ကို(၂)/ ဇန်န၀ါရီ ၂၈၊ ၂၀၁၀
http://www.ktimes.org/thatin/1-latest-news/548-2010-01-28-10-11-42.html
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ လော်ခုခူနှင့် လောက်ပလဲလျားကျေးရွာတို့သည် အရေပြားရောဂါ ဆိုးရွားစွာ ကူးစက်ပြန့်ပွား နေမှုကြောင့် နို့စို့ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့က ပြောသည်။
လော်ခုခူနှင့် လောက်ပလဲလျားကျေးရွာတို့မှ တရွာလျင် အနည်းဆုံး ၂၀ ဦးထက်မနည်း အရေပြားရောဂါ ကူးစက် ခံရပြီး ထိုထဲမှ ကလေးငယ်များပါဝင်သည်ဟု ဆိုသည်။
၎င်းကျေးရွာတို့သည် ရေရှားပါးပြီး ကျေးရွာနီးနားမှ ရေအိုင်များ သောက်သုံးရေအဖြစ် အသုံးပြုခြင်း၊ အ၀တ်လျှော်ခြင်းများ၊ ရေချိုးခြင်းများ နှင့် တိရိစ္ဆာန်တို့၏ သွားလာ လှုပ်ရှားမှု စားကျက်ဖြစ်သောကြောင့် ယားနာခြင်းများ စသည့်အရေပြားရောဂါ ကူးစက်ခံရခြင်းဖြစ်သည်ဟု နယ်လှည့် ကျန်းမာရေးအဖွဲ့မှ ဆေးမှူးတဦးက ပြောသည်။
၎င်းက “ တိရိစ္ဆာန်တို့နဲ့ ရောနှောပြီး အသုံးပြုကြတာ ရေအိုင်တအိုင်တည်းကို၊ ဒါကြောင့် ရောဂါက နာတာရှည်ရောဂါအဖြစ်သို့ ကူးသွားတာ ဖြစ်တယ်” ဟု ပြောသည်။
ကူးစက်မှုဒဏ်ကြောင့် အလည်ပိုင်းဂွင်ရှိ ဒေါတမကြီး ကျေးရွာမှ ကလေးငယ် ၂ ဦးနှင့် တောလုံ ကျေးရွာမှ ၂ ဦး ယခင် ၂၀၀၉ ခုနှစ်တွင် သေဆုံးသွားခဲ့ပြီး ဒီမောဆိုမြို့နယ်မှ ဒေါဖုအုပ်စုနှင့် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာအုပ်စုတွင်လည်း ထိုရောဂါကူးစက်မှုနှုန်း ဆိုးရွာစွာ ဖြစ်ပွားနေသည်။
“ဒီနှစ်တော့ ရောဂါကူးစက်ခံရလို့ သေသွားတယ်ဆိုတဲ့ သတင်းအတိအကျတော့ မသိရသေးဘူး။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးဖြစ်နေသေးတယ် ဆိုတာတော့ ရှိတယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာယ်ကပြောပါသည်။
ကျေးရွာများသည် ဆေးပေးခန်းများမရှိခြင်း ကျန်းမာရေးအတွက် အစိုးရမှ ခန့်အပ်ထားသော ဆေးဆရာ၊မများ တနှစ်တကြိမ်သာ ဆေးဝါးများ လာရောက်ကုသပေးခြင်းများ ရှိခဲ့ပြီး နယ်လှည့် ကရင်နီ လူမှုကယ်ဆယ်ရေး အဖွဲ့မှ ကျန်းမာရေး လုပ်သားများမှလည်း အစိုးရထိန်းချုပ်ထားသည့် နယ်မြေသို့လည်း သွားရောက် ကုသ ပေးခြင်းများ ရှိခဲ့သည်ဟု သိရသည်။ သို့သော် ဆေးလုံလုံလောက်လောက် ကုသပေးနိုင်ခြင်းမရှိဟု ပြောဆိုကြပါသည်။
Saturday, January 30, 2010
[+/-] |
အရေပြားရောဂါ ကူးစက်မှုဆိုးရွားခြင်းကြောင့် နို့စို့အရွယ် ကလေးငယ်များအတွက် စိုးရိမ်နေရ |
Friday, January 29, 2010
[+/-] |
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွား |
2010-01-29 RFA
ရန်ကုန် လှော်ကား ကွန်ပျုတာ တက္ကသိုလ် ကျောင်းအာဏာပိုင်တွေက ကျောင်းသားတွေအပေါ် ပြုမူဆက်ဆံတာတွေကို သဘောမကျတဲ့အတွက် ကန့်ကွက်ကြောင်း ကျောင်းတွင်း စာကပ်တဲ့ လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့တဲ့အတွက် ဇန်နဝါရီ ၂၈ ရက် မနေ့က ကြာသပတေးနေ့မှာ ကျောင်း အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ မျက်မြင်ကျောင်းသားတွေက ပြောဆိုကြပါတယ်။
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။
(Photo: AFP)
မနက်ပိုင်း ၁ဝ နာရီလောက် ကျောင်းခေတ္တနားချိန်မှာ စာကပ်သွားတာ ဖြစ်တယ်လို့၊ ကျောင်းသားတဦးက RFA ကို အခုလို ပြောပြပါတယ်။
ကျောင်းသားတဦး။ ။ 'ကျောင်းသားသမဂ္ဂကနေပြီးတော့မှ ကြေညာချက်တစောင် ကပ်သွားတယ်ဗျ။ ဘာတွေပါလဲဆိုတော့ ဟိုဟာပေါ့၊ ကျောင်းမှာက ဟို ကျောင်းပတ်လည်လေ၊ ကော်ရစ်ဒါပတ်လည်မှာ သံပန်းတံခါးတွေ ကပ်တယ်၊ အဲဒါကို ကျောင်းသားတွေ မကျေနပ်တဲ့ကိစ္စ၊ အဲဒီအချက်လည်းပါတယ်၊ နောက်ပြီးတော့ ကျောင်းအားကစားကြေး ဆိုပြီးတော့ ကောက်သေးတယ်၊ ချလံမှာ တရားဝင်ကို ကောက်ထားတာ၊ ကျောင်းသားတွေ ပါဝင်ဆင်နွှဲရမဲ့ အားကစားပွဲလည်း မလုပ်ပေးဘူး။ ကျောင်းသားတွေပေါ့နော်၊ ကန်တဲ့ ဘောလုံးကွင်းကိုလည်း အခု ပိတ်ပစ်လိုက်ပြီ။ အဲဒါကို မကျေနပ်တဲ့အတွက် မကျေနပ်ဖူးပေါ့။ ကန့်ကွက်တဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းဆိုတဲ့ ဥစ္စာလေး ကပ်ထားတယ်ခင်ဗျ။'၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲလည်း ကျင်းပဖို့ ရှိနေပြီး၊ ကျောင်းသားတွေပေါ်မှာ မယုံသင်္ကာစိတ်နဲ့ ထိန်းချုပ်လို့ လွယ်ကူအောင်၊ ဝင်ပေါက်တပေါက်လောက်ပဲ ထားပြီး၊ အားလုံးကို သံပန်တံခါးတွေနဲ့ ပိတ်ဆိုကာရံလိုက်တဲ့အပေါ် ကျောင်းသားတွေက မကျေနပ်ကြကြောင်းနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေအဖြစ်၊ fresher welcome လို ကျောင်းသားပွဲတွေက စလို့၊ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေလည်း မရှိတဲ့အတွက် ကျောင်းသားတွေက မကျေနပ်ကြကြောင်း နောက်ထပ်မျက်မြင် ကျောင်းသားတဦးက ပြောဆိုပါတယ်။'ရုတ်ရုတ်ရက်ရက်တော့ ဖြစ်တာပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ တော်တော်များများကတော့ အဲဒီမှာ ကျောင်းက နံရံ၊ တံခါးဘောင်တွေပေါ့ အစ်ကိုရာ အဲလိုမျိုးတွေမှာလည်း တွေ့ကြတယ်၊ နောက် အိမ်သာထဲတွေမှာလည်း တွေ့ကြတယ်ပေါ့၊ အဲဒီတော့ အကုန်လုံးကတော့ ဝိုင်းပြီးတော့ ဖတ်ကြတာပေါ့ဗျာ၊ ကျောင်းသားတွေကတော့။ အဓိက ရေးထားတာကတော့ဗျာ၊ ဒီကွန်ပျုတာကျောင်းမှာပေါ့ဗျာ၊ သံပန်းတံခါးတွေ တပ်ထားတယ်ဗျာ၊ ကျောင်းရှေ့ ကော်ရစ်ဒါပေါ့လေ၊ ကော်ရစ်ဒါတွေကို သံပန်းတွေ အကုန်ပိတ်လိုက်တယ်ဗျ။ ကင်တင်းကို သွားတဲ့ဟာတွေကအစ အကုန်လုံး ပိတ်လိုက်တယ်ဗျာ။ အဓိကကတော့ အပေါက်တပေါက်တည်း ထားလိုက်တယ်၊ ထောင်သဘောမျိုး ဖြစ်သွားတာပေါ့ဗျာ။'
စကပ်လို့ ကျောင်းသားတွေ ဖတ်တာကို တွေ့တဲ့အခါ ကျောင်းအာဏာပိုင်တွေက၊ စာရွက်တွေကို ချက်ချင်း ပြန်ခွာသွားကြတယ်လို့ ကျောင်းသားတွေက ပြောပြပါတယ်။ ရန်ကုန် ကွန်ပျုတာတက္ကသိုလ်ဟာ လှော်ကားမှာ ရှိပြီး ကျောင်းသား တထောင်ကျော်လောက်၊ တက်ရောက် သင်ကြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
[+/-] |
ကပ်ဘေးသင့် အာရှကလေးများကို စိတ်ဒဏ်ရာကုစားရေး ပညာရှင်များ ဆွေးနွေး |
သီရိထက်စံ
28 ဇန်န၀ါရီ 2010 - DVB
နာဂစ်မုန်တိုင်းဘေး အပါအ၀င် အာရှတိုက်က ကပ်ဘေးတွေ သင့်တဲ့ ကလေးငယ်တွေရဲ့ စိတ်ဒ ရာတွေကို ကုစားရေးနဲ့ ပတ်သက်လို့ ပညာရှင်တွေ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တွေ့ဆုံဆွေးနွေး နေကြပါတယ်။
ဘန်ကောက်မြို့ အင်ပီရီယယ်ကွင်းပတ်ဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ က ကျင်းပတဲ့ ဒီ ဆွေးနွေး ပွဲကို အာရှကပ်ဘေး ကြိုတင်ကာကွယ်ရေးဌာနက ကြီးမှူးဆောင်ရွက် တာ ဖြစ်ပြီး သန်ဘက်ခါ ဇန်န၀ါရီ 29 ရက်အထိကျင်းပါမှာပါ။
ဒီဆွေးနွေးပွဲမှာ ပထမဆုံးရက်က ကလေးစိတ်ပညာရှင်တွေရဲ့  လေ့လာတွေ့ ရှိ ချင်တွေ ကို အကြမ်းဖျင်း ရှင်းလင်းတင်ပြကြပြီး နောက်ရက်တွေမှာ အသေးစိတ် အပြန် အလှန် ဆွေးနွေးကြမှာပါ။
ကပ်ဘေးသင့် အာရှကလေးများကို စိတ်ဒဏ်ရာကုစားရေး ပညာရှင်များ ဆွေးနွေး
စစ်ဘေး သဘာဝဘေးတို့ ကြောင့် စိတ်ဒဏ် ရာဖြစ်နေတဲ့ ကလေးတွေကို လေ့ လာ ကုသ တဲ့ စိတ်ပညာရှင် တွေက သူတို့ ရဲ့ လေ့လာတွေ့ ရှိချက်တွေကို ရှင်းလင်း တင်ပြ ကြပြီး နိုင်ငံတကာ ကျန်းမာရေး ၀န်ထမ်းတွေ အစိုးရ၀န်ထမ်းတွေနဲ့  ကုလသမဂ္ဂ အရာရှိ တွေ တက်ရောက်ပါတယ်။
နာဂစ်မုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး ကူညီဖို့  မြန်မာပြည်ကို ရောက်ခဲ့တဲ့ ထိုင်း ကျန်းမာရေး ၀န်ကြီး ဌာနက အရာရှိ ဒေါက်တာ ဘန်ဂျပွန်ပညာရုံလည်း ဒီဆွေး နွေးပွဲကို တက်ရောက်ပြီး နာဂစ်မုန်တိုင်း ဘေးသင့် ကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပြုစုကုသတဲ့ အတွေ့ အကြုံတွေကို ရှင်းလင်းပြောပြပါတယ်။
“ကလေးတွေက အစက စကား မပြောကြဘူး၊ ပန်းချီဆွဲရအောင်ဆိုပြီး သူတို့ ကို ပုံဆွဲစကူတွေ ရောင်စုံ ခဲတံတွေ ချပေတော့ သူတို့ ခံစားချက်တွေကို ပန်းချီပေါ်မှာ ဖွင့်အန်ချကြတယ်၊ လေးနှစ်သား ကလေး တစ်ယောက်ဆိုရင် နာရီပုံလေးဆွဲထားတယ် အဲဒီအချိန်က မိဘတွေနဲ့ အတူတူရှိတယ် ၊ အဲဒီအချိန်မှာ နာဂစ် မုန်တိုင်းတိုက်ပြီး နောက် ပိုင်းမိဘဆွေမျိုးတွေ ဆုံးရှုံးခဲ့ရတယ်တဲ့။
“ကလေးလေးတစ်ယောက်ဆိုရင် သူ့ ကို ချစ်ရဲ့လားလို့ လူတိုင်းကို လိုက် မေး နေတာ ခံစားချက်တွေကို ရင်ဖွင့်ပြီးတဲ့နောက်တော့ ကျမတို့ အတူကကြ ကစားကြ တယ် ကလေးတွေရင်ထဲမက ခံစားချက်တွေ ပေါ့ပါးသွားအောင် စိတ်ထားနည်းလေး တွေ ပြောပြရတယ်၊ လူတော်လူကောင်းဖြစ်အောင်နေရင် သေသွားတဲ့ မိဘတွေကို စိတ်ချမ်းသာမယ်ဆိုတာမျိုးပေါ့။ သူတို့ မှာ လိုအပ်နေတာ စားဝတ်နေရေး ချည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သူတို့ လိုအပ်နေတာ က မေတ္တာပါ။
ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်က မြန်မာတိုင်းရင်းသားတွေ ခိုလှုံနေထိုင်တဲ့ ဒုကသည်စခန်းက ကလေးတွေရဲ့ စိတ်ဒ ရာတွေကို လေ့လာခဲ့တဲ့ စိတ်ပညာရှင် ဒေါက်တာ စာရှာ ဘရာတာဒက်ရှ်က ရှင်းလင်းပြောပြပါတယ်။
’ကလေးတွေကို တနေရာကတနေရာကို ရွေ့ ပြောင်းတော့မယ်ဆိုရင် သူတို့ အ ခြေအနေ အသေးစိတ်ကို ရှင်းပြသင့်တယ်၊ နွေးထွေးမှု လိုအပ်ပါတယ်။ နေရာသစ်မှာ လူစိမ်းတွေနဲ့ တွေ့ ရမဲ့ ကလေးတွေရဲ့ အတွင်းစိတ် မလုံခြုံမှုတွေကို လူကြီးတွေက ဂရုစိုက်ပေးဖို့ လိုပါတယ်။ ပညာပေး အစီအစဉ်တွေကတော့ နိုင်ငံတော် အစိုးရကိုယ် တိုင်က လိုလိုချင်ချင်စီစဉ်ပေးဖို့ အရေးကြီးပါတယ်”။
ဒီဆွေးနွေးပွဲမှာ ဗီယက်နမ် -အမေရိကန်စ်ဘေးဒ ကို ခံစားခဲ့ရတဲ့ ကလေးတွေနဲ့  ဆူနာမီ ငလျင် ရေလှိုင်းဘေး သင့် ကလေးတွေကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပုံ မှတ်တမ်းတင် သတင်းရုပ်ရှင်တွေလည်း ပြသပါတယ်။
[+/-] |
မုန်တိုင်းဘေးမှ လွတ်ခဲ့သည့် ကလေးများ စိတ်ဓာတ်အင်အား လိုအပ်နေ |
ဒီဗွီဘီ 5 ဇူလိုင် 2008
နော်အေးဖော ဒီဗွီဘီ သတင်းထောက် ထိုင်း
မုန်တိုင်းဘေးဒဏ် သင့်တာ ၂ လ ပြည့်ပြီတဲ့ ရာဝတီတိုင်းမှာ စိတ်ဓာတ်အင်အား ကုစားဖြည့်ဆည်းပေးဖို့  လိုအပ်နေတဲ့ ကလေးတွေ အများအပြားရှိနေပါတယ်။
ရန်ကုန်ကြည့်မြင်တိုင်မြို့နယ်မှာ သာဓုကျောင်းတိုက်က ရွှေည၀ါဆရာတော် ဦးပညာသီဟ ဦးဆောင်တဲ့ အဖွဲ့ က ပြင်စလူမြို့ နယ်အပါအ၀င် ကျေးရွာတွေမှာ ၇ရက်ကြာ လေဘေးထောက်ပံ့ရေး ဆောင်ရွက်ခဲ့ပါတယ်။ ကလေးတွေက ကြောက်ရွံ့ ထိတ်လန့် နေဆဲဖြစ်ပြီး သားချင်းတွေ ပြန်ရောက်လာ လေမလားလို့  မျှော်နေကြတဲ့ အတွက် မိဘမဲ့ ကလေးတွေကို မွေးစားပြီး ပညာသင် ကြား ပေးဖို့ ကိစ္စ မဖြစ်မြောက်သေးဘူးလို့ ဆရာတော် ဦးပညာသီဟက မိန့်  ပါတယ်။
“ ကြောက်ရွံ့ ထိတ်လန့် စိတ်တွေ၊ နာကျည်းစရာတွေ စိတ်ဝေဒနာတွေ ခံစား ချက်တွေ မပြယ်သေးတဲ့ အတွက် ဘယ်လိုဘဲ နှစ်သိမ့် ဖျောင်းဖျပြီးတော့ အားပေး သိမ်းသိမ်းပြီး ပြောပေမဲ့လည်း မရပါဘူး”
ဆွေမျိုးတွေ ဆရာ ဆရာမတွေ၊ ဘုန်းတော်ကြီးတွေ စတဲ့ ပတ်ဝန်းကျင်က ဖေးဖ ကူညီရင် မိဘမဲ့ကလေးရဲ့ စိတ်ကျန်းမာရေး အခြေအနေ သက်သာရရနိုင်မယ်လို့ ဆရာ တော်က မိန့် ပါတယ်။
မုန်တိုင်းဘေးသင့်ဒေသမှာ အလောင်းးတွေရှိနေဆဲဖြစ်လို့  လူသေအလောင်း 20 ကို သရ ဂုံတင်၊ မီးရှို့ သင်္ဂြိဟ်ပေးခဲ့ ပြီး ကျွဲ နွား တိရစ္ဆာန် 17 ကောင်ကိုလည်း သင်္ဂြိဟ်ခဲ့တယ်လို့  ဆရာတော်က မိန့် ကြားပါတယ်။
ကျန်းမာရေးမကောင်းတဲ့ လေဘေးဒုက္ခသည်တွေကိုလည်း ဆေးဝါးကုသမှုပေး ခဲ့ပြီး ဒေသခံ ဆေးခန်းတွေကိုလည်း လိုအပ်တဲ့ ဆေးပစည်းတွေ လှူဒန်းခဲ့တယ်လို့ ဆ ရာတော်က မိန့် ပါတယ်။
‘ ဆေးကုပေးစရာရှိတာ ဆေးကုပေးတာပေါ့၊ ရေကန်တွေ ညစ်ညမ်းနေတာ သုတ်သင်ပြီးတော့ ဆည်ပေးတာပေါ့၊ ကျောင်းသားတွေကို စာအုပ်စာတမ်းတွေ ထောက် ပံ့ပေးတယ်လေ”
ဆန်၊ ပဲ၊ ဆီ၊ မိုးကာ၊ အိုးခွက်၊ ပေါက်တူး၊ လ္ဂ၊ အ၀တ်အစားစတဲ့ တတ်နိုင်တာ တွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ ဆရာတော်က အသိပေးမိန့် ကြားပါတယ်။
လုပ်ငန်းအရင်းအနှီးမရှိတဲ့ သူတွေက မျိုးစပါးရရင်တောင် ကဇင်း( ကန်သင်း) ဘေးမှာ ထိုင်နေရုံဘဲပေါ့၊ လယ်ထွန်စရာစက်ရှိလားဆိုတာ ကိုယ်မပေးနိုင်တဲ့အတွက် ကိုယ်မပေးဘူးလေ” စိုက်စရာကောက်စပါးရှိလား’ ဆိုတာ မမေးဘူးလေ ကိုယ်မှ မပေးနိုင်တာ၊
“ကိုယ်မပေးနိုင်ဘဲနဲ့  သွားမေးလို့ မရှိဘူးဆိုရင် ဘယ်လိုလုပ် စိတ်ကောင်းမှာလဲ၊ ကိုယ်ပေးနိုင်တာကိုဘဲ မေးတယ်၊ မပေးနိုင်တာကို မမေးဘူး၊ သူတို့ လုပ်စားကိုင်စားးတဲ့ ဘ၀အခြေအနေတွေ ဘယ်တော့များမှ ဘာဖြစ်မလဲဆိုတာကို မတွေးဘူး၊ မေးလည်း မမေးဘူး၊ သူတို့ ပြောရင်လည်း “မပြောတော့နဲ့  ရပ်ထား စိတ်အကောင်းမှာ စိတ်ဆင်းရဲ မှာ စိုးလို့ ’
Thursday, January 28, 2010
[+/-] |
Burmese Soldiers Still Recruit Underage Youth |
By LAWI WENG Wednesday, January 27, 2010
The Burmese army is still recruiting underage youth despite the government's agreement with the UN that such practices would stop.
In the latest incident, Kyaw Min Tun, 14, was conscripted by a soldier in Light Infantry Battalion No. 83, based in Migaungye in Taungdwingyi Township in Magway Division.
His mother, San Thar Win, told The Irrawaddy on Wednesday that her son was taken to the battalion on Jan. 19 at 4 p.m. She said a soldier from the battalion persuaded him to join by saying he would receive a 60,000 kyat (US $60) monthly salary.
She has asked the battalion to release her son, she said, but the military has not complied.
Meanwhile, Aye Myint, a leading labor activist in Pegu Division, said that two other underage youths were taken to the same battalion this month. His group, Guiding Star, works on issues involving child recruitment and forced labor.
The group received 121 recruitment complaints last year, but only about one-third of the youth were released, he said.
He said that the Burmese government should punished soldiers who recruit underage youth. Government officials have signed an agreement with the International Labour Organization to stop such recruitment but soldiers in the field continue the practice, he said.
Meanwhile, the Burmese military government has extended an agreement allowing the UN to monitor complaints of underage recruitment for one more year.
Kari Tapiola, the executive director of the ILO in Geneva, told The Irrawaddy by e-mail that the overall number of underage recruitment complaints has increased.
The forced recruitment of children into the military is a problem which has been recognized at a high level. According to the “Annual Report of the UN Secretary-General to the Security Council on Children and Armed Conflict” in March last year, the Burmese junta “continues to screen and release underage children found in its armed forces during the training process.”
The report said the ILO, together with the International Committee of the Red Cross, was instrumental in the release of 12 underage recruits and had verified the release of 23 children “mostly from involuntary military enrollment.” It was waiting for a government response in 14 other cases.
The UN said in its latest report on the situation that the military is still recruiting child soldiers.
The New York-based Human Rights Watch has said that 70,000 underage soldiers are serving in the Burmese armed forces.
Human rights groups say children are recruited at train stations, bus depots, teahouses, video halls and movie cinemas, and even while walking home at night. The groups say the youth are sometimes threatened and beaten if they refuse to agree to undergo military training. After their training, many are sent to areas where the military is in conflict with ethnic groups.
[+/-] |
ကလေးစစ်သားများ စစ်တပ်က ဆက်လက်စုဆောင်းနေ |
Thursday, 28 January 2010 14:40 ရန်ပိုင်
http://www.irrawaddy.org/bur/index.php/news/1-news/2494-2010-01-28-07-47-52
မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်း မရှိဟု စစ်အစိုးရက ပြောဆိုနေ သော်လည်း ကလေးစစ်သား အဖြစ် အဓမ္မ ခေါ်ဆောင်မှုများ ရှိနေသေးကြောင်း သိရသည်။
မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထွန်းအား ဆင်ပေါင်ဝဲမြို့နယ် မိကျောင်းရဲမြို့ အခြေစိုက် ခလရ ၈၃ တပ်ရင်းမှ ဒုတပ်ကြပ် နိုင်ဝင်းဆိုသူက ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ခေါ်ဆောင် သွားကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းက ဧရာဝတီသို့ ပြောသည်။
“လစာတွေ တိုးနေပြီ၊ ငါတို့တောင်မှ အခု လစာကနေ နှစ်ဆတိုးပြီလို့ ပြောပြီး ဆွယ်သွားတယ်”ဟု ၎င်းက ဆိုသည်။
ဒုတကြပ်နိုင်ဝင်းက လစာငွေ ကျပ် ၆၀၀၀၀ ရရှိမည်ဟု ပြောဆိုပြီး ၎င်း၏ စစ်ယူနီဖောင်းကို မောင်ကျော်မင်းထွန်းအား ၀တ်ဆင် ပေးကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မောင်ကျော်မင်းထွန်းသည် လက်တဘက် မသန်သည့် ဒုက္ခိတ တဦးဖြစ်ပြီး ကျန်းမာရေးလည်း မကောင်းကြောင်း မိခင်ဖြစ်သူက ပြောပြသည်။
ဒေါ်စန္ဒာဝင်းသည် သားဖြစ်သူအား ပြန်လည် ခေါ်ဆောင်ရန် အတွက် ၂ ရက်တိုင် ခလရ ၈၃ သို့ သွားသော်လည်း တာဝန်မှူးက တွေ့ဆုံခွင့် မပေးဘဲ ဆူပူကြိမ်းမောင်း၍ ပြန်လွှတ် လိုက်ကြောင်း သိရသည်။
ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ မကြာသေးမီက စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တာပီအိုလာ တို့ ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သည့် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သက်ဆိုင်ရာ အထက်လူကြီးများမှ သဘောတူညီ ထားသည့် စာချုပ်ကို အောက်ခြေ အရာရှိအရာခံ အကြပ် တပ်သားများက ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ကလေးစစ်သား စုဆောင်းမှုများ အတွက် လိုက်ပါဆောင်ရွက် နေသည့် ပဲခူးမြို့ မှ ရှေ့နေကြီး ဦအေးမြင့်က ပြောသည်။
“အမေနဲ့သား နှစ်ယောက်တည်းရှိပြီး ရောဂါသည်ကိုလည်း မရှောင်ဘူး ခေါ်သွားတယ်၊ မိသားစုဘ၀ကို ဖျက်ဆီးတာပဲ၊ အညာဒေသမှာ ကလေးစစ်သား စုဆောင်းမှုက ပြန်ပေးဆွဲသလို ဖြစ်နေတယ်”ဟု ၎င်းကဆို သည်။
ကလေးစစ်သားနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ်က အမှုပေါင်း ၁၂၁ မှုရှိကြောင်း၊ ယခုအမှုသည် ၂၀၁၀ ခုနှစ်အတွက် ဒုတိယ အကြိမ်မြောက် တိုင်ကြားသည့် အမှုဖြစ်ကြောင်း၊ ပြစ်မှုကျုးလွန်သူ များကို အရေးယူမှ သာလျှင် ကမ္ဘာ့အလယ်တွင် နာမည်ကောင်း ရမည်ဖြစ်သည်ဟု ဦးအေးမြင့်က ပြောသည်။
ပဲခူးတိုင်းအတွင်း ကလေးစစ်သား စုဆောင်းခံရမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ သက်ဆိုင်ရာ ၀န်ထမ်းများသာမက နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြောင်း သိရသည်။
အဓမ္မကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ ILO သို့ တိုင်ကြားမှုသည် ၂၀၀၉ ခုနှစ် အတွင်းတွင် ပိုမိုများပြား လာကြောင်း ကယ်ရီ တာပီအိုလာ ကလည်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည်နှစ် မတ်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုသည့် အစီအရင် ခံစာတွင် နိုင်ငံတကာ အလုပ်သမား အဖွဲ့သည် မိမိသဘော ဆန္ဒမပါဘဲ စုဆောင်းခြင်း ခံထားရသည့် ကလေးသူငယ် ၂၃ ဦး လွတ်မြောက်ရေး အတွက် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီနှင့် ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့သည့် ကလေး ၁၂ ဦးရှိကြောင်း သိရသည်။ တခြားသော ကလေး ၁၄ ဦးနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရန် အတွက် အစိုးရများထံမှ တုံ့ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းလည်း ပါရှိသည်။
[+/-] |
'အ'သုံးလုံး အဆင့်တွင်သာ ရောင့်ရဲနေရသည့် သျှမ်းစာပေ သင်ကြားခွင့်( မူဆယ်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌနှင့် အင်တာဗျူး) |
သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-03-16-07-27/2008-08-03-16-05-20/662-2010-01-27-03-16-08.html
မေး - မူဆယ်မြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရဲ့အခြေအနေ အရင်ဆုံး မိတ်ဆက်ပေးပါလား
ဖြေ - သျှမ်းစာပေနှင့်ယဉ်ကျေးမှုက စတင်ဖွဲ့စည်းတာက ၁၉၆၆ ခုနှစ်ကတည်းကစခဲ့ပြီဗျ ကျနှော်က ၁၄ ယောက်မြောက် ဥက္ကဌပေါ့ အမှုဆောင်အဖွဲ့ဝင် ၃၃ ဦးနဲ့ဖွဲ့စည်းထားပါတယ် လုပ်ငန်းကတော့ နှစ်စဉ်တော့ သျှမ်း အ သုံးလုံးသင်တန်းတွေ ပို့ချပေးတယ် ရပ်ကွက်ထဲမှာရော မြို့နယ်တွင်းက ကျေးရွာတွေမှာရော တစ်ခါတလေ မြို့ရဲ့အပေါ်ပိုင်းမှာကျေးရွာတွေမှာ သွားပို့ချတယ် ကြုံရင်ကြုံသလိုပေါ့ ပုံမှန်တော့မရှိဘူးဗျ တစ်နှစ်ကို တစ်ခါ တလေလည်း တစ်ကြိမ် တစ်ခါတလေလည်း နှစ်ကြိမ် အနည်းဆုံးတော့ တစ်ကြိမ်တော့ဖြစ်တယ်ဗျ တခြားဒေသ တွေ မှာတော့ သူများအကူအညီတောင်းရင် သင်တန်းဆရာတွေပို့ပေးပါတယ် ခင်ဗျ ပြီးခဲ့တဲ့ ၂ဝဝဝ ဝန်းကျင်မှာ တော့ ဗန်းမော်ဘက်မှာ သင်တန်းဖွင့်တော့ ကျနှော်တို့ဆီက သင်တန်းဆရာတွေပို့ပေးတယ် ခင်ဗျ။
မေး - ဗမာစာရေးဆရာတော်တော်များများက မူဆယ်မှာ စာပေဟောပြောပွဲတွေလုပ်နေတာ သိရတော့ သျှမ်း စာပေနဲ့ပတ်သက်ပြီး ဟောပြောပွဲလုပ်တာတို့ သတင်းစာ ဂျာနယ် မဂ္ဂဇင်း စာအုပ်ထုတ်ဝေနိုင်တဲ့ အခြေအနေ ဘယ်လိုရှိလဲ ခင်ဗျ
ဖြေ - ပြီးခဲ့တဲ့လတုန်းက လုပ်တဲ့ စာပေဟောပြောပွဲမှာတော့ ကျနှော်တို့ကို ဖိတ်တယ် သွားတက်ပါတယ် မနေ့ က လုပ်တဲ့ဟာကျတော့ ကျနှော်တို့လည်း ဖိတ်စာမရလို့ မတက်ဖြစ်ဘူး ခေါင်းစဉ်ကတော့ အမိအဖ ကျေးဇူးဆိုပြီးပေးထား တယ် ကျောင်းသားတွေတော်တော်များများ သွားတာတွေ့တယ်ဗျ သျှမ်းစာပေနဲ့ပတ်သက်လို့ ထုတ်ဝေပိုင်ခွင့်က တော့ သတ်သတ်မှတ်မှတ် မမေးမိဘူး ပြီးခဲ့တဲ့ ကျနှော့်အရင် ဥက္ကဌ လက်ထက်က မူဆယ်မြို့သမိုင်း အကျဉ်းဆိုပြီးတော့ ထုတ်ခဲ့ဘူးပါတယ် ရောင်းဖို့လည်းမဟုတ်တော့ ဒီအတိုင်း ထုတ်ဖြစ်ပါတယ် စာအုပ်ထွက် လာတော့အဲဒီစာအုပ်ဘယ်လို ထုတ်သလဲ ခေါ်မေးတာတော့ရှိတယ်ခင်ဗျ ရောင်းဖို့မဟုတ်တော့ ဒီအတိုင်းပဲ ပြီး သွားတယ်ကျန်တဲ့လက်ကမ်းစာစောင် တွေ အနည်းအကျဉ်းတော့ရှိတယ် ကဗျာတို့ဘာတို့ကျတော့ အ သုံးလုံးသင်တန်းမှာပဲဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး
မေး - သျှမ်းစာပေကို ကလေးငယ်လေးတွေကို သင်ကြားပေးပါသလား
ဖြေ - ကလေးရောလူကြီးရော တစ်ပြိုင်တည်းသင်တာပဲ ဆက်ရှင် ခွဲပြီးတော့ ကလေးဆိုလည်း ကလေးအတန်းခွဲ အလိုက်ပေါ့ ရွာတွေဆင်းပြီးသင်တယ် မြို့ပေါ်မှာလည်း ရပ်ကွက်အလိုက်ဆင်းပြီး သင်တယ် အတန်းကျတော့ သူ
တို့ မှီရင်မှီသလိုလေ သင်တန်းစဖွင့်ပြီဆိုတာနဲ့ အရင်ရောထားလိုက်တယ် အဲလိုရောပြီးတော့ စာအရင်သင် ကြည့်တာပေါ့ လိုက်နိုင်တဲ့လူတွေကို သတ်သတ်ခွဲတယ် မလိုက်နိုင်တဲ့လူတွေကို သတ်သတ်ထားတယ် အဲလိုခွဲ သင်တယ်ကလေးဆိုရင် လည်း စာလိုက်နိုင်ရင် လူကြီးနဲ့ရောသင်တယ် လူကြီးတွေဆိုလည်း ဘာမှ အထောက် အကူမရှိသေးဘူးဆိုရင်ကလေးနဲ့ ရောသင်ပေးတယ် အတန်းရယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး အ သုံးလုံး ကျေရုံပဲရော
မေး - ပြဌာန်းချက်စာအုပ်နဲ့ သင်ကြားတဲ့အထဲမှာ သျှမ်းလူမျိုးတွေရဲ့ သမိုင်းတွေသင်ကြားခွင့်ရှိလား
ဖြေ - သျှမ်းစာပေနဲ့ယဉ်ကျေးမှု့အဖွဲ့ ဗဟိုကပေးတဲ့ပြဌာန်းချက်နဲ့ပဲသင်တယ် အ သုံးလုံးကျေဆိုတော့ သမိုင်းတွေဘာတွေ တော့မသင်ဘူးခင်ဗျ အတန်းပညာမရှိတော့ ခက်ဆစ်ပဲသင်တာကိုး အခြေခံပဲ သင်တာ ဆိုတော့ လူကြီးတွေလည်း အခြေခံသင်ချင်တဲ့သူတွေပဲလာသင်တယ် တတ်ပြီဆိုရင်တော့ အ သုံးလုံးကျေ သင် တန်း လာ မတက်တော့ဘူးပေါ့ စာတင်တဲ့အခါမှာ အ သုံးလုံးကျေသင်တန်းအတွက်ပဲ ခွင့်ပြုချက်တောင်းရ တာ အဲလို
မေး - သျှမ်းပြည်ထဲမှာ သျှမ်းစာသင်ကျောင်းတွေ ဖွင့်ခွင့်ရောရှိလား
ဖြေ - ကျနှော်တို့ဒီဘက်အပိုင်းမှာတော့ ကျောင်းဖွင့်တာမတွေ့သေးဘူးဗျ မရှိဘူးဗျ ရပ်ကွက်မှာဆိုရင် ဘုံပိုင် ဇရပ် တွေရှိတာပေါ့ အဲမှာပဲစုပေါင်းပြီးတော့ သင်တယ် ရပ်ကွက်တွေမှာလည်း သာရေးနာရေးလုပ်ဖို့ဇရပ်တွေရှိ တယ် အဲမှာစုပြီးမှပဲသင်တာပေါ့ ကျောင်းဆောက်ပိုင်ခွင့်ကတော့ တင်ကြည့်မှပဲ သိမယ်ထင်တယ် ကျနှော်တော့တစ်ခါမှ မတင်ကြည့်ဖူး သေးဘူး အာဏာပိုင်တွေကတော့ ပိတ်ပင်တာတော့မရှိဘူး တကယ်လို့လုပ်တယ်ဆိုရင်လည်း ပုံမှန်စာတင်ပြီး လုပ်တာပဲလေ သင်ကြားတဲ့အပိုင်းမှာ စိတ်အနှောက်အယှက်ဖြစ်တော့ မရှိပါဘူး
မေး - သျှမ်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီးရော ဘာတွေလုပ်ဆောင်နေလဲဗျ
ဖြေ - အကြီးအကျယ်လုပ်တာတော့ သျှမ်းနှစ်သစ်ကူးပေါ့ သျှမ်းစာပေနဲ့ယဉ်ကျေးမှုကပဲ ကမကထ ပြုပြီးတော့
ကျင်းပတာပေါ့ ရပ်ကွက်ပြည်သူတွေ လူကြီးတွေ ရယက တွေအကုန်လုံး ဆုံးဖြတ်ပြီးတော့လုပ်ကြတာပဲလေ အမာခံကတော့ သျှမ်းယဉ်ကျေးမှုအဖွဲ့က ကမကထ လုပ်တာပေါ့ ကျန်တဲ့ဟာတွေကတော့သူ့အပိုင်းနဲ့သူပေါ့ လေ သင်္ကြန်ပွဲလိုဟာမျိုးတွေ ဘေးကနေပဲပံ့ပိုးပေးပါတယ်
မေး - ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေ အိမ်ထောင်ပြုခွင့်တွေမှာရော လွတ်လပ်မှု ရှိပါသလား
ဖြေ - လွတ်လွတ်လပ်လပ်ရှိပါတယ် ပြီးခဲ့တဲ့နှစ်ကပဲ မူဆယ်တစ်ခွင်မှာပေါ့လေ ထိမ်းမြားလက်ထပ်ပွဲတွေလည်း တစ်သမတ်တည်း ဖြစ်အောင် ဆိုပြီးတော့ သုံးလေးဖွဲ့ပေါ့လေ အဖွဲ့သဘာပတိတွေပါတယ် သာသနာအဖွဲ့တွေပါ
တယ် ယဉ်ကျေးမှုအဖွဲ့လည်းပါတယ် ကျနှော်တို့စုပေါင်းပြီးတော့ သတ်မှတ်ခဲ့တာ စာအုပ်တစ်အုပ်တော့ ထွက် ထား ပါတယ် မင်္ဂလာဆောင်ရင် ဘယ်အချက်တွေ လိုက်နာရမယ်ဆိုပြီးတော့ပေါ့နော မင်္ဂလာဆောင်တဲ့အချိန်မှာသျှမ်းရိုးရာဝတ်စုံ ဝတ်ရမယ်ပေါ့လေ တောင်းရမ်းတဲ့အချိန်မှာလည်း ငှက်ပျော ဘယ်နှစ်ဖီးပါမယ် လက်ဖက်ထုတ်ဆန်တွေ ဘယ်လို ပါမယ် သျှမ်းရိုးရာ ပြသာဒ် တွေလုပ်တာ အားလုံး တစ်သမတ်တည်းလုပ်ရအောင် သတ်မှတ် လိုက်တယ် အသက် ၅ဝ နဲ့ ရဝ ကြားဆိုရင် ၅ ဆောင်လုပ်ရမယ် ရဝ အထက် ၉ဝ တို့ဆိုရင် ရ ဆောင်လုပ်ရမယ်ဒီအပိုင်းလေးတွေ ပေါ့ဗျာမင်္ဂလာဆောင် ဆိုရက်လည်း တချို့က ငှက်ပျောယူတယ် တချို့က မှုန့်ကျွတ် ယူတယ် အဲလိုမဖြစ်ရအောင်လို့ပါ
မေး - ဗမာစာနဲ့စကားက ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားတော့ တိုင်းရင်းသားစာပေတွေက အသုံးမဝင်ဘူး
ဖြစ်နေတယ်ဗျ အဲတော့ သျှမ်းဘာသာစကား စာပေ ယဉ်ကျေးမှု ရဲ့ အလားအလာတွေရော ဘယ်လိုမြင်မိလဲဗျ
ဖြေ - ကျနှော်ငယ်ငယ်တုန်းက ဆိုရင် ကျောင်းထဲမှာ ဒုတိယအတန်းအထိကို သျှမ်းစာသင်ခဲ့ရတယ် အခု ကျနှော်တို့ ကလေးတွေကျတော့ ကျောင်းမှာမသင်ရတော့ဘူး ကျနှော့်ဆန္ဒပေါ့လေ ဖြစ်ချင်တာကတော့ ကျောင်းမှာသင်ရင် တော့ အခုလို မပင်ပန်းရတော့ဘူး ပေါ့ဗျာ နှစ်တိုင်းနှစ်တိုင်း ရပ်ကွက်တွေဆင်းပြီးတော့ အ သုံးလုံး သင်တန်းဆင်းပေးနေရတာ ကျောင်းမှာသင်ရရင်တော့ အဆင်အပြေဆုံးပေါ့ဗျာ အဲဒါတော့ ကျနှော့်ရဲ့ ဆန္ဒပါ မူဆယ်တခွင် ရွေလီတခွင်ပေါ့လေ ထုံးမောဝ် ပေါ့နော်အသက်ကြီးတွေလည်း အခုထိ ဗမာစကားမတတ်သေးတာ လည်း ရှိတယ် ဒီဘက်အပိုင်းတော့ စိုးရိမ်စရာမရှိသေးဘူးဗျ ကာလ အပိုင်းအခြား တစ်ခုအထိတော့ မစိုးရိမ်ရ သေးဘူးပေါ့
မေး - ကချင်ပြည်နယ်နဲ့ အခြားနေရာတွေမှာရှိတဲ့ သျှမ်းလူမျိုးတွေဟာ တဖြည်းဖြည်းနဲ့တိမ်ကောပျောက်ကွယ်
လာတာတွေ့ရတော့ သျှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့အနေနဲ့ တခြားဒေသတွေမှာရော လုပ်ဆောင်ပေးဖို့ အနေ
အထားရှိပါ သလားခင်ဗျ
ဖြေ - ကျနှော်တို့လည်း လက်လှမ်းမီ သလောက်ပေါ့နော် ခါတိုင်းဆို ဒီမိုးကုတ်ဘက်မှာရော အလယ်ပိုင်းဘက်
မှာရောပေါ့နော် တက္ကသိုလ်များ သျှမ်းစာပေယဉ်ကျေးမှုပေါ့နော သျှမ်း အ သုံးလုံးသင်တန်းတွေ သွားသင်ပေး
တယ်ခင်ဗျ သင်တန်းဆရာတွေလိုတယ်ဆိုရင် နယ်တွေကိုတောင်းရင် ကျနှော်တို့လည်းပေးတယ် အခု ၃ ၊ ၄ နှစ်အပိုင်းတော့ နယ်ဝေးတွေက မပို့ဖြစ်ဘူး ဖြစ်နေတယ် ဟိုမှာလည်း အစီအစဉ်က မရှိဘူးဖြစ်နေတယ်လေ
မေး - ထပ်ပြောစရာများရှိသေးလားဗျ
ကျနှော်တို့က နိုင်ငံရေးလည်းမလုပ်တတ်ဘူး ကျွမ်းလည်းမကျွမ်းကျင်ဘူး သျှမ်းစာပေနဲ့ ယဉ်ကျေးမှု အတွက်ပဲ ဇောက်ချ ဆောင်ရွက်မယ် ကိုယ်မကျွမ်းကျင်တဲ့အပိုင်းကိုတော့ မလုပ်တော့ဘူးဗျ ဒီမှာကတော့ ပလောင် ကချင်သျှမ်း ရှိမှာပေါ့ တိုင်းရင်းသားအချင်းချင်းတော့ သဟဇာတဖြစ်ပါတယ် မူဆယ်က စီးပွားရေးဘက်ပဲ လုံးပန်း ကြတော့လေ ဒီအပိုင်းမှာ ပဋိပက္ခ မရှိကြဘူးဗျ ၂ဝ၁ဝ ဟိုဘက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ရှိရင်တော့ ဘယ်လိုလာမလဲဆိုတာ အပြောင်းအလဲ ကိုပဲစောင့်နေတာပေါ့ဗျာ ရင်တော့လေးမိတာပေါ့ဗျာ ပြည်သူတစ်ယောက်အ နေနဲ့ ကံကိုပဲ ကိုယ့်ဘက်ကို မြှားဦးလှည့်ပါစေ လို့ပဲ ဆုတောင်းနေရတာပေါ့
Last Updated ( ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010 )
Sunday, January 24, 2010
[+/-] |
ဥာဏ်အမျိုးမျိုးအဖုံဖုံ |
Written by နှင်းဆီ
Thursday, 30 July 2009 10:55
ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉
ကျွန်မ မနှစ်က မြန်မာပြည်ကို ပထမဦးဆုံး ရောက်ခဲ့တုန်းက ရန်ကုန်မှာ တစ်လနေရင်း မြန်မာလူမှုရေး အကြောင်း စိတ်ဝင်စားစရာတွေ အစုံ သိခွင့်ရခဲ့ပါတယ်။ ကျွန်မက တက္ကသိုလ်မှာ ပညာရေး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့သူ ဖြစ်တဲ့ အလျောက် မြန်မာပညာရေး စနစ်အကြောင်း အထူးပြု စူးစမ်းရင်း မြန်မာ သူငယ်ချင်းတွေနဲ့ ပညာရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ခဏခဏ ဆွေးနွေးမိတတ်ကြပါတယ်။ သူတို့ ပြောတာတွေထဲမှာ တစ်ခုက ကျွန်မအနေနဲ့ သိပ်အံ့သြစရာ မကောင်းဘူးဆိုရင် မမှားပါဘူး။ သူတို့ ပြောတာ က မြန်မာပြည်မှာ တက္ကသိုလ် ၀င်စာမေးပွဲ အောင်စာရင်း အရ အသက်မွေးဝမ်းကျောင်း ၀င်ခွင့် သတ်မှတ်ထားတော့ အမှတ်သိပ်ကောင်းရင် သိပ္ပံကို လေ့လာခွင့်ရပြီး အမှတ်မကောင်းရင် ၀ိဇ္ဇာပညာရပ်ကိုပဲ လေ့လာခွင့်ရတယ်။ အမှတ် အကောင်းဆုံးပဲ ဆိုရင် ဆရာဝန်အဖြစ် ဒါမှမဟုတ် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်နိုင်တယ်။
ဒီအချက်တွေက ဘာဖြစ်လို့ ကျွန်မအနေနဲ့ အံ့သြစရာကောင်းသလဲ ဆိုတော့ ဒါတွေက အမေရိကန်ပညာရေး စနစ်နဲ့ မတူပါဘူး။ အမေရိကန်နိုင်ငံမှာ ကတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ကိုတက်ချင်ရင် အက်စ်အေတီ (SAT) လို့ခေါ်တဲ့ စာမေးပွဲတစ်ခုကို ဖြေရပေမယ့် အသက်မွေး ၀မ်းကျောင်း ၀င်ခွင့်က ဒီစာမေးပွဲရဲ့ အမှတ် စာရင်းပေါ်မှာ မတည်ပါဘူး။ အမှတ်ကောင်းရင် ဂုဏ်ရှိတဲ့ တက္ကသိုလ်မှာ ၀င်ခွင့်ရမှာပဲ။ အမှတ် မကောင်းဘူးဆိုရင်တော့ ကောင်းတဲ့ တက္ကသိုလ် မ၀င်နိုင်ဘူးဆိုတာက ဖြစ်နိုင်ပေမယ့် တက္ကသိုလ် ၀င်ခွင့်ဆိုတာ SAT အမှတ်အပြင် အထက်တန်း ကျောင်းမှာရတဲ့ အမှတ်၊ အားကစားနဲ့ တခြား ကျောင်းအပြင် အလုပ်တွေ၊ ဆရာ၊ ဆရာမရဲ့ ထောက်ခံစာတွေ အပေါ် မှာတည်တယ်။ (ဒီ ကျောင်းအပြင် အလုပ်တွေ ဆိုတာ ဂီတ၊ အနုပညာ၊ ခေါင်းဆောင်မှုစတဲ့ အရည်အချင်း တွေကို ဖော်ပြနိုင်တဲ့ ကိစ္စတွေပါပဲ။)
ဥပမာ ကျောင်းသူတစ်ယောက်က SAT မှာ အမှတ် ကောင်းကောင်း ရပေမယ့် အထက်တန်းကျောင်း မှာရတဲ့ အမှတ်က မကောင်းရင် ဒါမှမဟုတ် ကျောင်းအပြင် ကိစ္စ သိပ်မပါဝင်ဖူးဘူး ဆိုရင် အကောင်းဆုံး တက္ကသိုလ်တွေကို ၀င်ခွင့်ရချင်မှရ မယ်။ ဒါပေမယ့် တက္ကသိုလ် ၀င်ခွင့်ရပြီးရင်တော့ ကြိုက်တဲ့ ဘာသာရပ်ကို လေ့လာလို့ရတယ်။
ဒီ အမေရိကန်စနစ်မှာ တက္ကသိုလ် ရောက်ရင် ဘယ်ဘာသာရပ် လေ့လာမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို အထက်တန်း ကျောင်းပြီးတာနဲ့တန်း ဆုံးဖြတ်ရတာ မဟုတ်ဘူး။ များသောအားဖြင့် ကျောင်းသူ၊ ကျောင်းသားတွေက တက္ကသိုလ် ရောက်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာပြီးမှ အဓိကအ ထူးပြု ဘာသာရပ်ကို ရွေးကြရတယ်။ နောက်ပြီး ဘီအေ(B.A)၊ ဘီအက်စ်စီ (B.Sc) ဘွဲ့ရပြီးမှ ဆရာဝန်၊ ရှေ့နေ၊ ဆရာမဖြစ်ချင်ရင် အထူး စာမေးပွဲ နောက်တစ်ခု ထပ်ဖြေရတယ်။ ဒီ အထူး စာမေးပွဲဆိုတာ (၀ိဇ္ဇာနဲ့ သိပ္ပံပညာရပ်တွေ အတွက်) ဂျီအာရ်အီး GRE, (ဥပဒေအတွက်) အယ်လ်ဆတ် LSAT, (ဆေးတက္ကသိုလ်အတွက်) အမ်ခတ် MCAT ဖြစ်ပြီး အမှတ်အရ ဘွဲ့လွန် သင်တန်း ၀င်ခွင့် ရ၊ မရ ဆုံးဖြတ်ကြတယ်။ GREက အပိုင်း ၃ ပိုင်းခွဲထားပြီး တစ်ပိုင်းက သင်္ချာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေရတယ်။ နောက်တစ်ပိုင်းက ဘာသာစကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတယ်။ နောက်တစ်ပိုင်းမှာ ကျတော့ စာစီစာကုံး ရေးရတာပါ။ ၀ိဇ္ဇာပညာ ရပ်ကိုလေ့လာချင်တဲ့ သူတွေအတွက် သင်္ချာနဲ့ ပတ်သက်တဲ့ အပိုင်းမှာရတဲ့ အမှတ်က အရေးမကြီးပါဘူး။ ဥပမာ ကျွန်မ ပညာရေး ပါရဂူ သင်တန်းကို ၀င်ခွင့်ရဖို့ လျှောက်တုန်းက ကျွန်မက သင်္ချာကို သိပ်မကျွမ်းကျင်ပေမယ့် ပါရဂူ သင်တန်းကို ၀င်ခွင့်ရခဲ့ပါတယ်။
အမေရိကန် စနစ်နဲ့ မြန်မာစနစ်ကို နှိုင်းယှဉ် ကြည့်ရင်ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ခြားနားတဲ့ ယူဆချက်တွေ အမျိုးမျိုးရှိတယ် ဆိုတာကို မြင်နိုင်တယ်။ မြန်မာစနစ်အရ ဥာဏ်ကို ဘယ်လို မြင်သလဲ ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ ရှိတုန်းက ပညာမှာ အသိ ပညာ၊ အတတ်ပညာ ဆိုပြီး ပညာနှစ်မျိုးရှိတယ် လို့ သိရတယ်။ အတတ်ပညာက အမျိုးမျိုး ရှိပုံ ရပေမယ့် မြန်မာ စာမေးပွဲစနစ် အရဆိုရင် အသိ ပညာကတော့ တစ်မျိုးပဲ ရှိတယ်လို့ ယူဆပါ တယ်။ ဒီစနစ်အရ သိပ္ပံကို နားလည်နိုင်တဲ့ လူတွေ က စာပေ၊ သမိုင်း၊ အနုပညာကို နားလည်နိုင်တဲ့ လူထက် ပိုဥာဏ်စွမ်းကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။
မြန်မာစနစ်မှာ ကောင်းတာက အရေးကြီးတဲ့ အလုပ် အတွက် အကောင်းဆုံး ကျောင်းသူ၊ ကျောင်းသားတွေပဲ လုပ်လို့ လူမှုရေး အတွက် ကောင်းတဲ့အပြင် ဒီအရေးကြီးတဲ့ အလုပ်အတွက် ၀န်ထမ်း အလုံအလောက်ရှိမယ်။ တော်တဲ့ အင်ဂျင် နီယာရှိရင် ခိုင်တဲ့ တံတားရမှာပဲ။ အခု အမေရိ ကန်နိုင်ငံမှာ ပြဿနာတစ်ခုက ကျောင်းဆရာ၊ ဆရာမ အလုံအလောက် မရှိဘူး။ အလုပ်ဝင်ခွင့်ကို စာမေးပွဲ အမှတ်အရ သတ်မှတ် ဆုံးဖြတ်ရင် ဒီပြဿနာ ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မိတယ်။
အမေရိကန် စနစ်ကတော့ ဥာဏ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ယူဆတော့ အဲဒီ ဥာဏ်အမျိုး မျိုးကို စစ်ချင်ရင် စစ်တမ်းထုတ်နည်း အမျိုးမျိုး သုံးရတယ်။ ဒါ့အပြင် ဒီယူဆချက် အရ သိပ္ပံနဲ့ ပတ်သက်တဲ့ ဥာဏ်က အရေးကြီးဆုံးပဲ ဆိုတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ၁၀၊ ၂၀ အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဥာဏ် အကြောင်းယူဆချက်တွေ အများ ကြီး ပြောင်းလဲလာခဲ့တယ်။ ၁၉၈၃ မှာ ဟောင်း ၀ဒ်ဂါရ်ဒနာ(Howard Gardner)ဆိုတဲ့ ပညာရေး ပါမောက္ခ တစ်ယောက်က ဥာဏ်အမျိုးမျိုး အကြောင်း စာအုပ် တစ်အုပ် ရေးခဲ့တယ်။ ဒီစာအုပ် မှာ သူ့ရဲ့ ဥာဏ်မျိုးစုံ သီအိုရီ(Theory of Multiple Intelligences) ဆိုတာကို ရှင်းပြတယ်။
သူ့သီအိုရီ အရ ဘာသာစကားနဲ့ ပတ်သက်တဲ့ဥာဏ် (Linguistic Intelligence)၊ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ် (Logical-Mathematical Intelligence)၊ ဂီတနဲ့ပတ်သက်တဲ့ဥာဏ် (Musical Intelligence)၊ ကိုယ်နဲ့ပတ်သက်တဲ့ ဥာဏ် (Bodily-Kinesthetic Intelligence))၊ နေရာနဲ့ပတ်သက်တဲ့ဥာဏ်(Spatial Intelligence)၊ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဥာဏ် (Interpersonal Intelligence)၊ မိမိကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ် (Intrapersonal Intelligence) ဆိုတဲ့ ဥာဏ် ၇ မျိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီဥာဏ်တွေကို ပိုနားလည်အောင် ကျွန်မ အမြင်ကို နည်းနည်း ရှင်းပြချင်ပါတယ်။ ဥပမာ လူတစ်ယောက်က ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဘာသာစကားတွေကို လွယ်လွယ် သင်နိုင်ပြီး စကားအဓိပ္ပာယ်ကို ကောင်းကောင်း ပြောပြနိုင်တယ်ဆို တော့ စာရေးဆရာ/ဆရာမ၊ ကဗျာဆရာ/ဆရာမ၊ ရှေ့နေအနေနဲ့ အလုပ်လုပ်ရင် အဆင်ပြေမှာပဲ။ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် သဘာဝ သိပ္ပံနဲ့ ဆိုင်တဲ့ အလုပ်မှာ ကျွမ်းကျင်မယ်။
ဂီတနဲ့ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဂီတစာဆို၊ ဂီတသမား အနေနဲ့ ပန်းဆွတ်မယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ဥာဏ်မှာ စွမ်းရင်တော့ အားကစား၊ အက ဟန်ကျမယ်။ နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းတဲ့ လူကျတော့ ပစ္စည်းတွေကို ဘယ်လို နေရာတကျ ထားသင့် သလဲလို့ စိတ်ကူးနိုင်လို့ ဗိသုကာ၊ အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ရင် ကျွမ်းကျင်မယ်။ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းသူ ကတော့ လူတွေရဲ့ အမူအရာ၊ စိတ်ခံစားမှုကို ကောင်းကောင်း နားလည် နိုင်လို့ ဈေးရောင်းသူ၊ ခေါင်းဆောင်၊ အကြံပေး စတဲ့အလုပ်တွေမှာ ပေါက်မြောက်မယ်။ မိမိ ကိုယ်ကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်း ရင်တော့ သူ့ကိုယ်သူ ကောင်းကောင်း နားလည်တဲ့ သူဖြစ်လို့ ဘာအလုပ်မှာဖြစ်ဖြစ် အကျိုးရှိမှာပဲ။ နောက်ပြီး တခြား ဘာဥာဏ်တွေ ရှိပါလိမ့်ဦးမလဲ လို့ တွေးကြည့်ကြပါစို့။
ဥပမာ ကိုယ်ကျင့် တရားနဲ့ပတ်သက်တဲ့ဥာဏ်(Moral Intelligence) စက္ခုနဲ့ပတ်သက်တဲ့ဥာဏ် (Visual Intelligence), အချက်အပြုတ်နဲ့ ပတ်သက်တဲ့ ဥာဏ် (Culinary Intelligence) စတဲ့ဥာဏ်တွေလည်း ရှိမှာပဲ။ ဂါဒနာရဲ့အဆိုအရ ဥာဏ်တွေက ၀ါသနာပဲ ဆိုတဲ့ အယူအဆက သိပ်မမှန်ပါဘူး။ နောက်တစ်ခု က တချို့ လူတွေက ဥာဏ်ရှိပြီး၊ တချို့က ဥာဏ်မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ လူတွေက ကိုယ်စီ ကိုယ်ငှ ဥာဏ်တစ်မျိုးစီ ရှိပြီး လူတိုင်းမှာ Unique Combination of Intelligence လို့ခေါ်တဲ့ တစ်မျိုးစီ သူ့နည်း သူ့ဟန်နဲ့ ဥာဏ်တွေ ပေါင်းစုထားတာရှိကြတယ်။
ဥပမာ ကျွန်မက နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ သိပ်မစွမ်းဘဲ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ ပိုအားသန်လို့ အင်ဂျင်နီယာ အဖြစ်လုပ်ရင် မပေါက်မြောက် နိုင်ပေမယ့် ကျောင်းဆရာမ အဖြစ်လုပ်ရင် ပိုအဆင်ပြေတယ်။ သို့သော်လည်းပဲ ဇာတိဥာဏ် ရှိပေမယ့် အဲဒီ ဥာဏ်ရင့်သန်ဖို့ အခွင့်မရှိရင်ရော၊ ကိုယ်ပိုင် ကြိုးစားမှု မရှိရင်ရော ဇာတိဥာဏ်ရဲ့ အစွမ်းအစ ပေါ်မထွက်လာနိုင်ဘူး။ ဒီတော့ ကျောင်းမှာ ကလေးတွေက ဥာဏ်မျိုးစုံကို ရင့်သန်ဖို့ အခွင့်ရှိဖို့ အထူးလိုအပ်တယ်လို့ ကျွန်မ မြင်တယ်။ အဲဒီသီအိုရီက အမေရိကန် ပညာရေး စနစ်မှာ တစ်စတစ်စ အရာတွင်လာလို့ တက္ကသိုလ်ဝင်ဖို့ လိုအပ်ချက်တွေကလည်း ပြောင်းလဲလာပြီး ၀င်ခွင့်က စာမေးပွဲ အမှတ်စာရင်းတစ်ခုတည်း အပေါ် မှာတည်တယ်ဆိုတာ မဟုတ်တော့ဘူး။
မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ မတူဘူးဆိုတော့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်လို့ မလွယ်ပေမယ့် နှစ်နိုင်ငံစလုံးက တစ်မျိုးစီ လူငယ်တွေအတွက် အကျိုးရှိပါတယ်။ နောက်ဆိုရင် ကျွန်မ မြန်မာ ပညာရေးနဲ့ ပတ်သက်တဲ့ယူဆချက်တွေအကြောင်း ပိုလေ့လာ ချင်ပါတယ်။ ဥပမာ မြန်မာပြည်မှာရှိတုန်းက ကာယအင်အားနဲ့ ဥာဏအင်အား အကြောင်း ကြားဖူးပေမယ့် ဒီအင်အားနှစ်ခုက ဘယ်လိုကွာ သလဲဆိုတာ ကျွန်မ စိတ်ဝင်စားတယ်။ ကာယ အင်အားက ကိုယ်နဲ့ပတ်သက် တဲ့ဥာဏ်နဲ့ ဆင်သလားဆိုတာ ကျွန်မ စဉ်းစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီအကြောင်း တွေကိုလေ့လာဆွေးနွေးရင် တခြားပညာရေးကို စိတ်ဝင်စားတဲ့ လူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတ ရကြမယ်လို့ ယူဆပါတယ်။
နှင်းဆီ
နှင်းဆီဟာ ကော်နဲလ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ အမေရိကန်ကျောင်းသူ ဖြစ်ပါတယ်။ အမည်ရင်းက Rose Metro ဖြစ်ပြီး သူဟာ ကော်နဲလ်တက္ကသိုလ်မှာပဲ မြန်မာစာကို သင်ယူခဲ့ပါတယ်။ သူ မြန်မာစာ လေ့လာနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။ သူ အဓိက စိတ်ဝင်စားတာက ပညာသင်ကြားတဲ့ နည်းလမ်းအသွယ် သွယ်ရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ကျောင်းတစ်ဖက် တက်သလို အမေရိကမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာလည်း ဆရာမအဖြစ် အလုပ် လုပ်နေပါတယ်။ အခုဖော်ပြတဲ့ ဆောင်းပါးဟာ သူကိုယ်တိုင် မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ အမေရိကန် ကျောင်းသူ တစ်ယောက်ရဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖူးငုံတို့အနေနဲ့ သူ့ဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန် အကြံပေးလိုတာ ဖြစ်စေ၊ သူ့ကို တစ်ခုခု မေးမြန်းချင်တာဖြစ်စေ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ကို စာရေးသားပေးပို့နိုင်ပါတယ်။ သူ့ကို တိုက်ရိုက် စာရေးဆက်သွယ်ချင်ရင်တော့ rose.metro@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ စာရေးသား ဆက်သွယ်နိုင်ကြောင်းပါ။
အယ်ဒီတာ
Friday, January 22, 2010
[+/-] |
ဒါလား ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ တက္ကသိုလ်ကျောင်း |
Submitted by Karen Information Center on January 21, 2010 – 3:58 am
ပြည်သူ့အသံ
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်နှင့်ယှဉ်ရင် များစွာ ကွာခြားနေပါတယ်။ မြန်မာ့ပညာ ရေးက အထက်တန်းမှာပဲ အဆင့်မြင့်ပညာရေးစနစ် သတ်မှတ်ထားတာ တက္ကသိုလ်အဆင့် ပညာရေးကတော့ လုံးဝ အဆင့်မမှီပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကရင်ပြည်နယ် ဖားအံတက္ကသိုလ်မှာဆိုရင် အထူးသဖြင့် ဆရာ၊ ဆရာမတွေရဲ့ လာဘ်စားမှု တွေနဲ့ ကျောင်းသူ ကျောင်းသား တွေရဲ့ မသမာမှုတွေက ပြည့်နှက်နေတယ်လေ။ ကျောင်းမှန်မှန်မတက်ဘဲ စာမေးပွဲမှာ အောင်မှတ် တောင်မရတဲ့သူတွေက လွတ်လွတ်ကျွတ်ကျွတ် အောင်သွားကြတာ မအံ့သြဘူးလား။ တချို့ အောင်မှတ် ရလုရခင် ကျောင်းသား တွေတောင် အောင်စာရင်းထွက်တော့ အမှတ်ကောင်းကောင်းနဲ့ အောင်သွားကြ တယ်လေ။ တချို့ဆိုရင် တစ်ပတ်မှတစ်ခါပဲ ကျောင်းတက်ပြီး စာမေးပွဲမှာ လက်၊ အင်္ကျီ၊ ဘောင်းဘီတွေထဲ မိုက်ခရိုတွေနဲ့ကပ်ပြီး ခိုးကူးချထားတော့ စာကို အပုဒ်စေ့တောင် ဖြေနိုင်ကြတယ်လေ။
စာမေးပွဲအခန်းဝက ဆရာမတွေကလည်း သေချာမစစ်ဆေးတာလား။ မသိချင်ယောင်ဆောင်တာလားတော့ မသိ။ ကျောင်းသား တွေအတွက်တော့ အခွင့်ထူးပါပဲ။ စာမေးပွဲဖြေပြီးတဲ့အခါကျရင်လည်း ကိုယ်ဖြေမရတဲ့ ဘာသာအတွက် သက်ဆိုင်ရာ ဆရာတွေဆီ မှာ အောင်မှတ်ဖြည့်ပေးဖို့ လက်ဆောင်ပစ္စည်းတွေနဲ့ လာဘ်သွား ထိုးရသေးတယ်။ တချို့ဆရာတွေဆို လက်ဆောင်တန်ဘိုးကို တောင် သတ်မှတ်ထားတာ။ တချို့က နည်းမသိ ဘဲ လိုက်ကြတော့ ပိုက်ဆံ အလကားကုန်ပြီး အောင်စာရင်းမှာ နာမည်က ပါမလာဘူး။ အချို.ဆရာ၊ ဆရာမ တွေက သူတို့သင်ကြားတဲ့ ကျူရှင်တွေမှာ စာမေးပွဲမှာပါနိုင်တဲ့ မေးခွန်းတွေကို ကွက်တိပေးထား တယ်။ ကျူရှင်မတက်သူတွေကိုတော့ မေးခွန်းခက်ခက်မေးမယ်လို့ ခြိမ်းခြောက်ပြောတော့ ကျောင်းသားတွေလည်း ကြောက်အား လန့်အားနဲ့ အပြေးအလွှား ကျူရှင် တက်ရတော့တာပေါ့။ ဒါလည်း ဆရာမတွေအကွက်ပဲလေ။
တချို့ဆရာမတွေဆို သူတို့ကျူရှင်ကိုတက်ဖို့ တပည့်တွေကို လိုက်စုရင်းနဲ့ အချင်းချင်း မတည့်ကြတော့ဘဲ စောင်းမြောင်းပြောကြ သလို ကျူရှင်လခ အဝေမတည့်ဘဲ စကားများကြလို့ တိတ်တိတ်လေး ဖြေရှင်းရတာလည်း ရှိသေးတယ်။ အခုခေတ် တက္ကသိုလ် ကျောင်းသားတွေက ကျောင်းစာကို ပုံမှန်မလုပ်ဘဲ အပျော်ကျူးနေတာပဲ။ စာမေးပွဲနီးမှသာ စာကိုကုန်းကျက်၊ ဆရာမတွေဆီ သွားပြီး စပေါ့တောင်း၊ ဆရာတွေက ဒါပါမယ် ဒါကျက်ဆိုပြီး ဆရာကျင့်ဝတ်တွေ ချိုးဖောက်နေကြတာ။ ပြီးရင် တပည့်တွေကို ဟိုပို့ ခိုင်း၊ ဒီပို့ခိုင်းနဲ့။ သူတို့အလိုမကျရင် အကြောင်းရှာပြီး အပြစ်ပြောတာလည်း ခံရတယ်။ အဆိုးဆုံးကတော့ သူ့တပည့်၊ ငါ့တပည့် ခွဲ ခြားတာပဲ။ ဆရာအချင်းချင်း မတည့်ကြတော့ ကျောင်းသားတွေက ဘယ်သူ့ကို ချဉ်းကပ်ရမှန်း မသိဘဲ အခက်တွေ့နေကြတယ်။ ဆရာ၊ ဆရာမတွေကလည်း ကိုယ့်နဲ့မတည့်တဲ့ ဆရာတွေရဲ့ တပည့်ဆိုရင် စောင်းချိတ်ပြောတယ်။ ဒါ့အပြင် ဂရုတစိုက် မသင်ပေး တော့ ကျောင်းသူကျောင်းသားတွေက ကျောင်းစာကို စိတ်မ၀င်စားတော့ဘဲ အတန်းပြေးတာတွေချည်းဖြစ်နေတဲ့ တက္ကသိုလ် ပညာရေးဟာ ဘယ်လောက်ခေတ်မှီတိုးတက်ပြီး ဘယ်လောက် တုန်လှုပ်စရာကောင်းသလဲဆိုတာ ကျောင်းသူတဦးအနေနဲ့ ရင် ဖွင့်ပြောချင်ပါတယ်။
ဖားအံတက္ကသိုလ်ကျောင်းသူ
[+/-] |
ပဲခူးမြို့လယ်ကောင်မှာ ကလေးစစ်သားတွေ စုဆောင်း |
23 January 2010
http://www.voanews.com/burmese/2010-01-23-voa4.cfm
မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှု၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုလိုမျိုး အခြေအနေတွေကို လေ့လာ အကဲဖြတ်ဖို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ အသက်မပြည့်တဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ စုဆောင်းတဲ့ အဖြစ်အပျက်တွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက ပဲခူးမြို့ အထက ၃ ကျောင်းက ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား တဦးဖြစ်တဲ့ မောင်ဝေဦးချိုကို တပ်သားအဖြစ် စုဆောင်းခဲ့လို့ အခုအခါ မိသားစုက ရန်ကုန်အခြေစိုက် ILO ရုံးကို တိုင်ကြားဖို့ လုပ်နေပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ပုလဲလမ်းမှာ နေထိုင်နေတဲ့ ဆယ်တန်းကျောင်းသား မောင်ဝေဦးချိုကို ခမရ ၂၁၂ က တပ်သားက ဇန်န၀ါရီလ ၁၄ ရက်နေ့က စစ်သားအဖြစ် စုဆောင်းသွားခဲ့ပုံကို မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က အခုလို ပြောပြပါတယ်။
“ကျမ ညနေ အလုပ်ကပြန်လာတော့ ကျမရဲ့ အမတွေဆီ ဖုန်းဆက်တော့ ဖုန်းဆက်တယ်တဲ့၊ နင့်သား စစ်ထဲဝင်သွားပြီလို့ ပြောတယ်တဲ့၊ မနက်ကတဲ့ ဆိုတော့ ဒုက္ခပဲဆိုပြီး စုဆောင်းရေးကို ကျမ ညဘက်ကြီးသွားတယ်။ သွားတော့ မနက် ၉ နာရီခွဲလောက်က ဒီကလေး လာသွားတယ်တဲ့။ တပ်သားတယောက်နဲ့ လာသွားတယ်တဲ့၊ အဲဒါနဲ့ သူတို့ အရပ်တိုင်းလိုက်တယ်။
“ပြီးတော့ ၈ တန်းတုန်းက ကျောင်းသားကတ်ကလေး၊ အဲဒီတုန်းက ကလေးရုပ်လေးနဲ့ပေါ့၊ အသက်ကိုလည်း သူတို့ ကြည့်လိုက်တယ်တဲ့။ ကြည့်လိုက်တော့ သူတို့က ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်တဲ့။ အဲဒါနဲ့ တပ်သားက သူတို့ ၂၁၂ တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး လည်ပင်းဖက်ပြီး ခေါ်သွားပါတယ်တဲ့။ အဲဒီတပ်သားရဲ့ ပုံပန်းသဏ္ဌာန်ကို တပ်ကြပ်ကြီး မိုးသူက သိပါတယ်တဲ့။ နာမည်တော့ မမေးထားလိုက်မိဘူးတဲ့။”
ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ ကိုလည်း သားဖြစ်သူ အသက်မပြည့်ဘဲ စစ်သားအဖြစ် စုဆောင်းခံရမှုကို အကြောင်းကြား တိုင်ကြားခဲ့ပေမဲ့ ဘာမှ ထူးခြားမလာဘူးလို့ ဆိုပါတယ်။ ပဲခူးမြို့ စုဆောင်းရေးကလည်း ရှာပေးမယ်လို့ ဆိုပေမဲ့ ၂၀ ရက်နေ့အထိ ဘာမှ ထူးခြားမလာခဲ့ဘူးဆိုပြီး မိခင်ဖြစ်သူက ပြောပြပါတယ်။ ဒီ့နောက် ဒညင်းကုန်း စုဆောင်းရေးတပ်ကို သွားရှာခွင့် ပေးခဲ့ပေမဲ့ သားဖြစ်သူကို ဘယ်လိုမှ ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။
သူမအနေနဲ့ အသက်မပြည့်သေးတဲ့ သားဖြစ်သူကို ပြန်တွေ့လိုတဲ့ ဆန္ဒတွေနဲ့ ရှာဖွေနေချိန်မှာ အာဏာပိုင်တွေဘက်က တခြား အဖွဲ့အစည်းတွေကို အကြောင်းမကြားဖို့၊ မီဒီယာတွေနဲ့ မဆက်သွယ်ဖို့တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူက ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်ထံ သွားရောက်ပြီး သားဖြစ်သူ ပြန်ရရှိရေး ILO ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
မိခင်ဖြစ်သူအနေနဲ့ သားဖြစ်သူကို စစ်တပ်က စုဆောင်းခြင်းဟာ အရွယ်မရောက်သေးတဲ့ ကလေးကို အညွန့်ချိုးလိုက်သလို ဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က ကိုယ်ချင်းစာကြဖို့လည်း အခုလို ပြောသွားပါတယ်။
“အဲဒါနဲ့ ကျနော်က လုပ်သင့်တဲ့ဟာ လုပ်ရမှာပဲလို့။ အခုဥစ္စာ ကျနော် ဗိုလ်ကြီးတို့ကို အချိန်ပေးထားပြီးပြီလို့၊ သားလေးကလည်း တဖြည်းဖြည်း အချိန်နီးကပ်လာတဲ့အတွက် သူတို့ မီဒီယာကို မတိုင်ပါနဲ့လို့ ပြောထားတဲ့အတွက် ကျမ သူတို့ကိုလည်း chance ပေးထားပြီးပြီ။ ဒီကြားထဲမှာ ကျမရဲ့ ဆန္ဒလေးကို ဘာမှ ဖြည့်မပေးနိုင်တဲ့အတွက် ကျမ မိခင်တယောက်ရဲ့ ခံစားချက်တွေနဲ့ စားလို့လည်း မ၀င်၊ အိပ်လို့လည်း မပျော်ဘူး။ သားသမီးချင်း ကိုယ်ချင်းမစာဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကျမ မခံစားနိုင်တော့ဘူး။
“အခု ကျမသားလေးကလည်း အမှတ် ၃ အထကမှာ ပညာသင်နေတဲ့ ကလေးလည်း ဖြစ်တဲ့အပြင် ပညာရေးလည်း ကောင်းပါတယ်။ ကျမသားလေးက အလုံးအဖန်လေးလည်း ကောင်းတယ်၊ အားကစား လှုပ်ရှားမှုအတွက် ကြွက်သားလေးတွေ၊ ရင်အုပ်မောက်တာလေးတွေ၊ အရပ်အမောင်းလေးလည်း ရှိတယ်။ အဲဒီအတွက် ကျမ သူတို့တပ်ထဲပဲ သွင်းမှာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့ ကျမသားလေးရဲ့ အညွန့်ကို ကျမ အချိုးမခံနိုင်ဘူး။”
မောင်ဝေဦးချို စစ်သားအဖြစ် စုဆောင်းခံရချိန်မှာပဲ ILO ရဲ့ အမှုဆောင် ဒါရိုက်တာ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူနဲ့လည်း ရှေ့နေကြီး ဦးအေးမြင့်က တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထောက်အထားတွေနဲ့ တင်ပြသွားမှာ ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောသွားပါတယ်။
“ဒါကတော့ တပ်ထဲမှာ မရောက်ပါဘူး။ ရှာတော့ အရှာခံတာပဲ။ ပြီးရင် ဒီလိုပဲ မရှိဘူး၊ မတွေ့ဘူးနဲ့ပဲ ပြောလွှတ်လိုက်တဲ့ကိစ္စ။ ဒီ မောင်ဝေဦးချိုကိစ္စနဲ့ ပတ်သက်လို့ ILO ရုံးကို အမီတင်မယ်။ စနေနေ့မှာ အမှုဆောင် ဒါရိုက်တာနဲ့တွေ့ဖို့ ကျနော်တို့ကို ဖိတ်ထားတဲ့အတွက် ထိပ်တိုက် ပူပူနွေးနွေး ဒီအကြောင်းကို ကလေးဓာတ်ပုံ အထောက်အထားတွေနဲ့ တင်ပြမယ်။
“ကလေးစစ်သား မရှိဘူးလို့ သူကသာ နိုင်ငံတကာ အလယ်မှာ ငြင်းတယ်။ အခု ILO အမှုဆောင် ဒါရိုက်တာ လာတဲ့အချိန်ကျမှ ကလေးစစ်သားပျောက်တယ်။ အရင်တုန်းက တောနေလူတန်းစားနဲ့ အလုပ်သမား လူတန်းစား၊ အခြေနိမ့်နေတဲ့ လူတွေရဲ့ သားသမီးတွေ ကျောင်းတက်နေတာ အဆွဲခံရတယ်။ အခု ပဲခူးမြို့လယ်ကောင်ကြီး၊ အမှတ် ၃ ဆိုတာ တပြည်လုံး Top Ten ၀င်နေတဲ့ ကျောင်း၊ အဲဒီမှာတက်နေတဲ့ ကျောင်းသားတယောက်ကို စစ်သားက အသက်မပြည့်ဘဲနဲ့ စစ်သားအဖြစ် စုဆောင်းသွားတာ မိခင် ဘယ်လောက် ရင်ကျိုးပြီလဲ။”
ပဲခူးတိုင်းမှာတော့ ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့အခါ တိုင်ကြားဖို့ ရှေ့နေကြီး ဦးအေးမြင့် ရှိနေတဲ့အတွက် သတင်းတွေ ဆက်တိုက်ကြားနေရသလို ဦးအေးမြင့် ဦးဆောင်တဲ့ လမ်းပြကြယ်အဖွဲ့ကို တိုင်ကြားတဲ့ ကလေးဦးရေဟာ ၁၂၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ သတင်းမကြားပေမဲ့ ကလေးတွေ စစ်သားအဖြစ် စုဆောင်းခံရမှုတွေဟာ တိုင်းနဲ့ပြည်နယ် နေရာအနှံ့မှာ အများအပြား ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
Tuesday, January 19, 2010
[+/-] |
ပုဂ္ဂလိကပိုင် မီးစက်များကို ပိတ်ခိုင်းသဖြင့် ကျောင်းသားထောင်ချီ၍ အခက်အခဲဖြစ် |
ပုဂ္ဂလိကပိုင် မီးစက်များကို ပိတ်ခိုင်းသဖြင့် ကျောင်းသားထောင်ချီ၍ အခက်အခဲဖြစ်
http://www.narinjara.com/detailsbur.asp?id=2271
1/18/2010
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဂ္ဂလိက မီးပေးဝေနေသော မီးစက်များကို အထက် အာဏာပိုင်များက ပိတ်ခိုင်းလိုက်သဖြင့် စာမေးပွဲနီးနေသော ကျောင်းသားများ အနေဖြင့် ညအချိန် စာဖတ်ရာတွင် အထူး အခက်အခဲ ကျရောက် ဖြစ်ပေါ်နေရသည်ဟု အမည်မဖေါ်လိုသူ ကျောင်းသားမိဖ တဦးက ပြောသည်။
“ခရိုင်ဥက္ကဌ ဦးအောင်ဆွေညွန့် အမိန့်နဲ့ ပုဂ္ဂလိက မီးစက်တွေကို ပိတ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ စာမေးပွဲ နီးနေချိန်မှ ခုလို လုပ်လိုက်တာကြောင့် မြို့ပေါ် နေထိုင်တဲ့ ကျောင်းသားတွေ ညအချိန် စာဖတ်တဲ့နေရာမှာတော်တော်ကို အခက်အခဲ ဖြစ်သွားပါတယ်။” ဟု သူက ပြောသည်။
ယခုကဲ့သို့ ပုဂ္ဂလိက မီးပေးနေမူကို ပိတ်ခိုင်းလိုက်ခြင်းမှာ EPC ခေါ် လျှပ်စစ်ကော်ပိုရေးရှင်းက မီးပေးဝေနေမူကို ၂ နာရီခွဲကနေ ၄ နာရီထိ တိုးမြှင့် လိုက်ပြီ နောက်ပိုင်းတွင် ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ မောင်တောမြို့မှာ အခု မီးပေးချိန်ကို ညနေ ၆ နာရီက ၁၀ နာရီထိ တိုးလိုက်ပါတယ်။ အဲသလို တိုးလိုက်တဲ့အတွက် မောင်တောမြို့ပေါ်ရှိ အိမ်တွေအကုန်လုံးကို EPC ကပေးတဲ့ မီးကို ယူစေလိုတာကြောင့် ပုဂ္ဂလိက မီးပေးဝေနေတာတွေကို ရပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။”
မောင်တောမြို့တွင် သာမန် လက်လုပ်စားများ အနေဖြင့် EPC က ပေးသော မီးကို ယူလိုသော်လည်း စရိတ်စခ လွန်စွာကြီးမြှင့်မူကြောင့် မီးယူရန် အခက်ကြုံနေကြသည်။
“ EPC ကမီးကို ယူရင် မီတာအိုး တလုံးကို ကျပ် ၈၀၀၀၀ ပေးရပါတယ်။ တပ်ဆင်ခ၊ ကြိုးခ အပါအ၀င် တခြားပေးတာ ကမ်းတာတွေနဲ့ ဆိုရင် ကျပ် တသိန်းခွဲလောက် ကုန်ပါတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေ၊ တနေ့ရှာမှ ကျပ် တထောင်-နှစ်ထောင် ရတဲ့ သူတွေက ဒီလောက်ဈေးကြီးပေးပြီး အစိုးရ မီးကို မသွင်းနိုင်ပါဘူး။ ဒါကြောင့် မီးမယူနိင်ဘဲ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ EPC ကပေးသော မီးကို မယူနိုင်သူ မိသားစုမှာ မောင်တောမြို့တွင် သုံးပုံ ပုံ၍ နှစ်ပုံခန့်ရှိသည်ဟု သူက ပြောသည်။ ပုဂ္ဂလိကမှ ဖြန့်ဖြူးနေသော မီးကို ယူပါက မီးချောင်း တချောင်းကို ကျပ် ၃၅၀၀ သာပေးရသဖြင့် အများစုက ပုဂ္ဂလိက ဖြန့်ဖြူးပေးသော မီးကိုသာ လိုချင်နေကြသည်ဟု သိရသည်။
တက်ကနက်မြို့သို့ နေ့ချင်းပြန်သွားလာနေသူ ခရီးသည် အမျိုးသမီးက “ကျွန်မတို့က အစိုးရက ပေးတဲ့ မီးကို လိုချင်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင် အဆင် မပြေတဲ့ကြားထဲ ငွေတသိန်းကျော်သွင်းရမယ်ဆိုရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပုဂ္ဂလိက မီးစက်တွေဆိုရင် မီတာအိုးလည်း မလိုဘူး။ တလဆိုရင် မီးချောင်း တချောင်းကို ၃၅၀၀ ကျပ်ပေးလိုက်ရင် ရပြီ။ ရှုတ်ရှုတ်ထွေး လုပ်စရာ မလိုသလို ပြေစာသွင်းဖို့ ရုံးကို သွားစရာလည်း မလိုပါဘူး။ ပြဿနာလည်း ဘာမှ မရှိဘူး။ မီတာအိုး စောင့်ရှောက်ခလလည်း ပေးစရာမလိုပါဘူး” ဟု ပြောသည်။
မောင်တောမြို့တွင် ထိုကဲ့သို့ ပုဂ္ဂလိက မီးပေးဝေနေမူကို ရပ်ခိုင်းလိုက်သော အချိန်မှာ ကျောင်းသားများ၏ စာမေးပွဲနှင့် နီးကပ်လာချိန် ဖြစ်သဖြင့် မိသားစု သုံးပုံ နှစ်ပုံ၏ သားသမီးများမှာ ညအချိန်တွင် ဖယောင်းတိုင် အလင်းကို အားကိုးပြီး စာဖတ်နေကြရသည်ဟု အဆိုပါ ကျောင်းသား မိဖက ပြောသွားခဲ့သည်။
[+/-] |
ဖမ်းဆီးမည်ဟူသော ကောလဟာလကြောင့် စာသင်သားများ ထိန့်လန်နေကြ |
Tue 19 Jan 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ရဟန်းပျိုတစ်ပါး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး နောက်တွင် ရဟန်းပျိုများအား နောက်ထပ်ဖမ်းဆီးမည်ဟူသော ကောလဟာလသတင်းများ ပျံ့နှံ့နေခြင်းနှင့် မော်လမြိုင်-ရေး အဝေးပြေးလမ်းမပေါ်ရှိ ဂိတ်များတွင် ဂိတ်စောင့်ရဲများနှင့် စစ်သားများက ခရီးသွားသံဃာတော်များ၏ သာသနာဝင်ကဒ်ပြား (မှတ်ပုံတင်) များကို စစ်ဆေး မေးမြန်းနေခြင်းကြောင့် စာသင်တိုက်များရှိ စာသင်သားများ ထိန့်လန့်နေကြကြောင်း သိရသည်။
“အခု သံဖြူဇရပ် နဲ့ မုဒုံဘက်က စစ်ဆေးရေးဂိတ်တွေမှာ သံဃာတွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးနေတယ် ၊ အထူးသဖြင့် မွန်ရဟန်းပျိုများဟာ ပိုပြီးတော့ စစ်ဆေးမေးမြန်း ခံရတယ်” ဟု ရေးမြို့ဘက်သို့ ဆင်းသွားသော မွန်ရဟန်းပျိုတစ်ပါးက မိန့်ကြားသည်။
မော်လမြိုင်ရှိ မွန်ပရိယတ္တိစာသင်တိုက်တစ်တိုက်သို့ ဆက်သွယ်လျှောက်ထားခဲ့ရာ “အရှင်ဥက္ကံသ (ဦးဇင်းဇော်လတ်) ဖမ်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ ကျောင်းကို လာပြီးမေးမြန်းစစ်ဆေးတာ မရှိသေးဘူး၊ ကျောင်းကို စောင့်ကြည့်တာလည်း မရှိဘူး၊ ဒါပေမယ့် စာသင်သားတွေက ထိန့်လန့်နေကြတယ်” ဟု ထိုစာသင်တိုက်မှ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။
“အခြေအနေက ဘာမှ မထူးသေးဘူး၊ အတိအကျတော့ ဘာမှမသိရသေးဘူး၊ ကျန်တဲ့ ဘုန်းကြီးတွေကို လိုက်ဖမ်းမယ်၊ ဟိုတစ်ပါး ပါသွားပြန်ပြီ၊ ဒီတစ်ပါး ပါသွားပြန်ပြီ၊ အဲဒီလိုပဲ ကောလဟာလတွေ ကြားနေရတယ်” ဟု မော်လမြိုင်မြို့ပေါ်မှ လူငယ်တစ်ဦးက ပြောသည်။
မော်လမြိုင်မြို့ပေါ်ရှိ စာသင်တိုက်များအား အာဏာပိုင်များက မေးမြန်းစောင့်ကြည့်မှုများ မရှိသော်လည်း အရှင်ဥက္ကံသ သီတင်း သုံးသည့် မုဒုံမြို့နယ် နှင့် အဖမ်းခံရသည့် သံဖြူဇရပ်မြို့နယ်များတွင် ဘုန်းတော်ကြီးကျောင်းများ စောင့်ကြည့်ခံနေရကြောင်း အစောင့်ကြည့်ခံရသည့် ကျောင်းတစ်ကျောင်းမှ သံဃာတော်တစ်ပါးက ပြောသည်။
“စောင့်ကြည့်နေတာ ရှိတယ်၊ အဓိကကတော့ ဦးဇင်းဇော်လတ် ဝင်ထွက်သွားလာနေတဲ့ ကျောင်းတွေကို လိုက်ပြီး စောင့်ကြည့် တာ၊ သံဃာဆိုတာက ဟိုဘုန်းကြီးကျောင်းဝင် ဒီဘုန်းကြီးကျောင်းတည်းဆိုတာ ဓမ္မတာပဲလေ၊ ဘာမှလည်း မဟုတ်ပါဘူး၊ သံဃာတော်တွေကို ကြောက်အောင် စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာပဲ” ဟု မုဒုံမြို့နယ်မှ အထက်ပါသံဃာတော်က မိန့်သည်။
အချို့စာချ ဆရာတော်များက မိမိ၏တပည့် စာသင်သားများ အရှင်ဥက္ကံသ အဖမ်းခံရမှုနှင့် ပါဝင်ပတ်သက်နေမည်ကို စိုးရိမ် နေကြကြောင်း၊ သံဃာတော်များ စာမေးပွဲ ဖြေဆိုချိန် နီးကပ်လာပြီ ဖြစ်၍ ယခုကောလဟာလသတင်းမှာ စာသင်သားများ အတွက် အနှောက်အယှက် ဖြစ်ကြရကြောင်းနှင့် ရဟန်းပျိုများအား နောက်ထပ်ဖမ်းဆီးမည်ဟူသော သတင်းမှာလည်း စစ်အစိုးရက ကောလဟလသတင်းလွှင့်ပြီး လူထုကို ခြောက်လှန့်နိုင်ခြင်း ဖြစ်နိုင်ကြောင်း ဖမ်းဆီးခြင်းကို စောင့်ကြည့်လေ့လာနေသော ရဟန်းပျို တစ်ပါးက မိန့်ကြားသည်။
“စိုးရိမ်တာလောက်ပဲ ရှိတယ်။ နောက်ဆက်တွဲ သံဃာတွေကို ဖမ်းတာ ဘာမှ မကြားသေးဘူး၊ ပတ်သက်တယ်ထင်တဲ့ ဒကာ တစ်ယောက်လောက်ကို ဖမ်းတာလောက်ပဲ ကြားတယ်၊ နအဖ စစ်အစိုးရတွေက သံဃာတော်တွေ အနှောက်အယှက်ဖြစ်အောင် လုပ်တာပဲ” ဟု အထက်ပါရဟန်းပျိုက မိန့်သည်။
ပြီးခဲ့သည့် ၂၀၁၀ နှစ်သစ်ကူးညတွင် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသော မြို့နယ်များ၌ ၂၀၁၀ ရွေးကောက်ပွဲကို ကွန့်ကွက်သည့် ၂၀၁၀ စာလုံးပေါ်တွင် ကြက်ခြေခတ်ခြင်း၊ ( No 2010 ) စာလုံးများရေးသားခြင်း စသော ဆေးမှုတ် လှုပ်ရှားတစ်ခုကို ပြုလုပ်ခဲ့သည်။
ထိုလှုပ်ရှားမှုတွင် အရှင်ဥက္ကံသ ကိုယ်တိုင်ပါဝင်ပတ်သက်နေသည်ဟု အာဏာပိုင်များက မှတ်ယူထားပြီး လွန်ခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှင်ဥက္ကံသအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် ရဲများက ဖမ်းဆီးခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ရွေဝါရောင်တော်လှန်ရေး ပြီးချိန်မှစ၍ စစ်အစိုးရက ရဟန်းသံဃာများကို ပိုမို စောင့်ကြည့်မှုများ ပြုလာခဲ့သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး ထိုနှစ်တွင် မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တစ်နှစ်ရပ်နားခဲ့ရသည်။
၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် မုဒုံမြို့နယ် ကမာဝက်ရွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ မော်လမြိုင်မြို့နယ် ဖားအောက်ရွာ ဆီဆွမ်း လောင်းလှူပွဲများ ကျင်းပခွင့်ရသော်လည်း စစ်တပ် ရဲနှင့် မီးသတ်များက လုံခြုံရေးများကို တင်းကျပ်စွာ ချထားပြီး စောင့်ကြည့်နေခဲ့သည်။
Sunday, January 17, 2010
[+/-] |
ဆယ်တန်းတွင် မြန်မာစာ ကျသူ ၂၇ ရာခိုင်နှုန်းရှိဟု ဂုဏ်ထူးဦးသိန်းနိုင် ပြောဆို |
မိုးမခအထောက်တော် အမှတ် ၀၀၉
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
မြန်မာပြည် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာ ဘာသာရပ် ကျရှုံးသူ နှစ်စဉ် ၂၇ ရာခိုင်နှုန်းရှိသည်ဟု နာမည်ကျော် မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ကပြောသည်။
တနင်္လာနေ့ထုတ် The Voice ဂျာနယ်နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
ဆယ်တန်း စာမေးပွဲ ခေါ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ရက်ပေါင်း ၆ဝ ခန့်သာ လိုတော့သည်ဟု ဆိုသည်။
အစိုးရစစ် စာမေးပွဲဖြစ်သည့် ဆယ်တန်းစာမေးပွဲသည် မေးခွန်းများ ကြိုတင်မသိရှိရ သောကြောင့် ကျရှုံးသူ အလွန် များပြားသည်။
မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေနှင့် ပတ်သက်သည့် သတင်းဆိုးများ ထွက်ပေါ်နေသည်မှာ နှစ်ပေါင်း ၄၀ ၀န်းကျင် ရှိပြီ ဖြစ်သည်။
အစိုးရက ကျောင်းသားများ ပညာတတ်မြောက်ရေးထက် ၎င်းတို့အား ထောက်ခံရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသည်ဟု အများက ယူဆကြသည်။
ဆယ်တန်းစာမေးပွဲ အောင်ချက်ကောင်းရေးအတွက် ဖိအားပေးသဖြင့် အဖြေလွှာ စစ်ဆေးသူများကလည်း လျှော့ပေါ့ပြီး စစ်ဆေးကြရသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
“နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှု မရှိ အတန်းတင် ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ် ဝင်တန်းများနှင့် ပတ်သက်၍ ဘာသာရပ် အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့် စနစ် ကျင့်သုံးခြင်း မဟုတ်ဘဲ ၎င်းတို့ လိုအပ်သည့် အရေအတွက်ကို လိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်” ဟု ခေတ်ပြိုင်သတင်းဌာန၏ ဇွန်လ ၈ ရက်နေ့ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
Thursday, January 14, 2010
[+/-] |
စာဖတ်ခန်း (၁) ဆရာတင်မိုးနှင့် ပညာရေးဆွေးနွေးပွဲ |
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့
http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=102
Type the rest of your post here.
[+/-] |
ဗိုလ်ချုပ်မှူးကြီး၏သမီး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက် |
စိုးမိုး/ ၁၄ ဇန်န၀ါရီ ၂၀၁၀
http://www.khitpyaing.org/news/January%2010/14110e.php
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီးတဦးဖြစ်သူ ဒေါ်သန္တာရွှေသည် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အင်္ဂလိပ်စာ အထူးပြု သင်တန်း တက်ရောက်မည်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်နေ့က စတင်ဖွင့်လှစ်သည့် ရန်ကုန် နိုင်ငံခြားသာသာတက္ကသိုလ် တက်ရောက်ခွင့် အတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိဘဲ ယခု သင်တန်းဖွင့်ပြီး (၁) လကျော်ကြာမှ ကျောင်းတက်ရောက် မည်ဖြစ်သည်။
“သူကျတော့ ၀င်ခွင့်လည်း ဖြေစရာမလိုဘူး။ ကျောင်းဖွင့်တာကကြာပြီ။ အခုမှတက်ရင် ကျောင်းခေါ်ချိန် သူ (၇၅) ရာခိုင်နှုန်း ပြည့်မှာ မဟုတ်ဘူး။ ဟိုတခါ မင်္ဂလာဆောင်တဲ့တယောက်။ သူကြောင့်လေ အတန်း ပြောင်းရတာ” ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။
ဒေါ်သန္တာရွှေ ကျောင်းတက်မည် ဖြစ်သဖြင့် ၎င်းတက်ရောက်မည့် အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းခန်းကို စာသင်ခန်း Hall 1 နှင့် Hall 2 မှ ကျောင်းသားနည်းသည့် LRC ကျောင်းဆောင်သို့ စာသင်ခန်းကို ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
“ဒီနေ့ စကျောင်းတက်မယ် ပြောတယ်။ ဒါပေမယ့် ဒီနေ့မရောက်လာဘူး။ ပုံမှန်အားဖြင့်တော့ စာသင်ရင် ဆရာ ဆရာမက ကျောင်းသားကို ကြပ်မတ်တာပေါ့။ ကျောင်းချိန်ပြည့်အောင်၊ စာလုပ်အောင် သူ့ကိုတော့ ဘယ်လို သင်ရမလဲ မသိသေးဘူး” ဟု ယင်းတက္ကသိုလ်မှ ဆရာမတဦးက ပြောကြားသည်။
နှစ်စဉ် ဖွင့်လှစ်နေသည့် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းမှာ ကျောင်းလခ (၁၃,၀၀၀) ကျပ်သာ ကျသင့်ပြီး ဒီပလိုမာ လက်မှတ် ရရှိခြင်း၊ မဟာတန်း ဆက်လက် တက်ရောက်နိုင်ခြင်းတို့ကြောင့် ငွေကြေးတတ်နိုင်သည့် ဘွဲ့ရကျောင်းသားများ တက်ရောက်မှု များသည့် သင်တန်းတခုဖြစ်သည်။
ယခုနှစ် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ၀င်ခွင့်ရ ကျောင်းသူ ကျောင်းသား (၁၄၇) ယောက် ရှိပြီး ယင်းစာရင်းထဲတွင် ဒေါ်သန္တာရွှေ မပါဝင်ကြောင်း သိရသည်။
လက်ရှိ သင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများကမူ ဗိုလ်ချုပ်မှူးကြီး၏ သမီးကို ဆရာ ဆရာမများ မည်သို့ စာသင်ကြားမည်၊ ပါမောက္ခများ မည်သို့ ဆက်ဆံမည်ကို စိတ်ဝင်စားနေကြသည်။
“အပေါက်ဆိုးပြီ ခဏခဏ ရစ်တဲ့ဆရာမတွေ သူ့ကို ဘယ်လိုစာသင်မလဲ သိချင်လိုက်တာ” ဟု ယူအက်ဖ်အယ်လ် ခေါ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်နေသူ ကျောင်းသူက ပြောကြားသည်။
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အထက်တန်းကျောင်းများကဲ့သို့ စည်းကမ်းတင်းကျပ်လှပြီး ကျောင်းချိန် နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအတွင်း ကျောင်းသားများ ကျောင်းပြင်မထွက်စေရန် အလုံပိတ် ကန့်သတ်ထားသည့်ကျောင်းဖြစ်သည်။
တက္ကသိုလ်အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့လိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တော်တွင်း တက္ကသိုလ်အဖြစ် လူကြိုက်များလာပြီး စည်းကမ်းကြီးလှသည့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ကမူ ဗိုလ်ချုပ်မှူးကြီး၏သမီး ကျောင်းလာတက်ပါက ကျောင်းသား ကျောင်းသူများကြား စည်းကမ်းများ လျှော့ပေါ့ပေးလာရဖွယ်ရှိကြောင်း ယူဆနေကြသည်။
ယူအက်ဖ်အယ် ပါမောက္ခချုပ် ဦးမျိုးမြင့်ဖြစ်ပြီး အင်္ဂလိပ်စာ ဌာနမှူးမှာ ဒေါ်သီတာဦးဖြစ်ကြောင်း သိရသည်။
Monday, January 11, 2010
[+/-] |
နိုင်ငံရေးကို စိတ်ဝင်စားဖို့ ၀န်ကြီးချုပ်က ကျောင်းသားတွေကို ပြော |
ဇန်န၀ါရီ ၁၁၊ ၂၀၁၀ (The Nation)
Monday, January 11, 2010
http://www.naytthit.com/internationalnews/2010/jan10/bl4-jan11.html
နိုင်ငံရေးကို မကောင်းဆိုဝါးတကောင်လိုမြင်ပြီး ဖယ်နေ မယ့်အစား နိုင်ငံရေးမှာပိုပြီး စိတ်ဝင်စားကြဖို့ စနေနေ့က ၀န်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝက ကျောင်းသားတွေကို ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်က အိုလံပစ်အားကစားပွဲမှာ အနိုင်ရခဲ့တဲ့ ကျောင်းသား ၅ ယောက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ နိုင်ငံ့ကလေးများနေ့အခမ်းအနားမှာ အစိုးရအိမ်တော်မှာနေတဲ့ ၀န်ကြီးချုပ်ဆီကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
သူတို့တွေကို ၀န်ကြီးချုပ်နဲ့အတူ ထိုင်ခုံတခုံတည်း ထိုင်ခွင့်ပေးခဲ့ပါတယ်။
Type the rest of your post here.
Tuesday, January 5, 2010
[+/-] |
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်းဖွင့်ပြီ |
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇန္န၀ါရီလ ၄ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အဆင့်မြင့်ပညာ သင်ကြားနိုင် ရန် Bridging Educational Access to Migrants (BEAM) ကျောင်းသစ်တစ်ခု ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။
ယင်းသင်တန်းကျောင်း၌ နိုင်ငံတကာတက္ကသိုလ်အဆင့်အထိ ဆက်လက်ပညာသင်ကြား ခွင့်ရနိုင်ရန် ပြင်ဆင် ပေးခြင်းနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းဟု အဆင့် ၂ ဆင့်သတ်မှတ်ထားသည်ဟု အ သက်မွေးဝမ်းကျောင်းပညာသင်တန်း လုပ်ငန်း တာဝန်ခံ ကိုကျော်ဝင်းက ယခုလိုပြောသည်။
“အဓိကကတော့ တက္ကသိုလ်ကိုဝင်နိုင်အောင် ကျနော်တို့ ပြင်ဆင်ပေးမှာပါ။ဘယ်လို တက္ကသိုလ်မျိုးတွေ လည်းဆိုတော့ နိုင်ငံတကာတက္ကသိုလ်မျိုးတွေကို ဆက်ပြီးတော့ ပညာဆည်းပူးနိုင်အောင် ကျနော်တို့ လုပ်ပေးမှာပါ။ သူတို့ကိုယ်တိုင် ကျိုးစားဖို့တော့ လိုတယ်။ ဆိုတော့ ဟိုဖက်က တက္ကသိုလ်ဆက်တက်ဖို့ ကိုတော့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က ဆက်သွယ်ပေးမယ်။ အဓိကကတော့ စကောလားရှစ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့က ကူညီပြီးတော့ ရှာဖွေပေးမယ်။”
တက္ကသိုလ်ဝင်တန်းအဆင့် သင်တန်းသို့တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံး မြန်မာပြည် တွင် ၁၀ တန်းအထိ ပညာသင်ကြားထားသူများကို အဓိက ရွေးချယ်မည်ဖြစ်ပြီး သင်တန်းကာလ ၂နှစ် သတ်မှတ်ထားသည်။ ပထမ နှစ်တွင် ၁၀ တန်းအဆင့်အား ပြန်လည်မွန်းမံသင်ကြားပေးပြီး ဒုတိယနှစ်တွင် တက္ကသိုလ်အဆင့် တက်ရောက် နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။
ထိုသင်တန်း၌ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ် တို့ကို အဓိကသင်ကြား ပေးမည်ဖြစ်ပြီး ပထမ နှစ်တွင် မြန်မာဘာသာဖြင့် သင်ကြားပြီး ဒုတိယနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။ တနှစ် လျှင် ကျောင်းသား ၄၀ဦးသာ တက်ရောက်နိုင် သည်။
အသက်မွေးဝမ်းကျောင်းပညာ၌ ကွန်ပြုတာ၊ ၀က်ဆိုဒ်ဒီဇိုင်းတည်ဆောက်ခြင်း၊ ပုံနှိပ် လုပ်ငန်း၊ စက်ချုပ်ပညာ များအား မြန်မာ၊ ရှမ်း၊ ထိုင်းဘာသာတို့ဖြင့် သင်ကြားပြီး ယင်းပညာများကို သင်ယူရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပေ။
သင်တန်းချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပါတ်လျှင် ၅ ရက် သတ်မှတ်ပြီး၊ နံနက်ပိုင်း ၈နာရီမှ နေ့လည်၁၁ နာရီအထိ၊ ညနေပိုင်း ၅ နာရီခွဲမှ ည ၈နာရီခွဲ အထိ တစ်ရက်လျှင် နှစ်ချိန် သတ်မှတ်ထားသည်။
ယခုသင်တန်းကျောင်းကို တက်ရောက်သင်ယူခွင့် ရသည်မှာ အခွင့်ကောင်းတရပ်ဟု သင်တန်းသားအသစ် ဖြစ် သူ မခိုင်က ယခုလိုပြောသည်။
“ဒါကကိုယ့်နိုင်ငံထဲမှာ မရနိုင်တဲ့ အခွင့်အရေးလေ။ နောက်ပြီး ကျောင်းတပိုင်းတစနဲ့ စီးပွားရေးကြောင့် ဒီကိုရောက်လာတဲ့ကလေးတွေက များတယ်ဆိုတော့ သူတို့အတွက် အခွင့်အရေးအများ ကြီးရှိ ပါတယ်။ ကျမတို့လိုလူတွေအတွက်ကတော့ အသက်မွေး ၀မ်းကျောင်းအလုပ်အတွက် ကောင်းတဲ့ အ ခွင့်အရေးပါပဲ။”
အဆိုပါကျောင်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သည့် Burmese Migrants Education Program အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
Monday, January 4, 2010
[+/-] |
ပညာရေး၏ ရည်ရွယ်ချက် - သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုများရှင်သန်ရေး |
ထိုင်းနိုင်ငံပညာရေးအတွေ့အကြုံအရ သင်ရိုးညွှန်းတမ်းအပေါ်တွင် မေးခွန်းထုတ်စရာရှိနေပါသည်။
သိန်းနိုင်
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်၏ ဒုတိယတန်းကျောင်းသားအရွယ် တူတော်သူတစ်ဦးကို အမှတ်ထင်ထင်ဖြစ်ခဲ့ပါသည်။ ကျောင်း ကျောပိုးလွယ်အိတ်လွယ်နေရာမှ ခရီးသွားများကဲ့သို့ လက်တွန်းလှည်းငယ်ခရီးဆောင်အိတ်ကို ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်၏။
ကလေးငယ်တစ်ဦးအဖို့ ပခုံးထက်တွင် မခံနိုင်လောက်အောင်ပင် ကျောင်းစာအုပ်တွေလွန်စွာများပြားနေခြင်းပင်။ ကျွန်တော်၏တူမှာ အားမသေးသော်ငြားလည်း ကျောင်းဖတ်စာအုပ်များအားလုံးကို ကျောင်းနှင့် အိမ် အသွားအပြန် ထမ်းသယ်ရသည်မှာ ပခုံးထက်တွင် အနာတရဖြစ်လာရသည်အထိရှိလေသည်။ ကျောင်းတွင် သိုမှီးထားနိုင်ရန် နေရာ (သေတ္တာ၊ စင်ငယ်) မရှိသဖြင့် ကျောင်း ဖတ်စာအုပ်အားလုံးကို အိမ်သို့ ပြန်သယ်လာရခြင်းဖြစ်သည်။ အိမ်စာလုပ်ရန်အတွက်လည်း ဖတ်စာအုပ်များမှာ လိုအပ်နေပြန်သည်။
မျက်မှောက်ခေတ်ပညာရေးစနစ်၏ ဆိုးကျိုးတစ်ခုပင်ဖြစ်တော့သည်။ နေရာတစ်နေရာစာအတွက် ပိုမို၍ယှဉ်ပြိုင်နေရသော ကမ္ဘာတွင် ကျင်လည်စေနိုင်ရန်အလို့ငှါ ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။
ယနေ့ကျောင်းသားလူငယ်များကို မနက်ဖြန် စီးပွားရေးစစ်သည်တော်များအနေဖြင့် အသွင်ပြောင်းလဲလာစေရန် ကျောင်းအများစုမှာ သင်ရိုးညွှန်းတမ်းကို တင်းကျပ်စွာကိုင်တွယ်ရတော့သည်။ သို့သော် ဤ၀န်ထုပ်ဝန်ပိုးမှာ မိဘများနှင့် ကလေးများပုခုံးထက်သို့ ပိကျလာ၏။ မိဘများအနေဖြင့် ဖတ်စရာ၊ မှတ်စရာများနှင့် အိမ်စာတို့ကို ပြီးမပြီး အသေအချာစီစစ်ရသည်။ ဤတွင် ကလေးငယ်များမှာ ကစားခုန်စားချိန်လျော့ပါးခြင်း၊ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်မရှိတော့ခြင်းတို့ ရင်ဆိုင်လာရကား မိဘရော ကလေးပါ စိတ်ဖိစီးမှုဒဏ်ကို တိုး၍ခံကြရပါသည်။
အခြားရွေးစရာလမ်းမရှိဟု မိဘများက ခံစားကြ၏။ စာပေဘာသာရပ်တို့ထက် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ဘ၀တွက်တာ ကျွမ်းကျင်စရာတို့ကို အလေးထားသင်ကြားသော ကျောင်းအချို့တော့ဖြင့် ရှိပါသည်။ သို့ရာတွင် အပြင်းအထန်၊ အကြိတ်အနယ် ယှဉ်ပြိုင်ဝင်ရောက်ရမည့် အဆင့်မြင့် (တက္ကသိုလ်) ပညာရေး သို့မဟုတ် ပြင်ပကမ္ဘာလောကအတွက် ပြင်ဆင်ပေးမှုမရှိမည်ကို စိုးရိမ်နေကြလေသည်။
ကျောင်းစာဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနေကြရသည့်ကလေးများနှင့် မိဘများအတွက် စိုးရိမ်မကင်း ဖြစ်လာကြသည် နှင့်အမျှ ကျောင်းစာလုပ်ချိန်လျော့ချရေး၊ အားကစားနှင့် အနုပညာအချိန်တိုးမြှင့်ရေးနှင့် အိမ်စာလျော့နည်းရေးတို့အတွက် ပညာရေး ၀န်ကြီးအသစ်မှ ထုတ်ပြန်ကြေညာချက်များလုပ်ရတော့သည်။
ဝန်ကြီး အဒိဆိုင်းဘိုဒရမစ်၏ ဤရှေ့ဆောင်လုပ်ရပ်မှာ ကျောင်းသားများနှင့် မိဘများအပေါ် ညှာတာ ထောက်ထားရာတော့ ရောက်ပါ၏။ သို့ရာတွင် ထိုင်းပညာရေးစနစ်အတွင်း ရင်ဆိုင်နေရသော ပြဿနာသောင်းခြောက်ထောင်ထဲမှ တစ်ခုသာလျှင် ဖြစ်ချေသည်။
ထိုင်းပညာရေးစနစ်ကိုဝေဘန်ကြသူများမှ ကျောင်းသူကျောင်းသားများ၏ သင်ယူလေ့လာလိုစိတ်နှင့် ဝေဘန်ပိုင်းခြား ဆန်းစစ် စဉ်းစားလိုစိတ်တို့ကို ပျိုးထောင်းပေးရန်ပျက်ကွက်ခြင်းအပေါ် စာသင်ကျောင်းများကို အပြစ်တင်ကြသည်။ ဤပြစ်တင် ဝေဘန်ခြင်း မှာလည်း ထင်ပေါ်ကျော်ကြားသော ကျောင်းများ၊ တက္ကသိုလ်များသို့ တက်ခွင့်ရရှိရေးအတွက် ၀င်ခွင့်စာမေးပွဲအောင်မြင်ရေးတွင်သာ အမြင်ကျဉ်းစွာ ရှုမြင်သုံးသပ်မှု၏ ရလဒ်ဖြစ်လေသည်။ ဤကျဆုံးမှုဖြစ်ရသော နောက်ထပ်အကြောင်းတစ်ခုမှာ သင်ယူလေ့လာမှုတွင် ကလေးများအာရုံစိုက်မှုရှိစေရန် ဆွဲဆောင်နိုင်သည့် အရည်အသွေးပြည့်ဝပြီး စေတနာထက်သန်သော ဆရာဆရာမများ မလုံ လောက်ခြင်းပင်ဖြစ်၏။ ဤသို့ဆိုရသော်လည်း ဆရာဆရာမများကိုယ်တိုင်မှာ ပိုမိုခေတ်နောက်ကျခဲ့သည့် ပညာရေးစနစ်အတွင်း သင်ယူကြီးပြင်းလာခဲ့ရသည်မဟုတ်ပါလော။
ကျောင်းသားလူငယ်များကို ခေတ်မီလုပ်သားထုသို့အသွင်ပြောင်းလဲရေးဟူသည့် အမြင်ကျဉ်းမြောင်းမှုတွင် ပိုမိုစိုးရိမ်ဖွယ်ရာမှာ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ကြွယ်ဝ ထွေပြားခြင်းကို အကြီးအကျယ်ပျက်စီးစေခြင်းပင်ဖြစ်ပါသည်။
ခေတ်မီနည်းပညာနှင့် အနောက်တိုင်းယဉ်ကျေးမှုအပေါ်တွင် အလေးထားရှိမှုတို့ကြောင့် ဒေသရိုးရာအသိပညာနှင့် ဘ၀နေနည်းတို့မှာ မျက်ကွယ်ပြုခြင်းခံနေရသည်။ သူတို့ရှင်သန်ကြီးပြင်လာစေရန်အတွက် အဘိုးအဘွားများ၊ အမိအဘများမှ လုပ်ကိုင်ခဲ့ရသည့် အလုပ် အကိုင်တို့အပေါ်တွင် ရပ်ရွာအတွင်းရှိ ယောင်္ကျားလေး၊ မိန်းကလေးများသည် တန်ဖိုးထားမှုမရှိပါလေ။ သာဓကဆောင်ရသော် လယ်ယာလုပ်ငန်းလုပ်ကိုင်သော မိသားစုများမှ ကလေးများသည် မိဘများထံမှ သင်ယူလေ့လာရန်နှင့် ကူညီရန် အခွင့်အလမ်း မရှိပါ။ ကလေးများက စာသင်ကျောင်းသွားကြပြီးလျှင် မိဘများက လယ်ယာလုပ်ငန်းခွင်သို့ ဆင်းကြရသည်။
ရပ်ရွာဒေသအလိုက်ရှင်သန်နေထိုင်မှုရိုးရာပုံစံများ ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင်၏အရေးကြီးပုံကိုလည်း မသိရှိကြပါ။ ဥပမာ ပင်လယ်ကမ်းမြှောင်ဒေသတွင်နေထိုင်ကြသူများအတွက် ပင်လယ်လမုပင်သစ်တောများမှ ၀င်ငွေ (သို့မဟုတ်) အာဟာရအတွက် အထောက်အကူပေးနေမှုကို တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပါ။ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဤ ပင်လယ်လမုသစ်တောများအကြောင်း လုံးဝ မပါရှိသည့်အတွက်ကြောင့်ပင်ဖြစ်ပါ၏။ ပင်လယ်ကမ်းရိုးတန်းဒေသကို ဤ သစ်တောများမှ ကာကွယ်ပေးပုံကိုလည်းကောင်း၊ တိရိစ္ဆာန်ငယ်များအတွက် မှီတင်းခိုလှုံရာဖြစ်ပုံကိုလည်းကောင်း မသိရှိကြပါ။
တမင်တကာရည်ရွယ်ချက်မရှိပါဘဲ ကျောင်းပညာရေးသည် ဒေသအလိုက်ရှင်သန်ခြင်းများကို ထည့်သွင်းသင်ကြားမှုမရှိဘဲ ရှောင်သွေ လွဲနေကြပါသည်။ ခေတ်ပေါ်နည်းပညာများနှင့် စီမံခန့်ခွဲမှုတို့ကို အသုံးပြုပြီး ကလေးများ၏ အနာဂတ်အလုပ်အကိုင်များအတွက် သင်ကြားခြင်းမှာလည်း တနည်းမဟုတ်တနည်းအားဖြင့် ရိုးရာရှင်သန်နေထိုင်ခြင်းအတွက် အဓိကဖြစ်သည့် သဘာဝ အရင်းအမြစ် များကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကိုသာ အားပေးရာရောက်လေသည်။
ဤတွင်မေးခွန်းထုတ်စရာရှိလာပါသည်။ ပညာရေး၏ရည်ရွယ်ချက်မှာ အောင်မြင်သော ဘိဇနက်လူသားများနှင့် နောက်လိုက် လုပ်သားထုကို မွေးထုတ်ပေးရန်လော (သို့တည်းမဟုတ်) နိုင်ငံသားများကို ရိုးသားဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကျင့်ဝတ်နီတိလိုက်နာခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်းတို့ပါဝင်သည့် ဘ၀တွက်တာကျွမ်းကျင်စရာများဖြင့် ပြင်ဆင်ပေးမည်လော။
သိန်းနိုင်
Ref: 6-12-2003 BKK Post by Wasant Techawongtham, deputy news editor, BKK post.
Sunday, January 3, 2010
[+/-] |
စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ပြန်လည် ပြင်ဆင်ဖွဲ့စည်း |
December 30, 2009 By: moe moe kyaw
http://arakanreview.22web.net/?p=2366
စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်တွေတက္ကသိုလ် ၌ ကျောင်းသားအသစ်များဖြင့် အသစ်တစ်ဖန် ပြန်လည် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရှိရသည်။၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှ အစပြုခဲ့သည် စစ်တွေတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂသည် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် တစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး၊ ယခုတစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရသည်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ဦးဆောင်ခဲ့သော စစ်တွေတက္ကသိုလ် ကျောင်းသားများ၊ ၂၀၀၈ ခုနှစ် ကျောင်းသားများ၏ အခက် အခဲဖြစ်သော ကျောင်းကြို့/ပို့ ကားများ၏ အဆမတန် ကောက်ခံသော ဈေးနှုန်းများနှင့် အခြားအခက်အခဲများကို တာဝန်ယူဖြေရှင်း ပေးခဲ့ရာတွင် ဦးဆောင်မှုပေးခဲ့သော ကျောင်းသားများမှာ အကြောင်းအမျိုးမျိုးကြောင့် ယခုအခါတွင် စစ်တွေတက္ကသိုလ် ကျောင်းသားများအား ဦးဆောင်မှုကို မပေးနိုင်တော့သဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုခိုင်သူရိန်မှ Arakan Review သို့ ပြောပြခဲ့သည်။
“ကျွန်တော်တို့ အခုတစ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းရဲ့ အဓိက အချက်ကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလမှာ အဓိက ဦးဆောင်မှုပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်တွေရယ်၊ ၂၀၀၈ ခုနှစ် တက္ကသိုလ် ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ရှေ့ကနေ မားမားမတ်မတ် တောင်းဆိုပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ ဒေသခံအာဏာပိုင်တွေ အပါအ၀င် တက္ကသိုလ်က ဆရာ/မတွေရဲ့ စောင့်ကြည့်ခြင်းကို ခံရတယ်၊ ပြီးတော့ စုံစမ်း စစ်ဆေးမှုတွေ ရှိသလို တစ်ခါတစ်လေ ပေါ်တင်ကြီး ခေါ်မေးတာတွေလည်း ရှိခဲ့ပါတယ်။ ခုတော့ အဲဒီ ကျောင်းသား ခေါင်းဆောင် တွေက ကျောင်းပြီးတဲ့သူတွေလည်း ပြီးသွား၊ ပြီးတော့ တစ်ချို့ကလည်း ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း မှာ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ဘူး။ ဒါကြောင့် အခုလို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ပြင်ဆင်ပြီး ဖွဲ့စည်း လိုက်တာပါ” ဟု ပြောသည်။
စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုခိုင်မြတ်လင်းက “ကျွန်တော်တို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို မိဘပြည်သူတွေလည်း အခုအခါ သိရှိနေပါပြီ၊ ကျွန်တော်တို့က ကျောင်းသားတွေဆိုပြီး ကျောင်းမှာ စာသင်ရရုံနဲ့ ကျေနပ်နေမယ့်သူတွေမဟုတ်ဘူး။ လိုအပ်လာခဲ့ရင် တိုင်းပြည်အရေးအတွက်ပါ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောပြခဲ့သည်။
စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရခြင်းနဲ့ ပတ်သက်လို့ စစ်တွေတက္ကသိုလ်မှ အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ဦးက “ ကျွန်တော်တို့က စစ်တွေတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ရှိနေတယ်ဆိုတာ လောက်ကိုပဲ သိတာ။ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာကို မသိဘူး။ အစတုန်းကတော့ အရမ်းဒေါသ ထွက်မိတယ်လေ။ နောက်တော့မှ သဘောပေါက် မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသားတွေအတွက် လိုအပ်လာတဲ့အချိန်မှာ အဲဒီ ကျောင်းသားသမဂ္ဂက နာမည်နဲ့တွဲပြီး ထွက်မလာပေမယ့် တစ်နည်းနည်းနဲ့ ၀င်ရောက်လာပြီး ကျောင်းသားတွေအတွက် ဖြေရှင်းပေးတတ်တယ်။ ဥပမာ- လမ်းပေါ်ထွက် ပြီး ကျောင်းသားတွေ အတွက် တောင်းဆိုတာမျိုး၊ သက်ဆိုင်ရာတွေကို စာတင်တာမျိုးတွေ လုပ်ပေးတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ယုံတယ်။ သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ်ဆိုတာ” ဟု ပြောသည်။
ဆက်လက်ပြီး ပြောသည်မှာ “ဆရာ/မတွေကလည်း စိတ်ဝင်စားတယ် ဒီ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ နီးစပ်ရာ ကျောင်းသားတွေကို မေးကြည့်တာပေါ့။ ကျောင်းသားသမဂ္ဂမှာပါတဲ့ အဓိက ကျောင်းသားတွေကို ဒါပေမယ့် ဘယ်သူမှ မပြောနိုင်ကြဘူး။ အဲဒါကတော့ ကျွန်တော်တို့ အရမ်းလေးစားတယ်။ သူတို့ဟာ အရေးပါ အရာရောက်တဲ့ ကျောင်းသား တွေမှန်း ဆရာ/မကော ကျောင်းသားတွေပါ မသိအောင် နေတတ်တယ်ဆိုတာကိုဘဲ” ဟု ပြောပြခဲ့သည်။
ဆက်လက်ပြီး ကိုခိုင်မြတ်လင်းက ပြောပြခဲ့သည်မှာ “ အခု ကျွန်တော်တို့အနေနဲ့ ကျောင်းသားသမဂ္ဂ ပြန်လည် ပြင်ဆင်ဖွဲ့စည်း ပြီးတဲ့နောက်မှာ အဓိက လုပ်ရမယ့်ဟာက ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဘာမဆိုင်၊ ညာမဆိုင် အဖမ်းခံလိုက်ရတဲ့ ရခိုင်ကျောင်းသားတွေ အတွက်ဘဲ။ သူတို့က (ဒေသခံ အာဏာပိုင်တွေ) ရခိုင်ကျောင်းသားတွေ နိုင်ငံရေး တက်ကြွနေတာကို တမင်ကြည့်မရလို့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ကိုနိုင်စိုးတို့လို ကျောင်းသားတွေကို စွဲချက်မျိုးစုံ ပုဒ်မမျိုးစုံ တပ်ပြီး ဖမ်းလိုက်တာ။ ဒါကို ကျွန်တော်တို့ ကျောင်းသားတွေ လက်ပိုက်ကြည့်မနေနိုင်ဘူး။ တစ်နည်းနည်းနဲ့ တုံ့ပြန်သွား မှာပဲ။ အဲဒီလို တုံ့ပြန်လာတဲ့အခါမှာ မိဘပြည်သူများ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါ။ ပြီးတော့ တခြား တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ ကျောင်းသားတွေက ရခိုင်ကျောင်းသားတွေဖြစ်တာ ရခိုင်ကျောင်းသားတွေပဲရှင်းဆိုတဲ့ သဘောမျိုး မထားပဲ တစ်မျိုးသားလုံး အရေးလို သဘောထားပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်ကျောင်းသား လူငယ်တွေ လွတ်မြောက်ဖို့ နအဖ ကို ဖိအားပေးဖို့ ကျောင်းသားသမဂ္ဂ အားလုံးကို တိုက်တွန်းပါတယ်” ဟု ပြောကြားသွားသည်။
[+/-] |
အသုံးမပြုသေးတဲ့ ဦးနှောက်များ |
ကျောင်းပညာရေးမှာ လက်တွေ့ လုပ်ဆောင်ချက် သင်ခန်းစာတွေပါရှိလာပေမယ့် ဦးနှောက်ကို အသုံးပြုဖို့လည်း သင်ကြားသင့်ပါသည်။
သိန်းနိုင်
ဆရာဆရာမများ လုပ်ငန်းခွင် အရည်အချင်းမြှင့် သင်တန်း in-service course တစ်ခုအတွက် မြန်မာပြည် နယ်စွန် နယ်ဖျား ဤဒေသသို့ ကျွန်တော် ခရီး ထွက်လာခဲ့ပါသည်။ နယ်မြေဒေသ ဗဟုသုတရသဖြင့်လည်းကောင်း၊ ယခင် ဆရာ အတတ် ပညာသင်တန်းများတွင် တက်ရောက်ခဲ့ဘူးသူ အချို့ကို ပြန်တွေ့ရသဖြင့် လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေခွင့်၊ လေ့လာ ခွင့်ရသည့်အတွက်လည်းကောင်း အကျိုးများသော ခရီးပါပေ။ အများစုမှာ သင်ကြားနည်း အသစ်များ၊ လက်တွေ့သင်ခန်းစာ activities based learning များကို ပြင်ဆင်ရ၍ မအားလပ်အောင် ရှိနေရကြောင်း၊ သို့သော် ကလေးများ တက်ကြွ ပျော်ရွှင်မှုရှိကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြကြလေသည်။
ဆရာအတတ်ပညာသင်တန်းများတွင် သင်တန်းသူ၊ သင်တန်းသားတိုင်း သင်ခန်းစာများစွာကို လက်တွေ့ ပြင်ဆင်ခြင်း lesson planning ကို အတော်များများ၊ ဘာသာရပ်တိုင်းအတွက် လေ့လာလုပ်ဆောင်ကြရပါသည်။ lesson plan တွင်လည်း ခေတ်မီသော သင်နည်းများအရ လက်တွေ့ လုပ်ဆောင်ချက်များကို ထည့်သွင်းရမည်ဟု မူ ချမှတ်၍ လေ့ကျင့်စေခဲ့သည်။ သင်တန်းသားများအနေဖြင့်လည်း ဦးနှောက်ကို အစွမ်းကုန် ထုတ်သုံးရတော့သည်။ သူတို့ကိုယ်တိုင် ဖန်တီးထားသော သင်ခန်းစာများတွင် စိတ်ဝင်စားဖွယ်ရာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အားရစရာ ကောင်းသည်မှာ အမှန်ပင်။
ပညာရေးပညာရှင် Jean Piaget ၏ သိမှုဖွံ့ဖြိုးမှု သီအိုရီနှင့် တွဲဖက်၍ လက်တွေ့ သင်ခန်းစာများကို သူတို့ လေ့လာ ကြခြင်းဖြစ်၏။ ပညာရှင် သုတေသီ Howard Gardner ၏ ဥာဏ်ရည်အထွေအထွေသီအိုရီအရ သင်ခန်းစာတိုင်းတွင် ဥာဏ်ရည်များအတွက် ပြင်ဆင်ပေးသင့်ကြောင်းကိုလည်း သူတို့ သိရှိကြသည်။
ဤသို့ဖြင့် သင်တန်းကာလ ပြီးဆုံးပြီးနောက်ပိုင်း မိမိတို့ အရပ်ဒေသ အသီးသီးတွင် ကျောင်းဆရာ ဆရာမများ အနေဖြင့် တာဝန် ယူကြရသည့်အခါတွင်လည်း activities များကို သင်ခန်းစာများတွင် ထည့်သွင်း လာကြသည်။ “ကိုယ်တိုင်ပါဝင် လုပ်ဆောင် ခြင်းဖြင့် သင်ယူလေ့လာခြင်း” ဟူသော ကလေးဗဟိုပြု ပညာရေး ဆောင်ပုဒ်ကိုလည်း မြဲမြဲကိုင်စွဲကာ လက်တွေ့ များစွာကို စာသင်ခန်းတွင် အသုံးပြုလာပါ၏။ အလွတ်ကျက်မှတ်ခြင်း အလေ့များ တစတစ ကွယ်ပျောက်လာသည်မှာ ရှားရှားပါးပါး ပညာရေး တိုးတက်မှု ပြယုဒ်တစ်ခု။ လက်တွေ့ လုပ်ဆောင်ချက်များပါရှိသော သင်ခန်းစာများကြောင့် တက်ကြွသော စာသင်ခန်းများ ဖြစ်လာ သည်မှာတော့ အမှန်ပင်။ သို့သော် ပညာရေးဆိုင်ရာ တစ်စုံတစ်ခု လွဲချော်နေပြန်ပြီဟု ခံစား သိမြင့်ခွင့်ရရှိခဲ့သော ခရီး ဖြစ်ခဲ့ပါသည်။ လက်များဖြင့်တော့ တွေ့ပါ၏။ ဦးခေါင်းများဖြင့်ကော တွေ့မြင်ကြပါ၏လော။
သိမှုဆိုင်ရာ အယူအဆ
ပညာရေးအတွေးအခေါ်ပညာရှင် ဂျင်းပီယဂျေး Jean Piaget သည် သိမှုဖွံ့ဖြိုးတိုးတက်မှုသီအိုရီ cognitive development ဖြင့် နာမည်ကျော်သူဖြစ်၏။ အခြားသူများထက် ထူးခြားသည်မှာ သူ့အနေဖြင့် သိမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဘ၀အတွေ့အကြုံများအပေါ်တွင် များစွာမူတည်နေသည်ဟူ၍ ယုံကြည်သူဖြစ်သည်။ တနည်းဆိုရသော် အတွေ့အကြုံများ လေလေ စဉ်းစားတွေးတောမှု ပိုကောင်းလေလေဖြစ်သည်။ သို့ရာတွင် အတွေ့အကြုံများကို သာမန်မျှသာ ထိတွေ့ရခြင်းကိုကား ပီယဂျေးအနေဖြင့် ဆိုလိုသည့်မဟုတ်ချေ။
အရေအတွက်ထက် အရည်အသွေးအားဖြင့် စုဆောင်းထားရှိသော အတွေ့အကြုံများသာလျှင် သိမှုကို သိသိသာသာ တိုးတက် စေသည်။ သို့ဖြစ်လေရာ စဉ်းစားတွေးတောမှု လွန်စွာ ကောင်းသူတစ်ဦးသည် အတွေ့အကြုံ အားဖြင့် အများဆုံး ဖြစ်ချင်မှ ဖြစ်ပါမည်။ “စမတ်ကျသောသူ” ဟုဆိုရာဝယ် သူ၏ကိုယ်ပိုင် အတွေ့အကြုံ အနည်းငယ် ပင်ဖြစ်စေကာမူ သူ၏ တိုးတက်မှု အတွက် အစဉ်အမြဲပင် အသုံးပြုတတ်သူပင်ဖြစ်သည်။ မတူညီသော အတွေ့အကြုံ အစိတ်အပိုင်းများကို လိမ္မာပါးနပ်စွာ ဆက်စပ်ပြီး အဓိပ္ပါယ်ရှိသော သိနားလည်မှု ဖြစ်စေရန် အားထုတ်ခြင်းဖြစ်၏။ ဤသို့ဖြင့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အခြေအနေများနှင့် အယူအဆ များကို သိမြင် နားလည်လာနိုင်သည်။
လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ကြားခြင်း Hands-on learning
ပီယဂျေး၏ သိမှုဖွံ့ဖြိုးမှု သီအိုရီ အပေါ်တွင် နားလည်မှု လွဲမှားသူတို့က ကျောင်းသားများအား ကိုယ်တိုင် လက်တွေ့ သင်ယူ လေ့လာစေခြင်းကို အလေးထားကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အထူးထင်ရှားခဲ့၏။ ကိုယ်တိုင် တွေ့ကြုံလေ့လာခြင်း အယူအဆ (လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း) ကို အားပေးခဲ့ကြလေသည်။ ထိုစဉ်က ကျောင်းသားများ သင်ယူ လေ့လာနေ သော အယူအဆများကို တိုက်ရိုက်တွေ့ကြုံစေခြင်း (တွေ့ကြုံနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း) ဖြင့် သင်ကြားခြင်းကို အဓိကထားရှိခဲ့သည်။ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ဆရာမှ သရုပ်ပြပြီးလျှင် ကျောင်းသားများမှ ထပ်တူ လိုက်လုပ်စေခြင်း ဖြစ်သည်။ ဓါတ်ခွဲခြင်းအချိန်ပါရှိသော သိပ္ပံ သင်ခန်းစာများတွင် ဤပုံစံမှာ သမားရိုးကျပင် ဖြစ်လေသည်။ အခြားသော ဘာသာရပ် များဖြစ်သည့် လူမှုရေး၊ သင်္ချာနှင့် ဘာသာစကား သင်ခန်းစာများတွင်လည်း ဤပုံစံ၊ ဤနည်းအတိုင်းပင် ဖြစ်လာသည်။
ဆရာဆရာမများမှ သင်ခန်းစာတိုင်းကို ကျောင်းသားများအနေဖြင့် လက်တွေ့ လုပ်ဆောင်သင်ယူနိုင်စေရန်အတွက် လုပ်ဆောင် ချက်များကို အတတ်နိုင်ဆုံး ကြိုးစား ထည့်သွင်းခြင်းဖြစ်သည်။ ငယ်ရွယ်သော မူလတန်းအဆင့်များမှ စတင်ကာ လက်တွေ့ လုပ်ဆောင်ချက်များမှာ လွန်စွာအရေးကြီးလာတော့သည်။
လွဲချော်နေသော အပိုင်း
ကျောင်းသားများကို ကိုယ်တိုင်လုပ်ဆောင်ခိုင်းသည့် လက်တွေ့ လေ့လာလုပ်ဆောင်စေခြင်း hands-on learning ဖြင့် သင်ယူလေ့လာခြင်းမှာ မှားယွင်းသည်ဟု မဆိုလိုပါ။ “ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း” ဟူ၍ဆိုရာဝယ် ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းနှင့် လူမှုရေး ပကတိ အရှိတရားများကို တိုက်ရိုက်တွေ့ကြုံစေ၍ဖြစ်စေ၊ ထိတွေ့ ဆက်ဆံစေခြင်းဖြင့်ဖြစ်စေ အတွေ့အကြုံများကို စုဆောင်းရရှိစေခြင်းဟု ဆိုလိုပါသည်။ ဤသို့ထိတွေ့မှုနှင့် ဆက်ဆံခြင်းမှာ ဘ၀နှင့် ဆက်စပ်နေသော အရာအားလုံးကို သိမြင် နားလည်စေရန် အထောက်အကူပြုနိုင်သည်။ အမှန်တကယ်တွင်လည်း စိတ္တဇဆန်သော စဉ်းစားတွေးတောမှုမှာ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၏ ရလဒ် အနေဖြင့် ဖွံ့ဖြိုးလာခြင်းပင်။ စိတ္တဇဆန်သော အတွေးအခေါ်များကို တဖြည်းဖြည်း သိမြင် နားလည် လာခြင်းဖြစ်သည်။
သို့ရာတွင် “လက်တွေ့လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း learning by doing” နည်းလမ်းကို အသုံးပြုပုံနှင့် သင်နည်း မှားယွင်းခြင်းကြောင့် ပညာရေးတွင် ပြဿနာဖြစ်ရလေသည်။ သိပ္ပံ၊ ပထ၀ီဝင်နှင့် သမိုင်းသင်ခန်းစာများတွင် စီမံကိန်း သင်ခန်းစာ များနှင့် အချိန်ယူ လုပ်ဆောင်ရသော အသေးစား သုတေသန သင်ခန်းစာများကို ကျောင်းများတွင် အသုံးပြုလာကြသည်။ သို့သော် စဉ်းစားတွေးတောခြင်း (သို့မဟုတ်) (တွေးတောရန်အတွက် စဉ်းစားခြင်း meta-cognition) ကိုမူကား ဤ သင်ခန်းစာများမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဆရာများနှင့် ကျောင်းသားများမှ နောက်ဆုံး ရလဒ်ကို ရရှိစေရန် လုပ်ဆောင်ချက် မျှသာဖြစ်၏။ သင်ခန်းစာ ဦးတည်ချက်များကို ပေါက်မြောက်စေရန်အတွက် ဦးတည်သည်။ သင်ကြားခြင်းနည်းကိုကား ပြည့်ပြည့်စုံစုံ မစဉ်းစားခဲ့ကြပါ။ ဘာ “လုပ်” ရမည်ကို ညွှန်ကြားသော်လည်း ဘယ်လို “တွေး” ရမည်ကိုကား မသင်ကြားခဲ့ပါ။
သို့ဖြစ်ပါ၍ လွဲချော်နေသော အပိုင်းမှာ “ဦးခေါင်းကို” အသုံးပြု သင်ယူခြင်း “heads-on” learning ပင် ဖြစ်တော့သည်။ “လက်တွေ့” တော့ လုပ်ဆောင်ပါ၏။ “ဦးခေါင်း” ကိုမူ သုံးရန် မသင်ကြားခဲ့ပါ။ နှစ်ကာလ ကြာမြင့်စွာပင် ပညာရေးတွင် ဤ အပိုင်းကို အမှတ်တမဲ့ပင် ထားရှိခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အလုပ်ရှုပ်နေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ကျောင်းများတွင် တွေ့မြင်နေရတုန်းပင်။ မူလတန်းစာသင်ခန်းများမှ စတင်ကာ လက်တွေ့လုပ်ဆောင်ချက်များ သက်သက်ဖြင့် သာလျှင် သင်ယူစေခြင်းဖြစ်သည်။ ကလေးများကို သင်ကြားရေးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသော လက်တွေ့ လုပ်ဆောင်ချက်များ လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျောင်းများမှ ဤနည်းဖြင့် လေ့ကျင့်ခြင်းသည် အယူအဆများ၊ အသိပညာများကို သိရှိ နားလည်စေမည်ဟု ယုံကြည်ထားကြပြန်သည်။ အလိုအလျောက်ပင် ရရှိမည်ဟု ယူဆကြ၏။ ရှင်းပြရန် ခက်ခဲလှသည့် သိမှုဖြစ်စဉ်များ cognitive process အတိုင်း ကလေးများအနေဖြင့် လက်တွေ့မှတဆင့် သင်ကြားနိုင် မည်ဟုလည်း မျှော်လင့်ထားရှိသည်။ ဤသည်မှာ အစဉ်အမြဲ မမှန်ကန်နိုင်ပါ။
လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဦးခေါင်းကို အသုံးပြုခြင်းကို ပေါင်းစပ်ပါ။
(လွန်ခဲ့သော နှစ်တရာကျော် ၁၉ ရာစု စက်မှုခေတ်ဦးပိုင်းက) ခေတ်စားခဲ့သော “အလွတ်ကျက်မှတ်ခြင်း” နှင့် စက်ရုပ်ဆန်စွာ “စာမေးပွဲများတွင် မှတ်မိသမျှကို ပြန်လည်ထုတ်နုတ်ဖြေဆိုခြင်း” အလေ့အကျင့်ထက် “လက်တွေ့ လုပ်ဆောင်ချက် များဖြင့် လေ့လာသင်ယူခြင်း” မှာ အပုံကြီး ခြားနားသည်မှာ မှန်ပါ၏။ ၂၁ ရာစု အသိပညာ ခေတ်တွင်မူကား မလုံ လောက်သေးပါ။ “စဉ်းစားတွေးတောနေသော” ကမ္ဘာကြီးကို ရင်ဆိုင်နိုင်ရန်အတွက် မြန်မာကလေးများကို ပြင်ဆင်ပေးရာဝယ် ဘက်စုံ ပညာရေး အတွက်လည်းကောင်း၊ စဉ်းစားတွေးတောမှု စွမ်းရည် မြင့်မားစေရေးအတွက် လည်းကောင်း၊ တစ်ဦးချင်း၏ မွေးရာပါ ဗီဇ ဥာဏ်ရည်များ မပျက်စီးစေရေးအတွက် လည်းကောင်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်မှာ အရေးတကြီး လိုအပ် လေသည်။ အဓိကအားဖြင့် “လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ယူခြင်း Hands-on ” နှင့် “ဦးခေါင်းများဖြင့် စဉ်းစား တွေးတော သင်ယူခြင်း Heads-on” ၂ ခုစလုံး ပါရှိသော ပညာရေးကို ဆိုလိုပါသည်။ စာသင်ခန်းများတွင် လက်တွေ့ လုပ်ဆောင်ချက်များကို “မလုပ်ဆောင်မီ”၊ “လုပ်ဆောင်နေစဉ်” နှင့် “လုပ်ဆောင်ပြီးစီး” သည့် အချိန်တိုင်းတွင် ကလေးများအား “မည်သို့စဉ်းစား တွေးတောရမည်ကို” လည်း သင်ကြားပေးရပါအုံးမည်။
စဉ်းစားတွေးတောရင်း သင်ယူခြင်းဖြစ်မြောက်ရန်အတွက် အားလုံးစဉ်းစားသင့်ပါသည်။