလည်း ၀ါသနာကရှိတော့ ပိုဆိုးတာပေါ့။ မထွက်ရက်ဘူး ဗျာ။ ငါမရှိရင် ကျောင်း ရှိတော့ပါ့မလားလို့ တွေးပူနေရင်းက အခုဆို ကျောင်းဆရာသက်တမ်း အနှစ် (၂၀)ကျော်ပြီ”
ဆရာကြီးတပည့်များတွင်တချို့မှာ ဘွဲ့ရများပင်ရှိနေကြပြီ၊ အထက်တန်းအဆင့်လောက် တပည့်များမှာလည်း အများ အပြား။ တချို့မှာ မြို့ပေါ်ရောက်ကုန်၍ တချို့မှာ ဒီရွာထဲတွင်ပင် ရှိနေကြသည်။ သို့သော် ကျောင်းဆရာ အလုပ်ကိုကား မည်သူမျှ စိတ်ဝင်စားမှုမရှိကြဟုလည်း သိရ၏။
ဟုတ်တော့လည်း အဟုတ်သား။ ဒီလိုဒေသမျိုးတွင် ကျောင်းဆရာရှိဖို့လိုသည်ကို အားလုံးလိုလိုက လက်ခံ ထားကြ သော်လည်း ကျောင်းဆရာအလုပ်မှာကား အပင်ပန်းဆုံးနှင့် ၀င်ငွေအနည်းဆုံးမို့ လုပ်မည့်သူမရှိ။ ပညာ အသင့် အတင့်တတ် လာလျှင်ပင် အရပ်ဆေးဆရာ၊ အရောင်းအ၀ယ်သမားနှင့် ဈေးဆိုင်ထောင်ခြင်းတို့လောက်သာ စိတ်ဝင် စားကြသည်။ ယင်းအလုပ်များက ၀င်ငွေကောင်းကြသည်ကိုး။
(၄)
ဆရာကြီးဦးစောထူးမှာ ကရင်ပီသစွာ ရိုးသားပွင့်လင်း၏။ ကျောင်းအုပ်ကြီးဆိုသော်လည့်း ထည်ထည်ဝါ၀ါမရှိ။ မာန ဟူ၍မတွေ့ရ။ မိသားစု (၇)ယောက် တာဝန်ကို အောက်ခြေအလုပ်များမှစ၍ တာဝန်ကျေသူလည်းဖြစ်သည်။ မိမိ တို့နှင့် စကား ပြောနေရင်းနှင့်ပင် ၀က်စာကျွေးခြင်းကိစ္စ၊ ကလေးထိန်းခြင်းကိစ္စများကို လုပ်ကိုင်နေသည့်အပြင် ပလိုင်း တလုံးကိုပင် ရက် နေသေး၏။ အိမ်အောက်တွင် လုပ်စရာရှိသည်များကို ဆင်းလုပ်လိုက်၊ စကားပြန်ပြောလိုက်၊ ပလိုင်း ရက်လိုက်၊ နှီးဖြာလိုက်၊ ဆေးတံမီးညှိလိုက်၊ ဖွာလိုက်။
ဆရာကြီးကိုကြည့်ရသည်မှာ ကွမ်းကိုလည်း အလွန်ကြိုက်ပုံရသည်။ သူ့သွားများမှာ စစ်စီးရောင်တင်ထား သည့်အလား။ ပါးစပ်ထဲတွင်လည်း ကွမ်းကမပြတ်။ ထို့ကြောင့်ပင် အောင်လက်မှတ်အတွက် ကွမ်းသီးအလုံး(၄၀) ဟု ရေးထားခြင်းဖြစ်မည်။
“ကျနော်လည်း ဒီရွာက ကလေးတွေအတွက် တာဝန်ကျေချင်လို့၊ ၀ါသနာပါလွန်းလို့သာ စာသင်နေရတာပါ။ မိသားစု များလာလေလေ ရပ်တည်ရခက်လေလေပါပဲ။ ကျောင်းဆရာအလုပ်က အချိန်ပြည့်ဆိုတော့ တောင်ယာလည်း မခုတ်နိုင်၊ ခြံလည်း မလုပ်နိုင်။ ရွာကကျောင်းသားမိဘတွေ ၀ိုင်းကြည့်ကြလို့သာ ခံသာတာပေါ့။ ကျနော့်ကျောင်းဆရာ လစာက ဒီမောဆိုးမှာ ကျောင်း သွားတက်နေတဲ့ ကျနော့်သားရဲ့ ကျောင်းစရိတ်ဖိုးတောင် မရှိပါဘူးဗျာ။ ကျနော့်သား ကြီးနဲ့ သမီးတယောက်ကလည်းလွိုင်ကော်မှာ ကျောင်းသွားတက်နေတယ်လေ။ သူတို့အတွက်တော့ ဘာသာရေး (ဘုန်းတော်ကြီး)က တာဝန်ယူထားလို့ တော်သေးတယ်”
ဆရာကြီးက ကျနော်တို့သွားလည်တိုင်း ခေါင်ရည်နှင့်ဧည့်ခံလေ့ရှိ၏။ ၀ါးဗူးထဲတွင် ပြောင်းကောက်များကို ထည့်၍ မည်သို့ပြုလုပ်ထားသည်မသိ။ သောက်ခါနီးမှ ရေနွေးလောင်းထည့်၍ ပိုက်ဖြင့်စုပ်သောက်ရသော ခေါင်ရည် မျိုးဖြစ်သည်။ ခေါင်တဗူးထဲကို တယောက်တလှည့် အလှည့်ကျ စုပ်သောက်ကြလေ့ရှိသည်။ ရေခမ်းသွားလျှင် ရေနွေး ပြန်ထည့်၍ သောက်နိုင် သည်။ အရသာက တော်တော်နှင့်မပျယ်သွား။ သောက်၍ အတော်ကောင်းသည်။ ကျနော် ဆိုလျှင် ရေနွေးတခါထည့်ခေါင်ရည် တအိုးတည်းနှင့်ပင် ခေါင်းထဲ ရီဝေေ၀။
“ကျနော်လည်း ကလေးတွေကို စာသင်ရတာ အားမရပါဘူးဗျာ။ ကလေးတွေလည်း ကောင်းကောင်းရသွား ကြမယ် မထင်ဘူး။ တယောက်ထဲ ဟိုအတန်းပြေးသင်လိုက်၊ ဒီအတန်းပြေးသင်လိုက်နဲ့ဆိုတော့။ ကျနော့်အတွေ့အကြုံ အရ တော်တဲ့ ကျောင်းသားအကြီးတွေရဲ့ အကူအညီကို သင်ကြားရေးမှာထည့်သုံးထားလို့ သက်သာတာ။ အတန်း အလိုက် မော်နီတာထားပြီး ထိမ်းခိုင်းတာတို့၊ စာခေါ်ခိုင်းတာတို့လည်းပါတာပေါ့ဗျာ။ စာစစ်ပြီဆိုရင်လည်း ကျနော်ကိုယ် တိုင်မစစ်နိုင်တော့ဘူးလေ။ ကျောင်းသားအချင်းချင်းပဲ အပြန်အလှန် စစ်ခိုင်းလိုက်ရတယ်။ ဒါက ပိုပြီးထိရောက် တယ်ဗျ။ ကိုယ်တိုင်လည်းရေးရ၊ စစ်လည်း စစ်ရတော့ ကလေးတွေ အလေ့အကျင့်ပိုရသွားကြတာပေါ့။ ကျနော်က ပုံစံကျလာအောင်၊ ပြီးစလွယ်မဖြစ်အောင်၊ မလုပ်ပဲ မနေရအောင်လောက်ပဲ ထိမ်းပေးရတယ်လေ”
ကျနော်တို့ကို ရင်ဖွင့်လိုက်ရခြင်းက ဆရာကြီးအတွက် အာဟာရဖြစ်နေပုံပေါ်သည်။ ဆရာကြီးကတော်၏ အပြောအရ ကျနော်တို့နဲ့စကားပြောဖြစ်မှ ခေါင်ရည်နှင့်ကွမ်းစားနှုန်း ခါတိုင်းထက် ကျသွားကြောင်းသိရသည်။
“တခါတခါလည်း ကျနော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျနော့်ကျောင်းက ကလေးတွေ မြို့ကျောင်းတွေမှာ သွားတက်ရင် ပထမစစချင်း တနှစ်မှာ စာမေးပွဲကျကြတာများတယ်ဗျ။ ကျနော်တယောက်တည်း မနိုင်မနင်းသင်လိုက် ရတာအပြင်၊ ဒီမှာက စာသင်ရင် ဒေသခံစကားနဲ့ပဲရှင်းပြရတော့ မြို့ရောက်ရင် ဒုက္ခရောက်ကြတာပေါ့။ ဒီရွာမှာက ကေကောစကားနဲ့ပဲ ပြောကြတာ။ ကလေးတွေက ဗမာစကားမတတ်ကြဘူးလေ”
ကျနော့်မှာ ဆရာကြီး၏ခံစားချက်တွေကို တနင့်တပိုးရလိုက်သည်။ ဆရာကြီးအပေါ်လည်း စာနာသွားမိ၏။ ကျောင်းသား လေးတွေအတွက်လည်း စိတ်မကောင်း။ သူတို့က သူတို့ရွာမှာ စာတော်နိုင်ကြသော်လည်း မြို့ကျောင်း ရောက်သည်နှင့် ဘာသာ စကားအခက်အခဲကြောင့် စာမလိုက်နိုင်ဖြစ်ကြရသည့်အတွက်…။ မည်သို့သော နည်းများဖြင့် ဖြေရှင်းရမည်ကို မိမိ တွေးမဆုံး နိုင်အောင်ဖြစ်နေမိ၏။
“ဆရာကြီးရယ် ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရရင်ကောင်းမလဲဗျာ။”
ဒီကိစ္စက ကျနော့်အတွက် စိတ်ပင်ပန်းလွမ်းအားကြီး၍ မေးလိုက်မိသည်။
“ကျနော်လည်း ဒီကိစ္စကို အမြဲတမ်းတွေးနေတာပါပဲ။ ဒီလိုဗျ။ ဟိုတနေ့ကပြောသလို မြို့ကဆရာ၊ ဆရာမ တွေရောက် လာကြတယ်။ ရောက်စတော့ ဒီရွာကစကားကိုမတတ်ကြဘူး။ အနေကြာတော့ တတ်လာကြပြီး၊ ဒီရွာက စကားနဲ့ပဲပြော၊ ဒီရွာက စကားနဲ့ပဲသင်လာကြတယ်လေ။ ဆရာတွေကပဲ ဒီရွာကစကားကို တတ်တတ်သွားကြပြီး ကလေးတွေက ဗမာလိုမတတ်ကြတော့ဘူး၊ အရင်လိုဒုံရင်းပဲ။”
“အဲဒီတော့ ဒီရွာကစကားကို မသင်ပဲ၊ မပြောပဲ တောင့်ခံနိုင်မယ့်၊ ဗမာ့စကားနဲ့ပဲသင်ပေးမယ့် ကျောင်းဆရာ တွေရှိ လာရင်၊ အခု ကျနော့်ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကို တစုံတရာဖြေရှင်းပေးနိုင်မယ်လို့ ယုံ တယ်ဗျာ။ အနည်းဆုံး၊ အထောက်အပံ့တော့ ရနိုင်မယ်လေ။ ခုက ကျနော်ကိုယ်တိုင် ကရင်ဖြစ်ပေမယ့် ကေကော စကားနဲ့ပဲ စာသင်ပေးနေရတာ။ ကျနော်လည်း ဗမာလို သိပ်မတတ်ဘူး။ ကလေးတွေက မြန်မာစာကိုတောင် ကြက်တူး ရွေးလို အလွတ်ကျက်နေရတာလေ။ အဓိပ္ပါယ် နားလည်ကြတာမဟုတ်ဘူး။”
ဆရာကြီးလည်း စကားပြောရတာ အတော်မောသွားပုံပေါက်၏။ ခေါင်ဗူးထဲကို ရေနွေးအသစ်ဖြည့်ကာ အားရပါးရ စုပ် သောက်နေပါတော့သည်။ သူတခါတခါသောက်သည်မှာ ကျနော်တို့ ၃ ၊ ၄ ခါ စုပ်လောက်နှင့် ညီမျှနိုင်သည်။ ရုတ်တရက် စုပ်သောက်နေရာက ခေါင်းထောင်လာကာ …
“ခင်ဗျားတို့ အဖွဲ့ထဲမှာ ကျောင်းဆရာဝါသနာပါတဲ့လူ မရှိဘူးလားဗျာ။ ကျနော်တို့ရွာအတွက်၊ ကျနော်တို့ ကလေးတွေ အတွက် ကူညီပေးကြပါလား။ ခင်ဗျားတို့လို ပညာတတ်တွေသာ ကျောင်းဆရာအလုပ်ကို ၀ါသနာပါပြီး လုပ်ကြရင် သိပ်ကောင်းမှာပဲ။”
အခြားသူများတော့မသိ။ ကျနော်တော့ ဆရာကြီး၏စကားကြောင့် ခေါင်ရည်အမူးလေးပင် ပြေသွား၏။ ဆရာကြီး၏ အမေးကို မည်သို့ဖြေရမည်ကိုပင် စဉ်းစားမရ … ။
(၅)
“ကျနော်ဒီရွာမှာ နေခဲ့တော့မယ် ကိုသန်းကျော်ဌေး။ ကျနော်ကျောင်းဆရာလုပ်တော့မယ်။”
ကိုသန်းကျော်ဌေးမှာ ကျနော်တို့အဖွဲ့၏ခေါင်းဆောင်။ ကျန်းမာရေး၊ ပညာရေးနှင့် ပရဟိတစိတ်ရှိသူလည်းဖြစ် သည်။ ကျနော်စကားအပေါ် သူနားလည်နိုင်မည်ဟုယူဆ၍ လိုရင်းကိုဒဲ့ပြောလိုက်သည်။
“ဒီအလုပ်က ကောင်းတဲ့အလုပ်ပဲ ကိုလူဗိုလ်ရယ်။ နောက်ပြီး ဆရာကြီးပြောပြချက်အရဆိုရင် ဒီရွာအတွက် တကယ့် လိုအပ်ချက်လည်း ဖြစ်နေတာပဲဗျာ။ ခင်ဗျားခံနိုင်ရည်ရှိဖို့နဲ့ သေချာဖို့ပဲလိုတာ။ ကျန်တဲ့ကိစ္စအားလုံး ကျနော် တာဝန်ယူတယ်။ လေးစားပါတယ် ရဲဘော်။”
ကျနော်တို့စစ်ကြောင်းကြီး ခရီးဆက်ကြပါပြီ။ ကျနော်တယောက်တည်းသာ ရွာမှာကျန်ရစ်ခဲ့၏။ သို့ပေမယ့် အားငယ်စရာ မရှိ။ ဖာသာလူးဝီစ်၊ ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားအားလုံးက ကျနော်ကို ၀ိုင်းရံပေးသွားနိုင်မယ်လို့ ယုံကြည်သည်။ အထူး သဖြင့် လိုအပ်ချက်ကွက်လပ်တခုကို မိမိရရဖြည့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မိ၍ လည်း ဖြစ်သည်။
ကျောင်းပြန်မဖွင့်သေးပေမယ့် ကျောင်းလေးကိုနေ့တိုင်းလိုလို ကျနော်ရောက်၏။ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး လုပ်ရန်ရည်ရွယ်၍။ ဒီရွာကိုရောက်စ၊ ဒီကျောင်းရှေ့မှာ ကျနော်တို့ရဲဘော်တွေ ထိုင်ခဲ့ကြတာကို ပြန်မြင် ယောင် မိသေးသည်။
အင်း … အဲဒီတုန်းက ဒီကြေငြာသင်ပုန်းကစာဟာ ကျနော့်ကျောင်းဆရာဘ၀ဖြစ်တည်မှုကို အစပြုစေလိမ့် မယ်လို့ မထင်ခဲ့မိတာ အမှန် … ။ ။
၁/၁၁/၂၀၀၉
၂၂ နှစ်ပြည့် ABSDF မွေးနေ့အမှတ်တရ
[+/-] |
အဝေးသင်ကျောင်းသား/သူများ မွန်ဝတ်စုံဖြင့် လေ့လာရေးခရီး ထွက်ခဲ့သည် |
Fri 13 Nov 2009, မင်းအာသံ
http://www.monnews-imna.com/burmese/newsupdate.php?ID=513
မော်လမြိုင်တက္ကသိုလ်၌ ပညာဆည်းပူးနေသော မွန်အဝေးသင် တက္ကသိုလ် ကျောင်းသား/သူများ သည် လွန်ခဲ့သော ရက် သတ္တပတ်က မွန်ဝတ်စုံဖြင့် လေ့လာရေးခရီးစဉ် ထွက်ခဲ့ကြသည်ဟု စုံစမ်းသိရှိရပါသည်။
တက္ကသိုလ်ကျောင်းသား/သူးများသည် ၄င်းတို့၏ အဝေးသင်စာမေးပွဲကို ဖြေဆိုပြီးနောက် နိုဝင်ဘာလ (၄) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့နှတ်ကျေးရွာရှိ ဦးနာအောက်ဘုရားသို့ ခရီး ထွက်ခဲ့သည်။ လေ့လာရေးခရီး ထွက်ခဲ့ရာတွင် မွန်ကျောင်းသား/သူ အချင်းချင်း စည်းစည်းလုံးလုံး ရှိသွားရန်နှင့် ယခုကဲ့သို့ စီစဉ်ထားသည်ဟု ဦးဆောင်သွားခဲ့သော မွန် ကျောင်းသားတစ်ဦးက ပြောသည်။
“ကျနော်တို့ ဒီလိုမျိုးလေ့လာရေးခရီးထွက်တာ ပထမအကြိမ်လို့ ပြောလို့ရတယ်။ အစက ကျနော်တို့ အယောက် ၃၀-၄၀ လောက်ပဲ စီစဉ်ထားတယ်။ ဒါပေမယ့် သွားချင်တဲ့လူက များတော့ အယောက် ၁၈၀ ကျော်သွားတယ်။ ကျနော်တို့အခုလို စီစဉ်တာက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်မှု ရှိသွားစေချင်တာရယ် မွန်ကျောင်းသား/သူ တွေအကြားမှာ စည်းရုံးရေး တစ်ရပ်လည်း ဖြစ်သွားတယ်”ဟု ၄င်းက ပြောသည်။
ယင်းလေ့လာရေးခရီးစဉ်မထွက်မှီ ကျောင်းသား/ကျောင်းသူများက ပါမောက္ခချူပ်ထံတွင် သွားရောက် အသိပေးခဲ့သည်။ သို့သော် “တကယ်လို ကျနော်တို့ လေ့လားရေးခရီးထွက်ရင် ပါမောက္ခချူပ် တားလည်း မတားဆီးပါဘူး၊ သွားခွင့်လည်း မပြုခဲ့။ အဓိပ္ပာယ်ကတော့ လမ်းမှာ ပြသနာတစ်ရပ် ပေါ်လာရင် ကိုယ့်ကိုယ်ရှင်းယူပြီး ပါမောက္ခချူပ်မှ တာဝန်မခံပေ” ဟု ၄င်းက ဆက်ပြောပါသည်။
ထိုကော့နှတ်ကျေးရွာရောက်သည့်အခါ ဘုန်းတော်ကြီးက လက်ဖက်ရည်နှင့် ကြိုဆိုခဲ့ပြီးနောက် မွန်ကျောင်းသား/သူများကို ဦးနာအောက်အကြောင်း ပြောပြခဲ့သည်။ တစ်ဆက်တည်းမှာပင် ဘုန်းကြီးကျောင်းဝင်းတွင် ကျောင်းသား/သူများက ဂိမ်းကစား ခဲ့ရာ အလွန်ပင် ပျော်ရွင်မှုရရှိခဲ့သည်ဟု လိုက်ပါသွားသည့် ကျောင်းသားတစ်ဦးက ပြောသည်။
“ဒီခရီးစဉ်အတွက် တစ်ယောက်ကို ကျပ် ၃၀၀၀ လောက်ပဲပေးရတယ်၊ ပျော်လည်းပျော်တယ်။ နယ်အသီးသီး ကနေလာတဲ့ မွန်ကျောင်းသား/သူကိုလည်း ခင်သွားတော့ ဒီခရီးစဉ်ဟာ ကျနော်တို့အတွက် မမေ့နိုင်လောက် အောင် ဖြစ်တယ်။ နောက်ပြီး အခုလိုလုပ်တာ မွန်လူမျိုးတို့ရဲ့ အင်အားတစ်ရပ်လည်းဖြစ်တယ်” ဟု ၄င်းက ပြောသည်။
လိုက်ပါသွားသည့် ကျောင်းသားဟောင်းတစ်ဦး၏ ပြောပြချက်အရ “ခရီးစဉ်မှာ ကျနော်ဘက်ကနေ တတ်နိုင် သလောက်တော့ ဝိုင်းဝန်းကူညီပေးတယ်။ သူတို့အတွက် အိမ်မပြန်မှီ အမှတ်တရလည်း ဖြစ်သွားအောင် လိပ်စာ-စာအုပ် စီစဉ်ပြီး ထုတ်ခဲ့တယ်။ သူတို့က ကြိုက်လည်းကြိုက်တယ်၊ သဘောလည်းကျတယ်”ဟု ၄င်းက ပြော သည်။
ယခုကဲသို့ ကော့နှတ်ကျေးရွာမှာ ရွေးပြီး လေ့လာရေးခရီးစဉ် ထွက်ခဲ့သည့်အကြောင်းသည် ကော့နှတ်ရွာသည် ၁၉ ရာစုတွင် ကျော်ဇောထင်ရှားခဲ့သော ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ ဧရာဝတီ သင်္ဘော ကုမ္ပဏီနှင့် ယှဉ်ပြိုင်ခဲ့သော မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ မွန်ဘုရားဒကာ သူဌေးကြီး ဦးနာအောက် နေထိုင်ခဲ့သော သာသနာ ထွန်းကားပြန့်ပွားရာ ကျေးရွာအဖြင့် ထင်ရှားကျော်ကြားခဲ့သည်။
[+/-] |
စာသင်ကျောင်းပြင်ဆင်ခွင့်မရသဖြင့် ကျောင်းသားကျောင်းသူများ စာသင်ရန်ခက်ခဲ |
Submitted by Karen Information Center on November 13, 2009 – 4:15 am
အောက်တိုဘာလ ၁၃ရက်။ (ကေအိုင်စီ)
http://www.kicnews.org/?p=1281
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်ကျောင်းအဆောက်အဦး ပြင် ဆင်ခွင့် မရသည့်အတွက် ကျောင်းသူကျောင်းသား စာသင်ရန်အခက်အခဲဖြစ်နေပြီး ယခုချိန်တွင် ကျောင်းကို ပိတ်ထားရသည် ဟု ကျောင်းဆရာတဦး၏ ပြောပြချက်အရ သိရသည်။
အလယ်တန်းအထိ ဖွင့်လှစ်ထား အဆိုပါကျောင်းသည် ပထမအစမ်းစာမေးပွဲဖြေပြီး ကျောင်းသူကျောင်းသားများအတွက် အား လပ်ရက်အနေဖြင့် အောက်တိုဘာ ၁၆ရက်မှစ၍ နိုဝင်ဘာလ ၁ရက်နေ့အထိ ကျောင်းကို ပိတ်ထားခဲ့ပြီး ထိုကျောင်းပိတ်ရက် အတောအတွင်း ကျောင်းအမိုးအကာများ ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေစဉ် ထိုင်းအာဏာပိုင်များ လာရောက်တားမြစ်ခဲ့ သဖြင့် ယခုအချိန်ထိ ကျောင်းကို ပြန်မဖွင့်နိုင်ဘဲ ပိတ်ထားရသည်ဟု ကျောင်းဆရာ စောဂျစ်ပစီက ကေအိုင်စီကို ပြောသည်။
သူက “ကျနော်တို့ကျောင်းဟာ အစကတည်းက တာလာပါ့အမိုးနဲ့ပဲ မိုးထားတယ်ဆိုတော့ အခုနွေမှာ နေက အရမ်းပူလာပြီ လေ။ ကျောင်းပိတ်ရက်မှာ ကျနော်တို့ ကျောင်းသားမိဘတွေက ကျောင်းကို နည်းနည်းလေး ပြန်ပြင်ပြီးတော့ ဖက်နဲ့ပြန်မိုးဖို့ လုပ်တဲ့ အချိန်မှာ ဒီမှာရှိတဲ့ ထိုင်းအာဏာပိုင်တွေက ခွင့်မပေးဘူး။ သူတို့က(ထိုင်းအာဏာ) ပြင်စရာမလိုတော့ဘူး၊ နင်တို့မကြာ ခင် ပြောင်းရတော့မယ်လို့ ဒီလ ၈ရက်နေ့မှာ လာပြောသွားတယ်။ ကျောင်းက ဒီလ ၂ရက်နေ့မှာ ပြန်ဖွင့်ရမယ်ဆိုပေမယ့်ကျောင်းအမိုး အကာ မပြည့်မစုံတဲ့အနေအထားမှာ နေပူကျဲကျဲထဲမှာ ကျောင်းသားတွေ ဘယ်လိုလုပ် စာသင်လို့ရမှာလဲ”ဟု ဆို သည်။
ထို့အပြင် “အာဏာပိုင်တွေကတော့ ကလေးတွေ စာမသင်ရဘူးလို့တော့ မပြောပေမယ့် အခုလိုမျိုး စာသင်ကျောင်း အမိုးအ ကာ တဝက်တပျက်နဲ့ဆို ကလေးတွေ စာသင်လို့မရတော့ဘူးလို့ ထင်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တပတ်မှာ ကျနော်တို့ ကလေး တွေ စာသင်ပေးဖို့ စဉ်းစားထားတယ်။ အိမ်မှာပဲ ကလေးတွေကို စုပြီးတော့ စာသင်ပေးမယ်။ ကျောင်းတက်တဲ့ ပုံစံ တော့ မဟုတ်ဘူးပေါ့။ ကျူရှင်ပြတဲ့ပုံစံမျိုးပေါ့၊ တနေ့ကို သင်ခန်းစာ နည်းနည်းလေးလောက် သင်သွားမယ်၊ သူတို့ (ထိုင်းအာဏာ ပိုင်)တွေကိုတော့ ကျနော်တို့ အသိပေးရမယ်။ သူတို့ခွင့်မပြုရင်တော့ မသင်ရဘူးပေါ့။ ဒီလိုအခြေအနေတွေကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် အရမ်းနစ်နာတယ်”ဟု ဆရာစောဂျစ်ပစီက ပြောဆိုသွားသည်။
နိုဘိုးယာယီဒုက္ခသည်စခန်းတွင်ရှိ အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသားဦးရေ (၂၂၄)ဦးနှင့် ကျောင်းဆရာ၊ ဆရာမ (၁၆)ဦးရှိပြီး အတန်းပညာအားဖြင့် အတန်းငယ် KGမှ (၇)တန်းအထိ ရှိသည်။
ထို့အပြင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များကို နေ့တိုင်းလိုလို ဝင်ရောက်စစ်ဆေးလျှက်ရှိပြီး ယခုလ (၄)ရက်နေ့က ထိုဒေသအတွင်းရှိ ထိုင်း(တောချောဒေါ)စစ်သား၊ ရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စခန်းတာ ဝန်ရှိသူများနှင့် ကျောင်းဆရာအချို့ကို ခေါ်ယူမေးမြန်းမှုများ လုပ်ဆောင်သည့်အပြင် နိုဘိုးရွာသားအချို့၏ နေအိမ်များကို လည်း ဝင်ရောက်စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များအား ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက် သွယ်၍ မရပါ။
အလားတူ ထိုင်းနိုင်ငံ ထဆောင်ယမ်းမြို့နယ် အူးသူးထာ့ဒေသအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင်လည်း ယခုလ ၄ရက်နေ့မှ စ၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များအား နိုဘိုးယာယီစခန်းအတွင်းသို့ ပြောင်းရွှေ့နေထိုင် ရန် လူဦးရေစာရင်းများ လာရောက်ကောက်ခံနေကြောင်း အူးသူးထာ့စခန်းကော်မတီဝင်တဦးက ကေအိုင်စီကို ယခုလို ပြောသည်။
သူက “အူးသူးထာ့မှာတော့ ကလေးတွေက ကျောင်းပုံမှန်တက်နေပါတယ်၊ ဒါပေမယ့် ဒီလ ၄ရက်နေ့ကစပြီးတော့ ၃-၄ရက် ဆက်တိုက် ထိုင်းအာဏာပိုင်တွေက စခန်းထဲမှာလာပြီးတော့ စခန်းရဲ့လုံခြုံရေးအတွက် ဒုက္ခသည်တွေ နိုဘိုးဘက်ကို ပြောင်း မလား။ ရွာကိုပြန်မလားပေါ့၊ ရွာကိုပြန်မယ့်လူ ဘယ်နှစ်ယောက်၊ နိုဘိုးဘက် ပြောင်းမယ့်လူ ဘယ်နှစ်ယောက် သူတို့စီကို စာရင်းလာသွင်းပါလို့ ပြောလာတယ်။ ရွာသားတွေ တယောက်မှ စာရင်းမသွားပေးကြဘူး။ ရွာသားတွေက ကျနော်တို့ကို အချိန် တလနှစ်လလောက် စောင့်ပေးပါ။ အခြေအနေကောင်းလာရင် ရွာကိုပဲပြန်ချင်တယ်လို့ တောင်းပန်တော့ သူတို့(ထိုင်း အာဏာပိုင်)ကလည်း အတင်းအကြပ်မလုပ်ဘူး”ဟု ပြောဆိုသွားသည်။
အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း နေထိုင်ကြသည့် ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန် လက ထိုဒေသရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့များကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်လာ စဉ် အိုးအိမ်များကို စွန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးရောက်ရှိလာခြင်းဖြစ်ရာ ထိုင်းအာဏာပိုင်များက ထဆောင်ယမ်းမြို့ နယ်အတွင်းရှိ နိုဘိုး၊ မဲ့သရီနှင့် အူးသူးထာ့ဒေသအတွင်း ယာယီစခန်းဖွင့်ကာ ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်။
[+/-] |
ကျောင်းသုံးစာအုပ်များမှ ဗိုလ်ချုပ်အောင်ဆန်း |
ထိန်လင်း
နိုဝင်ဘာ ၁၅၊ ၂ဝဝ၉
http://moemaka.com/index.php?option=com_content&task=view&id=5084&Itemid=1
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေတွေဟာ မြန်မာပြည်ရဲ့ စာပေအနုပညာ နယ်ပယ်များ သာမက ဘဲ ပညာရေးနယ်ပယ်ကိုလည်း ရိုက်ခတ်လျက်ရှိပါတယ်။ နမူနာ ပြရမယ်ဆိုရင် မြန်မာပြည် စာသင်ကျောင်းများမှာ ပြဋ္ဌာန်းထားတဲ့ ကျောင်းသုံး စာအုပ်များကို ပြရမှာဖြစ်ပါတယ်။
ကလေးသူငယ်များရဲ့ ပညာရေးဟာ နိုင်ငံရေးသြဇာလွှမ်းမိုးမှုတွေ၊ အရောင်ဆိုးမှုတွေ မရှိရဘူးဆိုပေမယ့် မြန်မာပြည် ကျောင်းသုံး စာအုပ်များ၊ ပြဋ္ဌာန်းစာများမှာတော့ ဖြစ်ပေါ်တဲ့နိုင်ငံရေးအခြေအနေတွေ၊ ပြောင်းလဲတဲ့ ခေတ်စနစ်ပေါ်မှာ ဒါမှမဟုတ် အာဏာရှင်တွေ အပေါ်မှာလိုက်ပြီး ပြောင်းလဲနေရပါတယ်။ အထင်ရှားဆုံးဥပမာ ပြရမယ်ဆိုရင် မဆလ လို့ အလွယ်တကူ ခေါ်နေတဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် အခြေခံပညာ အထက်တန်းမှာ စီးပွားရေးဘာသာရပ် သင်ကြားတဲ့အခါ ဆိုရှယ်လစ် စီးပွားရေး ကိုပဲ ဦးတည်သင်ကြားစေခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အညမညသဘောတရား အစရှိတဲ့ ဆိုရှယ်လစ် သဘောတရား တွေကို နိုင်ငံရေးသိပ္ပံ ဆိုတဲ့ ဘာသာရပ်ခေါင်းစဉ်အောက်မှာ သင်ကြားခဲ့ပါတယ်။
ဒီ ပြဋ္ဌာန်းစာတွေမှာ သဘောတရား ရေးရာတွေကို သိအောင်၊ ယှဉ်တွဲလေ့လာနိုင်အောင် သင်ကြားခြင်းမဟုတ်ဘဲ ဒီစနစ်က ကောင်းတယ်၊ တခြားစနစ်တွေက မကောင်းဘူး လို့ တဖက်သတ်ကောက်ချက်ချပြီး ကျက်စာအဖြစ် သင်ကြားခဲ့တာကို တွေ့ရပါတယ်။ အခု လက်ရှိစစ်အစိုးရ လက်ထက်မှာလည်း ထိုင်းနိုင်ငံနဲ့ မသင့်မြတ်တဲ့အခါ ထိုင်းနိုင်ငံမကောင်းကြောင်း ရေးထား တဲ့ သမိုင်းစာအုပ်ကို ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့တာတွေ့ရပါလိမ့်မယ်။ ဒါတွေဟာ ကျောင်းသုံးစာအုပ်တွေပေါ်မှာ သက်ရောက်နေတဲ့ နိုင်ငံရေးတွေ ဖြစ်ပါတယ်။
ဒီလိုပဲ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပြဋ္ဌာန်းစာအုပ်ထဲက ဖြုတ်ပစ်တဲ့ သင်ရိုးတွေ၊ သင်ခန်းစာတွေလည်း ရှိနေပါသေးတယ်။ ဥပမာဆိုရရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်း အခြေခံပညာ အထက်တန်း ကျောင်းသုံးစာအုပ်တွေကနေ ထုတ်ပယ်ပစ် တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ကဗျာတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတို့ကို ပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ကိုယ်တော်မှိုင်းတို့ဟာ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲရဲ့ သင်္ကေတတွေ၊ တော်လှန်ရေးရဲ့ ပြယုဂ်တွေ ဖြစ်နေလို့ သူတို့ အမည်၊ သူတို့အကြောင်းကို အထက်တန်းကျောင်းသားတွေစိတ်ထဲ မရောက်အောင် ကာကွယ်တဲ့သဘော လုပ်လိုက်တာလို့ ယူဆမိပါတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေမှာ အာဏာရှင်ကို တော်လှန်ချင်တဲ့ သူပုန်စိတ်တွေ မပေါ်အောင် အထက်တန်း အဆင့်မှာကတည်းက ကြိုတင်ပိတ်ဆို့တဲ့သဘောတွေလည်း ဖြစ်ပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာပေတွေကို ကျောင်းသင်ခန်းစာအဖြစ် ပြဋ္ဌာန်းခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ လောက်ကတည်းက စတင်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ စာတွေထဲက ကောက်နုတ်ပြီး ဖော်ပြထားတဲ့ လောကဝိဟာ၊ ကျောင်းသားဝတ္တရား၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးတွေကို အထက်တန်းကျောင်းသုံးစာအုပ်တွေမှာ ပြဋ္ဌာန်းခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းဇာနည်ကဗျာ နဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းတို့ကိုလည်း မူလတန်း ကျောင်းသုံးစာအုပ်တို့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိမှာတော့ မူလတန်းအဆင့်မှာ ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာတွေပဲ ကျန်တော့မယ်ထင်ပါတယ်။
နဝမတန်း ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင် မှာ ပြဋ္ဌာန်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဖော်ပြထားတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာရေးဖြတ်သန်းမှု၊ ပညာရေးနဲ့ပတ်သက်တဲ့ အမြင်၊ သပိတ်မှောက်ကျောင်းသားဘဝ တစိတ်တဒေသကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးကို ပိုပြီး စိတ်သန်ခဲ့တဲ့အတွက် ကျောင်းစာထက် နိုင်ငံရေးကို ပိုပြီး အာရုံစိုက်ခဲ့တဲ့ အကြောင်း၊ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက်လုပ်ကိုင်ဖို့ ကျောင်းကနေ နှစ်ဝက်မှာထွက်ပြီး သခင်ဘဝ ပြောင်းလဲခဲ့ပုံတွေကို ရေးသားပါတယ်။ ဒါ့အပြင် ပညာရဲ့သဘောနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ရှင်းလင်းရေးသားထားပါတယ်။ အဲဒီအထဲက လူအများ အနှစ်သက်ဆုံး စာပိုဒ်ကလေးကတော့ “လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီး ထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။” ဆိုတဲ့ အဆိုအမိန့်ပဲ ဖြစ်ပါတယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စာပိုဒ်ကလေးဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးဖွဲ့ထားတဲ့ ‘အောင်ဆန်းဇာနည်’ ကဗျာကို လက်ရှိ တတိယတန်း မြန်မာ ဖတ်စာမှာ ပြဋ္ဌာန်းထားပြီး ‘ဗိုလ်ချုပ်အောင်ဆန်း’လို့ အမည်ပေးထားတဲ့ သင်ခန်းစာကိုတော့ စတုတ္ထတန်း မြန်မာဖတ်စာမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီသင်ခန်းစာမှာ ရေနံ့သာရွာ မူလတန်းကျောင်းမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရင်း ကျောင်းအုပ် ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတဲ့ပုံစံ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝ တစိတ်တဒေသနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လေးစားစရာ စိတ်ဓာတ်တွေအကြောင်း ပြောပြထားပါတယ်။ အဲဒီအထဲက တချို့ကို ဖော်ပြရရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ သတ္တိလည်းရှိတယ်။ သဘောထားလည်း အလွန်ကြီးတယ်။ ဘယ်သူ့ကိုမှ ရန်သူလို သဘောမထားဘူး။ ရန်ငြိုးလည်း မထားဘူး။ သူလုပ်သမျှ လုပ်ငန်း တွေဟာ တိုင်းပြည်အတွက်သာ ဖြစ်တယ်။ သဘောထားကြီးတယ်။ ဘယ်သူ့ကို မဆို မေတ္တာနဲ့ ဆက်ဆံတယ်။” ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကလေးတွေကို သင်ပေးတဲ့ ကျောင်းသင်ခန်းစာထဲက လူကြီးတွေပါ သတိပြုရမယ့် အချက်တစ်ခုကို သတိထား မိပါတယ်။ အဲဒါကတော့ သင်ခန်းစာရဲ့ နောက်ဘက်က မေးခွန်းများပဲဖြစ်ပါတယ်။
အဲဒီသင်ခန်းစာအတွက် ဖြေရမယ့်မေးခွန်း စုစုပေါင်း ၇ ခုကို မေးထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်၊ မွေးသက္ကရာဇ်၊ ဘယ်နှစ်မှာ တက္ကသိုလ်ရောက်သလဲ၊ ကျောင်းသားဘဝမှာ ဘယ်တာဝန်တွေကို ထမ်းဆောင်သလဲ၊ ဘယ်နှစ်မှာ တို့ဗမာအစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သလဲ စတဲ့ မေးခွန်း ၆ ခုကို မေးပြီးတဲ့နောက် အရေးကြီးတဲ့ နောက်ဆုံးမေးခွန်းကို မေးထားပါတယ်။ အဲဒီမေးခွန်းကတော့ ‘ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို မည်သို့ ဆပ်ကြရမည်နည်း’ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အဲဒီမေးခွန်းရဲ့အဖြေကို ရှေ့က သင်ခန်းစာထဲမှာ ပြန်ကြည့်လိုက်တော့ “တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် အသက်နဲ့လဲပြီး ဆောင်ရွက်ပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ရင် သူ့လို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရမယ်”ဆိုတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ သြဝါဒကို တွေ့လိုက်ရပါတယ်။ ဒါဟာ ကလေးတွေသာမဟုတ်ဘဲ လူကြီးတွေပါ စဉ်းစားရမယ့်အချက်ဖြစ်နေပါတယ်။ လေးတန်း ကျောင်းသားတွေ သင်ယူရမယ့် ကျောင်းသင်ခန်းစာကို တိုင်းပြည်အုပ်စိုးနေသူတွေ၊ ဦးဆောင်ဦးရွက်ပြုနေသူတွေ အမှတ်ရစေဖို့ တခုခု လုပ်ရင်ကောင်းလေမလားလို့တောင် တွေးမိပါတယ်။
ဗိုလ်ချုပ်တို့အသက်ပေးပြီး ရအောင်ယူပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ ဒီကနေ့အခြေအနေ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ အပေါ် အလေးထားမှုတွေ၊ ကျန်ရစ်ခဲ့တဲ့ သူတို့မိသားစုတွေအပေါ် ဆက်ဆံနေမှုတွေ ဘယ်လိုရှိနေသလဲဆိုတာကို တွေးတောရင်း နှစ်စဉ် ဂါရဝပြုကြတဲ့ အာဇာနည်နေ့ရဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမှာ ရေးသားထားတဲ့ စာစုတွေထဲက ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းစာသင်ခန်းရဲ့ ပြင်ပမှာ ရှိနေကြသူတွေက ဘယ်လောက်အထိ အာရုံထားသလဲဆိုတာကိုပါ ဆက်စပ်တွေးတောမိပါတယ်။
တကယ်လို့များ တိုင်းပြည်အုပ်ချုပ်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တာမဆပ်တာ အပထား သင်ခန်းစာ ထဲက ကျောင်းအုပ်ဆရာကြီး ပြောသလို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရင် ကောင်းလေစွ လို့လည်း ဆန္ဒပြုမိပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
ထိန်လင်း (၁၅ ၊ ၇၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁၇ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
Thursday, November 12, 2009
[+/-] |
ရန်ကုန်တက္ကသိုလ်အတွင်း ဇာတ်ကားရိုက်ခွင့် ပိတ်ပင် |
ဝီရ / ၁၁ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaingnews.org/news/Nov09/111109b.php
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ရှိသည့် ရန်ကုန်တက္ကသိုလ် (ပင်မ) အတွင်း ဗီဒီယိုဇာတ်ကား ဝင်ရောက်ရိုက်ကူးခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။
“ဘွဲ့နှင်းသဘင်၊ ဂျပ်ဆင်နှင့် ဦးချစ်လက်ဖက်ရည်ဆိုင်ရှိတဲ့ဘက်ကို ဗီဒီယို ရှူတင်အတွက် ဒီလဆန်းပိုင်းက ကျနော်သွားမေးတော့ ဒီအထဲမှာ ရိုက်ခွင့်မရှိတော့ဘူးတဲ့။ ဂိတ်မှာ စောင့်နေတဲ့ ဆရာနဲ့ ဂိတ်ဝန်ထမ်းတွေကို ဘာကြောင့်လဲလို့မေးတော့ ဒီနှစ်ကုန်တဲ့အထိ ရိုက်ခွင့်မရှိဘူးလို့ပဲ ပြောတယ်” ဟု ဗီဒီယိုဇာတ်ကား ရိုက်ကူးရန် သွားရောက်မေးမြန်းသည့် ရိုက်ကွင်းတာဝန်ခံတဦးက ပြောသည်။
ယခု ပိတ်ပင်လိုက်သည့် ပင်မဘက်ခြမ်းတွင် တက္ကသိုလ်စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်၊ သစ်ပုတ်ပင်၊ ဂျပ်ဆင်အပြင် RC ခေါ် ကျောင်းသားနားနေဆောင် စသည့် အထင်ကရ နေရာများရှိသည်။
ထိုကဲ့သို့ ငြင်းပယ်ခြင်းခံရ၍ ဇာတ်ညွှန်းအတိုင်း ရိုက်ကူးရန် ပြင်ဆင်ထားသည့် ဂျပ်ဆင်နှင့် တက္ကသိုလ်စာကြည့်တိုက် ရိုက်ကွင်းအတွက် နေရာအစားထိုးရန် အခက်တွေ့နေကြောင်း ထိုရိုက်ကွင်းတာဝန်ခံက ပြောသည်။
ရန်ကုန်တက္ကသိုလ်ကို ၂၀၀၃ ခုနှစ်မှစ၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အဓိပတိလမ်းမကြီး ဂိတ်ပေါက်မှလွဲ၍ အခြားဝင်/ထွက်ဂိတ်အားလုံးကို ဖြတ်သန်းခွင့် ပိတ်ထားပြီး ဝင်ရောက်သူများအား လက်မှတ်ထိုးခိုင်းခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်းတို့ ယနေ့တိုင် ပြုလုပ်လျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်အတွင်း ဗီဒီယို၊ ဓာတ်ပုံရိုက်ခွင့်လိုင်စင်ရထားသည့် သိင်္ဂီရွှေရည် ဓာတ်ပုံတိုက်မှ တာဝန်ရှိသူတဦးက ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်လိုက်ကြောင်း မကြားမိသေးသော်လည်း ဖြစ်နိုင်ကြောင်း၊ အကြောင်းမှာ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်တက္ကသိုလ်လည်း အထိနာခဲ့သည့်အတွက် ပြင်ဆင်စရာများ ရှိနေကြောင်း ပြောသည်။
၎င်းက “ဒီအတိုင်းပြိုပျက်နေတာကို အသိမခံချင်လို့ အထဲမှာ ရိုက်ခွင့်မပေးတာ ဖြစ်နိုင်တယ်လေ။ ဥပမာ အုတ်ခုံတို့၊ ဆိုင်းဘုတ်တို့၊ အဆောင်ခေါင်မိုးတို့၊ အဆောင်ကူးလမ်းကြားတို့ဆိုရင် ကြည့်မကောင်းအောင် ပျက်စီးနေပြီ။ တချို့နေရာတွေဆို မြက်ပင်တွေ၊ အုတ်ခဲကျိုးတွေက ဒီအတိုင်း ပြန့်ကျဲနေတာကိုး။ ကျနော်တို့ဓာတ်ပုံတိုက်က ဘွဲ့နှင်းသဘင်အနီးအနားနဲ့ ဘွဲ့ယူတဲ့သူတွေ ငှားတာလောက်ပဲဆိုတော့ လှတဲ့နေရာတွေလောက်ပဲ ရွေးရိုက်တာလေ” ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ် (ပင်မ) အတွင်းပိုင်းမှလွဲ၍ ကျန်ရှိသည့် သထုံလမ်းရှိ ဆေးတက္ကသိုလ် (၁)၊ ဘွဲ့နှင်းသဘင် အနောက်ဘက်ခြမ်းရှိ စီးပွားရေးတက္ကသိုလ် ဆိုင်းဘုတ်နှင့် အုတ်ခုံနေရာ၊ စားသောက်ဆိုင်တို့တွင် ရိုက်ကူးခွင့် ပိတ်ပင်ခြင်း မရှိသေးကြောင်း ဗီဒီယိုဇာတ်ကား ရိုက်ကူးသူများက ပြောသည်။
မြန်မာစစ်အစိုးရက ကျောင်းသားများ၏ စုစည်းနေသည့်အင်အားကို ဖြိုခွင်းရန်နှင့် ထိန်းသိမ်းရလွယ်ကူရန် ရည်ရွယ်၍ တက္ကသိုလ်ကျောင်းတက်ရောက်ခွင့် ပြန်လည်ဖွင့်လှစ်ချိန် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်၌ တက္ကသိုလ်ကျောင်းများကို ရန်ကုန်မြို့ပြင် အရပ်လေးမျက်နှာသို့ ပြောင်းရွှေ့စေပြီး ရန်ကုန်တက္ကသိုလ် (ပင်မ) နေရာတွင် ဒီပလိုမာသင်တန်းများသာ တက်ရောက်ခွင့်ပြုခဲ့သည်။
ဘွဲ့နှင်းသဘင် ပတ်ဝန်းကျင်တွင် ဓာတ်ပုံရိုက်ကူးရန် ဝင်ရောက်ခွင့်မရခဲ့သည့် ကိုယ်တွေ့ကြုံခဲ့သူ နိုင်ငံခြားသားတဦးက “လွန်ခဲ့တဲ့ အောက်တိုဘာလက အဓိပတိလမ်းမကြီးကနေ ဘွဲ့နှင်းသဘင်ကို မြင်တော့ အပြင်ကနေ ဓာတ်ပုံရိုက်တယ်။ ဂိတ်ဝန်ထမ်းတွေက စောင့်ကြည့်နေတယ်။ အထဲဝင်ဖို့ ခွင့်တောင်းတော့ ကပျာကယာနဲ့ ငြင်းတယ်။ နိုင်ငံခြားသားတွေကို ဝင်ခွင့်မပြုဘူးဆိုရင် ရေးထားပါလား။ အခုဟာက ရေးထားတာလည်း မရှိဘူးလေ။ အမျိုးသားစာကြည့်တိုက်ဆီသွားရင် ဘယ်နှယ့်လုပ်မလဲ ဒီအတိုင်းဆို။ ဒါနဲ့ ဂိတ်အပြင်ကနေပဲ ဘွဲ့နှင်းသဘင်ရဲ့အဝေးမြင်ကွင်းကို ရိုက်ခွင့်ရခဲ့တယ်” ဟု ပြောသည်။
[+/-] |
ရေကြောင်းတက္ကသိုလ် အဆင့်အတန်းနိမ့်လာ |
အောင်ကျော်မိုး / ၁၂ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/121109a.php
မြန်မာနိုင်ငံတွင် သင်ကြားမှု အဆင့်အတန်း အမြင့်ဆုံးဟု နာမည်ကြီးနေသည့် ရေကြောင်းပညာသိပ္ပံတက္ကသိုလ်တွင် ယခုနှစ် စာမေးပွဲ၌ ကျဆုံးသူများပြားသော်လည်း ပုံမှန်အတိုင်းအားလုံးနီးပါးကို အအောင်ပေးခဲ့ကြောင်း အဆိုပါ တက္ကသိုလ်မှ နည်းပြတဦးက ပြောသည်။
ဆိပ်ကမ်းအင်ဂျင်နီယာဘာသာပြ ဆရာတဦးက “ပါချုပ် ဒေါက်တာချာလီသန်းကိုယ်တိုင် နေပြည်တော်ကို တက်သွားပြီး ဝန်ကြီးနဲ့ သွားတွေ့တယ်။ ဝန်ကြီးကတောင် မဆုံးဖြတ်နိုင်လို့ အတွင်းရေးမှူး (၁) ဆီကို ဆက်တင်ပြရတယ်။ နောက်ဆုံးတော့ သိပ်ဆိုးတာ ကလွဲရင် ကျန်တာတွေ အအောင်ပေးလိုက်၊ တနှစ် ဘွဲ့ရ ဘယ်နှယောက် ထွက်ရမယ်ဆိုတဲ့ စီမံကိန်းအတိုင်း ဆက်လုပ်ဆိုတဲ့ အမိန့်ရမှ ပါချုပ်က ရန်ကုန်ကို ပြန်လာပြီး ပြီးခဲ့တဲ့ အောက်တိုဘာ (၃ဝ) ရက်နေ့ကမှ အောင်စာရင်း ထုတ်ပေးလိုက်တယ်” ဟု ပြောသည်။
ပုံမှန်အတိုင်း အားလုံးနီးပါး စာမေးပွဲအောင်ကြသော်လည်း အောင်မှတ်မရဘဲ ကျရှုံးသူများကို အတန်းတင်ပေးခြင်းအားဖြင့် တဖြည်းဖြည်း ကျောင်းသားများ၏ ပညာရေးအဆင့်အတန်းနိမ့်လာကြောင်း ၎င်းက ပြောသည်။
နောက်ဆုံးစာမေးပွဲ ဖြေမရသည့် ကျောင်းသူကျောင်းသားအများစုသည် စာမေးပွဲ ကျရှုံးမည်ကို စိုးရိမ်ကြသည့်အတွက် နီးစပ်ရာ ဆရာများနှင့် ပါမောက္ခချုပ်ထံ သွားရောက် အကူအညီတောင်းခံမှုများ ရှိခဲ့ကြောင်း ကျောင်းသားများထံမှ စုံစမ်းသိရသည်။
ရေကြောင်းပညာတက္ကသိုလ်ကို ၂ဝဝ၂-၂ဝဝ၃ စာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားခြင်း၊ စာသင်ကြားမှု စံချိန်စံညွှန်းကောင်းမွန်ခြင်းတို့ကြောင့် ISO-9001-2000 လက်မှတ်ပင် ရရှိထားသည့် တက္ကသိုလ်တခု ဖြစ်သည်။
အဆိုပါတက္ကသိုလ်မှ ထူးချွန်စွာ အောင်မြင်သူများကို ကိုရီးယားကဲ့သို့ နိုင်ငံက ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ အလုပ်ခွင် သင်တန်းအတွက် ကိုရီးယား သင်္ဘောများပေါ်တွင် ခေါ်ယူလေ့ကျင့်ပေးခြင်း၊ ဘွဲ့ရပြီးသည့်အခါ နိုင်ငံတကာ သင်္ဘောလိုင်းတို့တွင် အလုပ်အကိုင်ရရှိခြင်းတို့ကြောင့် တနှစ်ထက်တနှစ် ကျော်ကြားလာပြီး ဝင်ခွင့်လျှောက်ထားသူ များပြားလျက်ရှိသည်။
ဝင်ခွင့်လျှောက်ထားသူ များလာသည့်အလျောက် တက္ကသိုလ် စဖွင့်ဖွင့်ခြင်းနှစ်တွင် အနိမ့်ဆုံး ကျောင်းဝင်ခွင့်အမှတ်ကို တက္ကသိုလ် ဝင်စာမေးပွဲ ရမှတ် (၃၄ဝ) ရသူများကို ဝင်ခွင့်ပေးခဲ့ရာမှ နောက်ပိုင်း အမှတ် (၄ဝဝ) ကျော်သူများသာ လျှောက်ထား နိုင်ကြောင်း၊ ယခု ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက်ကိုမူ အနိမ့်ဆုံးရမှတ် (၄၈ဝ) မှသာ လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များထဲတွင် အမှတ် (၅ဝဝ) ကျော် ရရှိသူတို့ ပါဝင်ကြောင်းလည်း သိရသည်။
သို့သော် ကျောင်းဝင်ခွင့်နှင့်ပတ်သက်၍ ယခုနောက်ပိုင်းတွင် မသမာမှုများရှိလာသည်ဟု ကြားရကြောင်း စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးက ပြောသည်။
၎င်းက “ ဒါကြောင့် အရည်အချင်းမမီတဲ့ ကျောင်းသားတွေ တက္ကသိုလ်ရောက်လာပြီး စာမလိုက်နိုင်ဘဲ ကျရှုံးသူများလာတာ ဖြစ်နိုင်တယ်။ ဒီလိုသာ ဆက်သွားနေရင်တော့ တခြားသက်မွေးကျောင်း တက္ကသိုလ်တွေလိုပဲ ရေကြောင်းကလည်း အရည်အချင်း နိမ့်တဲ့ ဘွဲ့ရတွေပဲ ထွက်လာမှာပဲ” ဟု သုံးသပ်သည်။
ရေကြောင်းသိပ္ပံ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းကမူ ကျောင်းသားများအနေဖြင့် မသမာသည့် နည်းလမ်းများ အသုံးပြုပြီး ဝင်ခွင့်ရအောင် ပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်ပစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
Wednesday, November 11, 2009
[+/-] |
အဝေးသင်ဘွဲ့ရသူများ အရာရှိရာထူး လျှောက်ထားခွင့်မရှိ |
အောင်သက်ဝိုင်း
Wednesday, 11 November 2009 19:44
http://www.irrawaddy.org/bur
စစ်အစိုးရ ၀န်ကြီးဌာန အသီးသီးတွင် ဦးစီးအရာရှိ အပါအ၀င် အငယ်တန်း အရာရှိ ရာထူးလျှောက်ထားသူ အဝေးသင် တက္ကသိုလ်ဘွဲ့ရ အားလုံး ၀န်ထမ်း အဖြစ် အရွေးခံရခြင်းမရှိဘဲ Day ဟုခေါ်သော နေ့ကျောင်းတက် တက္ကသိုလ်ဘွဲ့ရ များသာလျှင် ဦးစားပေးအရွေးခံရသည်ဟု နေပြည်တော် အစိုးရ ၀န်ထမ်းအသိုင်းအ၀န်းမှ သိရှိရသည်။
အဝေးသင် တက္ကသိုလ်ဘွဲ့ရများကို အရည်အချင်း မရှိသူများအဖြစ် အစိုးရအရာရှိကြီးများ ကိုယ်တိုင် မှတ်ယူထားခြင်းကြောင့် အစိုးရ အရာရှိငယ် ရာထူးများအတွက် မရွေးချယ်ခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ရှင်းပြသည်။
“အရာရှိငယ်ရာထူးအတွက် အဝေးသင်ဘွဲ့ရတွေကို မခေါ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက တရားဝင် ညွှန်ကြားချက် ထွက်တာမျိုး မဟုတ်ဘူး။ ၀န်ကြီးဌာနတိုင်းမှာ ဒီလိုပါပဲ။ နေ့တက် တက္ကသိုလ် ဘွဲ့ရတွေကိုပဲ ခေါ်ကြတယ်”ဟု ထို အကောက်ခွန် အရာရှိက ပြောကြားသည်။
အဝေးသင်တက္ကသိုလ်ဘွဲ့ရများသည် အရာရှိငယ်ရာထူး များမရရှိနိုင်သော်လည်း ၀န်ကြီးဌာနများတွင် စာရေး၊ စာချီကဲ့သို့သော အောက်ခြေ ၀န်ထမ်းများအဖြစ် ၀င်ရောက်အလုပ်လုပ်နိုင်သည်ဟု သိရသည်။
“ပညာရေး ဝေးသည်မရှိ” ဆိုသော ဆောင်ပုဒ်နှင့်အတူ စစ်အစိုးရ တီထွင်ခဲ့သော အဝေးသင် တက္ကသိုလ် ပညာရေးစနစ်မှ မွေးထုတ်လိုက်သည့် ဘွဲ့ရလူငယ်များကို စစ်အစိုးရ ကိုယ်တိုင် အသိအမှတ်မပြုခြင်းမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု အဝေးသင် ဘွဲ့ရ လူငယ်များက ပြောသည်။
“အစိုးရရဲ့ အဝေးသင်ပညာရေးစနစ်နဲ့ဘွဲ့ရတာကို အစိုးရကိုယ်တိုင်က အသိအမှတ်မပြုချင်ဘူး ဆိုတော့ ဒီအဝေးသင် တက္ကသိုလ် ဘွဲ့ရတွေက ဘာဆက်လုပ်ရမလဲ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်ဘွဲ့ရ ကျောင်းသူတဦးက မေးခွန်းထုတ်သည်။
ရန်ကုန်မှ မြန်မာစာကထိက တဦးကမူ နေ့တက်တက္ကသိုလ်ဘွဲ့ရ များက အရည်အချင်းရှိပြီး အဝေးသင်ဘွဲ့ရ များက အရည် အချင်း မရှိဟု ခွဲခြားသတ်မှတ်ခြင်းမှာ မသင့်လျော်ဘဲ ပညာရေးစနစ်သည်သာလျှင် တရားခံ အစစ်ဖြစ်သည်ဟု သုံးသပ်သည်။
“ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ကိုယ်တိုင်က တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲမှာ ဂုဏ်ထူးထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာကလွဲရင် ကျန်တဲ့ Day ရော၊ အဝေးသင်ရောမှာ ဆရာ၊ ဆရာမတို့ ကြိုက်သလို လုပ်ပါ။ ကျနော်တို့ ဘာမှ မပြောပါဘူး ဆိုပြီး မှာတယ်။ ပြောချင်တာက ကျောင်းသားတွေကို အအောင်ပေးပါ၊ အကျမများပါစေနဲ့လို့ ပြောတာ” ဟု အဆိုပါမြန်မာစာကထိက က ထောက်ပြသည်။
စစ်အစိုးရသည် ကျောင်းသားများ နိုင်ငံရေးမလုပ်ရန်သာ စိတ်ဝင်စားပြီး ပညာတတ်သည်၊ မတတ်သည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း၊ ထို့ကြောင့် တနှစ်တနှစ် မြန်မြန်အောင်၊ မြန်မြန်ဘွဲ့ရ ဆိုသော ပြီးစလွယ် ပညာရေးစနစ်ဖြင့် တိုင်းပြည်လူငယ်များကို အကွက်ကျကျ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ပညာရေးဆိုင်ရာ ၀န်ထမ်း အသိုင်းအ၀န်းတွင် ဝေဖန်နေကြသည်။
“အဝေးသင် တက္ကသိုလ်မှာ ၁၀ ရက်ကျောင်းတက်ပြီး စာမေးပွဲဖြေလို့ ပညာမတတ်ဘူးလို့ ပြောနေကြတာ။ နေ့တက် တက္ကသိုလ် တွေမှာလည်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်ရင် မည်သည့်ကျောင်းသားမျှ ကျရှုံးခြင်းမရှိစေရဆိုတဲ့မူနဲ့ ဘွဲ့တွေ ပေါပေါ လောလော ပေးနေတာပဲ။ ပြောရရင်လည်း ကိုယ်ပေါင်ကိုယ်လှန် ထောင်းရသလိုပဲ” ဟု တက္ကသိုလ်ဆရာမတဦးက ပြောသည်။
စစ်အစိုးရ၏ ပညာရေးစနစ်သည် ချွတ်ယွင်းချက်များစွာရှိနေပြီး ပညာတတ်များစွာ မွေးထုတ်မည်ဆိုပါက ယခုလက်ရှိ ပညာရေးစနစ် တခုလုံးကို မြေလှန် ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဒဂုံတက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောသည်။
မြန်မာ့ ပညာရေးစနစ်တွင် ဆရာ၊ ဆရာမ၏ သင်ကြားမှုကို လိုက်လံမှတ်သား ကျက်မှတ်သည့် စနစ်မှ ကျောင်းသားကိုယ်တိုင် လေ့လာဆည်းပူးခြင်း စနစ်သို့ကူးပြောင်းရေးသည် အလွန်အရေးကြီးကြောင်း ဒေါ်မေငြိမ်းက ဆက်လက်ပြောကြားသည်။
“တက္ကသိုလ်ပညာရေးမှာ တကယ့် သော့ချက်က ဆည်းပူးတာ။ သင်ယူတာမဟုတ်ဘူး၊ လေ့လာဆည်းပူး ပညာရှာရတာ။ တက္ကသိုလ်ဆိုတာ ကြံဆရတာ” ဟု သူက သုံးသပ်ပြောဆိုသည်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သော အဝေးသင် တက္ကသိုလ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတခု၌ ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ တက္ကသိုလ် သင်ရိုးညွှန်းတမ်း များသည် ကမ္ဘာ့အဆင့်မီ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အာဏာရရှိချိန်မှစပြီး ယနေ့အချိန်အထိ မှတ်ပုံတင်ထားသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၂ သိန်းကျော်၊ ၃ သိန်းနီးပါးရှိနေပြီ ဟု ပညာရေး အသိုင်းအ၀န်းမှ သိရသည်။
[+/-] |
ရခိုင်သဟာယအသင်းမှ တက္ကသိုလ် ပညာသင်ဆု လျှောက်လွှာများခေါ်ယူ |
http://www.narinjara.com/detailsbur.asp?id=2162
11/11/2009
ပညာသင်ဆုနှင့် ပညာ ထူးချွန်ဆုများကို နှစ်စဉ် ချီးမြှင့်ပေးနေသော ရခိုင်သဟာယ အသင်း ( ရန်ကုန်) မှ တက္ကသိုလ် ပညာ သင်ကြားရန် အခက်အခဲရှိသည့် ရခိုင်ကျောင်းသား ကျောင်းသူများအား ၂၀၀၉- ၂၀၁၀ ပညာသင်နှစ် အတွက် ပညာသင် ဆုများ ချီးမြှင့်နိုင်ရန် လျှောက်လွှာများ စတင်ခေါ် ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပညာသင်ဆုများကို လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၀ ခုနှစ် ဇန္န၀ါရီ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထား နိုင်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
လျှောက်လွှာများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အသင်းတည်ရှိရာ ရန်ကုန်မြို့ တာမွေမြို့နယ် သမိန်ဗရမ်းလမ်း အမှတ် ၁၁၅ ပထမထပ်တွင် ရယူနိုင်ကြောင်း အသင်းဝင် တဦးက ပြောသည်။
ရခိုင်သာဟာယ အသင်းသည် ပညာသင်ကြားရန် အခက်အခဲ ရှိနေသော ရခိုင်ကျောင်းသားများကို ၁၉၆၁ ခုနှစ်မှ စပြီး နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်လာသော အဖွဲ့အစည်း တခုဖြစ်ပြီ်း ၂၀၀၈- ၀၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ် ကောလိပ် အဆင့် တွင် ရခိုင် ကျောင်းသား ကျောင်းသူ ၁၃၅ ဦးကို ပညာသင် ဆုများ ချီးမြှင့်ပေးခဲ့ပြီး အထက်တန်း အဆင့်တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကျောင်းသား ၃၄ ဦးကို ပညာသင်ဆု ထောက်ပံ့ပေးခဲ့သည်။
၎င်းပြင် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ မူလတန်းအဆင့် ကျောင်းသား ၄၂၀ကိုလည်း ၂၀၀၈-၀၉ ခုနှစ်အတွက် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့သည်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော သုံးမြို့နယ်ရှိ မူလတန်းကျောင်းသားများကို ယူနီဆက်မှ ကူညီပေးခဲ့သဖြင့် အဆိုပါ မြို့နယ်သုံးမြို့နယ်ရှိ မူလတန်း ကျောင်းသားများကို ၂၀၀၈-၀၉ ခုနှစ်တွင် ပညာသင် ထောက်ပံ့ဆု ချီးမြှင့်ခြင်း မရှိကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
၂၀၀၈-၀၉ ခုနှစ် ပညာသင်နှစ် အတွင်း တက္ကသိုလ် ကောလိပ် အဆင့်တွင် ရခိုင်လူမှုရေးအသင်း ( ဂျပန် ) မှ ( ၂၂ ) ဦး၊ ရခိုင်ဖေါင်ဒေးရှင်း ( စင်္ကာပူ ) မှ ( ၃၅ ) ဦး၊ ရခိုင်အမျိုးသားပညာရေး ရံပုံငွေအဖွဲ့  မလေးရှားမှ ( ၅ ) ဦး၊ ရခိုင်မိသားစု ( ကာတာ ) မှ ( ၃ ) ဦး၊ ရခိုင်သဟာယအသင်း ( ရန်ကုန် ) မှ ( ၆၅ ) ဦးနှင့် MR. YOKO YAMA YOKO ဂျပန်မှ ( ၅ ) ဦး ချီးမြှင့် ပေးခဲ့သည်ဟု သိရသည်။
၎င်းပြင် အသင်းကြီးမှ ရခိုင်ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ဆုများ ထောက်ပံ့ လှူဒါန်း လိုသူများအားလည်း အသင်းကြီးနှင့် ဆက်သွယ် လှူဒါန်းရန် ဆော်သြထားကြောင်း သိရသည်။
ရခိုင်သဟာယ အသင်းကို ၁၉၆၁ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့တွင် ပုဇွန်တောင် အစိုးရ တန်းမြှင့်ကျောင်း ခန်းမဆောင်တွင် ပြုလုပ်သော ရခိုင်ဆိုရှယ် ကလပ် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခင်က တည်ရှိနေသော ရခိုင်ဆိုရှယ်ကလပ်မှာ ခေတ်နှင့် မလျော်ညီ သဖြင့် ရခိုင်သာဟာယ အသင်းသို့ ပြောင်းလဲ ဖွဲ့စည်းခြင်း ဖြစ်ပြီး အသင်း၏ ပထမဆုံး ဥက္ကဌကြီးမှာ ဦးစိန်ညိုထွန်း (အိုင်စီအက်စ်) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးမှာ ဦးစောမြအောင် (တရားသူကြီး) တို့ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ သတင်းဌာန)
Monday, November 9, 2009
Tuesday, November 3, 2009
[+/-] |
အဝေးသင်စာမေးပွဲ စာကူးဖြေသူများပြား |
အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား
အောင်ကျော်မိုး / ၂ နိုဝင်ဘာ ၂၀၀၉
http://www.khitpyaing.org/news/Nov09/021109b.php
လက်ရှိ ဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ် စာမေးပွဲများတွင် စာကူးဖြေသူ အလွန်များကြောင်း ရန်ကုန်၊ မန္တလေး တက္ကသိုလ် တို့၌် ဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထံမှ စုံစမ်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေ ပထမနှစ် ဖြေဆိုနေသည့် ကျောင်းသူတဦးက “သမီးတို့ စာမေးပွဲခန်းမှာ ကျောင်းသား (၅ဝ) နီးပါး လောက်ရှိတယ်။ အဲဒီမှာ ကူးချတဲ့သူက တဝက်နီးနီးလောက်ရှိတယ်။ စာမေးပွဲ ဒုတိယနေ့မှာ အခန်းစောင့်က စာကူးဖြေတဲ့သူ တွေကို သူတို့ကူးတဲ့ စက္ကူတွေ၊ စတစ်ကာတွေ အားလုံးကို သိမ်းသွားပြီး ခုံနံပါတ်တွေကိုလည်း မှတ်သွားတယ်။ စုစုပေါင်း အယောက် (၂ဝ) လောက်ရှိတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူး။ နောက်ရက်တွေမှာတော့ စာမေးပွဲ ဆက်ပြီးပေးဖြေတာတော့ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပထဝီဘာသာအဓိကဖြင့် တတိယနှစ် ဖြေဆိုနေသူ ကျောင်းသား တဦး ကလည်း ၎င်းတို့ စာမေးပွဲခန်းမှာလည်း အများစုသည် စာကူးပြီး ဖြေဆိုကြကြောင်း၊ စာကူးရန်အတွက် အဖြေ ရေးထားသည့် မိုက္ကရိုခေါ် သေးငယ်သည့် စက္ကူလေးများ၊ ခေါက်၍ရသော ဘာဂျာများ၊ စတစ်ကာများ စသဖြင့် တွေ့ရကြောင်း၊ စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ အများစုက မမြင်ချင်ဟန်ဆောင်ပေးကြပြီး အချို့ ဆရာမများမှာမူ စာမေးပွဲဖြေချိန် (၁) နာရီလောက် ရှိလာချိန်တွင် “ဟေ့ တော်ကြတော့၊ အောင်မှတ်တော့ ရလောက်ပြီ၊ တော်ကြတော့ သိမ်းကြတော့” ဟု သတိပေးတတ်ကြောင်း၊ စာကူးသူများကိုမူ ခုံနံပါတ်မှတ်ခြင်း၊ အရေးယူခြင်းမရှိကြောင်း ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသားဦးရေမှာ ပထမဆုံးနေ့တွင်သာ အများဆုံးဖြစ်ပြီး နောက်ရက်တို့တွင် တဖြည်း ဖြည်း နည်းသွား ကြောင်း၊ အကြောင်းမှာ အဆိုပါကျောင်းသားများသည် စာမေးပွဲတွင် ဖြေရမည့် စာနည်းနည်း ကိုပင် မကျက်နိုင်သူများ၊ ရှေ့ပိုင်း ရက်တို့တွင် မဖြေနိုင်သူများ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ စာဖြေကျောင်းသူ က ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသူကျောင်းသားများကို ပုံမှန်အားဖြင့် စာမေးပွဲခန်းထဲ မဝင်ခင် စစ်ဆေးရကြောင်း၊ စာမေးပွဲခန်းထဲတွင် စာကူးနေသည်ကို မြင်တွေ့ရပါက ခုံနံပါတ် မှတ်ထားပြီး အထက်သို့ တင်ပြရန် ညွှန်ကြား ချက်ရှိကြောင်း၊ အထောက်အထားနှင့် တွေ့ပါက စာမေးပွဲကို ကျရှုံးပေးမည့်အပြင် နောက်ထပ် (၂) နှစ် (၃) နှစ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်နိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နည်းပြ ဆရာမတဦးက ပြောသည်။
သို့သော် ကျောင်းသားကျောင်းသူများ စာကူးသည်ကို တိတိကျကျ အရေးမယူခြင်းမှာ ဆူပူမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်သည့်အပြင် ဆရာများက ကျောင်းသားများ နစ်နာမည်ကိုစိုးရိမ်သောကြောင့် အရေးမယူခြင်းဖြစ်ကြောင်း ထိုဆရာမက ရှင်းပြသည်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးကမူ “အဝေးသင် တက္ကသိုလ်ဆိုပေမယ့် ဘာကိုမှ ကြပ်ကြပ် မတ်မတ် စာသင်ပြတာ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ တနှစ် (၂) ကြိမ်လောက် စာစဉ်တွေကို လက်ရေးနဲ့ကူးတင်ရုံပဲ၊ နောက်စာမေးပွဲနီးမှ အနီးကပ်ဆိုပြီး (၁၀) ရက်ဖွင့်တယ်၊ ကျောင်းသားတွေက မသွားသူ များတယ်။ ဒီတော့ စာလုံးဝ သင်မထားတဲ့၊ မတတ်တဲ့ ကလေးတွေ စာမေးပွဲဝင် ဖြေရတာမျိုး ဖြစ်နေလို့ ကူးချတဲ့ ပြဿနာ ပေါ်လာရတာ။ တဖက်ကလည်း စာမေးပွဲအခန်းစောင့်တွေက ကြပ်ကြပ်မတ်မတ်မလုပ်ကြဘူး။ လုပ်ရင်လည်း စာမေးပွဲဖြေတဲ့ ကလေး (၁ဝ) ရာခိုင်နှုန်းလောက်တောင် ဖြေနိုင်တော့မယ် မထင်ဘူး။ နောက်ဆုံး ပြဿနာအရင်းခံဟာ ပညာရေး စနစ်သာဖြစ်တယ်” ဟု ဝေဖန်ထောက်ပြသည်။
ယခုကဲ့သို့ စာမေးပွဲခန်းအတွင်း စာကူးသည်ကို အခန်းစောင့် ဆရာများက လျစ်လျူရှုပေးရန် ဆိုပြီး ယခင်က ကျောင်းသား တယောက် ကျပ် (၂ဝဝ) မှ (၃ဝဝ) နှုန်း နေ့စဉ် ကောက်ခံထည့်ဝင်ရခြင်း ရှိခဲ့သော်လည်း ယခုစာမေးပွဲတွင်မူ မရှိတော့ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲများကို နိုဝင်ဘာ (၃) ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
Friday, October 30, 2009
[+/-] |
မုံရွာတွင် ပညာရေးစနစ်ပျက်ယွင်းနေဟု ကျောင်းသားမိဘများ ပြောဆို |
မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉
http://www.khitpyaing.org/news/Oct09/291009d.php
နဂိုကပင် ပျက်ယွင်းနေသည့် ပညာရေးစနစ်တွင် ရည်ချွန်စာမေးပွဲများကြောင့် ကျောင်းသားများ ပညာသင်ကြားရေးတွင် မတရား မှုများ ပေါ်ပေါက်စေသည်ဟု မုံရွာမြို့မှ ကျောင်းသားမိဘအချို့က ပြောသည်။
“အခု (၄) တန်းကနေ (၁၀) တန်းအထိ ရည်ချွန်စာမေးပွဲဆိုပြီး ကလေးတွေကို ဖြေခိုင်းတယ်။ အဲဒီလိုဖြေခိုင်းပြီး ကျောင်း အဆင့်မှာ (၁ ၊ ၂ ၊ ၃) အဆင့်ဝင်တဲ့ကလေးကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ဆက်ပြိုင်စေတယ်။ အဲဒီလို ပြိုင်စေတဲ့ အခါမှာ ကျောင်းဆရာတွေရဲ့ မသမာလုပ်မှုတွေ ပေါ်လာတော့တာပဲ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ရည်ချွန်စာမေးပွဲအဆင့်ဆင့်တွင် မေးခွန်းပေါက်ကြားခြင်း၊ ငွေလိုက်နိုင်သည့် ကျောင်းသားကိုသာ ရွေးချယ်ခြင်း စသည့် မသမာ မှုများကို ကျောင်းဆရာများက ပြုလုပ်လေ့ရှိကြကြောင်း ကျောင်းသားမိဘများက ပြောသည်။
မကြာသေးမီကလည်း မုံရွာမြို့၊ ဆူးလေကုန်းကျောင်းမှ ကျောင်းအုပ်ကြီးအား ရည်ချွန်စာမေးပွဲတွင် မသမာမှုပြုလုပ်ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သိရသည်။
ဆူးလေကုန်းကျောင်းမှ ကျောင်းသားမိဘတဦးက “ကျောင်းအုပ်က ဇွန်လပိုင်းကမှ စပြောင်းလာတာ။ ပြီးခဲ့တဲ့လပိုင်းက လုပ်တဲ့ (၄) တန်း ရည်ချွန်စာမေးပွဲမှာ မသမာမှုလုပ်တယ်ဆိုပြီး အတိုင်ခံရတယ်။ တခြားကျောင်းတွေမှာ ရည်ချွန်စာမေးပွဲ မေးခွန်းထုတ် ရင် ကော်မတီဖွဲ့ထုတ်ပေမယ့် သူက သူတဦးတည်း မေးခွန်းထုတ်ခဲ့တယ်လို့ ကြားတယ်။ အခု စသုံးလုံးက စစ်နေပြီ” ဟု ပြောသည်။
ဆူးလေကုန်းကျောင်းတွင် ရည်ချွန်စာမေးပွဲ၌ (၄) တန်းကျောင်းသား ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းတွင် (၆) တန်းအဆင့်ရှိ သင်္ချာမေးခွန်းများ ထည့်သွင်းထားရာ ကလေးအများစု မဖြေဆိုနိုင်သော်လည်း ကလေးအချို့က ဖြေဆိုနိုင် နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။
“အဆင့်လွန်မေးခွန်းကို ဖြေနိုင်တဲ့ ကလေးသုံးလေးယောက် ရှိနေတယ်ဆိုတော့ မေးခွန်းပေါက်ကြားမှုရှိလို့ပဲ ဖြစ်နိုင်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
၁၉၈၈ ခုနှစ်မတိုင်မီက (၈) တန်းနှင့် (၁၀) တန်းတို့တွင် လူရည်ချွန်စာမေးပွဲများရှိခဲ့ဖူးပြီး ရွေးချယ်ခံရသည့် နိုင်ငံအဆင့် လူရည်ချွန်များသည် နိုင်ငံတွင်းရှိ စီမံကိန်းများ၊ အပန်းဖြေစခန်းများသို့ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့သွားရောက်ခွင့်ရရှိသည်။
“အခု ရည်ချွန်စာမေးပွဲကတော့ ကျောင်းသားမိဘတွေအတွက် ဂုဏ်တု၊ ဂုဏ်ပြိုင်စရာ သက်သက်လိုဖြစ်နေတာပါ။ တကယ် တော်တဲ့ ကျောင်းသားက ရည်ချွန်ဖြစ်ချင်မှဖြစ်တာ။ ပိုက်ဆံလိုက်နိုင်တဲ့ မိဘရဲ့ကလေးတွေက တိုင်းရည်ချွန် ဖြစ်ချင်လည်း ဖြစ်နေကြတော့ ဆင်းရဲပြီး စာတော်တဲ့ကလေးမိဘတွေက မခံနိုင်ကြတော့တာတွေလည်း ရှိလာတယ်။
အဓိကက ဆရာတွေ လာဘ်ယူ လာဘ်စားလုပ်ပြီး ကလေးတွေ ခွဲခြားဆက်ဆံခံရတာကို မကျေနပ်ကြတာ” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
ရည်ချွန်စာမေးပွဲတွင် မသမာမှုလုပ်မှုများအပြင် အထက ကျောင်းအချို့၌ မဆီလျော်သည့် စည်းကမ်းသတ်မှတ်မှုများဖြင့် ကျောင်းသားများထံမှ ငွေကြေးရယူနေသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။
“ပြီးခဲ့တဲ့ လပိုင်းကဆို အထက (၃) မှာ ကျောင်းသား ခွင့်မတိုင်ဘဲ ကျောင်းပျက်ရင် ဒဏ်ကြေး (၅၀၀) ကျပ် ပေးရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်တယ်။ ကျောင်းသားမိဘ ကိုယ်တိုင်က ခွင့်တိုင်ရင်လည်း ဒဏ်ကြေး (၃၀၀) ကျပ်ပေးရတာပဲ။ ဆုံးမတာမျိုး မလုပ်ဘဲ ဒဏ်ကြေးကောက်နေတာ။ အဲဒီဒဏ်ကြေးငွေတွေစုပြီး တလတခါ ဆရာတွေကို ကန်တော့ရမယ်တဲ့၊ စည်းကမ်းက အဲလိုမျိုး” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
မုံရွာမြို့ အထက (၃) ၏ အဆိုပါစည်းကမ်းသစ်သည် မုံရွာတွင် ဟိုလေးတကျော်ဖြစ်ခဲ့ရာ ပြီးခဲ့သည့်လက အထက (၃) ကျောင်းသို့ စစ်ဆေးရေးဝင်ခဲ့သော်လည်း အရေးယူမှုမရှိခဲ့ဘဲ နောက်မပြုလုပ်ရန်သာ သတိပေးခံခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ ကျောင်းဆရာများအကြား အကျင့်ပျက်မှုများ ဖြစ်ပွားနေရခြင်း၏ အဓိကအချက်မှာ လုပ်ခလစာငွေနှင့် မလောက်ငမှု ကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့မှ အငြိမ်းစားကျောင်းအုပ်ကြီးတဦးက ပြောသည်။
၎င်းက “ဆရာတို့ အလုပ်ဝင်စ ဦးနုခေတ်က (၁၂၆) ကျပ် ရတယ်။ ရတာနဲ့လောက်တယ်။ ဘယ်ကျူရှင်မှ သင်စရာမလိုဘူး။ မတရားတာ ဘာမှလုပ်စရာမလိုဘူး။ ကျောင်းသားတွေကို ဖိဖိစီးစီး စာသင်ပေးနိုင်တယ်။ အဲ…နောက်ပိုင်းတော့ လစာတွေက ပမာဏအားဖြင့်တော့ တိုးလာပါရဲ့၊ လောက်ငတယ်လို့ မရှိတော့ဘူး။ အခုခေတ်ပိုဆိုးတာပေါ့။ ဘီအီးဒီဘွဲ့ရ ကျောင်းဆရာ တယောက်ဟာ ပြန်တမ်းဝင်အရာရှိအဆင့်ချင်းအတူတူ တပ်က စစ်ဗိုလ်ပေါက်စထက် လစာအများကြီး နိမ့်နေတယ်” ဟု ပြောသည်။
[+/-] |
ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေးဆောင်းပါး |
မြတ်စိုး
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 18 နာရီ 52 မိနစ်
http://www.mizzimaburmese.com/edop/songpa/3837-2009-09-21-12-46-14.html
ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ဆီ ရွှေ့ပြောင်းနေထိုင်လာသူ မြန်မာနိုင်ငံသား တွေရဲ့ ပညာရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ဆက်စပ်တဲ့ အကြောင်း အရာတွေကို တင်ပြသွားပါမယ်။
၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့ ထိုင်းနိုင်ငံသားအဖြစ် သက်သေ အထောက်အထား မရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းပဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူရော၊ ဆရာ ဆရာမတွေပါ ထိုင်းရဲတွေရဲ့ မကြာခဏ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ပညာသင်ကြားပို့ချပေးရေးမှာ ပြဿနာပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာရေး ဆိုင်ရာ ဥပဒေတွေလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ပညာရေး စနစ်မှာ “National Education Act : An Education Reform Act for Future Development of the Thai People” အရ ပညာရေးဆိုင်ရာ စည်းမျဉ်း၊ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့သလို၊ ပညာရေးကို နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်အဖြစ် အလေးအနက် အားပေးမှုတွေ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအသစ်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တခုကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့တာ ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် သူတွေဟာ အနည်းဆုံး အဆင့်မြင့် ပညာဘွဲ့ရရှိသူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
အဲဒီ ဥပဒေသစ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ “The proportional representation party list system was aimed at deterring vote-buying, strengthening the party system, and increasing the quality of candidates. MPs were required to have a bachelor's degree. In order to prevent last-minute party switching, MPs were required to be registered members of political parties at least 90 days before the election date. An independent Election Commission was established. Votes for House elections were counted at a central site in each province rather than at each polling station. This reform made it more difficult for village canvassers to evaluate the effectiveness of vote buying.”
ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်ဟာ “ဆိုက်ကားသမား၊ တရားသူကြီး မလုပ်သင့်” ဆိုတဲ့ အချက်ကို ဆိုလိုထားတာကြောင့် တကယ်ပဲ ဖြစ်သင့်တဲ့ အချက်၊ နမူနာယူသင့်တဲ့ အချက်လို့ ကျနော် ထင်တယ်။ အဲဒီ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်နဲ့အတူ ထိုင်း ပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် အဆင့်မြင့် ပညာဘွဲ့ မရသေးတဲ့ သူတွေအတွက် အထူး စာသင်ကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ပညာရေးအတွက် ညနေကျောင်းတွေကို ဖွင့်လှစ်ပေး ခဲ့ပါတယ်။ ပညာရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဥပဒေသစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရာမှာ ပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကနဦးမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပါတယ်။ နိုင်ငံ တကာ လွှတ်တော်အမတ်တွေနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေကလည်း သဘောတူ ထောက်ခံ ခဲ့ကြသလို၊ ထိုင်းနိုင်ငံအတွင်း ပညာရေး ပြဿနာတွေ၊ အခက်အခဲတွေကို ထိုင်းပါလီမန်မှာ အလေးအနက်ထား ဆွေးနွေး လာခဲ့ကြတယ်။
၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့ရဲ့ ထိုင်းပညာရေးကို အားပေးလုပ်ဆောင်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်လိုကလေးငယ်မဆို ပညာသင်ကြားခွင့် ရှိလာစေခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးကို လမ်းကြောင်းပွင့်လာစေခဲ့တယ်။ ဒါ့အပြင် မဲဆောက်မြို့ မြန်မာနိုင်ငံသား ပညာရေး တာဝန်ခံတွေ၊ စေတနာအလျောက် လာရောက်ထမ်းဆောင်ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့မှု တွေကြောင့် ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေအတွက် စာသင်ကျောင်း ၉ ကျောင်း ဖြစ်လာခဲ့တယ်။
မြန်မာနိုင်ငံ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုသက်တမ်း ရှည်လာလေ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြရတဲ့ မြန်မာ နိုင်ငံသား ဦးရေတွေ တိုးလာလေမို့၊ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေဟာလည်း တနေ့ တခြား တိုးလာခဲ့တယ်။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီ ရှိနေသလို၊ စီးပွားရေးအရ ရွှေ့ပြောင်း အလုပ်လုပ်ကြသူတွေလည်း ၄ သန်းလောက် ရှိနေပါတယ်။ ဒီလိုပါပဲ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စာသင်ကျောင်းတွေ ဟာလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။
၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စာသင်ကျောင်း ၆၇ ကျောင်း ရှိနေပါပြီ။ လက်ရှိ ပညာသင်ကြားနေသူ ကျောင်းသူ ကျောင်းသား ၁ဝ,ဝဝဝ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၅ဝဝ ကျော်က ပညာသင်ကြား ပို့ချပေးနေကြပါတယ်။ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာ သုတေသနလုပ်နေတဲ့ ထိုင်းပညာရေးဌာနနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂ဝ,ဝဝဝ ကျော်ဟာ ကျောင်းမတက် နိုင်သေးကြောင်းနဲ့ ကလေးငယ်ပေါင်း ၄ဝဝဝ ကျော်ကတော့ မဲဆောက် ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။
လာမယ့်နှစ် အနည်းငယ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ အုံးဖျံဒေသ အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေ အဆင့်မြင့် ပညာသင်ကြားနိုင်ဖို့ ထိုင်းဘုရင်မိသားစုနဲ့ ထိုင်းပညာရေးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းတခုကို ကမကထ ကူညီဖွင့်လှစ်ပေးမယ်လို့ ဝမ်းသာစရာသတင်း ကြားခဲ့ရတယ်။ တကယ် ဒီသတင်းအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် အုံးဖျံ ဒေသ အနီးတဝိုက် ကီလိုမီတာ ၂ဝဝ အဝန်းရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့်ပညာကို လာရောက်ဆည်းပူးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။
တနှစ်ပြီးတနှစ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးတက်များပြားလာနေသလို၊ ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေဟာလည်း ပိုမိုရင်ဆိုင်ကြရပါလိမ့်မယ်။ နောင် ၅ နှစ်တာ ကာလအတွင်း အဓိက ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ -
(၁) ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့၊ ဆက်လက်ရပ်တည်ဖို့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ (Funding For Existing Schools and Building New Schools)
(၂) စာသင်ကျောင်းပုံစံနဲ့ ကိုက်ညီရမယ့် အဆင့်မီ ပညာရေးဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လိုအပ်မှု အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အထက်တန်းပညာကို သင်ကြားတတ်မြောက်ခဲ့သူဟာ ထိုင်း (သို့) နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေကို ဝင်ခွင့်ရနိုင်ဖို့ GED စာမေးပွဲအဆင့်ကို ဖြေဆိုနိုင်ရမယ့်သူ ဖြစ်သင့်တယ်။ (Aid For School Facilities)
(၃) များပြားလာတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပေါ်လာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်။ (Have Same Curriculum)
(၄) အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားခွင့် ရရှိနိုင်ရေးတွေမှာလည်း အခက်အခဲတွေ ရှိတယ်။ (Difficulties of Further Higher Studies)
(၅) ကျောင်းပြီးနောက် အလုပ်အကိုင် ရှာဖွေမှုမှာလည်း အခက်အခဲတွေ ရှိတယ်။ (Careers Job Search/ Job after Graduation)
ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို မဲဆောက်မြို့ မြန်မာပညာရေး တာဝန်ခံတွေအနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး ကျော်ဖြတ်သွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံးကလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။