ကျောင်းအပ်ခငွေ ကောက်ခံနေဆဲ
NEJ / ၂၉ မေ ၂၀၀၉
ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းသားမိဘများထံမှ အလှူခံခြင်း လျော့ပါးသွားသော်လည်း ကျောင်းသား အသစ်များကိုမူ ကျောင်းများမှ ငွေကောက်ခံလျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။
ကျောင်းသားသစ်တဦးအတွက် ကျောင်းအပ်နှံကြေးမှာ ကျပ် (၃) သိန်းမှ (၁၂) သိန်းအထိရှိပြီး နာမည်ကြီးသည့် ကျောင်းများဖြစ်ပါက လာဘ်ငွေ ပိုပေးရကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
ရှမ်းပြည် တောင်ကြီးမြို့မှ ရန်ကုန် ဗိုလ်တထောင်မြို့နယ်သို့ တာဝန်အရ ပြောင်းလာရသည့် အစိုးရ အရာရှိတဦးက “ကျနော့်သမီးကို ပထမ ဒဂုံ အထက (၁) မှာ အပ်ဖို့ အရင်ကြိုးစားတယ်။ အဲဒီက ဆရာမတယောက်က ပုံမှန်အားဖြင့် ဆို (၁၂) သိန်းလောက် ယူတယ်တဲ့။ ကျနော်က ၀န်ထမ်းဖြစ်လို့ ရန်ကုန်ပြောင်းလာတဲ့ အထောက်အထား အပြည့်အစုံ ပေးနိုင်ရင် (၁ဝ) သိန်းနဲ့ လက်ခံပေးမယ်တဲ့။ ဒါပေမယ့် ဈေးကြီးတော့ မအပ်ဖြစ်ဘူး။ အိမ်နဲ့ သိပ်မဝေးတဲ့ ဗိုလ်တထောင် အထက (၅) က ကျောင်းဆရာမတယောက်နဲ့ ဆက်မိတယ်။ ကိုယ့်ဘက်က ဝန်ထမ်းပြောင်းရွှေ့ အထောက်အထား၊ အိမ်ထောင်စုစာရင်း စတာတွေ အတုပဲဖြစ်ဖြစ် အပြည့်အစုံ ပေးနိုင်ရင် စုစုပေါင်း ကျပ် (၆) သိန်းနဲ့ လက်ခံမယ်ပြောတယ်။ အဲဒါနဲ့ ဗိုလ်တထောင် (၅) မှာပဲ အပ်ဖြစ်တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနက ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းအပ်နှံသူများထံမှ အလှူငွေ မကောက်ရန်၊ စာအုပ်စာတန်းများ မရောင်းရန် အမိန့်ထုတ်ထားသော်လည်း ကျောင်းသားမိဘများ၏ ကျောင်းရန်ပုံငွေ အလှူထည့်ဝင်မှုကို တားမြစ်တားခြင်းမရှိသဖြင့် ငွေကြေးကောက်ခံမှုများ ဆက်ရှိနေပြီး အထူးသဖြင့် ကျောင်းသားသစ် အပ်နှံရာတွင် ငွေကောက်ခံနေခြင်းဖြစ်သည်။
ကျောင်းများ၌ ကျောင်းသားလက်ခံရာတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်သူများ ကိုသာ လက်ခံရကြောင်း၊ အလယ်တန်း၊ အထက်တန်းများတွင်လည်း နယ်မြေအလိုက် မူလတန်း ကျောင်းများက အောင်မြင်လာသူများကိုသာ လက်ခံရကြောင်း အင်းစိန်မြို့မှ အထက်တန်းပြ ဆရာမတဦးက ပြောသည်။
၎င်းက “လက်တွေ့မှာတော့ အဲဒီစည်းကမ်းချက်တွေအတိုင်း မဖြစ်ဘဲ နာမည်ကြီးကျောင်းတွေမှာ အပ်နှံသူအများစု ဟာ သက်ဆိုင်ရာနယ်မြေတွေမှာ နေထိုင်သူတွေမဟုတ်ဘဲ စစ်ဗိုလ်၊ အစိုးရအရာရှိနဲ့ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ဖြစ်ကြလို့ အခုလို တရားဝင်မဟုတ်တဲ့ အလှူငွေကောက်ခံတာ လာဘ်ငွေယူတာတွေ ဖြစ်နေတာပေါ့” ဟု ရှင်းပြသည်။
ကျောင်းအသီးသီးတွင်လည်း ဆရာ ဆရာမများသည် အင်္ဂလိပ်စာ၊ သင်္ချာကဲ့သို့ ကျူရှင်ပြ၍ရသည့် ဘာသာရပ်ကို သင်လိုကြကာ ကိုယ့်အတန်းသားများကို ကျူရှင်ပြ၍ရသည့် အတန်းပိုင်ဆရာ ဖြစ်လိုကြသည်ဟု ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ ဘာသာရပ်သင်နိုင်ရေး၊ အတန်းပိုင်ဖြစ်ရေးအတွက် ကျောင်းအုပ်ဆရာ ဆရာမများကို လာဘ်ငွေပေးရ ကြောင်း၊ ကိုယ်နေထိုင်သည့် နေရာနှင့် ကိုယ်စာသင်ရသည့်ကျောင်း ဝေးကွာနေပါက အပြောင်းအရွှေ့ ကိစ္စများကို လည်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး၊ ပြည်နယ် ပညာရေးမှူး၊ ညွှန်မှူးများကို အဆင့်ဆင့် လာဘ်ထိုးနေရကြောင်း အင်းစိန်မှ အဆိုပါဆရာမက ပြောကြားသည်။
Friday, May 29, 2009
[+/-] |
ကျောင်းအပ်ခငွေ ကောက်ခံနေဆဲ |
Friday, May 15, 2009
[+/-] |
ကလေးများ၏ လက်ဦးဆရာ |
ကလေးများ၏ လက်ဦးဆရာ
သိန်းနိုင်
လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဥာဏ်ရည်ပိုမိုထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။ မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွားနောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ်ကာလများတွင် ပြောဆိုဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။ အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာရှုမြင်ခဲ့သည်မှာ အစဉ်မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲနွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့်ရရှိနေပါသနည်း။
အလှည့်အပြောင်း
“ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း” ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဘူးပါသည်။ ဖြစ်နိုင်သော အဖြေများတွင် “အစားအစာကောင်းကောင်းကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက (မူကြိုအရွယ် ကတည်းက) ပညာရေးအခြေခံကောင်းရရှိခြင်း၊ မိဘများ၏ နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျုန်းမာရေး စသည့်အချက်များပါဝင်နိုင်ပါလိမ့်မည်။ လူအများစု သတိမမူမိတတ်သည့် အရေးကြီးသော အချက်တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ အခြားသောအချက်များကို များစွာလွှမ်းမိုမှုရှိပြန်သည်။ ကလေးများ၏ စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေးအောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။
ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။ လူမှုစီးပွားနောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက်ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။ တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ များစွာ အရေးမကြီးလှခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများကိုယ်တိုင် ကိုယ်ကျ အနှစ်သာရရှိရှိ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ပါဝင်မှုမှာ ထင်သာမြင်သာရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေ လည်းဖြစ်သည်။ ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှုရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝ သော်ငြားလည်း သားသမီးတို့မှာ ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန်ဝတ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။
စံနမူနာယူစရာ
နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊ စာရေးဆရာ၊ စိတ်ခွန်အားတက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန် ကာဆန်သည် အသက် ၃၃ နှစ် အရွယ်တွင် ဂျွန်ဟော့ကင်းဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ် အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကုသမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့လေသည်။ ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူလူနာများကို ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။ မိသားစုဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင်ကြုံတွေ့ခံစားရလေသည်။ မိခင် ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေမတတ်သူဖြစ်ရကား မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန် ခဲ့သည်။ ရက်သတ္တ တစ်ပတ် တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ညည ကျန်သော အချိန်အများစုကိုကား စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂ ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်းပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။ မြန်မာနိုင်ငံတွင် အထင်ကရတစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊ စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဘူးပါသည်။
နွေးထွေးသော ကရုနာရှင် အမေ
ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။ များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့် တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာဖြစ်လေသည်။ ကျောင်းသားများဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့်အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊ ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံဆွေးနွေးခွင့်မှာမူ များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။
အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင် တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက် ဆွေးနွေးသည့် အခါဝယ် ကျောင်းသားအနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့် သင်ယူ လေ့လာရာတွင် ပိုမိုကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ ကျောင်းသို့လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍ ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင်သဘောထားအနေဖြင့်သာ ရှုမြင်အပ်သည်။ မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်းပညာရေးတွင် မိဘများ၏ ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊ ဆရာဆရာမများ နှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေးပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ်စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွ ဖွယ်ရာလည်းဖြစ်ပြီး ပညာရေး စိတ်ခွန်အားရရှိစေကာ ဖြစ်နိုင်သည့် လိုလားအပ်သော ကျောင်း ပညာရေး ရည်မှန်းချက်များ မြင့်မြင့် ထားရှိကြပါသည်။
လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊ သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊ မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေးပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာအထောက်အပံ့ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှုရရှိရန်အတွက်လည်း မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊ ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။
ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊ ဘာသာရပ်ပြဆရာတို့ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင် ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊ တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြားထားမှုမရှိဘဲ မိဘအားလုံးနှင့် အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက်များအရ လည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည် ကလေးများနှင့် ကျောင်းပညာရေးဆိုင်ရာတို့ကို ပြောဆို ဆွေးနွေး နိုင်သည် မဟုတ်ပါလား။
ကလေးများ၏ ပညာရေးအောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။
သိန်းနိုင်
ထိုင်း-မြန်မာနယ်စပ်
မေလ ၂၀၀၉
Tuesday, May 12, 2009
[+/-] |
ကြောက်လန့်နေတဲ့ စာသင်ခန်း |
The anxiety children feel at constantly being tested, their fear of failure... severely reduces their ability both to perceive and to remember, and drives them away from the material being studied.
John Caldwell Holt (April 14, 1923 - September 14, 1985) was an American author and educator, one of the best known proponents of homeschooling, and a pioneer in youth rights theory.
Friday, May 8, 2009
[+/-] |
တွေးနေတဲ့ကျောင်းသား |
တွေးနေတဲ့ ကျောင်းသား - အိုင်ဒီယာတွေ ပေါ်ထွက်လာစေဖို့ ကျောင်းပညာရေးက ဘယ်လိုလေ့ကျင့်ပေးကြမလဲ။ အပိုင်း (၁)
သိန်းနိုင်
(၁) ခံစားမှုဥာဏ်ရည် Emotional Intelligence
ခံစားမှုဥာဏ်ရည်ဆိုတာဘာလဲ။
မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေကို သိမြင်ပြီး ဘ၀ရဲ့လုပ်ငန်းဆောင်တာများပြီးမြောက်စေဖို့ရာ အဲဒီခံစားချက်တွေကို ထည့်သွင်း အသုံးပြုနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ခံစားချက်တွေကို ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အသုံးပြုခြင်း၊ စိတ်ဖိစီးမှု stress တွေ၊ ဝေဒနာတွေကို ခံစားရချိန်မှာ ထိန်းညှိနိုင်ခြင်းနှင့် အခြားသူများအပေါ် ခံစားနားလည်ပေးနိုင်ပြီး ဆက်ဆံနိုင်တဲ့စွမ်းရည်လို့လည်း အကျယ်နားလည်နိုင်ပါတယ်။
ကမ္ဘာကြီးအကြောင်းနဲ့ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့ကိုယ်ခန္ဓာအကြောင်းကို သင်ရိုးညွှန်းတမ်းတွေမှာ မြန်မာ ကျောင်းသူ ကျောင်းသား တွေဟာ လေ့လာကြရသလို မိမိရဲ့ ခံစားမှုတွေနဲ့ပတ်သက်လို့လည်း လေ့လာဖို့လိုအပ်လှပါတယ်။ ဆက်ဆံရေးပုံစံ မျိုးစုံကို ဖြတ်သန်းရင်း ဘ၀ရဲ့ အတက်၊ အကျကို လျှောက်လှမ်း ကျော်လွှားရတဲ့ ဒီခရီးမှာဖြင့် ကျောင်းသူကျောင်းသားတွေကို တန်ဖိုး မဖြတ်နိုင်လောက်အောင် အထောက်အကူ ပေးပါလိမ့်မယ်။
ခံစားမှုဥာဏ်ရည်နဲ့ပတ်သက်တဲ့ စွမ်းရည်အမျိုးမျိုးကို လေ့ကျင့် သင်ကြားပေးရခြင်း ဟာ ဘာကြောင့်လဲဆိုတာကို ကြည့်ကြရအောင်။ ခံစားမှုတွေဖြစ်တဲ့ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြဗျာပါဒရှိခြင်း၊ ၀မ်းနည်းကြေကွဲခြင်းစတာတွေကို မထိန်းနိုင်၊ မသိမ်းနိုင်၊ မကိုင်တွယ်နိုင်ဘူးဆိုရင် တွေးတောစဉ်းစားမှု၊ ရွေးချယ်မှုနှင့် လုပ်ရပ်တွေဟာ ကမောက်ကမ ဖြစ်ရတော့မယ်။ ထိန့်လန့် တုန်လှုပ်တဲ့ ကြောက်စိတ်တွေကြီးစိုးဝင်ရောက်လာနိုင်ပြီး မိမိနှင့် အခြားသူတွေအပေါ်မှာ အန္တရာယ်ရှိတဲ့ အပြုအမူကိုတောင် လုပ်လာနိုင်ပါတယ်။
ခံစားမှုဥာဏ်ရည်ကို လေ့ကျင့်သင်ကြားပေးရခြင်းဟာ ကျောင်းသူကျောင်းသားများကို စိတ်ခံစားမှု၊ လူမှုဆက်ဆံရေး၊ ပညာရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတို့မှာ လိုလားအပ်တဲ့ အယူအဆအမြင် သဘောထား နဲ့ အပြုအမူတွေ ရရှိပြည့်စုံကုံလုံပြီး ရွှင်လန်းချမ်းမြေ့ ကျန်းမာစေဖို့ ရည်ရွယ်ထားပါတယ်။
အောင်မြင်မှုအတွက် သော့ချက်ဟာ ခံစားမှုလို့ဆိုကြပါသေးတယ်။ ကျောင်းသူကျောင်းများရဲ့ခံစားချက်တွေကို “အစစ်အမှန်အနေနဲ့ရယ်၊ အရေးကြီးတယ်လို့ရယ်” အသိအမှတ်ပြုပေးပြီး သင့်တော်တဲ့ပုံစံနဲ့ ခံစားဖော်ပြခွင့်ပြုခြင်းဟာ ထိရောက်တဲ့ စာသင်ကြားခြင်းအတွက်လည်း ဖြစ်ပါတယ်။
- ပန်းချီ၊ ဂီတ၊ အကစတဲ့ အနုပညာဘာသာရပ်များ၊ ဘာသာစာပေနှင့် ကာယပညာရေးသင်ခန်းစာများမှတဆင့် အခါအခွင့်သင့်တိုင်း ကျောင်းသူကျောင်းသားများဟာ ကိုယ်ပိုင်ခံစားချက်တွေကို ခံစားဖော်ပြခွင့်ပေးနိုင်ဖို့ စီစဉ်ပြင်ဆင်ပါ။
- အခြေခံအကျဆုံးခံစားမှုတွေကတော့ အရူးအမူး၊ ၀မ်းနည်းကြေကွဲ၊ ၀မ်းသာ၊ ကြောက်ရွံ့ထိတ်လန့်၊ အံ့သြ၊ မနှစ်မြို့ခြင်းတို့ပါဘဲ။ ဒီခံစားမှုတွေရဲ့ အတိမ်အနက်ကို သိမြင်နားလည်စေသင့်တယ်။ မိမိရဲ့ကိုယ်ပိုင်ခံစားချက်တွေနဲ့ အခြားသူငယ်ချင်းများရဲ့ခံစားချက်တွေကိုလည်း သိမြင်ခံစားတတ်ဖို့ လေ့ကျင့်ပေးရမှာပါ။
- တစ်ခါတစ်လေတော့လည်း မွန်းကြပ်တဲ့ ခံစားနေရမှုကို ထုတ်ဖော်နိုင်ခွင့်ပေးသင့်ပါတယ်။ စာသင်ခန်းတွင်းမှာဘဲဖြစ်စေ၊ ကျောင်းဝင်းအတွင်းမှာဖြစ်စေ သူတို့တစ်ဦးတည်း နေခွင့်ရခြင်း၊ စဉ်းစားတွေးတောခွင့်ရခြင်းနဲ့ ပိတ်ဆို့ပြည့်သိပ်နေတဲ့ ခံစားချက်တွေကို အန္ဓာရာယ်မရှိဘဲ ဖြေလျော့ခွင့်ပေးနိုင်အောင် စီစဉ်ထားသင့်တယ်။
- ကျောင်းစာသင်ချိန်တွင်း သင်ရိုးညွှန်းတမ်းမှာလည်း ကလေးတွေရဲ့စိုးရိမ်နေမှုတွေ၊ ကြောက်လန့်နေမှုတွေကို ဆွေးနွေးပြောဆိုဖို့ရာ အချိန်ပေးပါ။ မိမိရဲ့ခံစားချက်တွေ၊ စိုးရိမ်စိတ်တွေကို မပြသ၊ မပြောလို့တဲ့ ကလေးတွေအတွက် အခြားပုံစံတစ်မျိုးမျိုးကို ပြောင်းလဲစီစဉ်ပေးရပါလိမ့်မယ်။ ဥပမာအနေနဲ့ စာသင်ခန်းအတွင်းမှာ “အားလုံးရဲ့ပုံး” လို့အမည်တပ်ထားတဲ့ စက္ကူသေတ္တာပုံးငယ်လေးတစ်လုံးထားရှိပြီး ကလေးတွေဟာ သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ရေးသားပြီး ထည့်ထားလို့ရတယ်။ ခံစားမှု မျက်နှာပုံစံအမျိုးမျိုးဘတ်တံဆိပ်၊ ရုပ်ပုံ၊ သင်္ကေတ၊ စတစ်ကာတွေကို ဖန်တီးခြင်း၊ တပ်ဆင်ခြင်း၊ ခင်းကျင်းပြသခြင်းတွေလုပ်နိုင်တယ်။ “ပန်းပွင့်လေးလို လန်းနေတယ်၊” “ပျားကလေးလို အလုပ်ရှုပ်လိုက်တာ”၊ “ဒီနေ့ ကျွန်တော်ခံစားနေရတာကတော့-------” စသဖြင့်လည်း ရေးသား သီကုံးခွင့်တွေ ပေးလို့ရသေးတယ်။
- ဆရာဆရာမကိုယ်တိုင် ဘယ်ခံစားချက်မျိုးတွေကို သိသိသာသာ ဦးစားပေး ဆွေးနွေးသလဲ၊ ဘယ်လိုခံစားချက်မျိုးတွေကိုတော့ သိပ်မဆွေးနွေးဘူးဆိုတာလည်း သိရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာကို စဉ်းစားပါ။
သင်ခန်းစာအချို့ကို မိတ်ဆက်ပေးပါရစေ။
ခံစားမှုဥာဏ်ရည်သင်ခန်းစာတွေကို တစ်ဦးအလိုက်၊ အုပ်စုငယ်အလိုက် အဆင့်သင့် အသုံးပြုလို့ရအောင် စီစဉ်ထားပါတယ်။ ဥာဏ်ဖွင့် စဉ်းစားတွေးတော နိုင်စေဖို့ရည်ရွယ်ရင်းပါ။ မိမိရဲ့ခံစားချက်တွေရယ်၊ သူငယ်ချင်းတွေရဲ့ခံစားချက်တွေရယ်ကို အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းအတွက်လည်း အားပေးထားတယ်။ သင်ရိုးညွှန်းတမ်းထဲမှာ ဘယ်လိုနေရာ ပေးရမလဲဆိုတာလည်း စဉ်းစားနိုင်အောင်ထည့်သွင်းထားပါတယ်။ ဆရာဆရာမတို့ရဲ့စာသင်ခန်းတွေအလိုက် သင်ခန်းစာတွေ၊ သင်ကြားနည်းတွေကို တီထွင်ကြံဆနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ အဲဒီအတွက်ဒီသင်ခန်းစာများက ထောက်ကူပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ အကြံဥာဏ်တွေအများကြီးပေးထားလို့လည်း ခံစားမှုဥာဏ်ရည်သင်ခန်းစာတွေကို ထိရောက်အောင်လေ့ကျင့်သင်ကြားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
နောက်ဆက်တွဲစာမျက်နှာများမှာ ခံစားမှုဥာဏ်ရည်ဆိုင်ရာ အစိတ်အပိုင်း ၅ မျိုးအတွက် လေ့ကျင့်သင်ကြားရမယ့်စွမ်းရည်တွေရယ်၊ စာသင်ကြားခြင်း-သင်ယူခြင်းနည်းလမ်းအသွယ်သွယ်ကိုလည်း ဖော်ပြထားပါတယ်။ EI အစိတ်အပိုင်း ၅ မျိုးကတော့ -
(၁) ဆက်ဆံရေးများကို ထိန်းသိမ်းကိုင်တွယ်တတ်ခြင်း
(၂) ခံစားမှုများကို သိမြင်နားလည်ခြင်း
(၃) ခံစားမှုများကို ထိန်းသိမ်းကိုင်တွယ်တတ်ခြင်း
(၄) စိတ်စေ့ဆော်မှု
(၅) ကိုယ်ချင်းစာစိတ်
ကျောင်းသူကျောင်းတွေရဲ့သင်ယူလေ့လာမှုပုံစံတွေတစ်ဦးနဲ့တစ်ဦးမတူညီတတ်ဘူးဆိုတာကို ဆရာဆရာမတို့သိရှိပြီးသားပါ။ ဒါကြောင့် သင်ခန်းစာတွေကို မိတ်ဆက်သင်ကြားရာမှာ ဘယ်သင်နည်းတွေကို အသုံးပြုမလဲဆိုတာစဉ်းစားရွေးချယ်ရပါလိမ့်မယ်။ ခံစားမှုဥာဏ်ရည်ကို မိတ်ဆက်ပေးဖို့ရာ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့အတွက် လမ်းညွှန်ဇယားကို အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ ခံစားမှုဥာဏ်ရည်ရဲ့ အစိတ်အပိုင်းအားလုံးကို လေ့ကျင့်သင်ကြားနိုင်တဲ့ သင်ခန်းစာကို တည်ဆောက်နိုင်သလို အစိတ်အပိုင်းတစ်ခုခုကို ရွေးချယ်ပြီးလည်း သင်ကြားနိုင်ပါတယ်။
သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းလမ်းညွှန် - ခံစားမှုဥာဏ်ရည်
ဇယားသို့...
အဓိကသင်ကြားနည်းများ
ပူးပေါင်းဆောင်ရွက်ခြင်းအုပ်စုငယ်များ
ပူးပေါင်းဆောင်ရွက်မှုရှိရမည့် အုပ်စုငယ်လေးများ ဖွဲ့စည်းပေးပြီး တူညီသော ရည်မှန်းချက်များ ပြီးမြောက် စေရန်၊ အတူတကွလေ့လာသင်ယူနိုင်ရန်၊ လူမှုဆက်ဆံရေးဖြစ်ထွန်းစေရန်နှင့် ဆက်ဆံရေး စွမ်းရည် ရရှိစေရန် တို့အတွက် လုပ်ဆောင်သင့်သည်။ အုပ်စုအကြီး၊ အုပ်စုငယ်များဖြင့် ဆွေးနွေးရာဝယ် ဆရာမှ ဦးဆောင်ပြီး ကလေးဗဟိုပြုသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ပြဿနာများကို ဖြေရှင်းစေခြင်း၊ စိတ်ခံစားမှုများကို ထုတ်ဖော်ခြင်း၊ လေ့လာဆန်းစစ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကလေးအားလုံး ပါဝင်လုပ်ဆောင်ခြင်း၊ ဆွေးနွေးခြင်းတို့ကို အားပေးပါ။ သင်ကြားနည်းအမျိုးမျိုးဖြင့် သင်ကြားပါ။
တွေး၊ တွဲ၊ မျှဝေ သင်နည်း
`တွေး၊ တွဲ၊ မျှဝေ´ သင်နည်းမှာ ပြန်လှန်တွေးတောစေခြင်း၊ ဆွေးနွေးခြင်းနှင့် သဘောတူညီမှု ရယူခြင်း တို့ပါရှိ သည်။ (၁) မေးခွန်းတစ်ခုခု၊ ပြဿနာတစ်ခုခုကို ကျောင်းသားများ တစ်ဦးချင်းအလိုက် ခေတ္တမျှ `တွေး´ တော စဉ်းစားချိန်ပေးပါ။ (၂) ပြီးလျှင် ကျောင်းသူ ကျောင်းသားများကို ၂ ယောက်တစ်တွဲ `တွဲ´ ပေးပါ။ မိမိ၏ စဉ်းစားချက်၊ အိုင်ဒီယာများကို ဆွေးနွေးကြပါစေ။ ၂ ဦး သဘောတူညီသော ရလဒ်တစ်ခုခုကို ရယူပါ။ (၃) နောက်ဆုံးတွင် အတွဲများအလိုက် တစ်တန်းလုံးနှင့် `မျှဝေ´ ဆွေးနွေးတင်ပြကြသည်။
ဇာတ်ဟန်ခင်းကျင်း သင်ကြားခြင်း
ဆက်ပါအုံးမယ်...
ဆရာသိန်းနိုင်
PhD Candidate
(ဆရာအတတ်ပညာရေး)
မြန်မာ့ပညာရေးသုတေသီ
ထိုင်း-မြန်မာ နယ်စပ်။
Thursday, May 7, 2009
[+/-] |
အသွေးအရောင်စုံ ယဉ်ကျေးမှုစာသင်ခန်း - စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ |
Multicultural Classroom - Multiple Intelligence test
အသွေးအရောင်စုံယဉ်ကျေးမှု စာသင်ခန်း - စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ စစ်ဆေးချက်
သိန်းနိုင်
(2003-2006 ခုနှစ်ကာလများအတွင်း ထိုင်း-မြန်မာနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ Pre-service Teacher Education Course ဆရာအတတ်ပညာ ၆ လသင်တန်းကာလများအတွင်း သင်တန်းသူ၊ သင်တန်းသား ၉၀ ဦးနှင့် ပြုလုပ်ခဲ့သည့် လက်တွေ့စမ်းသပ်ချက်တစ်ခုဖြစ်သည်။)
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီကို ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေး သူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner ၏ လေ့လာတွေ့ရှိချက်များ အပေါ်တွင် အခြေပြုထားခြင်းဖြစ်ပါသည်။ ဤလေ့လာတွေ့ရှိချက်မှာ ကလေးငယ်များ၏ လေ့လာသင်ယူမှု ပုံစံများနှင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားပေးသင့်သည်ကို အကျယ်တဝင့်ဆွေးနွေးထားသည်။ ကနဦးတွင် ဥာဏ်ရည် (၇) မျိုးကို တင်ပြဆွေးနွေးခဲ့ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ စာသင်ကျောင်းများတွင် အဓိကအားဖြင့် လေ့ကျင့် သင်ကြားသည့် (၁) ယုတ္တိဗေဒ-သင်္ချာစွမ်းရည် Logical-mathematical နှင့် (၂) ဘာသာဗေဒစွမ်းရည် Linguistic များအပြင် သင်ရိုးညွှန်းတမ်းတွင် အထင်ကရအနေဖြင့် ထည့်သွင်းမထားသည့် (၃) တေးဂီတဥာဏ်ရည် Musical၊ (၄) ပုံဖေါ်မှုဥာဏ်ရည် Spatial၊ (၅) ကာယ လှုပ်ရှားမှုဥာဏ်ရည် Bodily kinaesthetic၊ (၆) လူမှုပေါင်းသင်း ဆက်ဆံရေးဥာဏ်ရည် Interpersonal နှင့် (၇) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှု ဥာဏ်ရည် Intrapersonal တို့ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဤ (၇) မျိုးအပြင် (၈) သဘာဝတရားကို ချစ်မြတ်နိုးခံစားတတ်မှု ဥာဏ်ရည် Naturalistic နှင့် (၉) ပြန်လှန်တွေးတောစဉ်းစားနိုင်မှု နှင့် ဒဿနိကဗေဒ စွမ်းရည် Existentialist တို့ကိုလည်း ထည့်သွင်းထားရှိသည်။
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီမှ အကြံပြုတင်ပြထားသည်မှာ မည်သည့်အချိန်တွင် ဖြစ်စေ မည်သည့် သင်ကြားခြင်းနည်းစနစ်တစ်မျိုးမျိုးမှ ကလေးငယ်အားလုံး၊ ကျောင်းသူ၊ကျောင်းသားအားလုံး (အားလုံး) အတွက် အကောင်းဆုံး၊ အဆင်အပြေဆုံးမဖြစ်နိုင်ကြောင်းပင်ဖြစ်ပါသည်။ ကလေးငယ်များမှာ ဥာဏ်ရည်ဥာဏ်သွေး (၇) မျိုးရှိသည့်အထဲတွင် တစ်မျိုးမျိုး (သို့မဟုတ် တစ်မျိုးထက်ပို၍) တွင် ပိုမိုထက်မြက် ထူးချွန် နေတတ်ကြပါသည်။ သို့ဖြစ်ပါ၍ မည်သည့်သင်ကြားမှုပုံစံမဆို ကလေးငယ်အများစုအတွက် အဆင်ပြေမည် ဖြစ်သော်ငြားလည်း ကလေးငယ်အချို့အတွက်မှာမူ အဆင်ပြေချင်မှ ပြေပါလိမ့်မည်။ ဤသည်မှာ ဆရာဆရာမများ၏ အပြစ်မဟုတ်ပါပေ။ မတူညီ၊ ကွဲပြားခြားနားမှုများစွာဖြင့် ရှင်သန်ကြီးပြင်း၍နေကြသည့် ကလေးငယ်များအား စာသင်ကြားရာတွင် နည်းစနစ်တစ်မျိုးတည်းမသုံးဘဲ နည်းစနစ်အမျိုးမျိုးကို အသုံးပြုသင့်ပါသည်။ စာသင်ချိန်တစ်ချိန်တွင်ဖြစ်စေ၊ တစ်နေ့တာစာသင်ကြားရာတွင်ဖြစ်စေ အခါအားလျော်စွာ သင်ကြားမှု နည်းစနစ်များ ပုံစံပြောင်းလဲခြင်းဖြင့် မတူ၊ ကွဲပြားခြားနားသော ကလေးငယ်များအတွက် တချိန်ချိန်တွင် သူ၏ အဖွံ့ဖြိုးဆုံး ရှိနေသည့် ဥာဏ်ရည်ကို အသုံးပြု၍ လေ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်ပါသည်။
စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေဆိုသည်မှာ
• လူတိုင်းတွင် ဥာဏ်ရည် (၇) မျိုးစလုံး ပါရှိပါသည်။ ဤစွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေထွေ သီအိုရီမှာ လူတိုင်းအတွက် ဥာဏ်ရည်တစ်မျိုးမျိုးတွင် ‘စံပြ’ ဖြစ်စေရန်အကြံပြုထားခြင်းမဟုတ်ပါ။ သိမှုနယ်ပယ် အလိုက် လုပ်ဆောင်ချက်များ၏ အစုသီအိုရီဖြစ်ပြီး လူတိုင်းတွင် ဥာဏ်ရည် (၇) မျိုးစလုံး ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း (အနည်းနှင့် အများ) ပါရှိသည်။
• လူအများစုအတွက်မူ တစ်စုံတစ်ခုသောအတိုင်းအတာထိ လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စွမ်း ရှိစေရန် ဤစွမ်းရည်များကို ဖွံ့ဖြိုးနိုင်သည်။ အချို့သောသူများမှာမူ စွမ်းရည်ဆိုင်ရာ အားနည်းချက်များ ရှိနေတတ်ပြီး ပြုပြင်ပြောင်းလဲ၍ မရနိုင်ကြောင်းထင်မြင်ယူဆကြသည်။ ပညာရှင် ဂါဒ်နာမှ အကြံပြုရာတွင် အားပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းများဖြင့် လူတိုင်းပင်စွမ်းရည် အမျိုးမျိုးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
• ဥာဏ်ရည်အမျိုးမျိုးမှာ ဆက်စပ်လျှက်တည်ရှိနေပါသည်။ ဥာဏ်ရည်တစ်ခုချင်း သီးခြားစီ တည်ရှိနေ သည်မဟုတ်ပါ။ ဥာဏ်ရည်အစုအနေဖြင့်တင်ပြထားသည်မှာ ပညာရေးစိတ်ပညာဆိုင်ရာ လေ့လာနိုင်ရန် လွယ်ကူစေခြင်းငှါ သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ဤအစုမှာလည်း ပုံသေကားချ မှတ်ယူရန် မဟုတ်ပါ။ ဥာဏ်ရည်များမှာ အချင်းချင်းအပြန်အလှန် ဆက်နွယ်လျှက်ရှိသည်။
• နယ်ပယ်တစ်ခုခုတွင် ထူးချွန်ထက်မြက်နိုင်ကြောင်းမှာ ပုံသေကားချ စံနှုန်းများဖြင့် တိုင်းတာ၍မရနိုင်ပါ။ ဥပမာအားဖြင့် စာဖတ်စွမ်းရည်အားနည်းသော်ငြားလည်း (စာမဖတ်တတ်စေကာမူ) ပုံပြင်၊ ဇာတ်လမ်းများကို ခရေစေ့တွင်းကျ၊ ဝေါဟာရကြွယ်ဝစွာဖြင့် စီကာပတ်ကုံးပြန်လည်ပြောပြနိုင်သည့် ဘာသာဗေဒ ဥာဏ်ရည် ရှိနိုင်ပေသည်။ အားကစားတွင် အဆင်မပြေဖြစ်တတ်သော်လည်း ယက်ကန်းယက်လုပ်ခြင်း၊ လက်သမားအလုပ်၊ အကတော်ခြင်းစသည်တို့ကဲ့သို့ ကာယလှုပ်ရှားခြင်းဥာဏ်ရည် ပိုင်ဆိုင်ထားရှိနိုင်သည်။ လူတိုင်းတွင် မွေးရာပါ ဗီဇသဘာဝနှင့်အတူ (လက်ဆောင်သဖွယ်) ပါရှိလာသည့် မတူ၊ ကွဲပြားခြားနားသော ဥာဏ်ရည်များ၏ သဘောသဘာဝကို သိရှိနားလည်ရန် ဤဥာဏ်ရည်အမျိုးမျိုး သီအိုရီမှ တင်ပြ ဆွေးနွေးခြင်းဖြစ်ပါသည်။
ဆက်ရန်--
Wednesday, May 6, 2009
[+/-] |
Do Teachers Really Matter in Burma? |
Do teachers really matter in Burma?
Thein Naing
World Teachers' Day, held annually on October 5 since 1994, commemorates teachers’ organisations worldwide. Its aim is to mobilise support for teachers and to ensure that the needs of future generations will continue to be met by teachers.
According to UNESCO, World Teachers' Day represents a significant token of the awareness, understanding and appreciation displayed for the vital contribution that teachers make to education and development. Since 2000, the international community has made solid progress towards Education For All. Enrolment rates have increased dramatically. However, UNESCO estimates that 18 million more teachers are needed worldwide if universal primary education is to be achieved by 2015. Education International (EI) (the global union federation that represents education professionals worldwide) strongly believes that World Teachers' Day should be internationally recognized and celebrated around the world. EI also believes that the principles of the 1966 and 1997 Recommendations should be considered for implementation in all nations. Over 100 countries observe World Teachers' Day. The efforts of Education International and its 390 member organisations have contributed to this widely spread recognition. Every year, EI launches a public awareness campaign to highlight the contributions of the teaching profession.
The shortage of qualified teachers is considered one of the biggest obstacles to achieving this goal. Accordingly, this year’s activities are focused on professional training for quality education. Teachers’ unions around the world are calling on public authorities to develop and provide adequate training programs to highlight the year’s theme - teachers matter! Teacher shortage, insufficient training, society’s lack of respect for the profession and the policies needed to tackle these challenges are the emphasis of World Teachers’ Day on 5 October 2008. The day, an annual acknowledgement of the essential role teachers play in the education of children, young people and adults, was marked on 3 October 2008 by a ceremony and expert panel discussions at UNESCO headquarters and by celebrations worldwide. An estimated 18 million additional teachers are needed worldwide simply to achieve universal primary education by 2015. Problems with recruitment, teacher training and retention as well as policy development and gender issues are to be addressed.We should look into the status of teachers in Burma, amidst the political turmoil and deadlock.
In the World Teacher Day’s publication of daily newspaper, Myanmar Alin (The New Light of Myanmar 5 October 2008), the country’s renowned leading educator, Sayagyi U Than Oo in his essay, emphasized the importance of creating an environment conducive to quality education and teachers’ professional status in the age of knowledge based society. This highlights the current critical situation. It should be noted here that Burma, in the distant past, had achieved certain standards in education. During the brief parliamentary democracy period, education in Burma was recognized as one of the leading sector in Southeast Asia The status of teachers was very high as it was also deeply rooted in cultural and traditional values of Burmese society. But those days were gone decades ago. The professional preparation of teachers has been recognized to be crucial for the qualitative improvement of education in Burma’s policy documents since 1948. However, very few concrete steps have been taken in the last three decades to operationalise this. This is one of the more important factors leading to the current poor state of education in the country. Declining socio-economic status of teachers and inadequate programs of teacher preparation lead to unsatisfactory quality of learning in schools. The content of the programme should be restructured to ensure its relevance to the changing needs of the school education and emergence of a democratic society. At the same time, authorities must ensure the teaching profession is appreciated by providing better salary and allowances.
In the mid nineties, the nation-wide survey of teaching profession by Burma Education Research Bureau in Rangoon suggested a shocking figure. More than fifty percent in the teaching workforce do not have teaching certificates. It can be clearly seen that, after all, Burma’s main two universities offering B.Ed courses cannot prepare annual need of estimated fifteen thousand new teachers. Although mushrooming teacher colleagues in major cities appear to be preparing the primary teachers, the official statistic shows these colleagues can only prepare fifty percent of annual need. More importantly there is a discriminating practice among the teachers in primary and secondary levels as the latter require a full bachelor degree whilst primary teachers are not valued because they only have one year training.
In Burma, teacher morale is at an all time low with teachers feeling undervalued, frustrated, unappreciated and demoralized. Currently, teachers in Burma have to take extra jobs as full time teachers cannot make end meets. The mere salary of thirty thousand kyats (1,100 Thai baht or 32 USD) per month for a primary teacher can support food alone for himself half of each month. It is no wonder that nobody dares to take teaching jobs. Less than five percent in the teaching profession are found to be male teachers. This is a critical issues regarding gender. High school graduates would not place education courses as their preferences.
Teacher’s turnover rates are also very high racing with the drop rate of school children. NHEC’s 2007 education surveys suggested that three millions children were not in schools. That is one fifth of the school aged children all over Burma. In one of major ethnic areas, Mon State, there are less than ten percent of teachers with five years of service. This simply is a reflection of the lowly paid salary. It is also not unusual to find former Burmese teachers doing menial jobs in neighboring countries. Teachers’ salary in Burma is one tenth of Thai or Indian teachers’ whilst the living costs are similar. Male Burmese teachers will not introduce or identify themselves as school teachers at local teashops for fear of demeaning himself. If we accept a reciprocal relationship between teacher morale and student learning students in many schools over the country are not getting the best possible value from teachers affected by low morale.
As the country has been under militarism for decades, corruption has severely affected the education and teaching profession. Moreover, there are no free trade unions to protect the rights of teachers. Every year on 5 October, millions of educators worldwide undertake public activities highlighting that quality education is a fundamental right for everyone. But our Burmese teachers and students do not a voice. The emergence of a teacher trade union is utmost importance to ensure that the needs of future generations are taken into consideration.
There is an urgent need to improve teaching and learning conditions, a decent working environment, living wages, more male teachers, initial and ongoing professional development,
involvement in policy-making, collective bargaining to defend and enhance teachers’ rights, to retain skilled teachers and to attract good candidates to become teachers. In every community, teachers – as well as parents and children - need to have their voice heard. It's another miracle in Burma that teachers can still push all these negativism out of their minds while they turn their full attention on their students. Teachers still enter the classroom with goodwill, interest and self-sacrifice (seidana, wathana, anitna), as practised thousand years old tradition. But it has been too long with too little for a contemporary age. The Burma’s cultural warriors are in need of massive support for both quality and quantity improvement in education and that is the only way to ensure peace, democracy and development. Because teachers matter!
Thein Naing is currently working as an academic in the education program of a multi-ethnic, multi-organizational NHEC. He supervises bi-annual publication of a school education research journal and facilitates research and teacher education courses. This is an excerpt of the article in Burmese version published online at http://educationinmyanmar.blogspot.com/.
[+/-] |
Right Group Focuses on Burmese Children |
Right Group Focuses on Burmese Children
By THE IRRAWADDY Wednesday, May 6, 2009
A US-based human rights advocacy group, the Watchlist on Children and Armed Conflict, called on Wednesday for the UN Security Council to protect the tens of thousands of children "who are raped, abducted and recruited as soldiers" in Burma.
The group has released a 60-page study, “No More Denial: Children Affected by Armed Conflict in Myanmar (Burma),” to mark the first anniversary of Cyclone Nargis that hit Burma in May 2008 and "to draw urgent attention to the plight of children who have been subject to heinous violations of their rights every day since the cyclone and for decades prior."
The report documents killing and maiming of children, child soldiers, rape, abduction, forced displacement, attacks on schools, denial of humanitarian access and other violations. It also charged the UN Security Council with remaining largely silent despite evidence from UN and local sources of these violations.
According to the report, children as young as nine constantly face the threat of forced recruitment by security forces, non-state armed groups and civilians, even in public places such as bus or train stations and markets.
"Approximately one in five children in the eastern conflict areas dies before reaching the age of five, often due to denial of humanitarian assistance and medical treatment by the Myanmar authorities. This rate is comparable to some the world's deadliest conflict zones, including Democratic Republic of Congo and Afghanistan," the report said.
The Watchlist on Children and Armed Conflict was formed in 2001 by a group of leading human rights and humanitarian organizations in response to the need for improved monitoring and reporting on violations against children.
Last month, the Annual Report of the UN Secretary-General to the Security Council on Children and Armed Conflict was released. It reported that the Burmese military regime’s army and nine armed ethnic groups are still recruiting child soldiers.
The report accused both the Burmese junta and an array of armed ethnic groups, including ceasefire groups and active anti-government forces, of continuing to engage in the practice of recruiting child soldiers.
http://www.irrawaddy.org//article.php?art_id=15594